Monday, December 31, 2007

မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးသူရဲကောင်းများ။

အစအဆုံး..ကြည့်ချင် ရင်…...

သိရလေသမျှ သတင်းတိုထွာ။


ပြည်တွင်းသတင်းတိုထွာ (၁)။

Talky ကျော်စိုး (ကိုကျော်စိုး)ကို ၂၇ ရက် ညပိုင်းက သီးသန့်ဆောင်မှ ပင်မဆောင်သို့ပြောင်းရွှေ့ လိုက် ကြောင်း သိရှိရပါသည်။ အဖမ်းခံရစဉ်တွင် ခေါင်းတွင် ထိခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့ကြောင်းနှင့် အာရုံကြော ထိခိုက်နေကြောင်း သိရှိရပါသည်။ ကိုကျော်စိုး အပါအ၀င် (၆) ဦးမှာ ပါဆယ်သာပေးနိုင် ပြီး လူချင်းမတွေ့ရ ကြောင်း သိရှိရပါသည်။


ကိုမြင့်လွင်ဦး (ခ) သားကြီး ကို (၂၆)ရက်နေ့ က ရုံးထုတ်ခဲ့ကြောင်းသိရှိရပါသည်။

ငွေကြာယံ ဆရာတော် (၅) ပါး (ဦးနန္ဓ ၊ ဦးဇာနည်ရ ၊ ဦးအဂ္ဂဓမ္မ ၊ ဦးအိမ်သရိယ ၊ ဦးလာသက) တို့ကို ပုဒ်မ - ၅၀၅/ခ ၊ ၂၉၅ ၊ ၁၄၃ နဲ့စွဲဆိုထားကြောင်းသိရှိရပါသည်။

ကိုကျော်စွာဌေးကို ပုဒ်မ - (၇)နှင့် ကိုထွန်းထွန်းနိုင်ကို ပုဒ်မ - (၅၀၅) ဖြင့်စွဲဆိုထားပါသည်။

ကိုအောင်မင်းနိုင်ကို ရုံးချိန်းရက်ပေးသေည်လည်း ရုံးမထုတ်သေးကြောင်း သိရှိရပါသည်။

ကိုလှမျိုးနောင်ကိုမူ ပင်မဆောင် ဆေးရုံတွင်ထားရှိထားသော်လည်း၊ ဆေးကုသမှုမှာ ညံ့ဖျင်းလွန်းကြောင်း သိရှိရပါသည်။

(၂၆) ရက်နေ့က ရှေ့နေချုပ်များ၊ တရားသူကြီးများ အစည်းအဝေး လုပ်ပြီး၊ ဖမ်းဆီးထားသူ တော်တော်များများ အား ရုံးမထုတ်ရန် ဆုံးဖြတ်ခဲ့ကြောင်းသိရှိရပါသည်။

ပြည်တွင်းသတင်းတိုထွာ (၂)။

ကိုမင်းကိုနိုင်၊ ကိုကိုကြီး နှင့် ကိုဌေးကြွယ်တို့ မှ မိမိတို့ ကို ထိန်းသိမ်းထားသည် မှာ (၄) လ နှင့် (၈) ရက် (ရက်ပေါင်း ၁၃၀) ရှိပြီ ဖြစ်သောကြောင့် မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံတကာ ဥပဒေ အရ ရက်ပေါင်း (၉၀) အတွင်း တရားစွဲဆိုရမည်ထက် ပိုမိုကျော်လွန်လာနေပြီ ဖြစ်ကြောင်း။ ထို့ အတွက်ကြောင့် မိမိတို့ ကို တရားမစွဲ ဆိုပါက မိမိတို့ ၏ မိသားစုများမှ န.အ.ဖ ကို ပြန်လည် တရားစွဲဆိုသွားမည်ဖြစ်သည်။ မိမိတို့ ကို တရားစွဲ ဆိုမည်ဆိုပါက - ပြည်သူလူထု ရှေ့  မှောက်တွင် စစ်မှန်သော တရားနည်းလမ်းကျစွာဖြင့် စစ်ဆေးပြီး ပြစ်ဒဏ် ချမှတ်ရမည်ဖြစ်ကြောင်း၊ ထိုသို့မဟုတ်ဘဲ စစ်အုပ်စုနအဖ၏ ထုံးစံအတိုင်း မမြင်ကွယ်ရာတွင် ဆုံးဖြတ်ချက် ချပါက မိမိတို့ အနေဖြင့် မည်သည်ကိုမှ လုံးဝ လက်မှတ်ရေးထိုးမည် မဟုတ်ကြောင်း ပြောဆိုကြောင်း သိရှိ ရပါသည်။

ပြည်တွင်းသတင်းတိုထွာ (၃)။

သီးသန့်ဆောင် နှင့် ပင်မဆောင် မှ နိုင်ငံရေးအကျဉ်းသား အားလုံးများအား ရေချိုးချိန်မှလွဲလျှင် အပြင်ထွက် (အ ဆောင်ပြင်) ခွင့်မရကြောင်း၊ ထင်ပေါ်သည့် ကျောင်းသားခေါင်းဆောင်များ မှအပ ဖမ်းဆီးခံနေရသော ကျန်လူငယ်အများစု အား စစ်ကြောရေးစခန်းများတွင် ရိုက်နှိုက်ညှင်းပန်းမှုများရှိနေကြောင်း သိရှိရပါသည်။

အစအဆုံး..ကြည့်ချင် ရင်…...

Friday, December 28, 2007

ပြည်သူ့ တော်လှန်ရေးဆိုတာ ဘယ်တော့မှ ကျဆုံးတယ်ဆိုတာမရှိဖူး။

စက်တင်ဘာလှုပ်ရှားမှုအား လက်နက်ကိုင်တပ်ဖွဲ့ဝင်များက အကြမ်းဖက် ရိုက်နှက်နေပုံများကို ရိုက်ကူးထား သည့် ဗီစီဒီ အပါအ၀င် နာမည်ကျော် အနုပညာရှင်များအား ဖုန်းဆက်သည့် လှုပ်ရှားမှုနှင့် တအိမ်တက်ဆင်းစာ ဝေသည့် လှုပ်ရှားမှု များကို စက်တင်ဘာ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ကျောင်းသားလူငယ်များက ယမန်နေ့မှ စ တင်လိုက်သည်။

တအိမ်တက်ဆင်း ဝေသည့်စာတွင် မိမိတို့တတ်နိုင်သည့်ဘက်မှ စစ်အစိုးရကို ဆန့်ကျင်ကြရန် မေတ္တာရပ်ခံ ထားပါသည်။

ဇန်န၀ါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့) တွင် နေအိမ်မှ အပြင်မထွက်ကြရန်၊ ထိုနေ့မှစ၍ အစိုးရ၀န်ထမ်းများ တပတ်တိတိ ရုံးမတက်ကြရန် တို့ကို တောင်းဆိုထားပြီး မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနှင့် တိုးတက်ရေးအဖွဲ့ဟု ရေးသားထားကြောင်း စီစဉ်သူများနှင့် နီးစပ်သူတဦးက ပြောပါသည်။

ယမန်နေ့က ၎င်းင်းစာကို ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၊ ပန်းပဲတန်းမြို့နယ်၊ လသာမြို့နယ်၊ လှိုင်သာယာ မြို့နယ်၊ ကမာရွတ်မြို့နယ်၊ အင်းစိန်မြို့နယ် ကြို့ကုန်းရပ်ကွက်နှင့် မရန်းကုန်းမြို့နယ် ကမာရွတ်ရပ်ကွက်များရှိ လူနေအိမ်များကို ဝေကြောင်းသိရပါသည်။

ရန်ကုန်မြို့ အပါအ၀င် မန္တလေး၊ ပခုက္ကူ၊ မုံရွာနှင့် ဘိုကလေးမြို့များတွင် စာဝေသည့်လှုပ်ရှားမှု ကို ယနေ့ဆက် လက်ပြုလုပ် နေကြောင်းလည်း သိရှိရပါသည်။

အစအဆုံး..ကြည့်ချင် ရင်…...

လေးစားဂုဏ်ပြုပါသည်. သံဃာ အာဇာနည်။

ဦးဂမ္ဘီရ နှင့် မိသားစု


ဓါတ်ပုံကိုမိုးမခမှ ကူးယူဖေါ်ပြပါသည်။ ကျေးဇူးအထူးတင်ရှိပါကြောင်း

အစအဆုံး..ကြည့်ချင် ရင်…...

Thursday, December 27, 2007

အသေကို ရိုက်သတ်ကြတယ်ဗျာ. ကြည့်ပါဦး



ဒီနေရာမှ download လုပ်ပါ။

အစအဆုံး..ကြည့်ချင် ရင်…...

သန်းရွှေက သူ့ မျက်နှာနဲ့  ဘုရားဆင်းတုတော် ထုလုပ်ထားဆိုပါလား။

ရွှေတိဂုံဘုရားမှာ သန်းရွှေကျောက်စိမ်းဘုရားတစ်ဆူ ကို လှူထားတယ်လို့ သိရပါတယ်။ ဘုရားပုံတော်ကို သူ့  မျက်နာနဲ့ တူအောင် ထုထားတယ်လို့ ဆိုပါတယ်။ ဘုရားကို လူတွေ ကန်တော့သလိုမျိုး သူ့ ကို လူတွေက ကန် တော့အောင်မပုန်ကန်ရဲအောင်လို့ ဆိုပါတယ်။ ဘုရားရုပ်ပွားတော်ကဥာဏ်တော် ၁ဒသမ ၅ မီတာမြင့်တယ်လို့  သိရပါတယ်။



ရွှေတိဂုံဘုရား တောင်ဖက်မုဒ်အခြမ်းမှာရှိပါတယ်။ သတင်းအပြည့် အစုံကို အောက်မှာ အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရူ နိင်ပါတယ်။ ဒီသတင်းကို အင်တာနက်မှတဆင့်ရရှိလို့ အများပြည်သူများ သိရှိရန် တင်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။

Than Shwe first insulted the Buddha before he murdered the monks

Found at the Burma’s holiest shrine, Shwedagon Pagoda, Than Shwe-like Jade Buddha Image is clearly lacking in serenity and calmness of Buddha.

Like many of my fellow Burmese people still reeling from the brutal September crackdown, I recently paid a visit to the Shwedagon pagoda for much-needed spiritual comfort but only discovered another painful truth. Burmese Senior General, Than Shwe, has insulted the Buddha long before he killed the sons of Buddha.

After arriving at a rest-hall named Ponnya-Kusala-Bahukara, located between the southern corner and western corner of the pagoda, I was aware of a 1.5 m-high jade Buddha image whose face strikingly resembles that of Than Shwe. In great amazement, I repeatedly surveyed the face of the image and could ascertain that its facial proportion and appearance are nearly the same as Burmese junta-chief’s. The forehead of the Buddha image is set with precious gems. According to the brass plates that describe the history of this “Jade Buddha Image”, it weighs a total of 324 kg and is adorned with 91 rubies, 9 diamonds and 2500.28 gram of gold. Sculpted in 1999 when the Shwedagon Pagoda was renovated on a large scale under the supervision of former General Khin Nyunt, the image was housed in a glass-walled room— probably to make its abnormality easily unnoticeable to the pilgrims.

Observing the image more and more closely, I was overcome by feelings of discomfort and abhorrence one usually feels when seeing at Than Shwe’s face, burdened with mountains of grisly crimes he committed against his own people and thus as gloomy and dirty as Burmese currency notes. Obviously, this Buddha image can be one of many crazy things Than Shwe did for his continued rule on the advice of astrologers (probably including the move of ministry buildings from Yangon to a jungle redoubt in central Myanmar and naming the new capital Naypyidaw—meaning royal palace), wasting an enormous amount of country’s wealth while many of Burmese people are living in abject poverty. In fact, the peaceful atmosphere of Shwedagon Pagoda where the sacred relics of past three Buddhas were enshrined in is contaminated by this kind of bizarre astrological act aimed at self-exaltation.

Of Three Gems for all Buddhists--Buddha, Dhamma and Sangha Order, Than Shwe has already assaulted the first and the third to desperately maintain his grip on power and to build a personality cult around him. “And would he even continue to make amendments to the Buddha’s teachings, the Second Gem that categorically denounces the unjust rule?” I thought to myself because the most well-known Buddhist monk, Sayadaw Ashin Nyanissara and other Buddhist monk-preachers began launching thinly-veiled attacks against the recent crackdown in their latest discourses, using direct quotes from the Buddhist scriptures.

Of course, given his lack of qualms about even insulting the Buddha, it should be no wonder that Than Shwe decided to butcher the peacefully-protesting monks who have preserved the teachings of Buddha for 2550 years ago. And I wonder if the strongman who dares to insult the Buddha and kill the monks has a genuine will to help transform Burma to a democracy. I doubt it, but one sure thing is that Than Shwe’s faith in astrology could have become more passionate these days because he found himself killing the monks just two months after “ewhsnahtrellik-killerthanshwe” joke came out.

အစအဆုံး..ကြည့်ချင် ရင်…...

မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာတပ်ပေါင်းစုအဖွဲ့ ကြီး ပြန်လည်တိုးချဲ့ ဖွဲ့ စည်း။

အစအဆုံး..ကြည့်ချင် ရင်…...

Tuesday, December 25, 2007

ဘာသာသာသနာနဲ့  သံဃာတော်တွေကို ထပ်မံစော်ကားပြန်ပြီ။

ခရစ်ယာန်ဘာသာဝင်တို့ ခရစ်စမတ်ပွဲတော်ကျင်းပနေသောယနေ့အချိန်အခါတွင် ဗုဒ္ဓဘာသာဝင်တို့အတွက်ဝမ်းနည်းစရာသတင်းတစ်ခုထွက်ပေါ်လာခဲ့သည်။

မြန်မာနိုင်ငံ၏ အထင်ကရ တရားဟောဆရာတော် ၅ ပါးအား စစ်ခွေးများနှင့် ၄င်းတို့၏ နောက်လိုက် သာသနာ ဖျက် ဒေ၀ဒတ်မျိုးနွယ် လက်တစ်ဆုပ်စာ လူတစ်စုက တရားပွဲကျင်းပခွင့် ပိတ်ပင်လိုက်သည်ဟူသော သတင်း ဆိုးတစ်ခုကို ယနေ့နံနက် တွင် ကြားသိလိုက်ရပါသည်။

ယနေ့နံနက် မြောက်ဥက္ကလာပရှိ တရားပွဲစီစဉ်သူ တာဝန်ရှိသူများအား စစ်ခွေးနောက်လိုက် အမျိုးဖျက် တာဝန် ယူထား ပြီး မ.၀.တ (မ.ယ.က) ခေါင်းစဉ်တပ် စစ်ခွေးအလိုတော်ရိများမှ ခေါ်ကာ အထင်ကရ ဆရာတော်များ ထဲမှ ဦးကောသလ္လ( ဓမ္မစေတီ ) ၏ဟောမည့်ရက် ၄.၁.၀၈ အတွက် တင်ထားသောတရားပွဲ ကျင်းပခွင့်အတွက် ခွင့်မပြုကြောင်း နှင့် ကျင်းပခဲ့ပါက တာဝန်အရအရေးယူ ဆောင်ရွက် ခြင်းခံရမည်ကို သိရှိပါကြောင်း ၀န်ခံ လက်မှတ် ရေးထိုးခိုင်းခဲ့သည်။

ထိုကဲ့သို့ တရားပွဲပြုလုပ်ခွင့်ပိတ်ခံရသော ဆရာတော်မှာ ၅ ပါး ဖြစ်ပြီး ထိုဆရာတော်များ၏ ဘွဲ့များပါ ၄င်းဝန်ခံ ကတိ ၏ အထက်တွင် ပါရှိရာ ၄င်းဆရာတော် များ မှာ ဦးကောသလ္လ(ဓမ္မစေတီ) ၊ ဒေါက်တာ အရှင်ကောဝိဒ(မဇ္ဈိမဂုဏ်ရည်) ၊ ဖြူးဆရာတော်၊ အရှင်ဇဋိလ(လူရည်ချွန်) တို့၏ ဘွဲ့တံဆိပ်တော်များသာ တိတိကျကျ တွေ့ ရှိ ရပြီး ကျန် ၁ ပါးအား အတိအကျ မမြင်တွေ့ ခဲ့ရဟု ထိုတရားပွဲတာဝန်ခံ ကပြောပြခဲ့ပါသည်။

ထို့အပြင်လွန်ခဲ့သည့် နိုဝင်ဘာလအတွင်း အင်းစိန်နှင့် ရွှေပြည်သာတို့တွင် ပြုလုပ်ခဲ့သောတရား ပွဲများကိုလည်း တနည်းမဟုတ် တနည်းနည်းလမ်းမျိုးစုံဖြင့် စစ်ခွေးနောက်လိုက်များက နှောက်ယှက်ခဲ့ကြပါသေးသည်။ ရွှေပြည် သာတရားပွဲတွင် သီတဂူကြယ်တပွင့်ဆရာတော်၏ တရားဟောသည့်ရက်၌ ကြိုတင်ကြောင်းကြားထားရက်နှင့် မီးဖျက်တောက်ခဲ့သည်။ သက်ဆိုင်ရာမီတာရုံးသို့ ဖုန်းဆက်အကြောင်းကြားသော်လည်း မီးပျက်ရက်ဖြစ်၍ မည် သို့မှ လုပ်ဆောင်မပေးနိုင်ကြောင်းခပ်မာမာနှင့်ပင်ဖြေကြားခဲ့သည်။ ယခုအချိန်တွင်တော့စစ်ခွေးတို့သည် ဗြောင်ကျကျပင် ဒင်းတို့၏ အလိုတော်ရိများအား ဆရာတော်များ၏ တရားဟောပြောခွင့်ကို ပိတ်ပင်စေ ခဲ့သည် မှာ အမှန်ပင် ဖြစ်လာပါတော့သည်။

အစအဆုံး..ကြည့်ချင် ရင်…...

Friday, December 21, 2007

သီးလေးသီးဆေးရောင်စုံအငြိမ့်ရဲ့  တန်ဆောင်တိုင်ပွဲတော်တင်ဆက်မှု။


အခန်း (၁) အခွေအမှတ် (၁)။



နောက်ထပ် ဆက်လက်တင်ပေးမည့်အပိုင်းများကို ဆက်လက်စောင့်မျှော်ပေးကြပါ။

ဒီခေါင်းစဉ်နေရာအောက်တွင် ထပ်မံဖြည့်စွက်သွားပါမည်။



အခန်း (၂) အခွေအမှတ် (၁)။



အခန်း (၃) အခွေအမှတ် (၁)။



အခန်း (၄) အခွေအမှတ် (၁)။



အခန်း (၅) အခွေအမှတ် (၁)။



အခန်း (၆) အခွေအမှတ် (၁)။



(ဗွီဒီယို ဒုတိယအပိုင်းအား အခွေအခက်အခဲကြောင့် တိုက်ရိုက်မတင်ဖြစ်သဖြင့် ဒီဗွီဘီ (Democratic Voice of Burma) မှ တင်ဆက်မှုအား ပြန်လည်တင်ပြထားပါသည်)။

အခန်း (၁) အခွေအမှတ် (၂)။



အခန်း (၂) အခွေအမှတ် (၂)။



အခန်း (၃) အခွေအမှတ် (၂)။



အခန်း (၄) အခွေအမှတ် (၂)။



အခန်း (၅) အခွေအမှတ် (၂)။



အခန်း (၆) အခွေအမှတ် (၂)။



အခန်း (၇) အခွေအမှတ် (၂)။



အခန်း (၈) အခွေအမှတ် (၂)။



ဗွီဒီယိုဖိုင်များအား download လုပ်ရန်အတွက် -

http://www.mediafire.com/?e3nmkyayd2n

http://www.mediafire.com/?0jx0yk9kwzl

http://www.mediafire.com/?dzdxyjxnox4

အစအဆုံး..ကြည့်ချင် ရင်…...

Thursday, December 20, 2007

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချူပ်၏ ထုတ်ပြန်ကြေညာချက်။

အစအဆုံး..ကြည့်ချင် ရင်…...

ဦးရွှေနှင့် ဦးကျင်ပိန်းတို့ အကြောင်း။

စွမ်းအားရှင် အတုံးကောင်နဲ့ နအဖသန်းရွှေလက်ဆွဲတော် ဗိုလ်မှူးကြီး စိုးရှိန်တို့ ထက် ပိုဆိုးသူကတော့ဝါ၀ါဝင်း ပဲစက်ရုံပိုင်ရှင် ဦးရွှေ ဖြစ်ပါတယ်။ သူဟာ တရုတ်ပြည်ကွန်မြူနစ်ပါတီအစိုးရကနေ နအဖကို ထောက်ပံ့ကူ ညီ မှုတွေပေးအောင် ကြားထဲကနေ ဆောင်ရွက်ပေးနေတဲ့သူဖြစ်ပါတယ်။ ၁၉၈၈ခုနှစ် နအဖ အာဏာသိမ်း အုပ် ချုပ်လာကတည်းကနေ လုပ်ဆောင်ပေးနေသူဖြစ်ပါတယ်။

ဦးရွှေရဲ့  မြေးဖြစ်သူ မွေးနေ့ ပွဲပါတီကို ထရိတ်ဒါးဟော်တယ်မှာ ကျင်းပတုန်းက တရုတ်သံအမတ် ကိုယ်တိုင် တက်ရောက်ရုံတင်မကဘူး ရွှေမန်းတို့ ၊ သိန်းစိန်တို့ နဲ့ သူ့ တို့ မိန်းမတွေ၊ အခြားသောနအဖအဖွဲ့ ဝင်တွေ၊ ဗိုလ် ချူပ်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

ဦးရွှေဟာ နအဖဗိုလိချုပ်တွေ ၀န်ကြီးတွေနဲ့ အတူ (သေသွားတဲ့ စိုးဝင်း၊ ပြုတ်သွားတဲ့ ခင်ညွန့် တို့ အပါအ၀င်) တရုတ်နိုင်ငံ ဘီဂျင်းမြို့ ကို သွားတဲ့ခရီးတိုင်းမှာ သူလိုက်ပါလေ့ရှိပါတယ်။

ဦးရွှေဟာ ရွှေသဇင်စင်ဒီကိတ်နဲ့ ဝါ၀ါဝင်းပဲစက်ရုံရဲ့  ပိုင်ရှင်ဖြစ်ရုံသာမက ရတနာဆိုင်တော်တော်များများရဲ့  ပိုင်ရှင်ဖြစ်ပါတယ်။ သူပိုင်တဲ့ ရတနာဆိုင်တွေကတော့ လူသိများတဲ့ ရွှေနန်းတော်၊ စိန်နန်းတော်၊ ရတ နာနန်းတော်၊ မြနန်းတော်နဲ့  ၀ါဝါ၀င်းရွှေဆိုင်တို့ ဖြစ်ပါတယ်။ ဒီရတနာဆိုင်တွေကို သူ့ ရဲ့ သားဖြစ်သူ ဒေါက်တာ အောင်ကျော်ဝင်းက တာဝန်ယူ ဦးစီးဆောင်ရွက်ပါတယ်။

ဦးရွှေပိုင်ဆိုင်တဲ့ ရွှေသဇင်စင်ဒီကိတ်ဟာ လော်စစ်ဟန်ပိုင်ဆိုင်တဲ့ အေရှ (Asia World) နဲ့  ဌေးမြင့်ပိုင်ဆိုင် တဲ့ ယုဇနနဲ့ လည်း ဖက်စပ်လုပ်ငန်းလုပ်ကိုင်နေတာပါ။

ဦးရွှေဟာ တရုတ်ကွန်မြူနစ်အစိုးရပိုင်းကနေ နအဖကို လက်ဆောင်ပေးတဲ့ စစ်ထရပ်ကားအသစ်တွေကို တရုတ်-မြန်မာလမ်းကြောင်း ကနေ သယ်ဆောင်ပေးနေတဲ့အလုပ်ကိုလည်း လုပ်ပေးနေပါတယ်။

နောက်တစ်ဦးကတော့ ဦးကျင်ပိန်း (ခ) လုကျင်ပိန်းဖြစ်ပြီး၊ သူဟာ ရွှေလသာကုမ္မဏီရဲ့  မန်နေဂျင်းဒါ ရိုက်တာ ဖြစ်ပြီးတော့ ဦးရွှေပိုင် ရွှေသဇင်စင်ဒီကိတ်ရဲ့  ဒါရိုက်တာအဖွဲ့ ဝင်တစ်ဦးလည်းဖြစ်ပါတယ်။

ဒီ ဦးရွှေနဲ့  ဒုဥက္ကဌဖြစ်သူ လုကျင်းပိန်းတို့ ဟာလည်း စက်တင်ဘာလအတွင်းက ရဟန်းသံဃာများနဲ့ ပြည်သူများကို ရိုက်နှက်သတ်ဖြတ် ဖို့  နအဖက ဆောင်ရွက်တဲ့ထဲမှာလူဆိုးလူမိုက်တွေ၊ စွမ်းအားရှင်တွေ၊ ရာဇ၀တ်သား တွေကို စုဆောင်းစီစဉ်ပေးခဲ့ရုံသာမက နအဖနဲ့  တရုတ်ကွန်မြူနစ်အစိုးတို့ ကြားမှာ ကိုယ်ကျိုးအတွက် ဖော်လံ ဖားပြီး ဆောင်ရွက်ပေးနေသူများ ဖြစ်ပါတယ်။

* (မှတ်ချက်။ ။ ယခုဖေါ်ပြနေသော စွမ်းအားရှင် အတုံးကောင်၊ ဗိုလ်မှူးကြီး စိုးရှိန်၊ ဦးရွှေ၊ ဦးကျင်ပိန်းတို့  အ ကြောင်းသည် တိုင်းပြည်နှင့် လူမျိုးအပေါ် သစ္စာဖောက်နေသူများအဖြစ် ဖေါ်ပြခြင်းဖြစ်ပြီး၊ မည်သည့် ပုဂ္ဂိုလ် ရေး၊ လူမျိုးရေး၊ နိုင်ငံရေးအဖွဲ့ အစည်းများနှင့်မှ မပတ်သက်ပါကြောင်း ရှင်းလင်းစွာ အသိပေးအပ်ပါသည်)။

အစအဆုံး..ကြည့်ချင် ရင်…...

မစ္စတာပင်ညဲရိုးရဲ့  အစီရင်ခံစာ (မြန်မာဘာသာပြန်)။

ကုလသမဂ္ဂ လူ့ အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာပင်ညဲရိုးရဲ့  အစီရင်ခံစာအား မြန်မာလို ဖတ်ရှူနိုင် ပါပြီ။

ရွှေဝါရောင်လှုပ်ရှားမှုမှ ထုတ်ဝေပါသည်။



ဖိုင်အား download လုပ်ရန် -

http://www.mediafire.com/?ce0kctmde0a

အစအဆုံး..ကြည့်ချင် ရင်…...

Wednesday, December 19, 2007

ပြည်သူ့ သစ္စာဖောက် တစ်ယောက်အကြောင်းနဲ့  ဒုရဲအုပ်တစ်ဦးအကြောင်း ပိုမိုသိရှိစေရန်။

သူ နာမည် က အတုံး ကောင် လို့  အများကသိကြပါတယ်။ သူ သတင်းပေးလုပ်နေတာ ကြာပါပြီ။ တရုတ်လူမျိုး အစစ်ဖြစ်ပါတယ်။ မျက် စိတလုံး မှေးနေပါတယ်။ ရန်ကုန် ဘား လမ်း အပေါ်ဘလောက် မှာနေပါတယ်။ သူဟာ ဘား လမ်း က အလှ ပြင် ဆိုင်နာ မည် ခံတဲ့ အနှိပ်ခန်း တွေမှာ ညဖက်ကို ပိုက်ဆံလိုက်တောင်းပါတယ်။ သူ့ ညီ က ဘား လမ်း အလယ် ဆေး ရုံ ထောင့်  မှာ မနက် ပိုင်း ကို ခေါက် ဆွဲ ကြော်၊ ကြာဆံကြော် ရောင်းပါတယ်။ ဒီ အတုံးကောင်ရဲ့ နေရပ်လိပ်စာက နံပါတ် (၂၄၁) ဘားလမ် အထက်ဘလောက် (ကျော်နိုင် TV ဆီုင် အပေါ် ထပ်) ဖြစ်ပါတယ်။ သူဟာကျောက်တံတားမြို့ နယ်မှာကျောက်တံတားရဲစခန်းကို အဓိကသတင်းပေးတဲ့သူဖြစ် ပါတယ်။

နောက် တစ်ယေက်က ကျောက်တံတား ရဲ စခန်းက. ဒု ရဲ အုပ် တယောက်ဖြစ်ပါတယ်။ ဒီဒုရဲအုပ်ဟာ ဘားလမ်း အ ပေါ်ဘလောက် မှာ နိုးတူး ဆို ပြီး အလှ ပြင် ဆိုင် နံမည် ခံ နဲ့  အနှိပ် ခန်း ဖွင့်  ထားပါတယ်။ ဒီအလှပြင်ဆိုင် (ခ) အနှိပ်ခန်းကို သူကိုယ်တိုင် မဦးစီးဘဲ မန်နေဂျာနဲ့ ထားပါတယ်။ ဒီ နိုး တူး အလှ ပြင် ဆိုင်ရဲ့  လိပ် စာ က ၂၆၅-၂၇၅ ဖြစ်ပြီး၊ ဘား လမ်း အပေါ်ဘလောက်က ရှင် သန် ခြင်း TV ဆိုင် အပေါ် ထပ်က ဖြစ်ပါတယ်။

စက်တင်ဘာလအတွင်းက ပြည်သူတွေနဲ့  ရဟန်းသံဃာတွေကိုဒုက္ခပေးခဲ့တဲ့သူတွေပါ။ ဒီလို လောက်ကောင်သ တင်းပေးတွေကို ထိုက်တန်တဲ့ အပြစ်ပြန်ပေးရပါမယ်။

အစအဆုံး..ကြည့်ချင် ရင်…...

မြန်မာပြည်သူ သက်ကြီးရွယ်အိုများရဲ့  ဘ၀။

နအဖရဲ့  အုပ်ချုပ်မှုအောက်မှာ နေနေကြရတဲ့ ပြည်သူတွေရဲ့  ခါးသည်းလှတဲ့ ဘ၀တစ်စိတ်တစ်ပိုင်းပါ။ ဘုရား စေတီပုထိုးအနီးမှာ တွေ့ မြင်ရတဲ့ လတ်တလော မြင်ကွင်းတစ်ခုပါ။

သက်ကြီးရွယ်အိုများအနေနဲ့ တစ်နေ့ လုပ်တစ်နေ့ စားဘ၀ကနေ မသန်မစွမ်းဖြစ်လာတဲ့ အရွယ်ရောက်လာတဲ့ အချိန်မှာစီးပွားရေးအထွေထွေကြပ်တည်းမှုတွေကြောင့်နောက်ဆုံးမှာတောင်းရမ်းစားယူရတဲ့ဘ၀ကို ရောက် နေ ကြရပါတယ်။

နအဖအုပ်ချုပ်မှုလက်အောက်မှာ သက်ကြီးရွယ်အိုတွေကို ဘ၀အာမခံချက် ပေးနိုင်တဲ့ လူမှုရေးကူညီ ထောက်ပံ့မှုတွေလည်းမရှိ၊ အခမဲ့ဆေးဝါးကုသပေးမှုတွေလည်းမရှိ့၊ နေရေးထိုင်ရေးအတွက်လည်း ပံ့ပိုးကူ ညီမှုမရှိတဲ့ အတွက်အောက်ခြေလူတန်းစား ပြည်သူအများရဲ့  နောက်ဆုံးအရွယ်ကတော့ အတော့်ကို ဆိုးရွား လွန်းလှပါတယ်။


အစအဆုံး..ကြည့်ချင် ရင်…...

ရန်ကုန်မြို့ ရဲ့ လက်ရှိအခြေအနေပြ ဓါတ်ပုံများ။



ဓါတ်ပုံများအား ဆက်လက်ကြည့်ရှုနိုင်ပါတယ်။



















အစအဆုံး..ကြည့်ချင် ရင်…...

ပြည်သူ့ သစ္စာဖောက် တစ်ယောက်။

ဒီဓါတ်ပုံ က စွမ်းအားရှင်တယောက်ရဲ့ ဓါတ်ပုံပါ။ သူက ကျောက်တံတားမြို့ နယ်မှာနေပါတယ်။ ဘားလမ်းက အ လှပြင်ဆိုင်တွေ နဲ့  တခြား လမ်းဘေးဈေးသည်တွေဆီကဆက်ကြေးကောက်လေ့ရှိပါတယ်။ တနေ့ ကိုကျပ် ၅၀၀၀ လောက်ရတယ်။

သူ့ ခါးမှာ စကားပြောစက်ကို ထိုးထားတယ်။ ပြည်သူတွေအနေနဲ့  အထူးသတိထားကြပြီး၊ ဒီလို နအဖလက်ပါး စေတွေကို လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ဖို့  အသိပေးလိုက်ပါတယ်။

အစအဆုံး..ကြည့်ချင် ရင်…...

စက်တင်ဘာလ ညများ။

စက်တင်ဘာလညများအား အမှတ်တရ ခံစားရေးဖွဲ့ ထားတဲ့ သီရိညွန့် ရဲ့  သွေးနီညသီချင်းဖြစ်ပါတယ်။



သွေးနီညသီချင်းရဲ့ ဂစ်တာကော့ဒ်လိုချင်ရင် -





အစအဆုံး..ကြည့်ချင် ရင်…...

Tuesday, December 18, 2007

ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းသည် မင်္ဂလာမည်၏။

အမေရိကန်အစိုးရက ကွန်ဂရက်လွှတ်တော်ကနေ နှစ်စဉ် ဂုဏ်ပြုချီးမြင့်တဲ့ ဆု လေးမျိုးရှိပါတယ်။

၁။ The Congressional Gold Medal
၂။ The Congressional Award Program
၃။ The Medal of Merit
၎။ The U.S. Senate Productivity Award

တို့ ဖြစ်ပါတယ်။

The Congressional Gold Medal က အရပ်သူအရပ်သားတွေကို ချီးမြှင့်တဲ့ နိုင်ငံတော်အမြင့်ဆုံးဆုတစ်ခု ဖြစ်ပါတယ်။

ပထမဦးစွားစတင်ချီးမြှင့်ခဲ့တဲ့နှစ်ကတော့ ၁၇၇၆ ခုနှစ်မှာ ဂျော့ရှ်ဝါရှင်တန်ကို ချီးမြှင့်ခဲ့တာပါ။ ဒီဆုကိုချီးမြှင့်ဖို့ အတွက် အမေရိကန် ကွန်ဂရက်မှာ အနည်းဆုံး သုံးပုံနှစ်ပုံ သဘောတူဆုံးဖြတ်ကာ ဥပဒေအရသတ်မှတ်ပြီး ခွင့်ပြုချက်ရှိရပါမယ်။
ဒီအခါမှာ ကွန်ဂရက်ကော်မရှင်ကနေ ဒီဆုရွှေဒင်္ဂါးပြားကို သွန်းလောင်းဖို့  လုပ်ရပါတယ်။
တန်ဖိုးရှိလှတဲ့ ဂုဏ်ယူထိုက်ဖွယ် ဒီဆုကို နေအိမ်အကျဉ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချီူမြှင့်ဖို့  ကွန်ဂရက်မှာ ထောက်ခံမဲ (၄၀၀)၊ ကန့် ကွက်မဲ မရှိဘဲ သဘောတူဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီဆုရရှိရေးအတွက်

ဦးဆောင်ပြီးတိုက်တွန်းလှုပ်ရှားခဲ့သူများကတော့ အမေရိကန်နိုင်ငံ ကွန်ဂရက်အမတ်များဖြစ်ကြတဲ့ Joe Crowley (D-NY) နဲ့  Don Manzullo (R-IL) တို့ ဖြစ်ကြပါတယ်။

ဒီဆုကို အရင်ရခဲ့ဖူးသူတွေကတော့ နာမည်ကြီးပိုဂ္ဂိုလ်များဖြစ်ကြတဲ့ မားသာထရီဆာ၊ ၀င်စတန်ချာချီ၊ နယ်လ်ဆင်မန်ဒဲလား၊ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား၊ မာတင်လူသာကင်းတို့ ဖြစ်ကြပါတယ်။
ဒီနှစ်တော့ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။

အစအဆုံး..ကြည့်ချင် ရင်…...

ပြည်သူတွေကို ညဉ်းပမ်းနှိပ်စက် သတ်ဖြတ်နေတာတွေကို ရပ်တန်းက ရပ်ပါ။

အစအဆုံး..ကြည့်ချင် ရင်…...

လက်ဆွဲတော်ကြီး။

ဘေးက အိတ်ဆွဲပြီး လိုက်နေတဲ့သူက ကိုယ်ရေးအရာရှိ ဗိုလ်မှူးးကြီးစိုးရှိန်ပါ။ မြန်မာပြည်မှာမွေးတဲ့ တရုတ် လူမျိုးစစ်စစ်ပါ။ မြန်မာပြည်မှာ မတရားချမ်းသာတဲ့ စာရင်းထဲမှာ သူလည်း ပါပါတယ်။

လုပ်ငန်းရှင်တစ်ယောက်ကဝန်ကြီးတစ်ဦးနဲတွေ့ ချင်ရင်တွေ့ ခွင့်ရဖို့ သူကချိန်းပေးခ(၁၀)သိန်းတောင်းပါတယ်။ ဘောလုံးပွဲကို သိန်းချီပြီး အရမ်းလောင်းပါတယ်။သူ့ မိန်းမက သစ်တောဝန်ကြီးဌာနက ညွှန်မှူးဖြစ်ပြီး မတရား တောင် ပြီး ဘဝမေ့နေတဲ့ မိသားစုပါ။

ပြည်သူ့ ရသူများ စာရင်းမှာ သူတို့ မိသားစုကို ထည့်သွင်းသင့်ပါတယ်။ ဒေါ်ကြိုင်ကြိုင်ကို ချောဆီထည့်ပေးနေ မြှောက်ပေးနေတဲ့ နံပါတ်တစ်တရားခံက သူပါ။ ပြည်သူတွေ သိရအောင် တင်ပြလိုက်ပါတယ်။

အစအဆုံး..ကြည့်ချင် ရင်…...

Monday, December 17, 2007

အစအဆုံး..ကြည့်ချင် ရင်…...

စိတ်သောကဖိစီးနေပြီ ဖြစ်သော ဗိုလ်ချူပ်မိုက်ကြီး သန်းရွှေ။

ဒီဇင်ဘာ (၁၄) ရက်နေ့ က မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ နယ် ရတနာပုံမြို့ သစ်ရှိ ရတနာပုံ တယ်လီပို့ ဖွင့်ပွဲအ ခမ်းအနားမှာလာတက်တဲ့ နအဖခေါင်းဆောင် သန်းရွှေတစ်ယောက် ဘယ်လိုပုံစံဖြစ်နေလည်း ဆိုတာအနီး ကပ်ကြည့်ရင်မျက်နှာက အတော့်ကိုကျန်းမာရေးမကောင်းတဲ့ပုံနဲ့ လဒမှိုင်ကြီး မှိုင်နေသလိုဖြစ်နေတာတွေ့ ရပါ တယ်။



စက်တင်ဘာအတွင်းမှာ ဘာသာသာသနာကို စော်ကားပြစ်မှားခဲ့ပြီး၊ ဘုရားဆင်းတုတော်တွေ ကျိုးပျက်၊ ရဟန်း သံဃာတော်တွေ သွေးမြေကျ၊ ပြည်သူတွေ ဘ၀ပျက်စေလောက်အောင် မိုက်မိုက်ရိုင်းရိုင်း ကျူးလွန်ပြု လုပ်ခဲ့မိလို့  အခုဆို ချက်ချင်းဘဲ ပြန်ခံနေရတဲ့ဟန် ဖြစ်နေပါတယ်။ စိတ်သောက ဖိစီးမှုကြောင့် အတော့်ကို ချူ ချာနေပြီး၊ ခန္ဓာကိုယ်ကပိန်ကျကာ စားထားဝါးထားသမျှ ပြနေတဲ့ ဗိုက်ကလေးတစ်လုံးဘဲ ကျန်တော့ပါ တယ်။


မတော်တစ်ဆ ခေါက်ကနည်း၊ ခွေကနည်း၊ လဲကျသွားရင် ဆေးရုံမရောက်ခင် အသက်မမှီမှာစိုးလို့  အရေးပေါ် စောင့်ရှောက်လို့ ရအောင် တစ်ယောက်ကနေ သွားလေရာမှာ အရင်ကတစ်ခါမှမပါဘူးတဲ့ အိတ်တစ်လုံးနဲ့  ဘေးကနေ လိုက်ပေးနေရတယ် လို့  အများကပြောနေကြပါတယ်။

ပြောရလို့ ရှိရင် ၀ဋ်မှာအမြဲ ငရဲမှာအပ ဆိုတာလို သံဃာတော်တွေနဲ့  ပြည်သူတွေအသက်ကို ရက်ရက်စက် စက် သတ်ထားတဲ့အတွက် မကြာခင်မှာဘဲ ဒီဘ၀မှာတင် ၀ဋ်လည်ကြဦးမှာပါ။

အစအဆုံး..ကြည့်ချင် ရင်…...

Sunday, December 16, 2007

စက်တင်ဘာလအတွင်းက ရဟန်းသံဃာတော်တွေရဲ့  ချီတက်လမ်းလျှောက်ပွဲ ပုံရိပ်လွှာများ။

စက်တင်ဘာလမှာ ငြိမ်းချမ်းစွာ ချီတက်လမ်းလျှောက်ပွဲကို ဦးဆောင်ခဲ့ကြတဲ့ မြန်မာရဟန်းသံဃာတော်များကို အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုတက္ကသိုလ်ကနေ ဂုဏ်ပြုတဲ့အနေနဲ့  ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ကို ချီးမြှင့်ပေးအပ်ခဲ့တာမို့  ကျွန်တော်တို့  မြန်မာပြည်သူပြည်သားတွေအနေနဲ့  အထူးဂုဏ်ယူဝမ်းမြောက်ရပါတယ်။

စက်တင်ဘာလအတွင်းက ရဟန်းသံဃာတော်တွေရဲ့  ချီတက်လမ်းလျှောက်ပွဲ ပုံရိပ်လွှာများကို အမှတ်တရ ပြန်လည်ဖေါ်ပြလိုက်ပါတယ်။

























စက်တင်ဘာလ (၂၅) ရက်နေ့ က သက်တော် (၈၃) နှစ်ရှိ ရဟန်းသံဃာတော်ကြီးတစ်ပါးမှ ဆူးလေဘုရားတွင် ငြိမ်းချမ်းစွာချီတက်လမ်းလျှောက်ခြင်းနှင့်ပတ်သက်ပြီး လူထုအား ဟောကြားပြောဆိုတော်မူစဉ်။





စက်တင်ဘာလ (၂၇) ရက်နေ့ က ဆူးလေဘုရားအနီး ငြိမ်းချမ်းစွာချီတက်လမ်းလျှောက်နေစဉ် သေနတ်ဖြင့်ပြစ်ခတ်မှုကြောင့် ကျောဘက်တွင် သေနတ်ဒဏ်ရာ ရရှိခဲ့သော သံဃာတော်တစ်ပါး။





ရဟန်းသံဃာတော်များ၏ အပင်ပန်းခံမှုနှင့် ပြည်သူတို့ အတွက် လေးစားကြည်ညိုထိုက်သော စွန့်ံလွှတ်အနစ်နာခံဆောင်ရွက်မှု။











အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်စဉ်။





ရွှေဝါရောင်တော်လှန်ရေးကို မြန်မာပြည်တွင်သာမက ကမ္ဘာတစ်ခွင်ပါ သိမြင်ကြားသိခွင့် ရကြတဲ့အတွက် ရဟန်းသံဃာတော်များ၊ ကျောင်းသူကျောင်းသားများနဲ့  ပြည်တွင်းပြည်ပမှာရှိကြတဲ့ မျိုးချစ်မြန်မာများအားလုံးအား ဂုဏ်ယူလေးစားမိပါကြောင်းနဲ့  မပြီးဆုံးသေးသော အာဏာရှင်စနစ်ကျဆုံးရေးအတွက် ဆက်လက်ချီတက်ကြပါစို့ ။

အစအဆုံး..ကြည့်ချင် ရင်…...

Saturday, December 15, 2007

စက်တင်ဘာလကို ပြန်လည်အောင်းမေ့ခြင်း။

အပိုင်း (၁)။

ကျွန်တော်တို့ ရှုံးလို့မဖြစ်ဘူးဗျာ..ကျွန်တော်တို့ရှုံးရင် ဒီ့ထက်ပိုပြီး အဖိခံရလိမ့်မယ်ဗျ...ဒီအခြေအနေရောက်ဖို့ အနှစ်နှစ်ဆယ်လောက် စောင့်ခဲ့ရတာ ..ရှုံးသာရှုံးခဲ့ရင် နောက်ထပ်အနှစ်နှစ်ဆယ်ထပ်စောင့်ရလိမ့်မယ်..အခုတောင်အထဲမှာ မင်းကိုနိုင်တို့ ဘယ်လောက်ခံနေရပြီလဲမသိဘူး... တုန်တုန်ရီရီ ကြေကြေကွဲကွဲပြောနေတဲ့ သူ့ကို ကျွန်တော်ဘာပြန်ပြော ရမှန်းမသိအောင်ဆို့နစ်နေတယ်....တကယ်တော့ သူလဲကျွန်တော့်ကို မသိသလို ကျွန်တော်လည်းသူ့ကိုမသိပါဘူး...ဒါပေမယ့် အရင်နေ့တွေက ဆန္ဒပြချီတက်ပွဲတွေမှာ မြင်တွေ့ခဲ့ကြဖူးပါတယ်။

အခု သူရောကျွန်တော်ပါ လုံထိန်းတွေရဲ့ ရွှေဘုံသာလမ်းနဲ့ သိမ်ကြီးဈေး အကြား ဖရေဇာလမ်းပေါ်မှာ ဆန္ဒပြနေသူတွေကို တစ်လမ်းဝင် တစ်လမ်းထွက် ပိတ်ဆို့ဖမ်းဆီးမှုကနေ လွတ်မြောက် လာခဲ့ကြတာပါ..နောက်နေ့တွေ ..နောက်နေ့နောက်နေ့တွေ ဘာဆက်လုပ်ကြမလဲ..ဘယ်သူတွေကဆက်ဦးဆောင်မလဲ..နှစ်ယောက်သား ပလက်ဖေါင်းပေါ်မှာ လေးလေးလံလံ လျှောက်နေရင်းနဲ့ မေးခွန်းတွေ ကြားမှာ ချောင်ပိတ်မိ နေတယ်...

ကြည့်စမ်းပါဦး..ကမ္ဘာပေါ်မှာ ထေရ၀ါဒဗုဒ္ဓဘာသာအထွန်းကားဆုံးနိုင်ငံတဲ့ဗျာ...အရင်က ဆွမ်းခံကြွရင် သံဃာ တော်ကအနည်းဆုံး အပါး ၃၀လောက်၊ ကိုရင်က ဆယ်ပါးလောက်ကြွနေုကျနေရာတွေမှာ အခုတော့ ကိုရင် ဆယ်ပါးလောက်နဲ့ သံဃာတော်ငါးပါးလောက်ပဲ ကြွတာတွေ့ရတော့ ကိုယ့်ဘာသာ ကိုယ့် သာသနာ အတွက် စိတ်တောင်မကောင်းဘူးဗျာ။ ဘယ်လိုကပ် ဆိုးတွေရဲ့အောက်မှာ သံဃာတော်တွေ ကျရောက်ခဲ့တာလဲ....ကိုယ့် ဆွမ်းဒကာ၊ ဆွမ်းဒကာမအတွေ အတွက် အစတေးခံသွားတဲ့ သံဃာတော်တွေ ဘယ်နှစ်ပါးလောက် ရှိနေပြီလဲ...အခုဆိုရင် သံဃာတော်တွေကိုဆွမ်းလောင်းလှူဖို့ ကိုတောင်မှ ဥပဒေပပြစ်မှုတစ်ခုလို မ၀ံ့မရဲဖြစ် နေရတာတွေ...မင်းကွန်း ဆရာတော်ဘုရားကြီးရဲ့မေတ္တာပို့အခွေ ကိုအသံအကျယ်ကြီး မဖွင့်ရဲတာတွေ...ဓမ္မာရုံမှာ ထောင်ထားတဲ့ သာသနာ့အလံကိုတောင် ရန်အရှာခံရတာတွေ..ကိုယ့်ဘာသာ ကိုယ့် သာသနာ တော်ကြီးတစ်ခုလုံးကို အစော်ကားခံရတာတွေ...ဒါတွေအားလုံးကို ဘယ်သာသနာစောင့်နတ်တွေဆီ တိုင်တည် တိုင်တန်းလို့ ရနိုင်မလဲဗျာ.....

....................

အပိုင်း (၂)။

လူတွေအားလုံးရဲ့ရင်ထဲမှာ ဇဝေဇ၀ါတွေဖြစ်နေကြပါတယ်။ပခုက္ကူကိစ္စကတကယ်ပဲလား၊ ၁၇ ရက်နေ့ ရောက်လို့မှ အစိုးရဘက်က ဘာမှမထူးခြားရင်သံဃာတော်တွေဘက်က ငြိမ်းချမ်းစွာစီတန်း လှည့်လည် ဆန္ဒပြ မယ်ဆိုတာကရော တကယ်လား။ ၁၇ ရက်နေ့အထိကို လူတွေရင်ထဲမှာ တအုံနွေးနွေးနဲ့ စိုးရိမ်နေ ကြပါတယ်။ လမ်းပေါ်မှာ သံဃာတော်တစ်ပါးတစ်လေ သူ့ကိစ္စနဲ့သူ ကြွသွားတာမြင်ရင်တောင်မှ လိုက်ကြည့် နေကြတဲ့ အ ခြေအနေမျိုးပါ။ ဒီဇဝေဇ၀ါဖြစ်မှုတွေ ၊ စိုးရိမ်စိတ်တွေဟာ ၁၈ ရက်နေ့အရောက်မှာတော့ နေရောင်ကို မြင် လိုက်ရတဲ့ နှင်းထုတွေလို အကုန်ကွယ်ပျောက်ခဲ့ရပါတယ်။ သံဃာတော်တွေ ငြိမ်းချမ်းစွာ စီတန်းလှည့် လည်တဲ့သတင်းကို ၁၈ ရက်နေ့ညပိုင်းကျမှ ကျွန်တော်သိရတာပါ။ အင်တာနက်ပေါ်က စီတန်းလှည့်လည်နေ တဲ့ သံဃာတော်တွေရဲ့ ပုံတွေကို ကြည့်ပြီး ကြက်သီးဖျန်းဖျန်း ထမိပါရဲ့။

၁၉ ရက်နေ့မှာလည်းသံဃာတော်တွေ စီတန်းလှည့်လည်ကြတယ်။ ဒီအချိန်အထိ ကျွန်တော့်မှာ မျက်ဝါးထင် ထင်မြင်တွေ့ဖူးခြင်းမရှိသေးပါဘူး။ အဲဒီ့အတွက် ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရ ဖြစ်မိပါတယ်။ ဆူးလေဘုရားနဲ့ ကျွန်တော်ရှိတဲ့နေရာ မဝေးပေမယ့် သံဃာတော်တွေက ဆူးလေဘုရားလမ်းက နေကြွ သွားတာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်ဘာမှမသိလိုက်ရတာဖြစ်ပါတယ်။

၂၀ ရက်နေ့မှာတော့ ကျွန်တော့်ရဲ့ဆန္ဒတွေ ပြည့်ဝသွားပါတယ်။ အဲဒီ့နေ့တွေက မုန်တိုင်းရှိလို့ နေ့လည် ပိုင်းလောက်ဆိုရင်မိုးရွာပါပြီ။ ဒီနေ့မှာလည်းမိုးကထုံစံအတိုင်းတဖွဲဖွဲကျနေပါတယ်။ အချိန်က ၃နာရီဝန်း ကျင်လောက်ရှိပါပြီ။ အဲဒီ့အချိန်မှာပဲ သံဃာတော်တွေ ဗိုလ်ချုပ်လမ်းပေါ်ကနေ ဆူးလေဘုရား လမ်းဘက် ကြွလာတာကို တွေ့ပါတယ်။ ပတ်ဝန်းကျင်တစ်လျှောက်မှာရှိတဲ့လူတွေလည်း၊ အံ့သြတဲ့မျက်လုံးတွေ၊ ၀မ်း သာ တဲ့မျက်နှာတွေနဲ့ ရုတ်ရုတ်သဲသဲတွေဖြစ်လို့။ မိုးရေတွေရွှဲစိုနေတဲ့ သံဃာတော်တွေဟာ ဘာကိုမှဂရုမထားပဲ လက်အုပ်ချီလို့၊ မေတ္တာပို့ကိုသာသံပြိုင်ရွတ်ဖတ်လို့ ကြွနေကြပါတယ်။ သံဃာတော်တွေရဲ့နောက်မှာတော့ လူက ဆယ်ဂဏန်းလောက်သာလိုက်လာပါတယ်။ အကြောက်တရားနဲ့ အုပ်စိုးခြင်းခံထားရတဲ့ပြည်သူတွေဟာ လောလောဆယ်မှာတော့ နောက်ကနေလိုက်ဖို့၊ လက်ခုပ်တီးပေးဖို့နေနေသာသာ လက်အုပ် ချီရှိခိုးဖို့ကိုတောင်မှ ခိုးကြောင်ခိုးဝှက်နဲ့ ရှိုခိုးနေရတာပါ။ကျွန်တော်ကတော့ သံဃာတော် တွေကိုကြည့်ရင်းမျက်ရည်လည်မိပါတယ်။(အခုစာရေးနေချိန်အထိလည်း ပြန်တွေးပြီး မျက်ရည်လည်မိပါ တယ်ဗျာ။) ရေစိုနေတဲ့သင်္ဃန်းအလေးကြီးတွေနဲ့ ရွှေတိဂုံဘုရားနေလျှောက်လာရတဲ့ခရီး၊ တစ်နပ်တည်း သာရှိတဲ့ဆွမ်းအာဟာရနဲ့အဆက်မပြတ်မေတ္တာပို့ရွတ်ဆိုနေတာ ၊ ဒါတွေဟာကျွန်တော်တို့ အတွက် မဟုတ်ဘူးလားဗျာ။

အပိုင်း (၃)။

၂၁ရက်နေ့လောက်ကစလို့ သံဃာတော်များရဲ့ လမ်းလျှောက်မေတ္တာပို့ပွဲတွေဟာ တဖြည်းဖြည်း အရှိန် ရလာပါပြီ။ ပြည်သူတွေလဲတစ်နေ့ထက်တစ်နေ့အင်အားပိုများလာပါတယ်။ ကျွန်တော် လဲ ဒီရက်ပိုင်းတွေ ကစလို့ ဗိုလ်ချုပ်လမ်းပေါ်မှာ သံဃာတော်တွေကြွလာသံကိုနားစွင့်နေပြီး သံဃာတော်တွေ ကြွလာပြီ ဟေ့ဆိုတာနဲ့ မြို့တော်ခမ်းမရှေ့ရောက်တဲ့အထိ အနောက်ကနေလိုက်အားပေးဖြစ်ပါတယ်။ သံဃာတော် တွေရဲ့ ဦးဆောင်မှုကို ပြည်သူလူထုကြီးက သဘောပေါက်လာပါပြီ။

အနုပညာ နဲ့ စာပေသမား တချို့ရဲ့ တပ်လှန့်နှိုးဆော်သံကလဲ ပြည်သူလူထုကြီးကိုပိုပြီး အာရုံစိုက်မိစေပါတယ်။ သံဃာတော်တွေရဲ့အနောက်ကလိုက်ရုံတင်မဟုတ်တော့ပါဘူး။ သံဃာတော်တွေရဲ့ဘေးကနေ လက်ချင်း ကာရံချိတ်ပေးထားတဲ့အထိ နိုးကြားတက်ကြွလာပါပြီ။ လက်ချင်းချိတ်ပြီးလိုက်ပါနေတဲ့ လူထုဟာဆိုရင်လဲ ပုံစံအမျိုးမျိုးနဲ့ပါ။ ကွာတားဘောင်းဘီနဲ့ ဆံပင်အနီနဲ့ နားပေါက်နဲ့ လူငယ်တွေပါသလို၊ပုဆိုးနဲ့ ရှပ်အင်္ကျီဝတ်ထားတဲ့လူငယ်တွေလဲပါပါတယ်။ ထို့အတူပဲ မိန်းကလေးတွေနဲ့ အဒေါ်ကြီးတွေ လည်းပါပါတယ်။

အသွင်အပြင်တွေ၊ ပုံသဏ္ဍာန်တွေ အမျိုးမျိုးကွဲနေပေမယ့် သူတို့ရဲ့ ရင်ထဲမှာတော့ တစ်ခုပဲရှိမှာပါ။ တိုက်ပွဲရဲ့အရှိန်ကတဖြည်းဖြည်းမြင့်လာပါပြီ။ ဒီအချိန်မှာပဲ သံဃာတော်တွေက ၂၃ ရက်နေ့အထိမှ တွေ့ဆုံဆွေးနွေးရေးတွေမဖြစ်မြောက်ဘူးဆိုရ င် ၂၄ ရက်နေ့မှာ တပြည်လုံးမှာ လူထု နဲ့ သံဃာတော်တွေရဲ့ မေတ္တာပို့ချီတက်ပွဲတွေ လုပ်မယ်လို့ တိုက်ပွဲအရှိန်ကိုတစ်ဆင့်ထပ်မြှင့်လိုက်ပါတယ်။

ဒီတိုက်ပွဲခေါ်သံက လူတိုင်းရဲ့ ရင်ကိုပဲ့တင်ရိုက်ခတ်လို့ ညံသွားစေပါတယ်။ ညဘက်ဆိုရင် တကြွီကြွီ၊တဂွီဂွီနဲ့ နိုင်ငံခြား အသံလွှင့်ဋ္ဌာနတွေရဲ့ မြန်မာပိုင်းအစီအစဉ်ကို ဖမ်းယူနားဆင်နေကြသံကို နေရာတိုင်း လိုလိုမှာ ကြား လာရပါတယ်။ စလောင်းကလွှင့်တဲ့ ဒီဗီဘီ ရုပ်သံမှာလည်း သံဃာတော်တွေချီတက်နေတဲ့ ဓါတ်ပုံ တွေကို လွှင့်ပေးနေပါတယ်။

လှုပ်ရှားမှုအရှိန်အဟုန်ကို တွေ့ဆုံဆွေးနွေးတဲ့ နည်းနဲ့ ငြိမ်းချမ်းစွာရပ်တန့်ဖို့ ကြိုးစားမလား၊ ဒါမှမဟုတ် တခြားနည်းလမ်းသုံးမလား ။ တကယ်လို့ တခြားနည်းလမ်းသုံးခဲ့မယ်ဆိုရင် ဘယ်လိုနည်းလမ်းလဲ ။ ပွင့်ပွင့် လင်းလင်း ပြောရရင် ကျည်ဆံသုံးမှာလား ၊ မသုံးဘူးလား။ ဘယ်သူမှ မခန့်မှန်းနိုင်သေးတဲ့ကာလပါ။ လူတွေ အားလုံး ဟာ ၂၃ရက်နေ့ ည ၈နာရီသတင်းကို ရင်ခုန် စွာစောင့်ကြည့်နေပါတယ်။

...........................

၂၄ ရက်နေ့ရဲ့ မိုးကောင်းကင်ကတော့ အရင်နေ့တွေတုန်းကလိုပါပဲ။ဒါပေမယ့်လမ်းပေါ်မှာ တော့ အရင် နေ့တွေကလို မဟုတ်ပဲ ခြောက်ကပ်ကပ်နိုင်နေပါတယ်။ အခါတိုင်းနေ့တွေကတော့ ၁၂နာရီခွဲ ၁နာရီ လောက်ကျမှ ရွှေတိဂုံဘုရားကနေ သံဃာတော်တွေ စချီတက်နေကျပါ။ အဲဒါကြောင့်ကျွန်တော်လည်း သံဃာ တော်တွေဆွမ်းကပ်ချိန်လောက်အရောက်သွားရမယ်ဆိုပြီး အိမ်ကနေ ၁၀နာရီခွဲလောက်မှာ ထွက်ခဲ့ပါတယ်။ ၁၁ နာရီကျော်လောက်ဘုရားပေါ်ရောက်တဲ့ အချိန်ကျတော့ အရပ်ဝတ်နဲ့ထောက်လှမ်းရေးတွေကို တန် ဆောင်းတွေထဲမှာတွေ့ရပါတယ်။ အရှေ့ဘက်မုခ်မှာရှိတဲ့ ကြေးသွန်းကြီးဘုရားကိုသွားဖို့ ဆင်းလာတာလမ်း တစ် ၀က်လောက်ရောက်ချိန်မှာတော့ ဟိန်းဟိန်းညံနေတဲ့ ကြွေးကြော်သံတွေနဲ့ တဖြောင်းဖြောင်း တီးခတ်နေတဲ့ လက်ခုပ်သံတွေကိုစကြားရပါတော့တယ်။တပ်ဦးထိပ်မှာတလူလူလွင့်နေတဲ့ သာသ နာ့အလံတွေနဲ့အတူ သံဃာတော်တွေ ရွှေတိဂုံဘုရားပေါ်တက်လာကြပါပြီ။ ၀မ်းမြောက်ပီတိ ဖြစ်တဲ့စိတ်၊ တက်ကြွ ဆူဝေလာတဲ့သွေးတွေနဲ့အတူ လက်အုပ်ချီကန်တော့လိုက် ၊ လက်ခုပ်တီးအားပေးလိုက်နဲ့ တစ် ယောက်ထဲအလုပ်ကိုရှုပ်နေတာပါပဲ။

သံဃာတော်တွေကျော်ဖြတ်သွားပြီးချိန်မှာတော့ အနောက်ကလိုက်ပါလာတဲ့လူ ပရိတ်ဿတ်တွေထဲဝင် ပူး ပေါင်းပြီးဘုရားပေါ်ပြန်တက်ခဲ့ပါတယ်။ လူအချင်းချင်းနှိပ်စက်ခြင်း ကင်းရှင်းကြပါစေ။ တို့မေတ္တာစွမ်းကမ္ဘာလွှမ်း အေးချမ်းကြပါစေ ဆိုတဲ့ သံပြိုင်ကြွေးကြော်သံတွေဟာ ကြားရသူအပေါင်းကို ကြက်သီးဖျန်းဖျန်းထမတတ်ပါပဲ။ အောင်မြေရှေ့ရောက်ချိန်မှာတော့ သံဃာတော်တွေက အရှေ့ဆုံးမှာ စီတန်းပြီး အနောက်မှာ မယ်သီ လရှင်တွေ ၊ နောက် လူပရိတ်သတ်တွေဟာ ညီညီညာညာစီတန်းပြီး ထိုင်လိုက်ပါတယ်။ အောင်မြေ တစ်ခုလုံးလည်းပြည့်ကျပ်နေပါပြီ။ ဦးဆောင်ဆရာတော်တွေ ညှိနှိုင်းတိုင်ပင်လို့အပြီးမှာတော့ အားလုံးဟာ နမောဿတ အစချီလို့ ဘုရားရှိခိုးကြပါတယ်။

ဒီ့နောက် ဆရာတော်တစ်ပါးက ဦးဇင်းတို့ ဒီနေ့ မြေနီကုန်း၊ အဲဒီ့ကနေလှည်းတန်း နောက်တံတား ဖြူဘက်ကနေ ကမ္ဘာအေးဘုရားကိုချီတက်မယ်လို့ ကြော်ငြာလိုက်ချိန်မှာတော့ လူအပေါင်းက သောင်း သောင်းဖျဖျ လက်ခုပ်တီးကြပါတယ်။

ချီတက်ပွဲစပါပြီ။ ရင်ပြင်တော်ပေါ်မှာတင်ပဲ သုံးဦးစီတွဲပြီး စီတန်းလိုက်ကြပါတယ်။ကျွန်တော်အပါအ၀င် တခြား လူကြီးလူငယ်တွေကလည်း သံဃာတော်တွေရဲ့ဘေးမှာ လက်ချင်းချိတ်ကာရံလို့ လိုက်ပါလာကြပါတယ်။ ဒါဟာ သတင်း စာတွေထဲမှာပုတ်ခတ်ထားသလိုအတွင်းကလူတွေ ပြင်ပြန် ထွက် လို့မရအောင် ၀န်း ရံ ပိတ်ဆို့ထားတာမဟုတ်ပါဘူး။ အပြင်က အန္တရာယ်တွေအတွင်းကိုဝင်မလာနိုင်အောင် ကာရံပေး ထားခြင်းသာဖြစ်ပါတယ်။ဘာပဲပြောပြော ရှေ့ဘက်မုခ်ဆီမှ ချီတက်လာခဲ့ကြတဲ့ သံဃာတော်များနဲ့ ပြည် သူအပေါင်းတို့ဟာကမ္ဘာအေးဘုရားဆီချီတက်ဖို့အတွက်အရှေ့ဘက်မုခ်ကနေ ပြန်ဆင်းလို့လာခဲ့ပါပြီ။ တ နည်းပြောရရင် မြန်မာပြည်သူ တွေအိပ်မက်သစ် မက်နိုင်ဖို့အတွက် မနက်ဖြန်ရဲ့တံခါးတွေကိုရိုက်ချိုးဖို့ ရဲရဲဝင့်ဝင့်ချီတက်လာခဲ့ကြပါပြီခင်ဗျား။

......................

အပိုင်း (၄)။

ကျွန်တော်တို့တွေလည်း အရှေ့ဘက်မုခ်ကနေတည့်တည့်ဆင်းလာကြပြီး ဗဟန်းဈေးအရောက်မှာ ဘယ် ဘက်ကိုချိုးကွေ့လို့ ရေတာရှည်လမ်းဟောင်းအတိုင်းချီတက်လာကြပါတယ်။ လမ်းဘေးဝဲယာမှာရှိကြတဲ့ ပြည်သူ လူထုတော်တော်များများကလည်း လက်ခုပ်တွေတီးပြီးအားပေးကြတာသောင်းသောင်းဖျဖျပါပဲ။
အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်ကိုယ်ကျ မပါဝင်နိုင်ပေမယ့် လက်ခုပ်တီးပြီးအားပေးဖေါ်ရတာ ကိုကျွန် တော်တို့ရင်မှာ အတိုင်းမသိဝမ်းမြောက်ကြည်နူးရပါတယ်။ ခြောက်လုံးလှန့်လုံးတွေကြောင့် တီးရတာမဟုတ် တဲ့ ၊ ဘာပယောဂမှမပါဝင်တဲ့ လက်ခုပ်သံစစ်စစ်ဆိုတာကို အဲဒီ့အချိန်ကတီးခဲ့တဲ့လူတွေအကုန်လုံး သိမှာပါ။

ရေတာရှည်လမ်းဟောင်းကနေထွက်လိုက်တဲ့အခါမှာတော့ရွှေဂုံတိုင်လမ်းမကြီးပေါ်ရောက်သွားပါတယ်။ အရှေ့ ဆုံးမှာရှိတဲ့ဦးဆောင်သံဃာတော်များဟာ အဖွဲ့ချုပ်ရုံးရှေ့မှာ ရပ်လို့ မေတ္တာပို့ ပေးပါတယ်။ မေတ္တာပို့ပြီးလို့ သံဃာတော်တွေကျော်ဖြတ်သွားတဲ့အခါမှာတော့ အဖွဲ့ချုပ်ရုံးရှေ့မှာရှိတဲ့ ပုဂ္ဂိုလ်များဟာ ရွေးချယ် ခံကိုယ်စားလှယ်များဆိုတဲ့ နဖူးစည်းနဲ့ အဖွဲ့ချုပ်ရဲ့အလံတွေကို ကိုင်စွဲပြီး ၀င်ရောက် ပူးပေါင်းပါဝင်လာ ကြပါတယ်။ သံဃာ၊ ကျောင်းသား ၊ လူထုနဲ့ နိုင်ငံရေးပါတီဝင်များပါဝင်တဲ့ ဆန္ဒပြအစု အဝေးကြီးဟာ အားရ စရာကောင်းလောက်အောင်ကို ကြီးထွားလာခဲ့ပါပြီ။
မြေနီကုန်းဘက်ကိုတရွေ့ရွေ့ရောက်ရှိလာတဲ့အချိန်မှာတော့ဘယ်မှာ အစ၊ဘယ်မှာအဆုံးဆိုတာကိုလှမ်းမျှော် ကြည့်လို့မမြင်နိုင်တော့ပါဘူး။ ခရီးရှည်လာတာနဲ့အမျှလူပရိတ်သတ်အပေါင်းကိုလည်းပုံစံအမျိုးမျိုးနဲ့ တွေ့လာ ရပါတယ်။ သံဃာတော်တွေကြွလာတာကိုမြင်တွေ့ရလို့ကိုယ်ပိုင်ကားကို ရပ်ပြီးကားထဲကဆင်းကန်တော့တဲ့ လူတွေကိုတွေ့ရသလို၊ သင်တန်း ဒါမှမဟုတ် ကျောင်းကနေကြုံကြိုက်လို့ လိုက်လံအားပေးနေသူတွေကို လည်းတွေ့ရပါတယ်။ ထို့အတူပါပဲ လှိုက်လှိုက်လှဲလှဲလက်ခုပ်တီးအားပေးတဲ့ အမျိုးသမီးတွေကို တွေ့ ရသလို၊ မတုန်မလှုပ်ရပ်နေကြတဲ့ အမျိုးသားတွေကိုလည်းတွေ့ရပါတယ်။ လူအမျိုးမျိုး စိတ်အထွေထွေပါပဲ။

ကိုးထပ်ကြီးဘုရားရှေ့မှာလည်း သံဃာတော်တွေဆုတောင်းမေတ္တာပို့ကြပါသေးတယ်။ လိုက်ပါလာတဲ့သံ ဃာနဲ့ လူဦးရေတွေအရမ်းများလာတဲ့အတွက် သုံးဦးစီကနေ ငါးဦးတစ်တွဲစီတွဲလို့စီတန်းပေမယ့်လည်း ရှည် လျားနေဆဲပါပဲ။ သံဃာတော်တွေဟာ ဗားကရာလမ်းအတိုင်းတည့်တည့်သွားလို့ ကမ်းနားလမ်း အ ရောက်မှာတော့ ညာဘက်ကိုချိုးလို့ လှည်းတန်းဘက်ဆီဆက်လက်ချီတက်နေပါတယ်။

အားလုံးဟာစည်းကမ်းရှိရှိနဲ့စနစ်တကျချီတက်နေတာပါ။ ဖိနပ်ပေါက်သူတွေကို ပလာစတာ ၊ မူးမော်သူတွေကို ဆေးဂွမ်းလိပ်၊ ညောင်းညာကိုက်ခဲလာသူတွေအတွက် ပရုပ်ဆီ စသဖြင့် လိုလေသေးမရှိရအောင် ဆေးအဖွဲ့က စီစဉ်ဆောင်ရွက်ပေးနေပါတယ်။ ဒါ့အပြင် စေတနာရှင်တွေကလည်း သောက်ရေသန့်၊ သကြားလုံး၊ ဆေး လိပ်နဲ့ ကွမ်းယာပါမကျန်ရအောင် လိုက်လံဝေငှပေးနေပါတယ်။

ကမ်းနားလမ်းမတစ်လျှောက်လုံးလည်း ပြည့်ကျပ်နေပါပြီ။ အဝေးပြေးကုန်းဆင်းနားက ရဲစခန်းရှေ့ မှာလည်း သံဃာတော်တွေရပ်ပြီး မေတ္တာပို့ပေးကြပါသေးတယ်။ ရဲစခန်းကြီးကတော့ ၀င်းတံခါးတွေပိတ်လို့ တိတ်တိတ်ဆိတ်ဆိတ်ငြိမ်ငြိမ်သက်သက်ပါပဲ။ လူအချင်းချင်းနှိပ်စက်ခြင်း ကင်းရှင်းကြပါစေ။
စွမ်းကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ}} အရှေ့အရပ်၌ရှိသော အနန္တစင်္ကြာဝဋ္ဌာ အနန္တသတ္တ၀ါတို့ ....... တစ်လမ်းလုံးတောက်လျှောက်ရွတ်ဆိုလာရလို့အားပျော့နေတဲ့အ သံများဟာ ရဲစခန်းရှေ့အရောက်မှာတော့ ဟိန်းညံပြီးထွက်ပေါ်လာပါတယ်။

လှည်းတန်းလမ်းဆုံကိုရောက်တော့ ပြည်လမ်းမပေါ်ကို ချိုးကွေ့လိုက်ကြပါတယ်။ ကျွန်တော်တို့ရဲ့ မေတ္တာ ပို့သံတွေကိုကြားရတဲ့အခါ ရန်ကုန်တက္ကသိုလ်ထဲမှာ စာမေးပွဲဖြေနေကြတဲ့ ကျောင်းသူ၊ကျောင်းသား တွေဟာ စာမေးပွဲဆက်မဖြေကြတော့ပဲ ကျောင်းထဲကထွက်ပြီး လိုက်လာကြပါတယ်။ သံဃာတော်တွေဟာ အင်းလျား ကန်ရှေ့ တံတားဖြူကိုရောက်တဲ့အခါမှာတော့ ၈၈ တုန်းက ဒီတံတားဖြူမှာကျဆုံးသွားကြတဲ့ ကျောင်းသူ ကျောင်းသားတွေကိုရည်စူးအာရုံပြုလို့မေတ္တာပို့ပေးပါတယ်။ အားလုံးရဲ့ ရင်ဘတ်ထဲမှာတော့ မိုးကောင်း ကင်နဲ့ အပြိုင် မှိုင်းညှို့လို့ပေါ့။

တံတားဖြူကနေ ရှစ်မိုင်ဘက်ကိုဆက်လက်ချီတက်လာချိန်မှာ မိုးကတဖွဲဖွဲကျနေပါတယ်။ အနှောက်အယှက်မရှိ ချီတက်နိုင်တာကြောင့်ရော ၊ လိုက်ပါအားပေးသူ အရမ်းများပြားလွန်းတာကြောင့်ပါ ( ခန့်မှန်းခြေ တစ်သိန်းခွဲ၊ နှစ်သိန်းလောက်တော့ ရှိမှာပေါ့။ ) အားလုံးဟာပျော်ရွှင်နေကြပါတယ်။ ဒီလောက်လူအင်အားနဲ့ ဒီလိုညီညွတ် မှုမျိုးဟာ ၈၈ နောက်ပိုင်းမှာ ဒါပထမဆုံးအကြိမ်ပါပဲ။ ရှစ်မိုင်လမ်းဆုံရောက်တော့ ကမ္ဘာအေး ဘုရားဘက်ကိုချိုးကွေ့လို့ ဆက်လက်ချီတက်ကြပါတယ်။ မှတ်မှတ်ရရပြောရရင် တစ်လမ်း လုံးတောက်လျှောက်လက်ချင်းချိတ်လာတဲ့အတွက် လက်မောင်းတွေ နာနေပါ ပြီ။ ဒူးဆစ်တွေလဲ ကိုက်နေပါပြီ။ နောက်ဆုံး ဘေးကနေ လိုက်လာတဲ့လူတွေအရမ်းများတာကြောင့် လက် ချင်းချိတ်ထားတာတွေကိုလဲ ဖြုတ် လိုက်ကြပါတယ်။ မေတ္တာပို့လိုက်၊ လက်ခုပ်တီးလိုက် ၊ ကိုယ့်ဘေးနားက လူနဲ့ စကားပြောလိုက် နဲ့ ချီတက် လာကြတာ ကမ္ဘာအေးဘုရားကိုရောက်လာပါတယ်။ဘုရားကိုရောက်တော့ သံဃာတော်တွေက ဘုရား ပေါ်တက်သွားကြပြီး လူတွေက ဘုရားခြေရင်းမှာ အသီးသီးစောင့်နေကြပါတယ်။ လမ်းမကြီးဘေးက ဆိုင်တွေ လည်း ရေသန့်ဘူးတွေလက်မလည်အောင် ရောင်းရတာ ပစ္စည်းပြတ်သွားတဲ့ အထိပါပဲ။ အချိန်ကတော့ ည နေ ငါးနာရီခွဲလောက်ရှိပါပြီ။ တော်တော်ကြာတော့မှ ဆန္ဒပြပွဲကို ဒီနေရာမှာ ပဲအဆုံးသတ် လိုက် တယ်ဆိုတဲ့အကြောင်းနဲ့ မနက်ဖြန်ကို ရွှေတိဂုံဘုရားမှာပဲဆုံကြမယ်ဆိုတဲ့အကြောင်းကြော်ငြာသံကို ကြား လိုက်ရပါတယ်။ လမ်းဘေးပလက်ဖောင်းတွေမှာ အဆင်ပြေသလိုထိုင်နေကြတဲ့လူထုကြီးဟာ အဲဒီတော့မှ ကျေနပ် အားရစွာ အသီးသီးလူစုခွဲလိုက်ကြပါတော့တယ်။

အပိုင်း (၅)။

၂၅ ရက်နေ့မှတော့ ဘုရားပေါ် ကျွန်တော်မသွားဖြစ်ပါဘူး။ ဒါပေမယ့် ဘယ်အချိန်ဆူးလေကို ရောက် လာမလဲလို့ နားစွင့်နေခဲ့ပါတယ်။ ထုံးစံအတိုင်းပါပဲ ။ နေ့လည် ၂နာရီကျော်လောက်မှာ ဆူးလေကို ရောက် လာပြီဆိုတဲ့အသံကြားတာကြောင့် ချက်ချင်းလိုက်သွားလိုက်ပါတယ်။ ဆူးလေကိုရောက်တော့ လူစု လူဝေး ကြီးကတိုးမပေါက်အောင်ပါပဲ။ အားလုံးဟာ ငြိမ်သက်စွာထိုင်လို့ သံဃာတော်တွေရဲ့ မိန့်ခွန်းတွေကို နားစိုက် ထောင်နေကြပါတယ်။ ဒါပေမယ့် လူအရမ်းများတာကြောင့် သဲသဲကွဲကွဲမကြားရပါဘူး။ သံဃာတော် အချို့ နဲ့လူအချို့စကားပြောအပြီးမှာ ဆက်လက်ချီတက်ဖို့ပြင်ဆင်ကြပါတယ်။ အဲဒီ့မှာ မမြင်တွေ့ရတာ အတော် ကြာပြီဖြစ်တဲ့ ခွပ်ဒေါင်းအလံကို ပြန်တွေ့လိုက်ရပါတယ်။ ဟုတ်ပါတယ်။ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂဆိုတဲ့နဖူးစည်းနဲ့အတူ ]]ဗကသ}} ပြန်လည်မွေးဖွားလာခြင်းပါပဲ။

၁၉၃၆ ခုနှစ်က (အမှတ်မှားရင်ပြင်ပေးကြပါ။) ဖြစ်ပွားခဲ့တဲ့ကျောင်းသားသပိတ်ကြီးနဲ့အတူ မွေးဖွားလာခဲ့ တဲ့ ]]ဗ.က.သ}} ဟာ မီးပုံအတွင်းကနေ ပြန်လည်ရှင်သန်ထမြောက်လာတဲ့ ဖီးနစ်ငှက်လိုပါပဲ။ အခုလည်း မုန်တိုင်းကြားကနေ တဖန်ပြန်လည်မွေးဖွားလာခဲ့ပါပြီ။ ပတ်ဝန်းကျင်တစ်လျှောက်မှာရှိတဲ့ လူတွေကလည်း ကျောင်းသား တွေကို လက်ခုပ်တီးပြီးအားပေးကြပါတယ်။

မြို့တော်ခမ်းမရှေ့ကနေထွက်ခွာချိန်မှာ ကျွန်တော်လည်း သံဃာတော်တွေရဲ့ဘေးကနေ လက်ချင်းချိတ်ပြီး လိုက်ပါခဲ့ပါတယ်။ မဟာဗန္ဓုလလမ်း အတိုင်းချီတက်လာကြတာပါ။ လမ်းဘေးမှာရပ်ကြည့်ရင်း လက် ခုပ်တီးအားပေးတဲ့လူတွေ၊ တိုက်ခန်းဝရံတာတွေပေါ်ကနေ လက်ခုပ်တီးအားပေးနေတဲ့လူတွေ၊ ရပ်ကြည့် နေရာက စိတ်ဓါတ်တွေတက်ကြွလာပြီး ၀င်ရောက်လိုက်ပါလာတဲ့လူတွေ ။ မြင်ကွင်းတစ်ခုလုံးဟာ အပေါင်း လက္ခဏာတွေချည်းပါပဲ။ သိမ်ဖြူလမ်းကိုရောက်တော့ ဘယ်ဘက်ကိုချိုးပြီး သိမ်ဖြူလမ်းတောက်လျှောက် ဆက်လက်ချီတက်လာခဲ့ပါတယ်။ သာသနာ့အလံတွေ၊ ခွပ်ဒေါင်းအလံတွေ၊ ကြွေးကြော်သံတွေနဲ့ မြိုင်မြိုင် ဆိုင်ဆိုင်ကြီးချီတက်လာကြတာ သိမ်ဖြူကုန်းတံတားကိုကျော်လာချိန်မှာတော့ ကျွန်တော့်ဒူးတွေဟာ မနေ့က အရှိန်နဲ့ ပေါင်းပြီး အနှုတ်လက္ခဏာပြလာတာကြောင့် ဆက်မလိုက်နိုင်တော့ပဲ နေခဲ့ရပါတယ်။ တရွေ့ရွေ့ဝေးကွာသွားတဲ့ ရဲဘော်အပေါင်းကိုငေးရင်း အရေးတော်ပုံကြီးအတွက် ကျေနပ်အားရတဲ့ပီတိနဲ့ ဆက် မလိုက်နိုင်တော့လို့ ခံစားရတဲ့ဝမ်းနည်းမှု နှစ်ခုပေါင်းပြီး အီလည်လည်ကြီး ဖြစ်ရပါတယ်ဗျာ။

......................

စက်တင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့ဟာ ပြက္ကဒိန်ပေါ်မှာတော့တော်သလင်းလပြည့်နေ့ဖြစ်ပေမယ့် သံဃာတော်တွေနဲ့ပြည်သူတွေ အတွက်ကတော့ မှောင်လွန်းသောနေ့များလို့ သတ်မှတ်ရမလိုပါပဲ။ ၁၂ နာရီဝန်းကျင်လောက်မှာ ဆူးလေဘက်ဆီက တဖေါင်းဖေါင်းနဲ့ ဆက်တိုက်ပစ်ခတ်သံတွေကြားရလို့ မြို့ထဲဝန်းကျင်ကလူတွေအားလုံး အထိတ်တလန့်ဖြစ်သွားကြပါတယ်။ စစ်တပ်ကတော့ ဗုဒ္ဓဘာသာဝင်တို့ ရဲ့ လပြည့်နေ့၊ ဥပုသ်နေ့မှာ စတင်ပစ်ခတ်ပြလိုက်ပါပြီ။ အနော်ရထာလမ်းမတစ်လျှောက်မှာ လူတွေဟာ ရုတ်ရုတ် ရုတ်ရုတ်နဲ့ အခြေအနေကို အကဲခတ်နေကြပါတယ်။ ဆူးလေဘုရားလမ်းနဲ့ အနော်ရထာလမ်းဒေါင့် တစ်ဖက်တစ်ချက်မှာတော့ လူစုလူဝေးကြီးက ]]ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး}} လို့ သံပြိုင်ကြွေးကြော်နေကြပါတယ်။ ဦးထုပ်အနီဆောင်းထားတဲ့ လုံထိန်းတွေဟာ သံတမန်ကုန်တိုက်ရှေ့ လောက်မှာ ဆူးလေဘုရားကိုကျောပေးပြီး ရင်ဘောင်တန်း ရပ်နေပါတယ်။ သူတို့နဲ့မျက်နှာချင်းဆိုင် ဆူးလေကုန်းတံတားအောက်မှာတော့ ဆန္ဒပြသူတွေကထိုင်ပြီး ]]ကမ္ဘာမကြေ }}ဆိုနေကြပါတယ်။မေးကြော တွေ ထောင်နေအောင်ကို မာန်အပြည့်နဲ့ဆိုနေကြတာပါ။ ရှေ့ဆုံးမှာတော့ သံဃာတော်တစ်ပါးကသာသနာ့ အလံကိုကိုင်ပြီးမတ်မတ် ရပ်လျှက်။ ခဏနေတော့ ဘေးပရိသတ်ထဲကနေ အခြားသံဃာတစ်ပါးပါ ၀င်လာ ပါတယ်။

ဆန္ဒပြလူအင်အားကိုပိုများသွားစေတာကတော့ သမ္မတရုံကုန်းကနေ လူတွေချည်းပဲပါဝင်တဲ့ ဆန္ဒပြ အဖွဲ့တစ်ဖွဲ့ဆင်းချပြီးပူးပေါင်းလာတာပါပဲ။ အားလုံးဟာ ရွှေတိဂုံကနေ ချီတက်လာကြမယ့် သံဃာတော်တွေ ကိုစောင့်မျှော်နေကြတာပါ။ ဒါပေမယ့် နောက်မှသိရတာက ရွှေတိဂုံမှာလည်းအကြမ်းဖက်ဖြိုခွင်းတာကြောင့် သံဃာတော်အဖွဲ့တွေကွဲကုန်တယ်ဆိုတာပါပဲ။

ဆူးလေဘုရားလမ်းပေါ်မှာလည်းအခြေနေတွေကရှုပ်ထွေးနေပါတယ်။ ဒီအချိန်မှာ ဆူးလေဘုရားလမ်း အတိုင်း ဆူးလေဘုရားဘက်ဆီ စစ်ကားများဟာ အပြင်းမောင်းချလာပါတယ်။ မရှေးမနှောင်းပဲ ဗိုလ် ချုပ်လမ်းကနေ ဆူးလေဘုရားဆီ နောက်ထပ်စစ်ကားတွေ အပြင်းမောင်းလာသလိုသေနတ်သံတွေလဲဆက် တိုက် ထွက်လာတာကြောင့် ကျွန်တော်လည်း လမ်းသွယ်တစ်ခုထဲဝင်ပြေးခဲ့ပါတယ်။

အခြေအနေနည်းနည်းငြိမ်သွားတဲ့အချိန်မှာတော့ မယုံနိုင်စရာကောင်းတဲ့မြင်ကွင်းတစ်ခုကို အနော် ရထာလမ်းပေါ်မှာတွေ့လိုက်ရပါတယ်။ သာသနာ့အလံတွေနဲ့ သံဃာတော်တွေ အပြင် ခွပ်ဒေါင်းအလံ တွေနဲ့ကျောင်းသားတွေအပါအ၀င် ဆန္ဒပြသူတွေချီတက်လာလို့ပါပဲ။ ကျွန်တော်လည်း ၀မ်းသာအားရနဲ့သူ တို့ ချီတက်ရာနောက်ကို လိုက်ခဲ့ပြန်ပါပြီ။ သိမ်ကြီးဈေးထောင့်က လူကူးကုန်းကျော်တံတားအောက်မှာအား လုံးထိုင်နားကြပြီး သံဃာတော်တွေကအချင်းချင်းတိုင်ပင်ပါတယ်။ နောက်တော့ သံဃာတော်တွေဟာမေတ္တာ သုတ်ကို ရွတ်ဖတ်ကြပါတယ်။ အားလုံးသောသံဃာတော်တွေဟာ အကြမ်းဖက်ဖြိုခွင်းမှုကိုခံလာရတာရော၊ ပင်ပန်းနွမ်းနယ်လာတာကြောင့်ပါမျက်နှာတွေညှိုးငယ်နေပါ တယ်။ သံဃာတော်တွေရွတ်ဆိုပြီးချိန်မှာ ရှေ့ကို ဆက်လက်ချီတက်ကြပါတယ်။ ဘုန်းကြီးလမ်းအရောက်မှာ ညာဘက်ကိုချိုးလို့ ကားမှတ်တိုင်ရှေ့လမ်း ပေါ်မှာပဲ အားလုံးထိုင်ကြပြန်ပါတယ်။ အချိန်က ၃နာရီခွဲလောက်ရှိပါပြီ။

ဒီကနေ့ ကျုပ်တို့ အရှေ့ဘက်မုခ်မှာ စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွဲခြင်းကိုခံခဲ့ရတယ်။ စစ်တပ်က မျက်ရည် ယိုဗုံးတွေနဲ့ပစ်တယ်၊ နောက် ၀ါးရင်းတုတ်တွေနဲ့ ၀င်ရိုက်တယ်။ ဟောသည့်မှာ ကျုပ်ခေါင်းပေါ်မှာ သူတို့ ရိုက်ထားတဲ့ ဒါဏ်ရာ။ ဘာပဲဖြစ်ဖြစ် သူတို့ကိုမကြောက်ဘူးဆိုတာပြရအောင်မနက်ဖြန် နေ့လည် ၁၂နာရီ ဘုရားမှာစုလို့မဖြစ်တော့တဲ့အတွက် ငါးထပ်ကြီး၊ ခြောက်ထပ်ကြီးနဲ့ရွှေဂုံတိုင် တစ်လျှောက် အရောက် လာခဲ့ကြပါ။ ဘယ်လိုလဲ လာကြမှာလား။ လာပါ့မယ်ဘုရာ့ ၊ လာကြ မှာလား၊ လာပါ့မယ်ဘုရာ့ ၊ လာကြမှာလား၊ လာပါ့မယ်ဘုရာ့ ။

သံဃာတော်တစ်ပါးက လက်တစ်ဖက်က လက်ကိုင်စပီကာကိုကိုင်၊ ကျန်လက်တစ်ဖက်ကခေါင်းက ဒါဏ်ရာကို ပြရင်း လူထုထဲဝင်လို့ တရားဟောနေတာပါ။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပါလျက် သံဃာ့သွေးတွေ စွန်းထင်း ခဲ့ရလို့ဒေါသဖြစ်နေတဲ့လူအုပ်ကြီးရဲ့ပြန်ဖြေ သံဟာ မြေကြီးသိမ့်သိမ့်တုန်မတတ်ပါပဲ။ တရားဟောပြီး သွားတော့ အချိန်လင့်နေပြီဖြစ်တာကြောင့် အားလုံးငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲလူစုခွဲလိုက်ကြပါ တယ်။

စက်တင်ဘာအရေးတော်ပုံအကြောင်းပြောရမယ်ဆိုရင် နှစ်ပိုင်းခွဲပြောရမယ်ထင်ပါတယ်။ တစ်ပိုင်းက သံဃာ တော်များရဲ့ စတင်ဦးဆောင်မှုဖြစ်ပြီး နောက်တစ်ပိုင်းကတော့ ကျောင်းသားလူငယ်များရဲ့ ဆက်လက် ဦး ဆောင်မှုဖြစ်ပါတယ်။ သံဃာတော်တွေဟာ ဒီအရေးတော်ပုံဖြစ်မြောက်ရေးအတွက် စတင်လှုံ့ ဆော် စည်းရုံးခဲ့ပါတယ်။ အကြောက်တရားအားကြီးနေတဲ့လူထုကို လမ်းမတွေပေါ်ထွက်လာရဲအောင် ဦးဆောင် နိုင်ခဲ့ပါတယ်။ စက်တင်ဘာ ၁၈ ရက်နေ့ကနေ ၂၆ ရက်နေ့အထိက သံဃာတော်တွေအကောင်း ဆုံးဦး ဆောင်ခဲ့တာပါ။ ၂၇ ရက်နေ့မှာတော့ သံဃာတော်အင်အားက ဆယ်ဂဏန်းလောက်ပဲရှိပြီး ကျောင်းသား အများစုက စတင်ဦးဆောင်ခဲ့ပါတယ် ။ ၂၈ နဲ့ ၂၉ ရက်တွေကိုတော့ ကျောင်းသားတွေချည်းပဲ ဦး ဆောင်ခဲ့တာပါ။ ဒီခေတ်လူငယ်တွေဟာနိုင်ငံရေးစိတ်မ၀င်စားတော့ဘူးလို့ ထင်ထားသမျှကို ခြေဖျက်ပြ လိုက်ခြင်းပါပဲ။

၂၇ ရက်နေ့ နေ့လည် ၂နာရီခွဲ လောက်မှာ သံဃာတော်ဆယ်ပါးလောက်နဲ့ ကိုရင်တွေအပါအ၀င် ကျောင်း သားတွေဦးဆောင်လာတဲ့အဖွဲ့ဟာ ဗိုလ်ချုပ်လမ်း ၊ ထိုမှတဆင့် လမ်းမတော်လမ်းအတိုင်းချိုးကွေ့ပြီး မဟာ ဗန္ဓုလလမ်း ကိုဆင်းချလာပါတယ်။ မဟာဗန္ဓုလလမ်းကိုရောက်တော့ ဆူးလေဘက်ကိုချိုးကွေ့လိုက်ပါတယ်။ တဖြည်း ဖြည်း နဲ့လူဦးရေလည်းများပြားလာပါပြီ။

လသာလမ်းထိပ်ကိုဖြတ်တော့ လမ်းထဲကရဲစခန်းရှေ့ လမ်းမပေါ်မှာ လုံထိန်းတွေရင်ဘောင် တန်းပြီး ရပ်နေတာတွေ့ပါတယ်။ ရွှေတိဂုံဘုရားလမ်းကိုရောက်တော့ကမ်းနားလမ်းဘက်ကို ချိုးကွေ့လိုက်ပေမယ့် ဆက်မချီတက်ဖြစ်သေးပါဘူး။ အနော်ရထာလမ်းပေါ်မှာရှိတဲ့တခြားကျောင်းသားအဖွဲ့တစ်ဖွဲ့ နဲ့ပူးပေါင်း ဖို့ အပေါ်ဘက်ကိုချီတက်ကြမလား၊ အောက်ဘက်ကိုဆက်ဆင်းပြီး ကမ်းနားလမ်းအတိုင်းချီတက်ကြမလားဆို တာကို ညှိနှိုင်းကြပြီး နောက်ဆုံး အပေါ်ဘက်ကိုပြန်လှည့်တက်လာကြပါတယ်။

အနော်ရထာလမ်းပေါ်က သိမ်ကြီးဈေးကုန်းတံတားအောက်ကိုရောက်တော့ သံဃာတော်များပြန် ကြွရ တော့မှာဖြစ်လို့ လူစုခွဲကြမယ်လို့ဆိုပါတယ်။ ဒါပေမယ့် ကျောင်းသားတွေနဲ့ လူထုအများစုက လူစုမခွဲချင်ကြပါဘူး။ ဒါနဲ့ပဲ သံဃာတော်များကို အငှားကားစီစဉ်ပေးလိုက်ပြီး ကျောင်းသားများနဲ့လူထုက တော့ အနော်ရထာလမ်းအတိုင်း ကျုံးကြီးဘက်ကို ဦးတည်ကာချီတက်လာခဲ့ကြပါတယ်။ဖိနှိပ်ဖြိုခွဲမှုများ ကြားကနေ ဒီလိုချီတက်လာတာကိုတွေ့ရတဲ့အတွက် ပြည်သူလူထုအပေါင်းကလဲသောင်းသောင်းဖျဖျပါပဲ။

ကမ္ဘာမကြေ သီဆိုသံတွေ၊ လက်ခုပ်သံတွေဆိုတာလည်း အဆက်မပြတ်ပါပဲ။ ကျုံးကြီးထိပ်ကိုရောက်တော့ ကမ်းနားလမ်းမအတိုင်း အဝေးပြေးဘက်ကို ဦးတည်လိုက်ကြ ပါတယ်။ ရှေ့ဆုံးကကျောင်းသားလေးတွေ ဦး ဆောင်တဲ့အတိုင်းချီတက်နေကြတာပါ။ ချီတက်နေကြတဲ့လူတွေထဲမှာ ယောကျာင်္း၊ မိန်းမအရွယ် အစား အမျိုးမျိုး ပါဝင်ပါတယ်။ အားလုံးဟာညီညီညွတ်ညွတ်နဲ့အေးအေးချမ်းချမ်းပါပဲ။

ကမ်းနားလမ်းပေါ်မှာရှိတဲ့ အစိုးရသစ်စက်ဝင်းတွေရှေ့ကဖြတ်တော့ သူတို့ရုံးလွှတ်ချိန်ရောက်နေပါပြီ။ ဒါပေမယ့် အထက်အထက်ကလူကြီးတွေ ငြိုငြင်မှာစိုးတဲ့အတွက် ၀န်ထမ်းတွေဟာရုံးပြင်မထွက်ရဲ၊ လက်ခုပ်မတီးရဲကြပဲ ရုံးတွေပေါ်ကနေ တိတ်တဆိတ်အားပေးနေရပါတယ်။

သီရိမင်္ဂလာဈေးကိုဖြတ်တော့ ဈေးသူဈေးသားတွေဟာ လမ်းဘေးဝဲယာတစ်လျှောက်မှာသာမကပဲ၊ ဈေးအထပ်ထပ်က ၀ရံတာတွေမှာပါပြည့်ကျပ်နေအောင်အားပေးကြပါတယ်။ကျွန်တော်တို့ချီတက်လာကြ တဲ့ လူအင်အားဟာ တစ်သိန်းလောက်တော့ရှိမှာပါ။ ဒီလိုအင်အားမျိုးနဲ့ လှည်းတန်းအထိချီတက်နိုင်ရင်မဆိုးဘူး လို့တောင်စိတ်ကူးမိပါသေးတယ်။ ဒါပေမယ့် စိတ်ကူးက စိတ်ကူးပါပဲ။ နတ်စင်လမ်းနားအရောက်မှာတော့ အဲဒီ့မှာစတွေ့တာပဲ လို့ပြောရမယ်ထင်ပါတယ်။ ချီတက်နေရင်းကနေ နောက်ဆုံးကလိုက် လာတဲ့လူ ဟာ တွေ ဟာ ]] လာပြီ လာပြီ ဆိုပြီး ၀ုန်းကနဲ ၀ရုန်းသုန်းကားနဲ့ထွက်ပြေးကုန်ကြပါတယ်။

အခြေအနေကိုတည်ငြိမ်အောင်ထိန်းပြီး စုံစမ်းကြည့်လိုက်တဲ့အခါမှာတော့ ဘာမှမဟုတ်ပါဘူး ။ ကွန်တိန် နာကားကိုတွေ့လို့ အလန့်တကြားတွေဖြစ်ကုန်ကြတာပါ။ ဒါနဲ့ချက်ချင်းလူပြန်စုပြီး သာဓုကျောင်း တိုက်ရှေ့ကိုချီတက်ကြပါတယ်။ ကျောင်းတိုက်ရှေ့ရောက်တော့ အားလုံး ဆောင့်ကြောင့်ထိုင် လက်အုပ်ချီပြီး နမောဿတ အစချီလို့ဘုရားရှိခိုးပြီး မင်းကွန်းဆရာတော်ဘုရားကြီးရဲ့မေတ္တာပို့ကို ရွတ်ဆိုကြပါတယ်။

ဒီသာဓုကျောင်းတိုက်ကသံဃာတစ်ပါး ဟာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် မနေ့က (၂၆ ရက်နေ့) ကျဆုံးသွား တာကြောင့် ထိုသံဃာတော်ကိုရည်စူးပြီး ဘုရားရှိခိုး၊ မေတ္တာပို့ကြတာဖြစ်ပါတယ်။ မေတ္တာပို့ရင်းနဲ့ ငိုနေတဲ့လူတွေရှိသလို အားလုံးရဲ့ ရင်ထဲမှာလည်းဝမ်းနည်းနေကြပါတယ် ။ မေတ္တာပို့ပြီးလို့ ဆက်လက် ချီတက်ဖို့ပြင်နေတုန်းမှာပဲ နောက်တစ်ကြိမ်အလန့်တကြားထပ်ဖြစ်ပြီး ဘုန်းကြီးကျောင်း ထဲ ၀င်ပြေးကြပါ တယ်။ ကျွန်တော်တို့လည်းမပြေးကြဖို့ မကြောက်ကြဖို့ အော်ဟစ်ပြီးထိန်းပေမယ့်ထိန်းမရတဲ့အတွက် ဒေါသ တွေဖြစ်နေကြရပါတယ်။ ဒီလိုကြောက်ပြနေသ၍ သူတို့ဘက်ကဖြဲခြောက်နေမှာပါပဲ။

အားလုံးနီးပါးထွက်ပြေးကုန်ကြတာကြောင့် ကျောင်းသားလေးတွေနဲ့ လူအနည်းငယ်ကလွဲရင် လူအင်အား သိပ်မရှိတော့ပါဘူး။ ရှိတဲ့လူတွေနဲ့ပဲ ရှေ့ကိုဆက်တက်လာကြတော့အဝေးပြေးကားမှတ်တိုင် လောက်မှာ စစ်သားတွေလမ်းပိတ်ထားကြပါပြီ။

ကျွန်တော်တို့လည်း လူစုမခွဲပဲ နေရာမှာတင်ရပ်ပြီးအခြေအနေကို အကဲခတ်နေကြပါတယ်။ ကျွန်တော် တို့ဘက်ကလူစုမခွဲတဲ့အတွက်သူတို့တွေဟာသေနတ်တွေချိန်ပြီးရှေ့ကို တိုးလာကြပါတယ်။ နောက်ဆုံးသူ တို့တွေက မိုးပေါ်ကိုထောင်ပြီး ဆက်တိုက်ပစ်ပါတော့ တယ်။ ပစ်နေရင်းနဲ့ကျွန်တော်တို့ဆီ လျှောက်လာ တာကြောင့် ကျွန်တော်တို့လည်း ရပ်ကွက်ထဲဝင်ပြီး လူစုခွဲလိုက်ကြရပါတော့တယ်။ လူစုမခွဲခင်မှာ မနက်ဖြန် နေ့လည် ၁ နာရီ လမ်း ၃၀ ထိပ်မှာ ဆုံကြမယ်လို့ ကြေငြာလိုက်ပါသေးတယ်။

အပိုင်း (၆)။

၂၈ ရက်နေ့ဟာ ကျွန်တော့်အတွက်တော့ ယုန်တောင်ပြေး ခြင်္သေ့မြောက်လိုက် ဖြစ်ရတဲ့နေ့ပါပဲ။ (ဟို အကောင်ကိုတော့မသုံးပါရစေပါနဲ့ခင်ဗျာ။)အဖွဲ့တွေနောက်ကိုပတ်ရှာနေရင်းနဲ့ကို လမ်းကြောင်းတွေ လွဲပြီး တောင် တခြားမြောက်တခြားဖြစ်ခဲ့ရတဲ့အတွက် ဘာဆို ဘာမှကို မဘာလိုက်ရတဲ့နေ့တစ်နေ့ပါပဲ။

အဲဒီ့နေ့ကမြင်တွေ့ခဲ့ရတဲ့အခြေအနေတွေကို ပြန်ပြီးတော့ဖောက်သည်ချရမယ်ဆိုရင် ပန်းဘဲတန်းမြို့နယ်နဲ့ ကျောက်တံတားမြို့နယ်ထဲမှာ စစ်ကားတွေဟာအဆက်မပြတ် ကင်းလှည့်နေပါတယ်။ ရှေ့ဆုံးမှာတော့ ကား တစ်စီးကလော်စပီကာကြီးနဲ့ လူငါးဦးထက်ပိုမစုဖို့ ၊ ဆူပူသူတွေကို (ဒါကတော့သူတို့အသုံးအနှုံးပါ ) လိုက် လံဖမ်းဆီးတဲ့အခါ ရပ်ကွက်အတွင်းမှာနေထိုင်တဲ့ပြည်သူများအနေနဲ့ အိမ်ထဲမှာလက်ခံမထား ဖို့၊အကယ်၍အိမ် ထဲကိုဝင်စစ်လို့ သန်းခေါင်စာရင်းဝင်မဟုတ်တဲ့လူများကိုတွေ့ရင် အိမ်ရှင် ကိုပါပြင်းပြင်းထန်ထန် အရေးယူမယ်ဆိုတာတွေကို အော်ဟစ်ကြေငြာနေပါတယ်။ သူ့နောက်မှာကတော့ စစ်သားအပြည့်တင်ထားတဲ့စစ်ကားငါးစီး (အထက်) လောက်က လိုက်ပါလာပါတယ်။ နောက်ဆုံးမှာတော့ ပြည်သူ့အချစ်တော်စွမ်းအားရှင်တွေကို တင်ထားတဲ့ ဒိုင်နာကားနဲ့ ဟိုင်းလပ်စ်ကားတွေပါလာပါတယ်။

အနော်ရထာလမ်းပေါ် ၊မောင်ထော်လေးလမ်းထိပ်လောက်မှတော့ စစ်သားတွေရင်ဘောင်တန်းရပ်နေ ပါတယ်။ ဆယ့်တစ်နာရီဝန်းကျင်လောက်မှာ အနော်ရထာလမ်းပေါ်က ရွှေဘုံသာ လမ်း မီး ပွိုင့်ထောင့်တွေမှာလူငယ်တွေစုပြီး အော်နေကြပါပြီ။ အော်လို့မှသိပ်မကြာသေးပါဘူး ။ စောစောက ပြောတဲ့ စစ်ကားတန်းတွေရောက်လာတဲ့အတွက် လူစုခွဲလိုက်ရပါတယ်။ ကားတန်းကြီးဟာ လမ်းအတည့် မောင်းလိုက် ၊ပြောင်းပြန် မောင်းလာလိုက်နဲ့ လူပြန်စုချိန်မရလောက်အောင် လှည့်နေပါတယ်။

ကျွန်တော်လည်း ဟိုလမ်းဝင်ဒီလမ်းထွက်နဲ့ နေ့လည်နှစ်နာရီထိုးသွားပါတယ်။ အဲဒီ့အချိန်လောက်မှာမှ ကမ်းနားဘက်မှာ အဖွဲ့တစ်ဖွဲ့ချီတက်နေကြတယ်လို့ ပြောသံကြားတာကြောင့် အမှီလိုက်ပေမယ့် အရိပ်အယောင် တောင်မတွေ့ရတော့တာကြောင့် လက်လျှော့ပြီးအိမ်ပြန်လာခဲ့ရပါတယ်။

၂၉ရက်နေ့ကတော့ ဆန္ဒပြပွဲတွေနောက်ဆုံးဖြစ်တဲ့နေ့ပါ။ ဒီနေ့လည်း မနေ့ကလိုပါပဲ။စုရပ်ဖြစ်တဲ့လမ်း ၃၀ထိပ်မှာ ဆုံကြဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တာကြောင့် ရွှေဘုံသာလမ်းထိပ်မှာပဲ စုကြရပါတယ်။

ဆယ့်တစ်နာရီလောက်မှာ လူတွေဟာ အရှိုရှိုထွက်လာလိုက်ကြတာ ကားလမ်းအပြည့်ပါပဲ။ လူလည်းစုမိရော ထုံးစံအတိုင်းအော်ကြပါတယ်။ အော်နေရင်းနဲ့လည်းမနေ့ကလိုစစ်ကားတွေရောက်လာမှာ ကို ကြည့် နေရပါသေးတယ်။ ခဏနေတော့ လူအုပ်ကြားထဲကနေ လက်မောင်းမှာ၊ နဖူးမှာ ပိတ်စ အနီလေး တွေပတ်ထားတဲ့ ကျောင်းသားလေးတွေ ထွက်လာကြပါတယ်။ တချို့တွေက မြတ်စွာဘုရားရဲ့ ပုံတော်ကို ကိုင် ဆောင်ထားလို့၊ တချို့ ကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံကို ကိုင်ဆောင်ထားလို့ပါ။ သနားစရာ တစ်ခုကတော့ သူတို့မှာကျောင်းသားတို့ရဲ့သင်္ကေတဖြစ်တဲ့ ခွပ်ဒေါင်းအလံမရှိခြင်းပါပဲ။ ဒါပေမယ့် သူတို့ဟာ ခွပ်ဒေါင်းအလံအစားအနီရောင်ပိတ်စတစ်စကို အလံလိုလွှင့်ထူထားပါတယ်။ ဘာပဲပြောပြော အခု အချိန်မှာ ဒါဟာ အားလုံး အတွက်ခွပ်ဒေါင်းအလံတော်ပါပဲ။

ကျောင်းသားလေးတွေဟာ အဲဒီ့နေရာမှာ ကြွေးကြော်သံတွေတိုင်ပေးပါတယ်။ အဲဒီ့နောက်မှာတော့ ကျောင်း သားတွေနဲ့ လူထုဟာ ရွှေဘုံသာလမ်းအောက်တည့်တည့်ကိုချီတက်သွားကြပါတယ်။ ဖိနှိပ်မှု တွေကြားထဲကလူထုဟာ လက်ခုပ်မတီးရဲလောက်အောင်တော့ မကြောက်ကြသေးပါဘူး။ ရွှေဘုံသာ လမ်းအောက်ဘလောက်ကိုရောက်တော့ အပေါ်ဘက်ကိုပြန်တက်လာကြပြန်ပါတယ်။ အနော် ရထာလမ်းပေါ်ပြန်ရောက်လာတော့ ဘယ်ကိုမှဆက်မချီတက်တော့ပဲ ကြွေးကြော်သံ တွေပဲ အော်ဟစ်နေကြပါတယ်။

အော်နေကြတဲ့အချိန်မှာပဲ ရွှေဘုံသာလမ်းထဲကိုစစ်ကားတွေအပြင်းမောင်းဝင်လာတဲ့ အတွက် အကုန်ထွက်ပြေးကြပါတယ်။ တွေ့ရာလမ်းတွေထဲ ၊ တွေ့ရာဆိုင် ၊ တွေ့ရာအိမ်ထဲ ၀င်ပြေးကြရတာပါ။ ကျွန်တော် လည်းလွတ်ရာတစ်နေရာကို ပြေးရပါတယ်။ ]]ပြေး ၊ ပြေး ၊ ပြေး}} ကိုယ့်ဘာသာ အားပေးရင်း တစ်နေရာ မှာ ၀င်ပုန်းနေလိုက်ရပါတယ်။ စစ်သားတွေကလည်း ကားရပ်တာနဲ့ချက်ချင်းဆင်းပြီး မည်းမည်း မြင်ရာ အကုန်လုံးကိုလိုက်ဖမ်းတာပါ။ လမ်းတွေထဲဝင်ပြေးရင် လမ်းတွေထဲအထိလိုက်ပါတယ်။ တိုက်ခန်းလှေခါးတွေထဲ ၀င်ပြေးတဲ့လူတွေကိုလည်း လိုက်ဖမ်းပါတယ်။ မိသွားတဲ့ လူတွေ လည်းမနည်း ပါဘူး။ ဘေးကင်းလောက်ပြီလို့ ယူဆရတဲ့အချိန်ကျမှပဲပုန်းနေရာကထွက်ပြီး အိမ်ကိုပြန်ခဲ့ရ ကြောင်းပါ ခင်ဗျား။


(ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူ ခွန်း (khoon) ရဲ့  စက်တင်ဘာမှ သဲတစ်ပွင့်များ ကို ပြန်လည်တင်ပြ ခြင်း ဖြစ်ပါသည်)။

အစအဆုံး..ကြည့်ချင် ရင်…...

Thursday, December 13, 2007

လူ့ ရွာမှ မကောင်းဆိုးဝါးတစ်ကောင်။

တပ်ထားတဲ့ လှလှပပလို့ ထင်ရတဲ့ ကော်မျက်မှန်ကို ဆွဲကာချွတ်လိုက်တော့
မျက်မှန်အောက်ကနေ နီနီရဲရဲသွေးကြောတွေဖြာနေတဲ့ ကြောက်မက်ဖွယ် မျက်လုံးကြီးက ထွက်လာတယ်။

သပ်သပ်ယပ်ယပ်ဖီးထားတဲ့ဆံပင်အစွပ်ကို ဆွဲကာချွတ်လိုက်တော့
ဆံပင်ငုတ်တိုငုတ်စနဲ့  ဘောက်တွေ ဒက်တွေ အနာဖုတွေနဲ့ ပြည့်နှက်နေတဲ့ ဦးခေါင်းထိပ်ပဲ့ကြီးက ထွက်လာတယ်။

ချောမွေ့ လှပတဲ့ ဆေးပန်းချီသဖွယ် ခြယ်ထားတဲ့ စက္ကူမျက်နှာဖုံးကို ဆွဲကာချွတ်လိုက်တော့
ရုပ်ဆိုးလွန်းလှတဲ့ ကျောက်ပေါက်မာဗလပွနဲ့  ခပ်ပြဲပြဲ ဖောင်းကား ယောင်ရမ်းနေတဲ့ တစ္ဆေသရဲသဘက်သဖွယ် ပုံပျက်ပန်းပျက် မျက်နှာဆိုးကြီးက ထွက်လာတယ်။

စီစီရီရီ တောက်ပြောင်နေတဲ့ ပုလဲကုံးသဖွယ် သွားညီညာအသွယ်ကို ဆွဲကာချွတ်လိုက်တော့
သွားချေးသလိပ် စားကြွင်းစားကျန် ကပ်ကာညပ်နေတဲ့၊ သွေးစိမ်းသွေးညှီ လိမ်းကာပေနေတဲ့ တုံးတိတိကတစ်မျိုး… ချွန်ချွန်ထက်ထက် သားစားကျူးတဲ့ အစွယ်တစ်စုံကတစ်ဖုံနဲ့  ဟောင်နံစော်နေတဲ့ အာခေါင်ခံတွင်းနံ့ဆိုးက ထွက်လာတယ်။

အသွေးအရောင်စုံလှစွာနဲ့  ၀တ်စားဆင်ယင်ထားတဲ့ ၀တ်စားမှုကို ဆွဲကာချွတ်လိုက်တော့
မသတာရေစာ စားကာဝနေပြီး ဖောင်းတင်းကားနေတဲ့ အဆီတစ်လူးလူးနဲ့  ဗိုက်ပူပူမှာ အသားစားသတ္တ၀ါလို အစားခံအကောင်တို့ ရဲ့ အရိုးးက နံကြားမှာထိုးထွက် အမွေးထူထူဖုံးကာ အသားအရည်မာတောက်တောက်နဲ့  အခေါက်ပြင်းတွဲတွဲ ကိုယ်ခန္ဓာအရွဲက ထွက်လာတယ်။

ကတ္တီပါသားနဲ့ ချုပ်ပြီး နူးညံ့စွာအုပ်ထားတဲ့ ငွေလက်အိပ်နဲ့  ရွှေဖိနပ်ကို ဆွဲကာချွတ်လိုက်တော့
မဲမဲသဲသဲ ဂျီးအရွဲရွဲနဲ့  တွန့် ကာကောက်ကွေး လက်သည်းခြေသည်းခြောက်အထွေးနဲ့  သားကောင်ဇီဝိန်ကြွေ အသက်ချွေတဲ့ အမဲဖျက်လက်နဲ့  အမဲလိုက်ခြေက ထွက်လာတယ်။

ဒင်း - ဘာကောင်လဲ..။ ဒီပုံပေါ်လို့  ဒီလိုယုတ်တဲ့ ဒီအသွင်စုတ်ကို ရှင်းရှင်းလင်းလင်း ကွက်ကွက်ကွင်းကွင်း သိမြင်စေဖို့  သိမြင်လို့ ။

ဒီလို ဘီလူးရုပ်သဏ္ဍန်ကို သရုပ်မှန်ဖေါ်ကာပြဖို့  လူတကာသိဖို့  မြင်ကာကြည့်စို့ ။
ကျွန်တော်တို့ တတွေ ညီညီညာညာနဲ့  ပြည်သာယာဖို့  ဘေးရန်ကင်းဖို့ အရေး
ကိုယ်ကျရာနေရာကနေ မကြောက်မရွံ့ မတွန့် မဆုတ်ကြဘဲ တစ်လက်တစ်အားနဲ့  -

ကဲ - မျက်မှန်ဆွဲချွတ်နိုင်တဲ့သူက ဆွဲချွတ် မျက်လုံးဖောက်နိုင်သူက ဖောက်။

ဆံပင်အစွပ်ကို ဆွဲဖယ်နိုင်သူက ဆွဲဖယ် ၊ ခေါင်းကတုံးကို ရိုက်ခွဲနိုင်သူက ရိုက်ခွဲ။

မျက်နှာဖုံးကို ဆွဲခွာနိုင်သူက ဆွဲခွာ မျက်နှာကို မွှန်းရှနိုင်သူက မွှန်းရှ။

သွားကုံးအတုကို ထုတ်ပြီး ပါးစပ်ဆွဲဖြဲနိုင်သူက ဆွဲဖြဲ၊ ပါးစောင်ဖြဲနိုင်သူက ဖြဲ၊

ဝတ်ဆင်ထားတဲ့ အ၀တ်အစားကို ဆွဲစုတ်နိုင်သူက ဆွဲစုတ်။ ဗိုက်ကိုဖောက်နိုင်သူကဖောက်။

အမဲမုဆိုးရဲ့ လက်ချောင်းလက်ဖျံ ခြေရိုးခြေစွယ်တွေကို လိမ်ချိုးနိုင်သူကချိုး၊ ဖဲ့ပြစ်နိုင်သူက ဖဲ့ပြစ်။

ဒီဘီလူးကို တစ်လက် တစ်ချက်နဲ့  ၀ိုင်းကာနှက်မှ တို့ ပြည်ရွာက ထွက်ကာသွားလိမ့်မယ်။

ဒီလိုမလုပ် ငုတ်တုတ်ထိုင်ကာ ကြည့်နေရင်တော့ တစ်ဖြုတ်ဖြုတ်နဲ့  တို့ အကုန်ပြုတ်လိမ့်မယ်။

လူသားဟန်ဆောင် ရုပ်ပုံအပြောင်နဲ့  လှပဆေးချယ် ၀တ်စားသွယ်သွယ်နဲ့  လက်သည်းကိုဝှက် အစွယ်ကိုဖွက်နဲ့  စကားချိုအေးတိုက်ကာကျွေးပြီး ရွှေပြည်အေးတရား ဟောကြားနေတာများ နားယောင်ကာ အဟုတ်မှတ်နေရင်တော့ ဒီဇာတ်ထုပ်မှာတော့ ဘီလူးက ဘီလူးမို့ လို့ မထူးခြား၊ ထူးခြားတာက လူသား၊ အတွေးအသိမရှိတော့ဘဲ ကောက်ကာဝါးခံရတဲ့ သတ္တ၀ါမခြား ဖြစ်ပါလေတော့သလား။

ဒီဘီလူးကို မြှူဆွယ်ဖြားယောင်း ကျုံးကောင်းကောင်းထဲ သွင်းနိုင်သူကသွင်း၊ ရြေရာလမ်းပြလို့ အဟုတ်မှတ်စေကာ ချောက်ကမ်းပါးထဲ တွန်းချနိုင်သူကတွန်းချ၊ သူသွားရာလမ်း ပိတ်ကာ တာဆီး နှောင့်ယှက်ခရီး လုပ်နိုင်သူကလုပ်၊ အကျွေးအမွေး အဆိပ်ဘေးသင့်အောင် စီမံနိုင်သူက စီမံ၊ မေတ္တာသုတ် ရွတ်ဖတ်ပြီး ရုပ်အမှန်ပေါ်ဖို့  စွမ်းဆောင်နိုင်သူက စွမ်းဆောင်။ လေးမြားလက်နက် အခက်ခက်နဲ့  နှက်နိုင်သူကနှက်၊ အင်အားကြီးသူတွေက ပူးနှောင်ချုပ်သတ်နိုင်သူက ပူးသတ်။ ဒီလိုအမြစ်ဖြတ်မှ အကြွင်းသတ်မှ တို့ ရပ် တို့ ပြည် အေးချမ်းမယ်။

ကဲ ကြည့်ကြစို့ - ဒင်းက ဘီလူးလား တို့ က လူသားလားဆိုတာ။

(သီဖွဲ့ ရေးသားသူ - နစ်နေမန်း)။

အစအဆုံး..ကြည့်ချင် ရင်…...

ပြည်တွင်းသတင်းအချို့ ။

သတင်း (၁)။

ရန်ကုန်အရှေ့ ပိုင်းတက္ကသိုလ်မှာ တာဝန်ကျနေတဲ့ ရဲအထူးတပ်ဖွဲ့ က ရဲတပ်သားတစ်ဦးပြောပြချက်အရ အထူးရဲတပ်ဖွဲ့ မှာ အလုပ်ရှုပ်နေကြကြောင်း၊ ကျောင်းတွေပြန်ဖွင့်ရင် ကျောင်းသား ကိုးယောက်ကို ဖမ်းဖို့ ပြင်နေကြောင်းသိရပါတယ်။ ဒီကျောင်းသားတွေက နိုင်ငံရေးလုပ်တဲ့အတွက်ဖြစ်ကြောင်း၊ သူတို့ ဆီမှာ နာမည်နဲ့ စာရင်းရှိကြောင်း၊ နောက်ထပ်ကျောင်းသားတွေရဲ့  အမည်များကိုသူတို့ ဆက်လက်စုံစမ်းနေကြောင်း၊ ပြီးခဲ့သော စက်တင်ဘာလက သံဃာတော်တွေနဲ့ အတူ ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်ခဲ့သူတွေဖြစ်ကြောင်း သိရှိရပါတယ်။

(မှတ်ချက်။ ။ မည်သူမဆိုဖမ်းဆီးခံရလျှင် လူမသိသူမသိဖြစ်ပြီး အဖမ်းမခံရစေရန်အတွက် သက်ဆိုင်ရာ သတင်းဌာနများ၊ သတင်းပို့ နေသူများထံ မိမိအဖမ်းခံရပါက အခြားသူများမှတစ်ဆင့် အကြောင်းကြားနိုင်ရန်အတွက် အဆက်အသွယ်များ ကြိုတင်စီစဉ်ပြုလုပ်ထားရန် တိုက်တွန်းအပ်ပါသည်)။



သတင်း (၂)။

ရန်ကုန်အရှေ့ ပိုင်းတက္ကသိုလ်ကျောင်းဝင်းတွင်းမှာ စာသင်ခန်းတွေထဲ အလှူငွေလိုက်လံကောက်ခံပြီး ဘုရားဖူးပြည်သူတွေကို စတုဒီသာကျွေးမွေးကြောင်းသိရပါတယ်။ ပြီးခဲ့တဲ့ တန်ဆောင်တိုင်ပွဲတော်မှာ စတုဒီသာကျွေးမွေးဖို့  ခွင်ပြုချက်တင်တဲ့အခါမှာ အခက်အခဲတွေ ရင်ဆိုင်ခဲ့ရပါတယ်။ ကျောင်းကခွင့်ပြုချက်လွယ်လွယ်ရခဲ့ပေမယ့် ကျိုက်ခေါက်ဂေါပကကို ခွင့်ပြုချက်တင်တဲ့အခါမှာတော့ တက္ကသိုလ်မှာရှိတဲ့ မိသားစုအသင်းဆိုတဲ့ အသင်းဆိုင်းဘုတ်မတင်ရဘူး၊ ကျောင်းသားအဖွဲ့ အစည်းနာမည်ခံပြီးမပြုလုပ်ရဘူး၊ ပြင်ပအလှူရှင်အလှူရှင်နာမည်နဲ့ ကျွေးမွေးရမယ် ဆိုတဲ့ကန့် သတ်ချက်တွေရှိခဲ့ပါတယ်။ ဒါတွေကို မလိုက်နာရင် ခွင့်မပြုဖူးဆိုပြီးတားမြစ်တားခံခဲ့ရပါတယ်။ ခိုင်လုံစွာ စုံစမ်းသိရှိရတာကတော့ သံလျှင်ရေတပ် တပ်ဆွယ်တပ်မှူးကနေ ကျိုက်ခေါက်ဘုရားကိုရောက်လာပြီး ဂေါပကအဖွဲ့ ကို ကျောင်းသားတွေနဲ့ ပတ်သက်ပြီး ဖိအားပေးခဲ့တာဖြစ်ကြောင်းသိရပါတယ်။ ဒါနဲ့  ကျောင်းသားတွေက တိုင်ပင်ပြီး သူတို့ရဲ့ ခွင့်ပြုချက်ရအောင် လိုက်နာပါမယ်ဆိုတဲ့ ခံဝန်ကတိကိုထိုးပြီး ပြီးခဲ့တဲ့ တန်ဆောင်တိုင်လပြည့်နေ့ မှာ စတုဒီသာပွဲကို လုပ်ခဲ့ကြပါတယ်။ အဖိတ်နေ့ နေ့ ခင်းမှာတော့ တက္ကသိုလ်မိသားစုများအသင်းဆိုတဲ့ဆိုင်းဘုတ်ကို ကိုယ့်သဘောနဲ့ ကိုယ် တင်တဲ့အခါမှာ ဘာမှလာမတားမြစ်ပေမယ့် ဘုရားစောင်းတန်းပတ်ဝန်းကျင်မှာ စစ်သားနဲ့ ရဲလုံခြုံရေးတွေ ထူထပ်စွာချထားခဲ့ပါတယ်။

သတင်း (၃)။

ကျန်ခဲ့တဲ့လက အဝေးသင်သိပ္ပံတွဲစာမေးပွဲဖြေဆိုနေစဉ်မှာ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှာ နိုင်ငံတော်အစိုးရကိုဆန့် ကျင်ကြဆိုတဲ့  စာကပ်တဲ့အတွက် အမည်မသိကျောင်းသားတစ်ဦးအဖမ်းခံခဲ့ရပါတယ်။ ၇န်ကုန်အရှေ့ ပိုင်းတက္ကသိုလ်မှာတော့ ဖမ်းဆီးမှုမရှိခဲ့ပေမယ့် လုံခြုံရေးထူထပ်စွာချထားခဲ့ပါတယ်။ ၇န်ကုန်အရှေ့ ပိုင်းတက္ကသိုလ်က ကျောင်းသားတွေကို မမိခဲ့ပေမယ့် လုံခြုံရေးတွေနဲ့  ဆရာဆရာမတွေက စာတွေကို လိုက်ခွာခဲ့ပါတယ်။
.
သတင်း (၄)။

ရန်ကုန်အရှေ့ ပိုင်းတက္ကသိုလ်စာမေးပွဲကျင်းပခဲ့တုန်းက အင်္ကျီ၊ လုံချည်အနက်ရောင် ၀တ်လာတဲ့ကျောင်းသူကျောင်းသားတွေ ခံဝန်လက်မှတ်ထိုးခိုင်းခဲ့ပါတယ်။ ဆရာဆရာမတွေက စာမေးပွဲခန်းထဲထိလိုက်ပြီး လက်မှတ်ထိုးခိုင်းတာပါ။ ကျောင်းသူကျောင်းသာတော်တော်များများလည်း သေသေချာချာမသိရဘဲနဲ့  လက်မှတ်တွေထိုးပေးလိုက်ရလို့  မကျေမနပ်တွေဖြစ်နေကြပါတယ်။ နောက်အနက်ရောင်မ၀တ်ပါဖူးဆိုတဲ့ဟာကို လက်မှတ်ထိုးပေးရတာပါ။ ကျောင်းသူကျောင်းသားတွေက ဒီကိစ္စအတွက် အတော့်ကို မကျေမနပ်ဖြစ်ပြီး သံဃာတွေနဲ့ တစ်သွေးတည်းတစ်သားတည်းရှိကြောင်းပြောဆိုနေကြပါတယ်။ နောက်နေ့ တွေမှာ အနီရောင်တို့  အနက်ရောင်တို့ ဝတ်ဆင်ဦးမှာဖြစ်ကြောင်းသိရှိရပါတယ်။

အစအဆုံး..ကြည့်ချင် ရင်…...

နအဖရဲ့ အထူးထိပ်တန်းလျှို့ ဝှက်မဟာဗျူဟာတဲ့။ အင်မတန်ကို လျှို့ ဝှက်လွန်းပါပေတယ်။

အစအဆုံး..ကြည့်ချင် ရင်…...

Wednesday, December 12, 2007

နိုင်ငံတကာလူ့ အခွင့်အရေးနေ့ အထိမ်းအမှတ်အနေနဲ့  ဂုဏ်ယူထိုက်တဲ့ အခမ်းအနားလေး ပြန်လည်တင်ပြလိုက်ပါတယ်။



http://youtube.com/watch?v=iG9LizSi4zc

အစအဆုံး..ကြည့်ချင် ရင်…...

Tuesday, December 11, 2007

ပြည်သူ့ သမဂ္ဂ (မြန်မာနိုင်ငံ) ၏ နှိုးဆော်ချက်။

အစအဆုံး..ကြည့်ချင် ရင်…...

 
/* EOT ----------------------------------------- */