Thursday, January 31, 2008

နိုင်ငံတော်အလံဆိုတာ တိုင်းသူပြည်သားတစ်ဦးချင်းစီရဲ့ အသက်ထက် ပိုအရေးကြီးပါတယ်။


နိုင်ငံတစ်နိုင်ငံရဲ့ အလံဟာ တိုင်းပြည်နဲ့ လူမျိုးကို ကိုယ်စားပြုတဲ့ သင်္ကေတအမှတ်အသားပါ။ အလံကို မြေမကျအောင် အသက်နဲ့ လဲပြီး ကာကွယ်ခဲ့ကြတဲ့ သမိုင်းအစဉ်အလာတွေရှိပါတယ်။

တိုင်းပြည်ရဲ့ အရှိန်အ၀ါနဲ့  လူမျိုးရဲ့ ဂုဏ်သိက္ခာကို ၀င့်ကြွားထယ်ဝါစွာနဲ့  ဖေါ်ပြတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အလံဟာ ရှိထိုက်တဲ့ ကြန်အင်လက္ခဏာတွေနဲ့  ပြည့်စုံပီသဖို့ လိုပါတယ်။

နိုင်ငံတော်အလံတစ်ခုအဖြစ် သတ်မှတ်ဖို့ ၊ အသစ်ပြင်ဆင်ပြောင်းလဲဖို့  ဆိုတာ အုပ်ချူပ်သူတစ်စုကသာ ဆုံးဖြတ်လို့ မရပါဖူး။ တိုင်းသူပြည်သားအများစုရဲ့  သဘောတူညီချက်ကို ရယူရမှာ ဖြစ်ပါတယ်။ ဒီလိုသဘောတူညီချက် မရယူခင်မှာလည်း အလံတော်ရဲ့  အကြောင်းအရာအသေးစိတ်ကို တိုင်းသူပြည်သားတွေအားလုံးသိအောင် တင်ပြရပါတယ်။ ဒီနောက်မှာ ပြည်သူတွေရဲ့ အမြင်သဘောထားတွေကို စုဆောင်းလေ့လာ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။



ဒီလိုမဟုတ်ဘဲ ပြည်သူများကို တရားဝင်ကိုယ်စားမပြုသူများကနေ မိမိတို့ သဘောအတိုင်း အလံတော်အသစ်ပုံစံကို အလွယ်တစ်ကူ ဒီဇိုင်းအသစ်ရေးဆွဲ၊ တိုင်းပြည်နဲ့ လူမျိုးကို ထိထိရောက်ရောက်ကိုယ်စားမပြုနိုင်တဲ့ ပေါက်တတ်ကရဖေါ်ပြချက်တွေနဲ့  လုပ်ချင်ရာလုပ်နေကြတာ တွေ့ ရပါတယ်။

လမ်းဘေးမှာ လွင့်ပြစ်ထားတဲ့ အ၀တ်စုတ်တွေကို ကောက်ပြီး စပ်ချုပ်ထားတဲ့ အစုပ်အနုတ်ပုံစံနဲ့  အနာဂတ်နိုင်ငံတော်အလံဆိုပြီး နအဖက သူတို့ ရဲ့  အတုအယောင် ညောင်နှစ်ပင် ညီလာခံမှာ ပြောဆိုပြီး အနာဂတ်ဖွဲ့ စည်းပုံအခြေခံဥပဒေထဲမှာ ယောင်တောင်ပေါင်တောင်နဲ့  ပြဌာန်းတာကို တွေ့ မြင်ရတာ အတော့်ကို စိတ်ပျက်စရာကောင်းလှပါတယ်။

ဒီ နအဖကနေ စိတ်ရူးပေါက်တိုင်း ကြောင်တောင်တောင်နဲ့  အသစ်ပြောင်းမယ့်ဆိုတဲ့ (ပြောရရင် အသက် သုံးလေးနှစ် ကလေးတောင် ရောင်စုံခဲတံပေးရင်တောင် လျှောက်ခြစ်လို့ ရတဲ့  ပုံနဲ့ ) အလံသစ်က ဒီပုံစံပါ။








လွန်ခဲ့သော ၂၀၀၆ခုနှစ်၊ နိုဝင်ဘာလက ဒီနအဖရဲ့ အလံတော်သစ်ပုံကို မြင်ရတဲ့အခါမှာ ကျွန်တော်အနေနဲ့  ပြောင်းပြန် ပုံပြန်ဖေါ်ကြည့်တော့ အောက်ပါအတိုင်း မြင်မိခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ရွှေဝါရောင်တော်လှန်ရေးအတွင်းမှာ သံဃာတော်တွေနဲ့  ကျောင်းသားပြည်သူတွေကို နအဖစစ်အာဏာရူးက အကြမ်းဖက်နှိပ်စက်ဖြိုခွင်းတာနဲ့  ကြုံ ရတာတွေ့ ရလို့  နအဖဟာ သူတို့ ရဲ့ အလံသစ်မှာ ထုံးစံအတိုင်း အောက်လမ်းနည်းလိုလို ဘာလိုလိုနဲ့  ကလိမ်ကကျစ်ဥာဏ်တွေနဲ့  ဒီလို ဒီဇိုင်းကိုလုပ်ထားတာလားဆိုတာ ပိုယုံရသလို ဖြစ်လာပါတယ်။















ဒီလို ကျက်သရေယုတ်တဲ့ နအဖရဲ့ အလံသစ်ထက်စာရင် ပြည်သူတစ်ဦး (Burmafriend) ကနေ စိတ်ကူးကြည့်မိပြီး ပုံပေါ်လာတဲ့ အနာဂတ် ဒီမိုကရက်တစ် မြန်မာနိုင်ငံတော်ရဲ့  အလံသစ်ကမှ ပိုမိုအဓိပါယ်ရှိတာ၊ ပိုမိုကျက်သရေရှိတာ၊ ပိုမိုပီပြင်ခန့် ညားပြီး တိုင်းပြည်နဲ့ လူမျိုး ဘာသာသနာနဲ့  အမျိုးသားတစ်ရပ်လုံးအကျိုးနဲ့  အေးချမ်းသာယာသော ပြည်ထောင်စု ဒီမိုကရက်တစ်မြန်မာနိုင်ငံတော်ဆိုတာ ပိုသိသာစေပါတယ်။













အဓိကဆိုလိုချင်တာကတော့ နအဖဟာ ပြည်သူအများစုက ရွေးချယ်တင်မြောက်ထားတဲ့ တရားဝင်အစိုးရမဟုတ်တဲ့အတွက် (သူကနေတစ်ဆင့် ကြီးကြပ်ပြီး လိုရာလူကိုသာ ကောက်ခေါ်ပြီး) အတုအယောင်ညီလာခံမှာ နိုင်ငံတော်အလံအသစ်ဆိုပြီး ဒီဇိုင်းရေးဆွဲပြီး အတည်ပြုခိုင်းနေတာ တရားမ၀င်သလို ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ လည်း ဒီနအဖအလံကို အသိအမှတ်မပြုပါဖူး။

တိုင်းပြည်နဲ့ လူမျိုကို ကိုယ်စားပြုမယ့် အင်မတန်အရေးကြီးသော နိုင်ငံတော်အလံကို ပြည်သူ့ ကိုယ်စားပြု တရားဝင်ရွေးချယ်ခံရသောသူများမှသာ အလံတော်အသစ်ပုံစမ်းအကြမ်းကို ရေးဆွဲရပါမယ်။ ဒါနဲ့ တင် အတည်ပြုလို့ မရသေးပါဖူး။ တိုင်းသူပြည်သားတွေကို အကျိုးအကြောင်း အချက်အလက်ခိုင်လုံပီသစွာနဲ့  ချပြပြီး ပြည်သူတွေရဲ့  အကြံပြုချက်တွေကို စုဆောင်းရပါမယ်။ ဒါပြီးတော့မှ နိုင်ငံတော်အလံသစ်အတွက် တရားဝင်ပြည်သူ့ ကိုယ်စားလှယ်များပါဝင်တဲ့ ပြည်သူလွတ်တော်လို အာဏာပိုင်အဖွဲ့ အစည်းအတွင်းမှာ ဆွေနွေးဆုံးဖြတ်ရမှာဖြစ်ပါတယ်။ အကယ်လို့  ဆုံးဖြတ်ချက်ချပြီး အတည်ပြုရန် အခက်အခဲရှိနေရင် ပြည်သူတွေရဲ့  သဘောထားဆန္ဒကိုကောက်ယူပြီးမှ အတည်ပြုရမှာပါ။

ဒီလောက်ဆိုရင် နအဖဟာ နိုင်ငံတော်အလံနဲ့ ပတ်သက်ပြီး လက်လွတ်စပယ် လုပ်ချင်ရာလုပ်နေတဲ့ သဘောရှိနေကြောင်း သိသိသာသာကြီး မြင်တွေ့ နိုင်ပါတယ်။

(နစ်နေမန်း)။

အစအဆုံး..ကြည့်ချင် ရင်…...

အဖွဲ့ ချုပ်ကြီး ဖွဲ့ ထားပါတယ်။ အများသိစေဖို့  ကြေညာအပ်ပါတယ်။

အစအဆုံး..ကြည့်ချင် ရင်…...

Wednesday, January 30, 2008

မျိုးချစ်ဒီမိုကရက်တစ်တပ်ပေါင်းစု၏ကြေညာချက်။


















အစအဆုံး..ကြည့်ချင် ရင်…...

Monday, January 28, 2008

ပြည်တွင်းဖြစ် လူသတ်သမား။

အစအဆုံး..ကြည့်ချင် ရင်…...

နေပြည်တော်မှ ၀န်ထမ်းတွေကိုယ်တိုင် မကျေနပ်ချက်တွေများပြီး တော်လှန်လိုနေပြီ။

အစအဆုံး..ကြည့်ချင် ရင်…...

Sunday, January 27, 2008

၂၀၀၈ ခုနှစ် ပြက္ခဒိန် (အင်္ဂလိပ်၊ မြန်မာ)။

၂၀၀၈ ခုနှစ် ပြက္ခဒိန် (အင်္ဂလိပ်၊ မြန်မာ) ကို ဒေါင်းလုပ် လုပ်ဖို့ ပါ။

http://www.mediafire.com/?d4nwdyhlqmb

လူ့ အခွင့်အရေးချိုးဖောက်ခံနေရသူများအတွက်။

http://www.mediafire.com/?3rsbmowiz2d

အစအဆုံး..ကြည့်ချင် ရင်…...

လမင်း နှင့် ကြယ်တစ်စု သို့ပေးစာ။


ကြယ်တစ်လုံး
ကောင်းကင်ပြုံးဖို့ ဟောင်းစင် ဆုံးချင်သူ။

လတစ်စင်း
ကောင်းကင်ဝင်းဖို့ ပြောင်းပြင် လင်းချင်သူ။

မိုးတစ်ည
ကောင်းကင်အဖို့ ဟောင်းတွင် နေချင်သူ။



အဟောင်းမစင်
မပြောင်းမပြင်
အဟောင်းနွံတွင်
ထိုမိုးတစ်ည
ဆိုးဒမြ က
ထို ကြယ်စုရုံး
ငွေလပြုံးကို
ဖုံးအုပ်လုယူ
ခွင့်မတူသော်….
အော်………ဒီသမိုင်း
ဆက်လက် ရိုင်းရဦးတော့မည်ပေတည်း။

ကြယ်စု လမင်း ပြည်တွင်လင်း
မိုးမိုက်တစ်ည ဖယ်ထုတ်ကြ
မုချဖျက်မှ နအဖ
ရရှိမှန်မည် ဒီမိုကရေစီ။

အို……
ပြည်သူ့ စစ်သား
တောင်သူလယ်သမားနဲ့

အို..ကျောင်းတော်သား
အလုပ်သမား
ဘုရားသားနှင့်
ကမ္ဘာ့အား တို့
ကြယ်စု တစ်စု
သင်တို့ပြု၍
လမင်းတစ်ခု
အမေစု နှင့်
ပြည်ရွာလုံးထု ညီညာစုကာ
စိုက်ပါပျိုးဖျန်း ဒီမိုလမ်းကို
မလစ်ချိန်ခါ မီပါစေဖို့
သမိုင်းတခု ထုဆစ်ပြုရန်
ဟစ်လျက်ကြွေးကြ ပြည်ထောင့်ချစ်
ရှစ်ရက်ရှစ်လ နှစ်ထောင့်ရှစ်။

(ရေးသားသီဖွဲ့ သူ - အဖြူရောင်လူ (၂၇၊၀၁၊၀၈)။

အစအဆုံး..ကြည့်ချင် ရင်…...

Friday, January 25, 2008

မှန်သောစကားနားထောင်ပြီး လက်တွေ့ လုပ်ကြမှာလား။

အစအဆုံး..ကြည့်ချင် ရင်…...

Wednesday, January 23, 2008

နိုင်ငံကျော် ကဗျာဆရာကြီး ဦးတင်မိုး အမှတ်တရ။

ဒီဗွီဘီ (DVB - http://www.dvb.no/) တေးဂီတအစီအစဉ်မှ တင်ဆက်သော ဂီတထဲက ဘ၀၊ ဘ၀ထဲက ပုံရိပ်အချို့  (ကဗျာဆရာကြီး ဦးတင်မိုး အနုပညာ)။

အပိုင်း (၁) - http://www.youtube.com/watch?v=ry78_ZuHZkc

အပိုင်း (၂) - http://www.youtube.com/watch?v=10srROoFXpQ

အစအဆုံး..ကြည့်ချင် ရင်…...

အံ့သြဖွယ် ဗုဒ္ဓရုပ်ပွားတော် (၅) ဆူ ပုံစံ ခရမ်းချဉ်သီးများ တစ်ပင်တည်းတွင် သီးနေ။

အစအဆုံး..ကြည့်ချင် ရင်…...

အချစ်ဂျာနယ်ထဲက ကဗျာလေးတစ်ပုဒ်။



အပတ်စဉ်ထုတ် ဂျာနယ်တစောင်ဖြစ်တဲ့ အချစ်ဂျာနယ် ထုတ်ဝေရာမှာ ကဗျာ
ဆရာစောဝေရဲ့ ဖေဖော်ဝါရီ ၁၄ လို့ အမည်ရတဲ့ ကဗျာတပုဒ်မှာ စာသားတွေရဲ့ ထိပ်ဆုံး စာလုံးတလုံးချင်းကို ဖတ်ကြည့်မယ်ဆိုရင် မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူး
ကြီးသန်းရွှေကို တိုက်ခိုက်ပြောဆိုထားတဲ့ အဓိပ္ပာယ် ထွက်နေတာပါ။

ဒီကဗျာ အချစ်ဂျာနယ်မှာ ဖော်ပြပါရှိတယ်ဆိုတာ သိတဲ့အတွက်ကြောင့်မို့လို့လည်း စာဖတ်သူတွေက စိတ်ဝင်တစား ဖတ်ရှုကြလို့ ဂျာနယ်လည်း အရောင်းသွက်သွားခဲ့တယ်လို့ ရန်ကုန်မြို့က စာပေအသိုင်းအ၀ိုင်းက ပြောကြပါတယ်။ တကယ်တော့ ဒီကဗျာဟာ သူ့ခေါင်းစဉ်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၄ ဆိုတဲ့အတိုင်း Valentine’s Day ချစ်သူများနေ့ အထိမ်းအမှတ် စပ်ဆိုထားတဲ့ ကဗျာတပုဒ်ဖြစ်ပေမယ့် ကဗျာရဲ့နောက်ကွယ်က အဓိပ္ပာယ်ကို စာဖတ်သူတွေက ဖော်ခဲ့ကြတာပါ။ ကဗျာဆရာအနေနဲ့  မိမိဖာသာ အနုပညာခံစားမှုနဲ့ ရေးတာဖြစ်ပေမယ့် နအဖအာဏာရှင်က အန္တရာယ်ပြုမှာ စိုးရိမ်ရလို့  ရှောင်တိမ်းနေရတယ်လို့  ကြားသိရပါတယ်။



(ကဗျာဆရာ ကိုစောဝေ ဓါတ်ပုံအား The Irrawaddy မှ ရပါသည်)။

အစအဆုံး..ကြည့်ချင် ရင်…...

Tuesday, January 22, 2008

ပြည်သူ့ လွတ်မြောက်ရေး တိုက်ပွဲ ခံယူချက်။

အာဏာရှင်မှန်သမျှ လူရော မူရော တိုက်မယ်။

(နစ်နေမန်း)။

အစအဆုံး..ကြည့်ချင် ရင်…...

မကြာတော့ပါဖူး… အရှင်ထွက်လား အသေထွက်လားဆိုတာ။



ဒီပုံလေးမြင်တော့ သန်းရွှေနဲ့  ကြိုင်ကြိုင်တို့  ကျန်ခဲ့တဲ့နှစ် နိုဝင်ဘာလ (၁၈) ရက်နေ့ တုန်းက ညသန်းခေါင်အချိန်မှာ ဒေါ်ကြိုင်ကြိုင်တို့  ခွေးတွေ ၀က်တွေဆွဲပြီး ဘုရားကို လက်ဝဲရစ်ပတ်ကြပြီး ယတြာချေကြပါတယ်။

ဒီသတင်းကြားရတဲ့ ဆရာတော်ကြီးတိုင်းက မိန့် တော်မူပါတယ်၊ သူတို့ ဆွဲပြီး ဘုရားပေါ်မှာ ပတ်ခဲ့တဲံ ခွေးနဲ့ ၀က်ကတော့ ကုသိုလ် ရသွားပြီတဲ့။ ဒါပေမယ့် သူတို့  ထက် နိမ့်ကျတဲ့ ခွေးတွေ ၀က်တွေ (တနည်းအားဖြင့်ပြောရရင် သန်းရွှေနဲ့  ကြှို်င်ကြိုင်ဟာ အဲ့ဒီ ခွေးတွေဝက်တွေထက် ကံနိမ့်လို့  ခွေးနဲ့ဝက်ကို ဘုရားဖူး ပို့ ရတာကြောင့်) သန်းရွှေတို့ လင်မယားဟာ မကြာတော့ဘူး အသေထွက်တော့မှာလို့  ပြောဆိုတော်မူကြပါတယ်။

အခုလိုပြေးနေတာကြောင့် ပြည်ပြေးဆိုတာ သူတို့ မှ အစစ်ဖြစ်ပါတယ်။ တိုင်းပြည်ထဲမှာတင် ပတ်ပြေးနေရတာဖြစ်ပါတယ်။ အပြင်ကို မထွက်ရဲကြပါဘူး။ ရန်ကုန်ကနေ ကြပ်ပြေးကို ပြေး၊ သူတို့ ထောင်ချထားတဲ့ ခင်ညွန့်  လူတွေကို ကြောက်လို့  ပြေး။ နောက်ပြီး ကြပ်ပြေး ရောက်တော့ တစ်ခါ ရတနာပုံဆိုပြီး မေမြို့ ကို ဆက်ပြေးနဲ့  ဖြစ်နေပါတယ်။ ပြည်တွင်းမှာ လှည့်ပတ်ပြေးနေရတဲ့  ပြည်ပြေးဘ၀ သန်းရွှေနဲ့  ကြိုင်ကြိုင်ကို သနားမိပါရဲ့ ။

အစအဆုံး..ကြည့်ချင် ရင်…...

Mr. Creator ၏ ဓါတ်ပုံပြပွဲ။









အစအဆုံး..ကြည့်ချင် ရင်…...

ကမ္ဘာကျော် ချီးလေးချီး အငြိမ့် မကြာခင် တင်ဆက်ပြသပါမည်။

အစအဆုံး..ကြည့်ချင် ရင်…...

ခင်ဗျားတို့ ကို စိန်ခေါ်တယ်။


(၁)။

ကျွန်မအပျိုမ လှပါသည်
ကျွန်မ တက္ကသိုလ်ကျောင်းသူ
ဖြူသည် နုသည်
အခုအခံမပါ ကျွန်မခန္ဒာကိုယ်
ရှိုက်ကြီးဖိုငယ် အသွယ်သွယ်။

ကျွန်မအသက်
သပြေခက်ကျော် ရေတွက်သော်
တစ်ကိုးရှစ်ရှစ် တော်လှန်ခောတ်မှာ
တစ်တစ်ရစ်ရစ် တစ်ဆယ့်ရှစ်။

ကျွန်မတို့ တက္ကသိုလ်
အို ဘာကိုထောက် ကြောက်ရမှာလဲ
တိုက်ပွဲ တိုက်ပွဲ
ရဲရဲတောက်ပ ရဲတောက်မဟာ
ကျွန်မ ကျွန်မ လက်နက်မချ
ကျောင်းသားသမဂ္ဂဖွဲ့ ကြ။



(၂)။

၁၉၈၈ မတ်လ
ဖက်ဆစ်အစိုးရ ထောင်ထဲညမှာ
ကျွန်မ အပျိုမ ကျဆုံးရသည်
ကျွန်မခုခံ မတွန်းလှန်နိုင်
မတန်အားယုတ် ကြိုးနှင့်တုတ်ပြီး
လှုပ်မရ ရုံးမရ
မရ မရ အို မရတော့
ကျွန်မရေတိမ်နစ်ခဲ့ရပြီ။

ကျွန်မနှုတ်ခမ်း ဖက်ဆစ်နမ်းကြ
ကျွန်မရင်အုံဖက်ဆစ် ငုံကြ
ကျွန်မ …တွင်း ဖက်ဆစ် ….ကြ
ဖက်ဆစ်မုဒိန်း လုံထိန်း လုံထိန်း
နတ်စိမ်းပူးဝင် အရှင်လတ်လတ်
ခောတ်သေနတ်နဲ့  အငတ်မပြေ
ကျွန်မအပျိုရည်ကိုသောက်
တစ်ယောက် နှစ်ယောက် သုံးလေးယောက်မက
ကျွန်မသေလောက်ပါပြီရှင်ရဲ့ ။

(၃)။

ဒါပေမယ့်လေ
ကျွန်မ မသေ မျက်ရည်မကျ
ကျွန်မမရေတိမ် သားအိမ်ညစ်လည်း
ကျွန်မချစ်သည့် တော်လှန်ရေး
ကျွန်မ မြတ်နိုးသည့် ဒီမိုကရေစီ။

ဟယ်… ဖက်ဆစ်အစိုးရ
ငါ့သွေးသားကို နင်ဝါးမြိုသည်
နင့်ကို ငါ ဘယ်တော့မကျေ

ဟယ်… အစိုးရ
ငါ့အပျိုရည် နင်ဖျက်ချွေသည်
ရာဇ၀င် မကျေ မကျေ မကျေ။

ဟေ့… အစိုးရအမွေ
နောက်လိုက်ခွေးတပ် လုံထိန်းတပ်တို့ 
သတ္တိရှိရင် လာစမ်းပါစေ…
သေနတ်တစ်ကမ်း သွေးခင်းလမ်းမှာ
ငြိမ်းချမ်းရေး အပျိုမ
မြန်မာပန်းပွင့် မုဒိန်းကျင့်ခံရ
နင် အစိုးရ အပြုတ်ချမယ်
လုံးဝ ငါတို့ ဒူးမထောက်
လုံးဝ ငါတို့ ဒူးမထောက်။

(၁၉၈၈ခုနှစ် မတ်လအရေးအခင်းတွင် မဆလ လုံထိန်းတပ်တို့ ၏ ဖမ်းဆီးခြင်းကို ခံရပြီး၊ ထောင်တွင်းတွင် အဓမ္မမုဒိန်းကျင့်ခံခဲ့ရသော ရန်ုကုန်စက်မှုတက္ကသိုလ်ကျောင်းသူတစ်ဦး၏ ရင်တွင်းခံစားချက်ဖြစ်ပါတယ်။)

အစအဆုံး..ကြည့်ချင် ရင်…...

Monday, January 21, 2008

ဖြူးဆရာတော် ဦးနရပတိနှင့် ဓမ္မစေတီဆရာတော် ဘဒ္ဒန္တကောသလ္လ၏ တရားတော်များ။


ဖြူးဆရာတော် ဦးနရပတိရဲ့ သွေးနဲ့ ရေးတဲ့သာသနာတရားတော်ပါ။

အပိုင်း(၁ - က) http://www.mediafire.com/download.php?6ue0iznmtty

အပိုင်း(၁ - ခ) http://www.mediafire.com/download.php?cn5i0fnvmyy

အပိုင်း(၂ - က) http://www.mediafire.com/download.php?a41t3shglnm

အပိုင်း(၂ - ခ) http://www.mediafire.com/download.php?8y91iwyexkj



ဓမ္မစေတီဆရာတော် ဘဒ္ဒန္တကောသလ္လရဲ့ မျိုးဆက်သစ်တရားတော်ပါ။

အပိုင်း(၁) http://www.mediafire.com/download.php?cgdkx1x5ivb

အပိုင်း(၂) http://www.mediafire.com/download.php?ccbu47dggtr

အပိုင်း(၃) http://www.mediafire.com/download.php?42edmtj1wnt

အပိုင်း(၄) http://www.mediafire.com/download.php?75nlz1ek1dq

ဓမ္မစေတီဆရာတော် ဘဒ္ဒန္တကောသလ္လရဲ့ နှလုံးသားဝယ်ဘုရားတည် တရားပါ။

အပိုင်း(၁) http://www.mediafire.com/download.php?7mm25rnzg0f

အပိုင်း(၂) http://www.mediafire.com/download.php?dhjs0jytmtm

အပိုင်း(၃) http://www.mediafire.com/download.php?73mmzym91ik

အပိုင်း(၄) http://www.mediafire.com/download.php?0dybddnzxkr

အပိုင်း(၅) http://www.mediafire.com/download.php?e9h5den19z1

အပိုင်း(၆) http://www.mediafire.com/download.php?btzfhmjjy99

အပိုင်း(၇) http://www.mediafire.com/download.php?0xzgody9x9h

အပိုင်း(၈) http://www.mediafire.com/download.php?70d4yc8fgdp

အပိုင်း(၉) http://www.mediafire.com/download.php?913gyedqh3g

အပိုင်း(၁၀) http://www.mediafire.com/download.php?5mm5wdjdtse

အပိုင်း(၁၁) http://www.mediafire.com/download.php?c9qkdxizknr

အပိုင်း(၁၂) http://www.mediafire.com/download.php?5a4tpt0zt5e

အပိုင်း(၁၃) http://www.mediafire.com/download.php?c1mzyssmije

အပိုင်း(၁၄) http://www.mediafire.com/download.php?5xlt2y6ottg

အပိုင်း(၁၅) http://www.mediafire.com/download.php?1nfjd0zcxzj

အပိုင်း(၁၆) http://www.mediafire.com/download.php?7n9tckmtui1

အပိုင်း(၁၇) http://www.mediafire.com/download.php?b2yexezyjmk

အပိုင်း(၁၈) http://www.mediafire.com/download.php?2vofkqmgykm

အပိုင်း(၁၉) http://www.mediafire.com/download.php?cnmuiyxiy1m

အပိုင်း(၂၀) http://www.mediafire.com/download.php?d0hd4ym1xmd

အပိုင်း(၂၁) http://www.mediafire.com/download.php?eyzxtrqbpmh

အပိုင်း(၂၂) http://www.mediafire.com/download.php?5dk2dwdn3m2

အပိုင်း(၂၃) http://www.mediafire.com/download.php?dikg2mnijwd

အစအဆုံး..ကြည့်ချင် ရင်…...

Sunday, January 20, 2008

သတင်းအတိုအထွာ။


(၁)

သာကေတ ဂက်စ်တာဘိုင် ဓာတ်အားပေးစက်ရုံတွင် တပ်ဆင်အသုံးပြုလျက်ရှိသော ဂျပန်နိုင်ငံလုပ် ဂက်စ်တာဘိုင် တစ်လုံးမှာ စက်ချို့ယွင်းသွားခဲ့၍ ၎င်းဂျပန်ကုမ္ပဏီအား အကြောင်းကြားရာတွင် ဂျပန်ကုမ္ပဏီမှ ပေးဆပ်ရန် ကျန်ရှိနေသေးသော စက်တန်ဖိုး ကြွေးကျန်များအား ပြန်လည်ပေးဆပ်ပါက အခမဲ့ ပြုပြင်ပေးမည်ဖြစ်ကြောင်း အကြောင်းပြန်ကြားခဲ့ပါသည်။

၎င်းစက်အမျိုးအစားကို ဂျပန်ကုမ္ပဏီမှ Password ဖြင့် ထိန်းချုပ်ထားပြီး စက်တစ်ခုခု ချို့ယွင်းသွားပါက Lock ကျသွားသော စနစ်လည်း ဖြစ်ပါသည်။ ရောင်းချသော ၎င်းဂျပန်ကုမ္ပဏီမှ နည်းပညာကို ထိန်းချုပ်လိုခြင်းကြောင့်လည်းကောင်း၊ အကြွေးစံနစ်ဖြင့် ၀ယ်ယူသုံးစွဲသော နိုင်ငံမှ ကြွေးကျန်များအား အပြည့်အ၀ ပြန်လည်ပေးချေစေရန်လည်းကောင်း ဤကဲ့သို့ ပြုလုပ်ထားခြင်း ဖြစ်ပါသည်။



သို့ရာတွင် နအဖ အာဏာပိုင်များသည် ကြွေးကျန်များအား ပြန်လည်ပေးဆပ်ရန် ကြိုးပမ်းခြင်း မရှိဘဲ ၎င်းဂျပန်ကုမ္ပဏီ၏ လုံခြုံရေး အစီအစဉ်ကို ချိုးဖောက်နိုင်ရန်အတွက် ၀န်ကြီးဌာန အသီးသီးရှိ ကျွမ်းကျင်ပညာရှင်များအား ဆင့်ခေါ်၍ ကြိုးပမ်းစေခဲ့ပါသည်။ နည်းပညာဝန်ကြီးဌာန၊ ဆက်သွယ်ရေးဝန်ကြီးဌာန၊ MICT တို့မှ နည်းပညာရှင်များမှ Software အမျိုးမျိုးဖြင့် Password ကို ဖော်နိုင်ရန် ကြိုးပမ်းခဲ့ကြသော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။ တပ်မတော်မှ ကြည်း/ရေ/လေ မှ အရာရှိ ပညာရှင်ဆိုသူများမှ ထပ်မံ၍ ကြိုးစားခဲ့ကြသော်လည်း ၎င်းကုမ္ပဏီ၏ လုံခြုံရေးအစီအစဉ်ကို ကျော်လွှားနိုင်ခြင်း မရှိခဲ့ပါ။ ထိုကြောင့် ၎င်းတာဘိုင်စက်မှ Control Card တွင် တပ်ဆင်ထားရှိသော Electronics ပစ္စည်းများကို အစားထိုး လဲလှယ်၍ ကြိုးပမ်းကြသော်လည်း အောင်မြင်မှု မရရှိဘဲ ခဲဆော်ရာများ ဗလပွသာ ဖြစ်ကျန်နေခဲ့ပါသည်။

နောက်ဆုံးကြားသိရသည့်သတင်းမှာ မီကာဆာကုမ္ပဏီ၏ စေ့စပ်ညှိနှိုင်းမှုအရ ၎င်းဂျပန်ကုမ္ပဏီမှ လာရောက်ပြုပြင်ပေးရန် သဘောတူညီမှု ရရှိပြီဖြစ်ကြောင်းနှင့် ၎င်းကဲ့သို့ ကုမ္ပဏီမှ ထိန်းချုပ်ထားသော လုံခြုံရေးစနစ်ကို ချိုးဖောက်ရန် ကြိုးစားခဲ့ကြောင်း သိရှိရပါက မည်သည့် ရလဒ်များ ထွက်ပေါ်လာမည်ကို ယင်းကိစ္စတွင် ပါဝင်ပတ်သက်ခဲ့ကြရသည့် ပညာရှင်များက စိတ်ဝင်စားလျက်ရှိကြောင်း သိရှိရပါသည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တော်တော်များများတွင် လျှပ်စစ်မီးရရှိမှု နောက်ဆုံးအခြေအနေမှာ တစ်ရက်လျှင် ၆ နာရီခန့်သာ ရှိတော့ကြောင်း သိရှိရပါသည်။ ထိုကဲ့သို့ တစ်ရက်လျှင် ၆ နာရီခန့်သာ ပေးသော လျှပ်စစ်မီးမှာ ရုံးချိန်အတွင်းတွင် လုံးဝ ပေးခြင်းမရှိဘဲ ညဘက်တွင်သာ ဖြစ်ကြောင်း သိရှိရပါသည်။ လျှပ်စစ်မီးဖြင့် လုပ်ကိုင်ရသော၊ လောင်စာဆီဈေးနှုန်း မြင့်မားမှုကြောင့် ကိုယ်ပိုင်မီးစက်ဖြင့် မလည်ပတ်နိုင်ကြသော လုပ်ငန်းရှင်များမှ လုပ်ငန်းလည်ပတ်မှု လုံးဝနီးပါး ရပ်ဆိုင်းနေရ၍ ညည်းတွားနေကြကြောင်း သိရှိရပါသည်။

(၂)

ထို့အပြင် ရွှေဝါရောင်တော်လှန်ရေး၏ အဓိကဆုံချက်နေရာဖြစ်သော အလံပြဘုရားလမ်းမှ စတင်၍ အနော်ရထာလမ်းမတလျှောက် ပန်းဘဲတန်းမြို့နယ် ရွှေဘုံသာလမ်းအထိ လုံးဝ ယာဉ်မရပ်နားရ စီမံချက်ကို တင်းကျပ်စွာချမှတ်ထား၍ လုံခြုံရေးအဖွဲ့၊ ယာဉ်ထိန်းရဲအဖွဲ့ အစရှိသော အင်အားအများအပြားဖြင့် စစ်ဆင်ရေးသဖွယ် စတင်ဖမ်းဆီး အရေးယူလျက်ရှိကြောင်းလည်း သိရှိရပါသည်။

ရန်ကုန်မြို့တွင် ဤကဲ့သို့ ပြည်သူလူထုအပေါ် အာဏာပိုင်များ၏ ဘက်ပေါင်းစုံမှ အငြိုးတကြီး ဖိနှိပ်မှုများသည် နောက်ထပ် အထွေထွေ အုံကြွပေါက်ကွဲမှုကြီးဆီသို့ ဦးတည်စေလျက်ရှိကြောင်း ခောတ်အဆက်ဆက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့နှင့် မျက်ချည်မပြတ်သော ရန်ကုန်မြို့ခံ ပြည်သူများမှ ခန့်မှန်းပြောဆိုလျက်ရှိကြောင်း သိရှိရပါသည်။

အစအဆုံး..ကြည့်ချင် ရင်…...

Saturday, January 19, 2008

ဘလော့များကို တိုက်ခိုက်တဲ့နေရာမှာ နအဖအနေနဲ့  အတော့်ကို ယုတ်ယုတ်မာမာ ရိုင်းရိုင်းစိုင်းစိုင်းနဲ့ တိုက်ခိုက်တာ ပေါ်လွင်ထင်ရှား။


နစ်နေမန်းဘလော့ကို တိုက်ခိုက်ခြင်း။

စက်တင်ဘာလတုန်းက ရွှေဝါရောင်တော်လှန်ရေးလို့  ထင်ပေါ်ကျော်ကြားခဲ့တဲ့ ရဟန်းသံဃာတွေနဲ့  ကျောင်းသားပြည်သူတွေရဲ့  လူထုချီတက်လမ်းလျှောက်ပွဲမတိုင်မီက မြန်မာဘလော့စုစုပေါင်း (၂၀၀၀) ခန့် ရှိခဲ့ပြီး၊ အများစုဟာ ကိုယ်စိတ်ပါဝင်စားတဲ့ ၀ါသနာပါရာ အကြောင်းအရာများ၊ ကိုယ်ရဲ့  ကိုယ်ရေးကိုယ်တာ ကိစ္စများနဲ့ ဆက်စပ်သော အကြောင်းအရာများကို ဦးစားပေး ရေးသားတင်ပြကြတဲ့ ဘလော့တွေဖြစ်ကြပါတယ်။

သြဂုတ်လအကုန်ကနေ စက်တင်ဘာလရောက်တော့ နှစ်ပေါင်းများစွာ ကြုံတွေ့ ခံစားလာနေခဲ့ရတဲ့ အထွေထွေအကြပ်အတည်းကို အခြေခံပြီး၊ လတ်တစ်လောကြုံတွေ့ ရတဲ့ လောင်စာဆီ ဈေးနှုန်းမြင့်မားမှုပေါ် ထောက်ပြပြီး လူထုချီတက်ပွဲတွေဖြစ်လာတဲ့အချိန်မှာ ဒီလှုပ်ရှားမှုတွေကို စက္ကန့် ပိုင်း မိနစ်ပိုင်းအတွင်းမှာ သတင်းစာသား၊ ဓါတ်ပုံ၊ ဗီဒီယိုတွေနဲ့  အလျင်အမြန် တင်ပြလာနိုင်တဲ့အခါမှာတော့ နအဖအာဏာရှင်နဲ့  ပြည်တွင်းပြည်ပမှာရှိတဲ့ မြန်မာပြည်သူတွေသာမက တစ်ကမ္ဘာလုံးကို သိစေမြင်စေ ကြားစေတွေ့ စေတဲ့ အခြေအနေဖြစ်ပေါ်လာပြီး၊ အားလုံးက မြန်မာပြည်အရေးကို အထူးအာရုံစိုက်စေတဲ့အထိ ဖြစ်ပေါ်လာစေခဲ့တာကြောင့် ဘလော့တွေရဲ့  အရေးပါမှုနဲ့  ဘလော့ဂါတွေရဲ့  နေ့ မအိပ်ညမအိပ် အားကြိုးမာန်တက် လုပ်ဆောင်ခဲ့တာ အဓိကဆိုတာ ငြင်းမရပါဘူး။



ဒါကို အထိတ်တလန့် နဲ့  ဂရုစိုက်မိသွားတဲ့ နအဖဟာ ဒီအတိုင်း ပါးစပ်ကနေ မီဒီယာကို မီဒီယာနဲ့ တိုက်မယ်ဆိုတဲ့ အလွယ်တစ်ကူ အထင်သေးစွာနဲ့  ပြောခဲ့တဲ့စကားအပေါ် လက်တွေ့ မှာ လုပ်ရတော့မဲ့ အနေအထားရောက်လာခဲ့ပါတယ်။ လက်တွေ လုပ်တဲ့နေရာမှာတော့ ၀န်ထမ်းတွေထဲက စိတ်ချရတဲ့ သူတို့ ရဲ့  ဘက်တော်သားတွေကို ဘလော့သင်တန်းတွေ အမြန်ပေးပြီး နအဖအလိုကျဘလော့တွေလုပ်ခိုင်းပြီး နအဖရဲ့ အာဘော်တွေနဲ့ ရေးခိုင်းတာတွေ၊ ဒီမိုကရေစီတိုက်ပွဲဝင်ဘလော့ဂါတွေကို တိုက်ခိုက်ပြီ တန်ပြန်ရေးခိုင်းတာတွေ၊ ဒီမိုကရေစီဘက်တော်သားယောင်ယောင်နဲ့  ပုံမှားရိုက်ပြီး ဟိုဘက်လိုလို ဒီဘက်လိုလိုနဲ့  ဘလော့ဂါတွေကြားထဲမှာ ထင်ယောင်ထင်မှားဖြစ်အောင် သွေးခွဲဖန်တီးတာတွေ လုပ်လာကြပါတယ်။

စီဘောက်များမှာ ၀င်ရောက်ရေးသား ဆဲဆိုခြင်းများ၊ မလိုလားအပ်သော စကားလုံးအများအပြားဖြင့် စီဘောက်နေရာပြည့်အောင် ရေးသားခြင်းများ၊ နာမည်ပုံမှားရိုက်ပြီး မသင့်တော်တဲ့စကားတွေပြောပြီး အများက အထင်လွဲအောင်လုပ်ခြင်းများပြုလုပ်လာပါတယ်။

ဒီလို စီဘောက်တွေမှာ အနှောင့်အယှက်ပေးခြင်းများကို ဘလော့ဂါ့ပြည်သူများအနေနဲ့  အတတ်နိုင်ဆုံး ပြန်လည်မတုန့် ပြန်ဘဲ သည်းခံလို့ ဘဲဖြစ်ဖြစ်၊ အပြိုင်လိုက်ပြီး မရိုင်းစိုင်းချင်ကြလို့ ဘဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို အားအားယားယား အဖျက်လိုက်လုပ်နေသူတွေ အတွက် မသုံးချင်လို့ ဘဲဖြစ်ဖြစ်၊ အဖျက်လုပ်သူတွေရဲ့  ပျက်စေလိုတဲ့ရည်ရွယ်ချက်ကို သဘောပေါက်နားလည်းလို့  သူတို့ ဖန်တီးတဲ့အကွက်ထဲမ၀င်အောင် ရှောင်လွှဲလို့ ဘဲဖြစ်ဖြစ် မကောင်းတဲ့အရေးအသားတွေကို ဖျက်ပြစ်ကြတာများပါတယ်။

နောက်တော့ ဒီလိုလုပ်တဲ့နည်းကနေ နောက်တစ်ဆင့်တိုးလာတာတွေ့ ရပါတယ်။ ဒါကတော့ ဘလော့တွေကို ပြည်တွင်းက ကြည့်မရအောင် လုပ်လာတာပါဘဲ။ ပထမအဆင့်အနေနဲ့  ထင်ပေါ်ကျောှ်ကြားနေတဲ့ ဘလော့တွေကို ပိတ် (Ban) လုပ်တာပါ။ စက်တင်ဘာလအတွင်းကဆိုလျှင် နစ်နေမန်းဘလော့အပါအ၀င် ဘလော့အချို့ ကို ပိတ်ခဲ့ပါတယ်။

ဒီနည်းနဲ့ မရတော့ ဘာထပ်လုပ်လည်းဆိုရရင် အင်တာနက်တွေကို speed နှေးချပြစ်တာတို့ ၊ အင်တာနက်သုံးချိန်ကို ပိတ်ပစ်တာတို့ လုပ်လာပါတယ်။

နောက်ပြီး အင်တာနက်ကဖေးတွေမှာ သုံးရင် မှတ်ပုံတင်ပြရတာတို့ ၊ ကိုယ်ရေးအချက်အလက်တွေတောင်းတာတို့ ၊ သုံးစွဲနေတဲ့ ၀က်ဆိုဒ်တွေကို မှတ်တမ်းတွေ ဖိုင်တွေကို မှတ်တာတို့ ၊ သုံးစွနေတဲ့ ကွန်ပျူတာမျက်နှာပြင်ကို မှတ်ထားတာတို့ တွေ လုပ်လာပါတယ်။

အခုနောက်ဆုံးကတော့ ဘလော့တွေရဲ့  အဓိကနေရာကျတယ်လို့ ထင်တဲ့ www.blogger.com ကို ပိတ်တာပါဘဲ။ အင်တာနက်သုံးစွဲခဈေးနှုန်းတွေမြှင့်မယ်ဆိုပြီးတော့လည်း ပြောဆိုနေသံတွေ ရှိလာပါတယ်။

တစ်ဖက်မှာလည်း ဂျီမေးလ်တွေကို ဘလော့တွေကို ခိုးဝင်ကြည့် (hack) ဖို့ လုပ်တာပါ။ ဟက်လုပ်လို့ ရပြီဆိုရင် ဘလော့ပါအကြောင်းအရာတွေကို အခြားအကြောင်းအရာတွေနဲ့ ပြောင်းပစ်လိုက်ပါတယ်။ ဘလော့လိပ်စာတွေကို အခြားသော ညစ်ညမ်းဝက်ဆိုဒ်လိပ်စာများ၊ စီးပွားရေးကြော်ညာ ၀က်ဆိုဒ်များနဲ့ အစားထိုးခြင်း (Redirect) ပြုလုပ်ကြပါတယ်။ အခုတစ်လောမှာလည်း ဘလော့တွေကို လိုက်ဖျက်ဆီးနေပါတယ်။

ဒီအပြင် ဒီလိုလုံးလုံးလျားလျား ဟက်လုပ်မရတဲ့ ဘလော့များကိုတော့ ဆင်တူဆင်မှားနဲ့  မူလဘလော့လိပ်စာနောက်မှာ အပိုလိပ်စာထည့်တဲ့နည်းကို ကျင့်သုံးလာပါတယ်။ ဒါကို နစ်နေမန်းဘလော့ကိုပါ ဒီလိုလုပ်လာတာတွေ့ ရပါတယ်။

နစ်နေမန်းအနေနဲ့  နအဖဘက်တော်သားများရဲ့  ဘလော့တွေမှာ သွားရောက်နှောင့်ယှက်တာ မလုပ်ပါဖူး။ သူတို့  စီဘောက်ထဲမှာလည်း တစ်ခွန်းတစ်လေတောင် ၀င်မရေးပါဖူး။ သူတို့ ရေးချင်တာရေးပါ ပြောပါ၊ ဖတ်ကြည့်တဲ့ ပြည်သူတွေက မှန်၏ မမှန်၏၊ ရေးသားမှုအဆင့်အတန်းရှိ မရှိကို ဆုံးဖြတ်ပါလိမ့်မယ်။ ယခုခောတ်ပြည်သူတွေက အမှန်အမှားကို ဝေဖန်စဉ်းစား သုံးသပ်တတ်တဲ့ အရည်အသွေးတွေ တောက်ပြောင်နေကြပါတယ်။

အများသိကြတဲ့ နအဖဘက်တော်သားတစ်ဦး (သို့ ) နာမည်တစ်ခုခံ ဘက်တော်သားအုပ်စုက နစ်နေမန်းကို ဘယ်လိုတိုက်လိုက်လာလည်းဆိုတာ ဒီလို သိသိသာသာကြီး မြင်တွေ့ ရပါတယ်။

ဘယ်လိုတိုက်ခိုက်လာလည်းဆိုတော့ နစ်နေမန်းရဲ့ ဘလော့လိပ်စာဖြစ်တဲ့ http://niknayman.blogspot.com နောက်ကနေ အပိုလိပ်စာတစ်ခုဖန်တီးပြီး ထပ်ထည့်ပါတယ်။ ဒီဖန်တီးလုပ်ကြံတဲ့ ဘလော့အသစ်လိပ်စာနာမည်ကိုပါ This is myanmar NLD stupid sucking blog ဆိုပြီး ပေးထားပါတယ်။ နအဖဘက်တော်သား လုပ်ကြံဖန်တီးတိုက်ခိုက်တဲ့ ဘလော့လိပ်စာအသစ်က ဖွင့်လိုက်ရင် လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းပုံတွေ ဗီဒီယိုအပိုင်းအစတွေဖေါ်ပြထားတဲ့ ၀က်ဆိုဒ်ကို redirect လင့်ခ်လုပ်ထားတာပါ။

(အမျိုးသမီးများကို ဒီ နအဖဘက်တော်သားတွေကတိုက်ခိုက်တဲ့ ဘလော့လိပ်စာကို မဖွင့်ကြည့်ဖို့  အထူးမေတ္တာရပ်ခံအပ်ပါတယ်။ မတော်မရော်ပုံများ ပါရှိနေလို့ ပါ။ နအဖတို့ ရဲ့ တိုက်ခိုက်မှုအား ခိုင်ခိုင်မာမာ သက်သေပြရန်အတွက် မူလအတိုင်း ပြန်လည်ဖေါ်ပြရတာ ဖြစ်ပါတယ်)။



ဒီလို နစ်နေမန်းဘလော့လိပ်စာကို လုပ်ကြံပြီးတဲ့အခါမှာတော့ မြန်မာအမျိုးသမီးတွေရဲ့  ဘလော့တွေက စီဘောက်တွေထဲမှာ ဒီလိပ်စာအသစ်ကို လိုက်ထည့်ပြီးဖေါ်ပြတာပါဘဲ။ ဒီလိုလိုက်ထည့်တဲ့နေရာမှာ admin ဆိုပြီး ဘလော့ပိုင်ရှင်ကဘဲထည့်သလိုလိုနဲ့  ဖေါ်ပြတာပါ။ နစ်နေမန်းကဘဲ ဘလော့လိပ်စာအသစ်ပြောင်းလိုက်သလိုနဲ့  ပုံမှားရိုက်တာပါ။



နစ်နေမန်းလိပ်စာအတုနဲ့  ဖန်တီးလုပ်ကြံပြီး စီဘောက်တွေမှာ လိုက်ရေးတဲ့ admin ဆိုတာကို စစ်ဆေးကြည့်လိုက်တော့ ဒီလိုဖမ်းမိပါတယ်။ သူကတော့ admin (စွေစောင်းလို့  လူသိများတဲ့သူ) ဆိုတာ သိရပါတယ်။ သုံးထားတဲ့ IP ကို အတုလုပ်သုံးထားပေမယ့် admin က ဘာလည်းဆိုတာက အထင်ရှားကြီး ပေါ်လွင်သွားပါတယ်။



နစ်နေမန်းရဲ့ ဘလော့ကို လုပ်ကြံတိုက်ခိုက်ရာမှာ နအဖဘက်တော်သားတွေအနေနဲ့  အခုလို မူလလိပ်စာနောက်ကနေ အပိုလိပ်စာ ဘယ်လိုထည့် လုပ်ကြံသလည်းဆိုရင်၊ ပြင်သစ်ဘာသာနဲ့ ရေးထားတဲ့  စီးပွားရေးလုပ်ငန်းဘလော့တစ်ခုကနေ အဖွဲ့ ဝင်အဖြစ်ဝင်ရောက်ပြီး အောက်ဖေါ်ပြပါ ကွက်လပ်ထဲမှာ မူလလိပ်စာကို ရိုက်ထည့်လိုက်တာပါ။ အဲ့ဒီ ပြင်သစ်ဘာသာနဲ့ ရေးထားတဲ့ ၀က်ဆိုဒ်ကိုလည်း ဖမ်းမိရရှိထားပြီးဖြစ်ပါတယ်။



စက်တင်ဘာလအတွင်းကနေ ယခုအချိန်အထိ ၀က်ဆိုဒ်များ၊ ဖိုရမ်များ၊ ဘလော့များ၊ အီးမေးလ်များကို ခိုးကြောင်ခိုးဝှက်နဲ့  အောက်တန်းကျစွာတိုက်ခိုက်နေကြတဲ့ နအဖများ၊ လက်ပါးစေဘက်တော်သားများကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက သိရှိရအောင် ဖေါ်ထုတ်ပြသွားမှာဖြစ်ပါတယ်။ သက်သေအထောက်အထားတွေနဲ့  ဖမ်းဆီးပြီး နိုင်ငံတကာဆိုင်ရာ အင်တာနက်သုံးစွဲမှုဥပဒေများ၊ ကိုယ်ရေးကိုယ်တာမှတ်တမ်း လုံခြုံမှုထိန်းသိမ်းကာကွယ်ရေး ဥပဒေများ၊ အခြေခံလူ့ အခွင့်အရေးဆိုင်ရာဥပဒေများနဲ့  ဆက်စပ်ပြီး လိုအပ်သလို ဆောင်ရွက်သွားမှာပါ။

ဒီလို အနှောင်အယှက်ပြုမှု၊ ဖျက်လို့ ဖျက်ဆီးလုပ်မှုဟာ တကယ်ဆိုရင် နအဖအနေဲ့  အရည်အချင်းပြည့်ပြည့်နဲ့  မှန်မှန်ကန်ကန်နဲ့  ယှဉ်ပြိုင်တိုက်ခိုက်တာမျိုးမဟုတ်ဘဲ အဆင့်အတန်းနိမ့်ကျစွာ၊ ပညာမဲ့စွာ၊ အတွေးအခေါ် နိမ့်ကျစွာနဲ့  သိက္ခာတရားမရှိတဲ့ လုပ်ရပ်တွေနဲ့  လုပ်နေကြတာတွေ့ ရပါတယ်။ ဒီအတွက် နအဖနဲ့  လက်ပါးစေဘက်တော်သားတွေကို စိန်ခေါ်တာကတော့ တကယ်အစွမ်းအစရှိရင် ကိုယ်ရေးချင်တဲ့ဟာတွေကို ကိုယ်ရဲ့ ကိုယ်ပိုင်ဘလော့တွေမှာ ရေးပြီးတော့သာ ယှဉ်ပြိုင်ပါလို့ ။ ခိုးကြောင်ခိုးဝှက်နဲ့  သူများဘလော့တွေဖျက်တာ၊ အီးမေးလ်တွေထဲ ဟက်လုပ်တာတို့ မလုပ်ဘဲ အဆင့်အတန်းရှိရှိ ပြိုင်ပါလို့ ။ မီဒီယာကို မီဒီယာနဲ့  တိုက်မယ်ဆိုတဲ့ စကားအတိုင်း မီဒီယာလိုင်းပေါ်ကနေ သိက္ခာရှိရှိ သတ္တိရှိရှိနဲ့  ဗြောင်တိုက်ပါလို့ ။ ဒီလိုမှာ မဟုတ်ဘဲ ခိုးကြောင်ခိုးဝှက်နဲ့  ဖျက်လို့ ဖျက်ဆီးတိုက်နေရင်တော့ ယှဉ်ပြိုင်တာမဟုတ်တော့ဘဲ မနိုင်လို့  ဒီလိုနည်းတွေနဲ့ လုပ်နေတာလို့ ဘဲ သတ်မှတ်လိုက်ပါမယ်။

စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးဖြစ်ပြီးခါစနဲ့  နောက်ပိုင်းမှာ ပြည်တွင်းအခြေအနေသတင်းတွေ၊ သုံးသပ်ချက်တွေ၊ ဆောင်းပါးတွေ၊ လှုပ်ရှားမှုတွေကို အထူးစိတ်ပါဝင်စားစွာနဲ့ ရေးသားလာကြတဲ့ မျိုးချစ်ပြည်သူတွေရဲ့  ဘလော့တွေ အတော်များများ ပေါ်ပေါက်လာကြတာ၊ မြန်မာပြည်ဆိုင်ရာ ပြည်တွင်းပြည်သတင်းတွေကိုသာ သီးသန့် ဦးစားပေး ဖေါ်ပြလာကြတဲ့ဘလော့တွေ ပိုမိုပေါ်ပေါက်လာကြတာတွေ့ ရတော့ နစ်နေမန်းတို့ အနေနဲ့  အထူးဝမ်းသာရသလို ပြည်သူတွေအတွက် စေတနာပါစွာနဲ့  လုပ်ကိုင်လာကြတာတွေ့ ရလို့  ဂုဏ်ယူလေးစားရပါတယ်။ ပြည်သူတွေအတွက် အင်အားတွေ နစ်နေမန်းတို့ အတွက် လက်တွဲဖေါ်မိတ်ဆွေတွေ တိုးပွားလာတာကို ကျေနပ်ပီတိဖြစ်ရပါတယ်။ တစ်ဘက်ကလည်း အထက်ကဖေါ်ပြခဲ့သလို နအဖဘက်က အောက်တန်းကျစွာနဲ့  ယုတ်မာသောနည်းလမ်းများနဲ့  တိုက်ခိုက်လာကြတာတွေကိုလည်း အထူးသတိထားကြပြီး၊ မျိုးချစ်ပြည်သူ့ ဘလော့ဂါတွေ အချင်းချင်း ယိုင်းပင်းကူညီကြပြီး တော်လှန်ရေးသတိရှိရှိနဲ့  ကာကွယ်ဖို့  အသိပေးနှိုးဆော်လိုက်ရပါတယ်။

(နစ်နေမန်း)။

အစအဆုံး..ကြည့်ချင် ရင်…...

မင်း ရှေ့တစ်လှမ်းတက်ခဲ့ပါ။


တွေဝေနေလား၊
စွန့်စားမှ အကျိုးရှိမယ်၊
တစ်လှမ်းတိုးမှ အရှေ့ရောက်မယ်။
မင်းရဲ့ မျိုးဆက်တွေ၊
စစ်ဖိနပ်အောက်မှာ၊
ပြားပြားမှောက်မနေစေချင်ရင်၊



မင်း ရှေ့တစ်လှမ်းတက်ခဲ့ပါ။
ကြောက်နေလား၊
ကြောက်တတ်ရင် နှစ်ခါရှုံးမယ်၊
ဒီဘ၀ဆိုးကလွတ်ဖို့၊
ကိုယ့်ကို ကိုယ် ပေးဆပ်ဖို့ကလွဲရင်၊
တခြားဘာမှ အသုံးမ၀င်ဘူး၊
ကြောက်ရင်းနေရတာထက်၊
တိုက်ရင်းသေရတာမြတ်တယ် လို့ယုံရင်
မင်း ရှေ့တစ်လှမ်းတက်ခဲ့ပါ။
အားငယ်နေလား၊
မင်းတစ်ယောက်တည်း မဟုတ်ပါ၊
တို့တစ်တွေ အတူထွက်ကြမယ်၊
အနားရှိတဲ့လူချင်း လက်တွဲကူကြရင်းနဲ့၊
တို့မျိုးဆက်တွေအတွက်၊
တို့ပေးဆက်ကြရအောင်၊
မင်း ရှေ့တစ်လှမ်းတက်ခဲ့ပါ။
ကိုယ့်နိုင်ငံ အရေးအတွက်၊
ကိုယ့်အသက်ကို ပေးမှရမယ်၊
UN ကိုလည်း မျှော်မနေနဲ့၊
ဂမ်ဘာရီလဲ တော်ပြီကွဲ့၊
Human’s Right Council လဲ အလကားပဲ၊
ပီနဲရိုးလဲ မမျှော်နဲ့ ၊
ကိုယ့်ကိုကိုယ်သာ အားကိုးရာမှတ်လို့၊
ဒီမိုကရေစီတိုက်ပွဲအတွက်၊
ရှေ့ဆက်ဖို့လူတွေလိုတယ်၊
မင်း ရှေ့တစ်လှမ်းတက်ခဲ့ပါ။

(ရေးသားသီဖွဲ့ သူ မေမင်းဆက်)။

အစအဆုံး..ကြည့်ချင် ရင်…...

Friday, January 18, 2008

ကြောက်ဖား ရက်ဖားများ မဖြစ်ကြစေချင်။







မြန်မာပြည်ရဲ့  အာဏာရှင်ဆန့် ကျင်တော်လှန်ရေးက ခောတ်အဆက်ဆက်ကတည်းက ပျောက်ကွယ်သွားတယ်ဆိုတာ မရှိပါဖူး။ ၁၉၆၂ ခုနှစ် ဇူလိုင် (ရ) ရက်အရေးအခင်း၊ ၁၉၇၄ ခုနှစ် ဦးသန့် အရေးအခင်း၊ ၁၉၇၆ ခုနှစ် မှိုင်းရာပြည့်နဲ့  အလုပ်သမား လယ်သမားအရေးအခင်းတွေ အဆက်မပြတ်ဆိုသလို ပေါ်ပေါက်နေခဲ့ပါတယ်။ တစ်တိုင်းတစ်ပြည်လုံး ပြည်သူတွေ ပါဝင်လှုပ်ရှားခဲ့ကြတဲ့ ၁၉၈၈ ခုနှစ်အရေးတော်ပုံကြီးကလည်း သမိုင်းတွင်စေခဲ့တယ်။ မကြာခင်က ကမ္ဘာတစ်ဝှမ်းကနေ အာရုံစိုက်ခဲ့ရတဲ့ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကလည်း မြန်မာပြည်သူတွေ ရင်ထဲမှာ စွဲစွဲမြဲမြဲနဲ့  ရှိနေကြပါပြီ။ ဘယ်လိုအချိန်အခါရောက်ရောက် ဘယ်လိုအခြေအနေရောက် မေ့ပျောက်မှာ မဟုတ်ပါဖူး။




မကြာခင်မှာလည်း မတရားမှုတွေကို မမှန်ကန်မှုတွေကို ဆန့် ကျင်တော်လှန်ကြမှာတွေ ဆက်လက်ပေါ်ပေါက်နေဦးမှာ ကျိန်းသေပါဘဲ။ ဒီအတွက် ပန်ကြားချင်တာကတော့ အရင်ကရော အခုရော နအဖလို အာဏာရူးတွေနဲ့  အဆင်ပြေပြေ ပေါင်းသင်းနေပြီး၊ ကိုယ်အကျိုးစီးပွားကိုဘဲ ကြည့်နေကြသူတွေ တစ်နေ့ နေ့ တစ်ချိန်ချိန်မှာ ပြည်သူက ဒဏ်ခတ်ခံရတဲ့အခြေအနေမျိုး မကြုံရဖို့ အတွက်၊ ကိုယ်တင်မက သားသမီးမြေးမြစ် ဆွေစဉ်မျိုးဆက် နာမည်ပျက်နဲ့  ပြည်သူအကြားမှာ မျက်နှာမပြရဲလောက်အောင် ဖြစ်ရမယ့်အရေးကို အရှည်မျှော်တွေးပြီး ပြင်သင့်တာတွေ အမြန်ပြင်ကြဖို့ ဘဲ လိုပါတယ်။ ဒါကလည်း အကြံပြုသတိပေးတာပါဘဲ။ အားလုံးဟာ မိမိရဲ့ သမိုင်းကို မိမိဖာသာရေးမှာပါ။ အချိန်မလွန်ခင် အမှန်တရားဘက်ကနေ ရဲရဲဝန့် ဝန့် ရပ်တည်ကြဖို့ လိုပါတယ်။ လူသေတာ တစ်ဘ၀ပါ။ နာမည်သေတာ ဘ၀အဆက်ဆက်ပါ။ အခြားတမျိုးနဲ့ ပြောရရင် လူသေတာ ကိုယ်တစ်ယောက်ထဲပါ။ နာမည်သေတာ ကိုယ်တင်မက ဆွေစဉ်မျိုးဆက်တစ်လျှောက်လုံးရဲ့ ဘ၀တွေ ရှင်ရက်နဲ့  နာမည်သေကြတာပါ။ လူသားအားလုံး အမှန်တရားကို မြတ်နိုးကြသူများ ဖြစ်ကြပါစေ။

(နစ်နေမန်း)။

အစအဆုံး..ကြည့်ချင် ရင်…...

သတင်းအတိုအထွာ။


(၁)။

ရန်ကုန်မြို့ ရှစ်မိုင် ဒေါ်ရင်ဝိုင်း နေ့  ကလေးထိန်း ကျောင်းရှေ့ တွင် စစ်သားအပြည့်  တင်ဆောင်လာသော စစ်ကားသုံးစီးမှ ဒုတိယတစ်စီးသည် အမျိုးသမီးကြီးတစ်ယောက်အား တိုက်သွားခဲ့ပါသည်။ ပထမတစ်စီးမှာ ဆက်လက်ထွက်ခွာသွားပြီး တိုက်မိသည့်  ဒုတိယတစ်စီးနှင့် ကျန် တတိယအစီးမှာ လမ်းလယ်တွင်ပင် ရပ်ထားပါသည်။ ကားပေါ်မှ စစ်သားများမှာ အောက်သို့  လုံးဝမဆင်းကြပါ။ တိုက်မိသည့်  ကားမှ ဒရိုင်ဘာတစ်ဦးသာ အောက်ကိုဆင်း၍ တိုက်မိသည့်  အမျိုးသမီးအား ပွေ့ ၍ လမ်းဘေး ပလက်ဖောင်းပေါ်တွင် သွားရောက်ချထားခဲ့ပါသည်။ နာရီဝက်ခန့်ကြာသောအခါ အခင်းဖြစ်နေရာသို့ မာစတာဂျစ်တစ်စီး ရောက်ရှိလာသေည်လည်း ထူးခြားမှု ဘာမှမရှိပါ။ တိုက်မိသည့် အမျိုးသမီး သေမသေ သေချာ မသိရှိရသေးပါ။



(၂)။

မြန်မာပြည်တွင် ဆရာတော်ကြီးများ တရားဟောလိုပါက လက်မှတ်ရေးထိုးရပြီးမှ တရားဟောခွင့်ရှိကြောင်း သိရှိရပါတယ်။ မဇ္ဈိမဂုဏ်ရည်ဆရာတော် ဦးကောဝိဒအား တရားဟောခွင့် ပိတ်ခဲ့သေည်လည်း. ပြန်လည်ဟောခွင့်ပေးခဲ့ပါတယ်။ သို့ သော် ဟောပြောမည့် တရားများထဲတွင် နိုင်ငံရေးမပါရဟု ကန့် သတ် တားမြစ်ထားပါသည်။ ထို့ အပြင် ဆရာတော်ဦးကောဝိဒနဲ့ ဖြူးဆရာတော် ဦးနရပတိ ၏ ကားများကိုလည်း သိမ်းလိုက်ကြောင်း ကြားသိရပါသည်။

ယခုအခါတွင် ဓမ္မစေတီ ဆရာတော် ဦးကောသလ္လအား တရားဟောကြားခွင့်ပိတ်လိုက်ကြောင်း သိရှိရပါသည်။ လုံးဝတရားဟောခွင့်မရသောကြောင့် ဗိုလ်တထောင်ဘုရား တရားပွဲ ဆယ်ရက်တွင် ဓမ္မစေတီ ဆရာတော်မှ တရားဟောပြောမှု မဖြစ်မြောက်ခဲ့ကြောင်း သိရှိရပါသည်။

ယခုအခါတွင် ဆရာတော်ကြီးများမှ နိုင်ငံရေးတရားများ ဟောကြား၍ ပြဿနာများ ဖြစ်ပေါ်လာပါက တရားပွဲစီစဉ်သူများမှ အရင်ဆုံး အရေးယူခံရမည်ကို သိရှိကြောင်း လက်မှတ်ရေးထိုးမှ ကျင်းပခွင့် ပေးကြောင်း သိရှိရပါသည်။

(၃)။

လမ်းဘေးဈေးသည်များ ဈေးရောင်းချခွင့် အချိန်ကို ကန့်သတ်ခြင်းမှာ မြို့ထဲလမ်းမများတွင် သာမက ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်များ အားလုံးနီးပါး ပါဝင်ကြောင်း သိရှိရပါသည်။ လက်ရှိ လှိုင်သာယာ၊ အင်းစိန်၊ မြို့နယ်များတွင်လည်း လမ်းဘေးဈေးသည်များ ဈေးရောင်းချခွင့် ကန့်သတ်ခံရ၍ နေ့စဉ် စားသောက်ဖို့ စားစရိတ်ကို ခက်ခဲစွာ ရှာဖွေနေရကြောင်း သိရှိရပါသည်။


အစအဆုံး..ကြည့်ချင် ရင်…...

Thursday, January 17, 2008

ပုဂံမြို့ ၊ မင်္ဂလာဘုရားနားက ဘုရားတစ်ဆူ၏ မျက်နှာတော်ပေါ်တွင် ပျားအုံဖွဲ့ တော့။







မြန်မာနိုင်ငံ ပုဂံမြို့ ရှိ မင်္ဂလာဘုရားနားက ဘုရားတစ်ဆူ၏ မျက်နှာတော်ပေါ်တွင် ပျားများ ပျားအုံဖွဲ့ ကာနေတာ တွေ့ မြင်ရပါတယ်။

စက်တင်ဘာလအတွင်းက ဗုဒ္ဓဘာသာသာသနာနဲ့  သံဃာတော်တွေကို ဒိဌိနအဖနဲ့  အရိုင်းအစိုင်းများကနေ မိုက်မိုက်ရိုင်းရိုင်းစော်ကားမှု ဖြစ်ပွားပြီးနောက်၊ တွေ့ မြင်ရသော ဗုဒ္ဓမြတ်စွာဘုရား၏ မျက်နှာတော်တွင် ပျားအုံစွဲခြင်းဖြစ်ပါတယ်။

အခုလို ပျားအုံဖွဲ့ ခြင်းနှင့် ပတ်သက်ပြီး အချို့ သောမိတ်ဆွေတွေကို ထင်မြင်ချက်လေးတွေ မေးကြည့်တော့ -




ယောဆရာကတော့ ဒီလိုပါတဲ့ဗျာ - ကျနော့်အနေနဲ့ကတော့ ကောင်းတဲ့အနေအထား လို့မြင်တယ်။ တိုင်းသူပြည်သားတွေအတွက် ကောင်းမွန်ခြင်းတွေ ဆိုက်ရောက်လာမယ်ပေါ့ဗျာ။ (ယောဆရာ) ။

ကိုဂျေကလည်း ပြောပြန်တယ်- လူကြီးသူမတွေကတော့ ဘုရားဆင်းတုတော်တွေမှာ အပင်ပေါက်တာ ပျားအုံဖွဲ့တာတွေကို ကြည့်ပီး တိုင်းပြည်ဒုက္ခရောက်လိမ့်မယ်လို့ ပြောကြတာ ကြားဖူးတယ်၊ ဘာ့ကြောင့်လဲဆိုတော့ ဆင်းတုတော်မှာ ပျားစွဲတာဟာ စားဝတ်နေရေး ဘေးဆိုက်မယ်လို့ ကောက်ယူကြလို့ပဲ၊ (ကိုဂျေ)။

တောကလုလင်ကတော့ - တိုင်းပြည်ပျက်မယ် အကြီးအကဲသေမယ်။ အိမ်မှာစွဲရင် လူသေတယ်။ (တောလုလင်)။

ကိုရန်နိုင်ထွန်းကတော့ အချက်အလက်နဲ့ ပြောလေရဲ့ - ရှေးကျမ်းများ အဆိုအရ ပျားအုံခြင်းတည်းဟူသော နိမိတ်သည် ချမ်းသာခြင်း ။ ကြီးပွားခြင်း။ ကံကောင်းခြင်းကို ဖော်ကျူးသော အနက်ကို ပြလေသည် ။ ဘုရား(၅) ဆင်းထု ၏ မျက်နှာ(၅) တော်တွင် ပျား(၅) အုံဖွဲ ခြင်းသည် ပုင်္ဂ(၅) တွင်ုဖြစ်တည်ခြင်းကြောင့ ကျနော်တို မြန်မာပြည်(၅) အတွက် ယခုနှစ်အတွင်း ဘေးဆိုးရန်ဆိုး အသွယ်သွယ်မှ ကင်းလွတ်ပြီး ငြိမ်းချမ်းသာယာသော အခြေအနေကို အမြန်မကြာရလိမ့်မည်ယု ယူဆပါသည်။ (၅) သည် ကြာသပတေးနံကို ဆျိုလိုပါသည်။ ဘုရား ၊ မျက်နှာ ၊ ပုဂံ၊ ပျား အားလုံး ကြာသပတေးနံ မြန်မာပြည် ကြာသပတေးနံ ဖြစ်ပါတယ်။ ဒါ့ကြောင့် အကောင်းဆုံးအခြေအနေကို မကြာခင်ပြန်လည် ရောက်တော့မည်။ (ကိုရန်နိုင်ထွန်း - ကိုးရီးယား)။

နာမည်ကျော်သတင်းဌာနတစ်ခုဖြစ်တဲ့ မဇ္ဖျိမမှာ ဖေါ်ပြထားတာကတော့ လွန်ခဲ့သည့်နှစ် စက်တင်ဘာလအတွင်း စစ်အစိုးရက ရဟန်းရှင်လူများ၏ ဆန္ဒပြမှုများကို သတ်ဖြတ် နှိမ်နင်းခဲ့သည်ကို မတွေ့လို၊ မမြင်လိုသဖြင့် ဘုရားရှင်က မျက်ကွယ် ပြုနေသည်ဟု ဒေသခံများက အယူရှိနေကြသည်။ (မဇၹ်ိမ)။

ပွင့်သစ်ကတော့ ဒီလိုတိုက်တွန်းချက်ဖြစ်နိုင်တယ်လို့  ပြောပါတယ် - ပျားအုံတွေ ဘယ်လောက်ပဲ ဖွတ်ခံရဖွတ်ခံရ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပျား မရှိပါဘူး။ ညီညီညွတ်ညွတ်နဲ့ ပြန်လည်တည်ဆောက်ကြစမြဲပါ။ အခု ဘုရားဆင်းတုမျက်နှာတော်မှာ ပျားအုံဖွဲ့ တယ်ဆိုတော့ ဘုရားသားတော်တွေကို ညီညီညွတ်ညွတ်နဲ့  ပြန်လည်တည်ဆောက်ကြလော့လို့  ဗျာဒိတ်တော်ပေးနေတယ်လို့  ယူဆပါတယ်။ (ပွင့်သစ်)။

စာဖွဲ့ ကောင်းတဲ့ မောင်ဒိုင်းက ဒီလိုစာချိုးလေးနဲ့ ပြောပါတယ် -

မျက်နှာတော် ၀ှက်တော်မူလေတော့ ခက်ချေတော်မူပြီ။

သက်သေတော်ထူလိုက်ချင်တာ၊
လူမိုက်တွေ လူရိုက်တာ ငါမမြင်ချင်ဘူးရယ်လို့၊
နင့်အပြင် နင်မိုက်လုံးရယ်နဲ့ မမြင့်ချင် မမြင်ချင် အဆုံးရယ်မို့၊
ဘုရားရှင်မျက်နှာတော်ဖုံးတယ်။

(မောင်ရင်သန်းရွှေနဲ့ အ၀ိဇ္ဖာတသင်းရယ်)
မင်းဆက်မိုက်ဦး။

(ရေးသားသီဖွဲ့ သူ - မောင်ဒိုင်း)။

အခုလို ထင်မြင်ချက်လေးများကို ပြောပြပေးကြတဲ့ မိတ်ဆွေများအားလုံးနဲ့  ၀ိုင်းဝန်းကူညီကြသူ မိတ်ဆွေများအား အထူးကျေးဇူးတင်ရှိပါတယ်။

တိုင်းသူပြည်သားများ ဘေးမသီ ရန်မခဘဲ လိုရာဆန္ဒများ အမြန်ပြည့်ဝကြပါစေ။

သာသနာတော်စောင့် နတ်ကောင်းနတ်အပေါင်းတို့ မှ ၀ိုင်းဝန်းကာကွယ်စောင့်ရှောက်နိုင်ကြပါစေ။

သာသနာတော်ကို ထိပါးစော်ကားတဲ့ မိစ္ဆာဒိဌိများ အမြန်ကျဆုံးပါစေလို့ ။

(နစ်နေမန်း)။


အစအဆုံး..ကြည့်ချင် ရင်…...

တောင်ကုတ်မြို့ က တိုက်ပွဲပြန်ခေါ်ပြီ၊ မြို့ အားလုံးက ပါဝင်ကြလော့။



(ဒီဗွီဘီမှ သတင်းအား ပြန်လည်တင်ပြခြင်း ဖြစ်ပါတယ်)။

အစအဆုံး..ကြည့်ချင် ရင်…...

Wednesday, January 16, 2008

သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့  (ထိုင်းနိုင်ငံ) ဖွဲ့ စည်း။

အစအဆုံး..ကြည့်ချင် ရင်…...

သတင်းအတိုအထွာ။

ဇန်န၀ါရီ (၁၄) ရက်နေ့ က ဒီငြိမ်းလင်း၊ ဦကျော်ဆန်း ကို ၅၀၅ ပုဒ်မ နဲ့ ဆွဲ ထားကြောင်း သိရှိရပါတယ်။ ရုံးထုတ်မည်ဟု သိရသော်လည်း မထုတ်ဖြစ်သေးပါ။

ဇန်န၀ါရီ (၁၅) ရက်က ကိုမင်းဇေယျာ ၊ ကိုအောင်သူ၊ ကိုသန်းမြင့် ၊ ကိုမြင့်ဟန် ၊ ကိုအောင်သန်းမြင့် ၊ ကိုတင်ဝင်း ၊ ကိုအောင်ကျော်ကျော် ၊ ကိုအောင်နိင် နှင့် ကို ကို တို့ ကို သီးသန့် ကနေ မိန်းကို ပြောင်းရွေ့ လိုက်ကြောင်းသိရှိရပါတယ်။ ဘာကြောင့် ပြောင်းရွေ့ တယ်ဆိုတာကိုမူ မသိရသေးပါ။

ဇန်န၀ါရီ ၁၆ ရက်က မောင်စည်သူမောင် ( ၂၁ နစ်)၊ မောင်ရဲ့ မြတ် ဟိန်း ( ၁၇ နစ် )၊ မောင်ရဲ မင်းဦး ( ၂၂ နစ် )၊ ကိုကြည် ဖြူနှင့် ဦးသိန်းဆွေ တို့ ကို ၅၀၅ (ခ) နဲ့  ဗဟန်းမှာ ရုံးထုတ်မည်ဟု သိရှိရပါတယ်။ ပုဒ်မ - ၅၀၅ ၊ ၅၀၅ ( ခ ) ဆိုသည်မှာ ဆူပူလှုံဆော်မှု နှင့်စပ်လျဉ်းပါသည်။
ထောင်ပြောင်းရွှေ့ မှုနဲ့ ပတ်သက်ပြီး ဘာကြောင့်ပြောင်းရွှေ့ တယ်ဆိုတာကို မသိရသေးပါ။

အစအဆုံး..ကြည့်ချင် ရင်…...

Tuesday, January 15, 2008

သန်းရွှေရဲ့  သားကြီး ထွန်းနိုင်ရွှေ။




သန်းရွှေ သားအကြီး ထွန်းနိုင်ရွှေ (ခ) ထွန်းထွန်းနိုင် ဖြစ်ပါတယ်။

သူဟာ စီးပွားရေးသက်သက်သာလုပ်ပေမယ့် သန်းရွှေရဲ့ သားသမီးများထဲမှာ အဆင်းရဲဆုံးပါတဲ့ဗျာ။ သူဆင်းရဲလွန်းပြီး ပိုင်ဆိုင်မှုတွေကတော့ အိမ်ကြီး (၁၂) လုံးရှိပါသတဲ့။ ပြီးတော့ ဂျေဒိုးနပ် (J Donuts) ဆိုင်များ၊ မိုင်မေးက် (My Milk)၊ စားသောက်ဆိုင်များနဲ့  အခြားသော သွင်းကုန်ပို့ ကုန် ကန်ထရိုက်တွေ ပိုင်ဆိုင်ပါတယ်။ ဒီပိုင်ဆိုင်မှုတွေထဲက ရှယ်ယာ ၃၅% ဟာ သူ လုံးလုံးပိုင်တာဖြစ်ပြီး ကျန်တဲ့အစုရှယ်ယာတွေကတော့ မြန်မာပြည်ဖွား တရုတ်စီးပွားရေးသမားတွေ ပိုင်ဆိုင်တာလို့  သိရပါတယ်။ သူနဲ့  အတူတူ စီးပွားရေးလုပ်ဘက်တွေပါ။



ဒီ့အပြင် သူ ပိုင်ဆိုင်တာတွေကတော့ ဒင်ဆမ် (Dim Sum) ဆိုင်များ၊ ထိုင်းနိုင်ငံမှ သွင်းကုန်ပစ္စည်းများ (Queen Orange Juice Concentrates)၊ နိုက်ကလပ်များ(Dream JellyJ-J Night Club
)၊ ကာရာအိုကေပါရှိသော ထိုင်းစားသောက်ဆိုင်တို့ အပြင် အခြားသောလုပ်ငန်းပေါင်းမြောက်မြားစွာရှိပါတယ်။ မြန်မာနိုင်ငံမှာတင်မက တရုတ်၊ ထိုင်းနိုင်ငံနဲ့  အင်ဒိုနီးရှားတို့ မှာလည်း သူပိုင် စီးပွားရေးလုပ်ငန်းတွေ ရှိတယ်လို့  သိရှိရပါတယ်။

နောက် ထွန်းနိုင်ရွှေဟာ သူရဲ့ ငယ်သူငယ်ချင်းဖြစ်သူ (ဦးအောင်သိန်းရဲ့ သား) ဂျိုးဆက်ခင်မောင်သိန်းနဲ့  စီးပွားရေးအတူတူလုပ်ကြပြီး နှစ်ဦးအတူပိုင်တာကတော့ J & J company ဖြစ်ပါတယ်။ ထွန်းနိုင်ရွှေ ပိုင်ဆိုင်တဲ့ ထိုင်းနိုင်ငံက စီးပွားရေးလုပ်ငန်းများကို ဂျိုးဆက်က တာဝန်ယူကြီးကြပ်ပေပြီး၊ တရုတ်ပြည်က စီးပွားရေးလုပ်ငန်းတွေကိုတော့ ဂျိုးဆက်ရဲ့ ညီမ ကာရိုလ်က တာဝန်ယူကြီးကြပ်လုပ်ကိုင်ပေးနေပါတယ်။

ထွန်းနိုင်ရွှေရဲ့  ပိုင်ဆိုင်မှုတွေအားလုံးဟာ တကယ်တော့ သူ့ အဖေ သန်းရွှေ အာဏာကြောင့်ပါ။ ပြီးတော့ တိုင်းပြည်ပိုင် သယံဇာတတွေကို မောင်ပိုင်စီးထားကြတဲ့ သူတို့ မိသားစုတစ်စုလုံး ဘုန်းထားကြတဲ့ ငွေတွေနဲ့  လုပ်ဆောင်နေကြတဲ့ စီးပွားရေးတွေပါ။

ကျွန်တော်တို့  ပြည်သူတွေအတွက် အကျိုးအမြတ်တစ်ခုမှ မရှိပါဖူး။ ပြည်သူတွေရဲ့  သွေးချွေးတွေနဲ့  ရလာတဲ့ငွေကြေးလေးတွေအပေါ်မှာတောင် အမြတ်ထပ်ထုပ်ပြီး ရောင်းချနေတဲ့ လုပ်ငန်းတွေပါ။ ဒီတော့ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့  သန်းရွှေမိသားစုပိုင်၊ ထွန်းနိုင်ရှေပိုင်၊ သူတို့ ရဲ့ အပေါင်းအပါပိုင် စီးပွားရေးလုပ်ငန်းတွေ (ဥပမာ - ဂျေဒိုးနပ်ဆိုင်က အစ) အခြားသောလုပ်ငန်းများနဲ့ ဆိုင်တာတွေကို လုံးဝမသုံးစွဲ မ၀ယ်ယူဘဲ တစ်ဦးချင်းစီက အသိစိတ်ဓါတ်ရှိရှိနဲ့  သပိတ်မှောက်ဖို့ သင့်ပါတယ်။

အစအဆုံး..ကြည့်ချင် ရင်…...

LA မြို့ မှ Freedom Concert For Burma

ဒီဗွီဘီ (DVB - http://www.dvb.no/) တေးဂီတအစီအစဉ်မှ တင်ဆက်သော ဂီတထဲက ဘ၀၊ ဘ၀ထဲက ပုံရိပ်အချို့ မှ တေးသံရှင် လာရှိုးသိန်းအောင် (Jimmy Jack) ။

အပိုင်း (၁) http://www.youtube.com/watch?v=7LKaQpip7i4&feature=related

အပိုင်း (၂) http://www.youtube.com/watch?v=iM1AM3v6LZg&feature=related

အစအဆုံး..ကြည့်ချင် ရင်…...

Sunday, January 13, 2008

သတင်းအတိုအထွာ။

သတင်း (၁)။

ပျဉ်းမနား နေပြည်တော်ဘူတာရုံတွင် ဗုံတစ်လုံးပေါက်ကွဲပြီးနောက် ဖြူးမြို့ တွင်လည်း ဗုံးတစ်လုံး ထပ်မံပေါက်ကွဲခဲ့ရာ တစ်ဦးသေဆုံးသွားပြီး လေးဦးဒဏ်ရာရရှိသွားပါသည်။ ယနေ့  နေ့ လည် (၂း၃၀) နာရီခန့် တွင် ရန်ကုန်မြို့  ဘူတာကြီးတွင်လည်း ဗုံးတစ်လုံးပေါက်ကွဲရာ အသက် (၆၃) နှစ် အမျိုးသမီးကြီးတစ်ဦး သေဆုံးသွားကြောင်း သိရှိရပါသည်။ အမြန်ယာဉ်လက်မှတ်ရောင်းသည့် ရေစင်အောက်တွင် ထောင်ထားသောဗုံး ပေါက်ကွဲခြင်းဖြစ်သည်ဟု ကြားသိရပါသည်။ ၄င်းရှေ့ရှိ Asia Plaza Hotel နားတစ်လျှောက်တွင် အသံကျယ်လောင်စွာ ကြားကြရကြောင်း သိရှိရပါသည်။

သတင်း (၂)။

စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး တွင် ရဟန်းသံဃာများနှင့် ပြည်သူများအား ရက်ရက်စက်စက် ပစ်ခတ် ရိုက်နှက် ဖမ်းဆီးရာတွင် ဦးဆောင်ခဲ့သော စွမ်းအားရှင်ကြံ့ ဖွတ်များအား လူမှုထူးချွန်ဆုတံဆိပ်များ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ ဆုတံဆိပ်များ ရရှိသွားကြတဲ့ အဆိုပါ စွမ်းအားရှင် ကြံ့ဖွတ်များသည် အနှိပ်ခန်းများတွင် ရှယ်ယာများထည့်ဝင်၍ အကာအကွယ်ပေးထားကြောင်း သိရှိရပါသည်။ ကိုယ်တိုင်ရှယ်ယာများ ထည့်ဝင် ထားခြင်းမရှိသော ကြံ့ ဖွတ် များမှာလည်း နဂိုဆက်ကြေး တောင်းခံသော ရဲများ၏နေရာတွင် အစားဝင်၍ ၎င်းတို့အား ကောင်းမွန်စွာ ဆက်ဆံပါက အကာအကွယ်ပေးထားကြောင်း သိရှိရပါသည်။ ယခင် အနှိပ်ခန်းများတွင် ဆက်ကြေးတောင်း၊ မိန်းကလေးများနှင့် ကဲချင်တိုင်းကဲနေသော နယ်မြေခံရဲများမှာ ၎င်းစွမ်းအားရှင်များရှိပါက ရှောင်ပေးရကြောင်း သိရှိရပါသည်။ မြို့  နယ်များထဲမှ ရန်ကုန်တိုင်း လမ်းမတော်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ ၇ လမ်း၊ အမှတ် ၄၄ နေ ကြံ့ဖွတ် စွမ်းအားရှင် ဆွေအောင်ဆိုသူသည် စက်တင်ဘာလ တွင် ရဟန်းသံဃာများ နှင့် ပြည်သူများအား ရိုက်နှက်ရာတွင် စွမ်းစွမ်းတမံ ဦးဆောင် ခဲ့၍ ယခုနှစ်တွင် လူမှုထူးချွန် တတိယအဆင့် ပေးအပ်ခြင်းခံရသည်။ ၎င်းသည် လမ်းမတော်မြို့နယ် ၁၄ လမ်း၊ အိမ်အမှတ် (၆၉)၊ ပထမထပ်တွင် ဖွင့် လှစ်ထားသော သံစဉ် Beauty Saloon ဟု အမည်ခံထားသော ပြည့်တန်ဆာလုပ်ငန်းတွင် အစုရှယ်ယာများ ထည့်ဝင်ထားပြီး အကာအကွယ် ပေးထားကြောင်း သိရှိရပါသည်။

အစအဆုံး..ကြည့်ချင် ရင်…...

တွေ့ တော့ တွေ့ တာဘဲ၊ တိုင်းပြည်နဲ့ပြည်သူကို ဘာမှမချပြဘဲနဲ့  ဒီအတိုင်းတွေ့ နေတာ နအဖဘက်က မရိုးသားမှုဘဲ။

အစအဆုံး..ကြည့်ချင် ရင်…...

Saturday, January 12, 2008

ပြည်တွင်းသတင်း အတိုအထွာ။

နအဖကနေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့  အခြေအနေနဲ့ ပတ်သက်ပြီး ရေချိုးခန်းရှိ တဲ့ ကိုမင်းကိုနိုင် ၊ ကိုသိန်းဆွေ အစရှိသူတို့ကို အဆောင်မှ လုံးဝ အပြင်မထုတ်ပါ ။ လုံးဝ အပြင်မထွက်ရပါ ။ ရေချိုးခန်း မရှိတဲ့ ရှင်သုတဥာဏ.... ၊ ကိုကိုကြီး ၊ ကိုဌေးကြွယ် ၊ ကိုမြအေး ၊ ကိုမာကီး ၊ ကိုဂျင်မီ ၊... အစရှိသူ တို့ကို မနက် - ၁၅ မိနစ် မျက်နှာသစ် ထုတ် ၊ နေ့လည် - ၁၂:၀၀ မှ ၁:၀၀ ထိ ရေချိုး ၊ အ၀တ်လျှော် လမ်း လျှောက် ထုတ် ။ စုစုပေါင်း တရက်လျှင် (၁ နာရီ နှင့် ၁၅ မိနစ်) သာ အဆောင် အပြင်ထွက်ရသည် ။

ကိုလှမျိုးနောင်....စတင် အဖမ်းခံရစဉ် ဘယ်ဘက်မျက်လုံး အခြေအနေ ဆိုးရွားနေခဲ့ပါသည်။ အင်းစိန်ဆေးရုံ တွင် ခွဲစိတ် ၊ ဆရာဝန်မှ ဆေးရုံတွင် အနားယူရန် လိုဟုဆို ၊ S.B မှ ပယ်ချ ၊ အင်းစိန်ထောင်သို့ အတင်း ပြန် ခေါ်၍ စစ်ကြောရေး ပြန်ဝင် ၊ ပြီးနောက် ထွက်ချက်ကို လတ်မှတ်ထိုးရန် အတင်းအကျပ်ဖတ်ခိုင်းရာမှ ဘယ် ဘက် မျက်လုံး ကွယ်သွားရခြင်း ဖြစ်သဖြင့် န.အ.ဖ တွင် လုံးဝ တာဝန်ရှိပါသည် ။

အစအဆုံး..ကြည့်ချင် ရင်…...

Thursday, January 10, 2008

ကျောင်းသားတပ်မတော်၏ ၂၀၀၈ ခုနှစ် ပြက္ခဒိန်။


အစအဆုံး..ကြည့်ချင် ရင်…...

ငနွားများကခိုင်းသော နွားစွမ်းအင်။

"တိရိစ္ဆာန်စွမ်းအားဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ကြောင်း လက်တွေ့ပြ" တဲ့။ ဟားဟား… တော်တော် ရယ်စရာ ကောင်းပါတယ်။ ကိုနစ်နေမန်းဘလော့က ဒီဟာကို ပြန်ဖတ်မိတိုင်း ကျွန်တော် မ ရယ်ဘဲ နဲ့ မနေနိုင် ပါဘူး။ ပထမဆုံးတစ်ခေါက် ဖတ်မိတုန်းကဆို ကျနော်ခွက်ထိုး ခွက်လှန်အောင်ကိုတောင် ရယ်မိပါတယ်။

ကွာ…ဒီခေတ်ကြီး လျှပ်စစ်ဓာတ်အားရဖို့ နေစွမ်းအားတို့၊ နျူးကလီးယားစွမ်းအားတို့ လုပ်နေချိန်မှာ မြန်မာက နွားစွမ်းအားဆိုပြီး အကြီး အကျယ်လုပ်နေတာ တော်တော်ရယ်စရာလည်းကောင်း၊ ရှက်ဖို့လည်းကောင်းပါ တယ်။ ဒါတောင် နှစ်ပေဖန်ချောင်းအတွက်တဲ့။ သေ လိုက် ပါတော့ဗျာ။ ကမ္ဘာသိ ကြေငြာမောင်းခတ်ပြီး ကိုယ့် ပေါင် ကို ဆယ်ခါပြန် လှန်ထောင်းပြနေတာကတော့ တကယ်ကို စံတင်လောက် တယ်။

မြန်မာတွေခမျာ ရေနံတို့၊ ဓာတ်ငွေ့တို့ကို ကျောခုပြီး အိပ်နိုင်ပေမယ့် ဓာတ်ငွေ့ဆိုတာကိုတောင် ဂျိုပါလား မပါ လား မသိကြဘူးလို့ဆိုပြီး သူများတွေက စစ်အစိုးရ ဘယ်လောက် ဖျင်းကြောင်း ပြောထားတာကို တို့ဆရာ့ ဆရာကြီးတွေကိုယ်တိုင်က ၀င့်ဝင့်ကြွားကြွား သက်သေ ထူပြလိုက်သလိုပါပဲ။ သူတို့ခေတ်ကြီးမှပဲ မြင်း ကောင်ရေအားလို့ မပြောရဘဲ နွားကောင်ရေအားတို့၊ ကျွဲကောင်ရေအားတို့ လုပ်ရ၊ ပြောရ တော့ မလိုပဲ။ နွားမ ပြောနဲ့။ ကျွဲမပြောနဲ့။ အဲဒီနည်းနဲ့ဆို ခွေးတောင်ဖြစ်တယ်။ စိတ်ဝင်စားတယ်ဆိုရင် လူတောင် ၀င်ဆွဲလို့ရသေး တယ်။

စစ်အစိုးရက ဖျင်းဆိုလည်း ဖျင်းလွန်းပါတယ်။ ကြည့်လေ.. တိရိစ္ဆာန်စွမ်းအားကနေ လျှပ်စစ်ရတာကိုများ စာဖွဲ့ ပြီး ကြီးကြီးကျယ်ကျယ် လုပ်နေတယ်။ နွားနဲ့ ကြိတ်ဆုံလှည့်ပြီး ဆီထုတ်တာလောက် ဘာဆန်းလို့လဲ။ အကယ်၍ တိရိစ္ဆာန်တွေရဲ့ အာပုပ်ကနေ ဓာတ်ငွေ့ထုတ်၊ အဲဒီဓာတ်ငွေ့ကနေ လျှပ်စစ်ပြောင်း ဆိုရင်တော့ တမျိုးပေါ့။ ထားပါ။ ပုံစံက အစိုးရက ပြည်သူတွေလျှပ်စစ်အလုံလောက် ရရှိရေးအတွက် နည်းအမျိုးမျိုး တီထွင်ကြံဆ ပေး နေတယ်ပေါ့လေ။ ရီချင်လိုက်တာ။ ဖျင်းနေတယ်ဆိုနေမှတော့ ဘာပဲလုပ်လုပ်၊ ဘာပဲပြောပြော ဖျင်းတာက တော့ ဘူးပေါ်သလိုပေါ်နေမှာပဲ။

သူများနိုင်ငံတွေကတော့(ဘယ်ကောင်တွေလဲလို့ မပြောလည်း သိကြပြီးသားပါ) မြန်မာထိကို ခြေဆန့်ပြီး ကိုယ့်နိုင်ငံအတွက် ဆိုပြီး လျှပ် စစ် တွေ၊ ဓာတ်ငွေ့တွေကို ဖားယူထုတ် နေကြတာ။ စစ်အစိုးရကတော့ ကိုယ့်နိုင်ငံထဲကိုဝင်ပြီး ကိုယ့်နိုင်ငံကို ဘာအကျိုးအမြတ်မျှ မဖြစ် ထွန်း စေဘဲ ကြိုက်သလို ခြယ်လှယ် အကောက်ကြံအနိုင်ကျင့်နေတဲ့ ကောင်တွေကို ခေါင်းလေးငုံ့ပြီး သခင့်စေရာ၊ သခင့်လိုရာ လုပ်ပေးနေတာ ကတော့ ဖျင်းလွန်း၊ တုံးလွန်းပါတယ်။

ထွီ..တိုင်းတစ်ပါး ကျွန်လုပ်နေပြီး ဒါတောင် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးတဲ့။ မျိုးချစ် စိတ်ဓာတ်ဆိုတာ ကိုယ်နိုင်ငံ၊ကိုယ့်လူမျိုး အတွက် ဦးဆုံးကြည့်ပေးတတ်ရတယ်၊ ကာကွယ်ပေးတတ်ရတယ်၊ မြှင့်တင်ပေးတတ်ရတယ်။ ငါ့လူမျိုးတွေ အဆင်ပြေပြီလား၊ ငါ့လူမျိုး တွေ အစစအရာရာ ဖူလုံရဲ့လား။ ငါ့ လူမျိုးတွေ တိုးတက်နေပြီလား။ ငါ့လူမျိုးတွေ လူမျိုးခြားတွေ ကြားမှာ မျက်နှာပန်းလှရဲ့လား။ ငါ့ လူမျိုးကမ္ဘာ့ အလယ်မှာ လက်မထောင်နိုင်ရဲ့လား ဆိုတာတွေကို ကြည့်ပေးတတ်ရတယ်။

ဒီလောက် သံယာဇာတတွေ၊ လုပ်နိုင်မှုအခြေနေတွေ ပေါများတဲ့ ကိုယ့်နိုင်ငံမှာ ကိုယ့်လူမျိုးတွေ လျှပ်စစ် မီးတောင် လုံလုံလောက်လောက် မလုပ်ပေးနိုင်ဘူးဆိုရင် အမျိုးမစစ်လို့ အမျိုးမချစ်တာလား လို့ မေးချင်စရာပါ။ သန်းရွှေတို့၊ မောင်အေးတို့ဆိုတာ ဂျပန်လက်ကျန်တွေ လား၊ အင်္ဂလိပ်လက်ကျန်တွေလား လို့တောင်မေး လိုက်ချင်ပါတယ်။ (ဂျပန်၊ အင်္ဂလိပ်တွေကြားလျှင် အသဲတဆတ်ဆတ်တောင် ဖြစ်နေ အုံး မယ်၊ စစ်အစိုးရတွေ ကန်းကုန်အောင် တိရိစ္ဆာန် ဆန်နေကြလို့ပါ)။

ပြောလိုက်သေးတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်မှု မရှိသည့် တိရိစ္ဆာန်စွမ်းအားတဲ့။ လေသံက သဘာဝပတ်ဝန်းကျင် အထိ တောင် အလေးထားတယ်ပေါ့။ ကြားရသူတိုင်း မရယ်ချင်တောင် ပြုံးမိမှာ သေချာ ပါတယ်။ ဘယ့်နှယ်… လူကိုတောင် အရေးမထားတာ။ ကြောင်သူတော်လုပ်ပြီး သဘာဝပတ်ဝန်းကျင်တွေ ဘာ တွေဆိုပြီး လျှာရိုးမရှိ လျှောက်ပြောနေသေးတယ်။ သဘာဝပတ်ဝန်းကျင်ကို ဒီ လောက် တောင် အရေးစိုက် တယ်ဆိုရင် ဘာလို့သဘာဝဓာတ်ငွေ့တွေကို ထင်းအစား၊ ၀ါးအစား အစားထိုးနိုင်ဖို့ ပြည်သူတွေအတွက် မစဉ်း စားဘဲ တွေ့သမျှ သဘာဝဓာတ်ငွေ့သိုက်တွေကို ရောင်းစားနေရတာလဲ။

အလကားပါ။ အစိုးရဖျင်းပုံများ…လုပ်မတတ်အောင်ကို ဖျင်း။ ပြောမတတ်အောင်ကိုဖျင်း။ တွေးမ တတ်အောင်ကိုဖျင်း။ ဖျင်း...ဖျင်း…ဖျင်း နေတာမှ ကန်းကုန်ပဲ။ ဘာမှ မဆင်ခြင်တတ်တဲ့ အထိတောင် ဖျင်းတာ။ မဆင်ခြင်တတ်တော့လည်း မိုက်တာပဲ။ ဒီအတိုင်းသာ ဆက်မိုက် နေမယ်ဆိုရင် ငယ်ငယ်တုန်းက ရွတ်ခဲ့တဲ့ ကဗျာတစ်ပုဒ်ထဲက ကုဋေကြွယ်သူဌေးသားလေးလို မြန်မာမှာ သံယံဇာတတွေ ကုန်ခန်းလို့ စစ် အစိုးက "ခွက်လက်ဆွဲကာ တောင်းစားပါလျှင်" တရုတ်၊ ရုရှား၊ ဖော်လံဖားတို့က "နင်သာလူမိုက်၊ ဒုစရိုက်ဟု၊ ရိုက်ပုတ်လိုက်ကြ၊ ရွာမှ ထွက်လျှင်၊ တောမှသေ" ပြီး "ကောင်သေ လင်းတကျ" မယ့် ဘ၀ရောက်မှာကို သူတို့အတွက်တွေးမိပြီးတော့ ၀မ်းမနည်းပေမယ့် မြန်မာတစ်ယောက်အနေနဲ့ သူတို့အစား အခါတစ်ရာပြန် ကြိုတင် ရှက်နေ မိ တာတော့ အမှန်ပါပဲ။

(ရေးသားသူ - မောင်သ)။

အစအဆုံး..ကြည့်ချင် ရင်…...

အသေလှပချင်ရင်၊ ဘ၀အကူးကောင်းချင်ရင်၊ မိုက်ကြွေးသက်သာချင်ရင်။


၂၀၀ရ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းကစပြီး နအဖခေါင်းဆောင်သန်းရွှေရဲ့  ကျန်းမာရေး အခြေအနေ ဟာ တရှိန်ထိုး ကျဆင်းသွားခဲ့တာ အများအမြင်ပါဘဲ။ အခုဆိုရင် သိသိသာသာကြီး နောက်က လူတစ်ယောက် က နေ လိုက်တွဲပေးနေရတဲ့ အခြေအနေရောက် နေပြီ။

မသေခင်မှာ ပြုလုပ်ခဲ့သမျှ အမှားတွေ သံဃာနဲ့ ပြည်သူတွေကို သတ်ဖြတ် စော်ကားခဲ့တဲ့ လုပ်ရပ်တွေ အတွက် အမြင်မှန်ရပြီး သူရဲ့ နောက်လိုက်ငယ်သားတွေနဲ့  တစ်ကွ တိုင်းပြည်ကို ၀န်ချတောင်းပန်ပြီး မတရား ယူထားတဲ့အာဏာ ကို ပြည်သူထံ အမြန်ပြန်အပ်မယ် ဆိုရင်တော့ အသေဖြောင့်ပြီး မိုက်ကြွေးမိုက်ပြစ် တွေအ တွက် အ၀ီစိငရဲမှာ သက်သာ ကောင်းပါရဲ့ ။

ကျန်ရစ်သူများကလည်း အာဏာပါဝါကို လက်နက်အားကိုး နဲ့  ဘယ်လိုအုပ်ချုပ် ဘယ်လောက် အုပ်ချုပ်ချုပ် တစ် နေ့ ကြရင် သေလမ်း သွားကြရမှာမို့  ငြိမ်းချမ်းခြင်း အစစ်အမှန်ကိုရစေတဲ့ သန့် ရှင်း မွန်မြတ်တဲ့ လုပ်ရပ်တွေ ကိုလုပ်ပြီး၊ လူသားအချင်းချင်း နှိပ်စက် သတ်ဖြတ်ခြင်းမျိုး မလုပ်ကြဖို့ လိုပါတယ်။ ဘ၀နိဂုံး မကောင်းခဲ့ကြတဲ့ နေ၀င်းတို့ ၊ မသေခင် ဘ၀ ကံကြမ္မာ တပတ်လည် ခံနေရတဲ့ ခင်ညွန့် နဲ့  အချို့ သော ဗိုလ်ချုပ်ကြီးတွေရဲ့  နေ့ မြင် ညပျောက် အာဏာပြုတ်ခဲ့ရတဲ့ သာဓကတွေကို မြင်သင့်နေကြပါပြီ။

(ဓါတ်ပုံအား မဇ္ဈီမမှ တစ်ဆင့်ပြန်လည်ဖေါ်ပြပါသည်)။

အစအဆုံး..ကြည့်ချင် ရင်…...

Wednesday, January 9, 2008

ပြည်သူ့ အာဇာနည် သက်ပိုင်စိုး နှင့် ကိုကိုဝင်း။





ဒီနေရာမှနေ ဂုဏ်ပြုလိုက်ပါတယ်။ ပြည်သူ့ အတွက် အသက်စွန့် လွှတ်အနစ်နာခံခဲ့ကြသော သက်ပိုင်စိုးနှင့် ကိုကိုဝင်း တို့ ကို ဂုဏ်ပြုရင်း ကျွန်တော် တို့ တစ်တွေ အာဏာရှင်အုပ်စုကို ဆက်လက် တိုက်ပွဲဝင် ကြမယ်။

အစအဆုံး..ကြည့်ချင် ရင်…...

အသည်းနာကမ္ဘာမကြေ။



နာမည်ကျော် မြန်မာတေးသံရှင် မာမာအေးမှ ၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်းက ပျံလွန်တော်မူခဲ့ကြသော သံဃာတော်များ အား ဂုဏ်ပြုသီဆိုထားပြီး၊ တေးရေး မေမြန်မာမှ ရေးသားသီဖွဲ့ ကာ မသီတာမှတင်ဆက်ပြီး ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) မှ ထုတ်လွှင့်ပါသည်။

http://www.youtube.com/dvbmtv

http://www.youtube.com/v/jQR_fDBSTR8

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ - DVB www.dvb.no) မှတစ်ဆင့် ပြန်လည်ဖေါ်ပြပါသည်။

အစအဆုံး..ကြည့်ချင် ရင်…...

ကြောက်တယ်ဆိုတာ ညံ့ဖျင်းတာဘဲ။ အကြောက်တရားများမှ ကင်းဝေးကြပါစေ။

အစအဆုံး..ကြည့်ချင် ရင်…...

ငြိမ်းချမ်းရေးလမ်းလျှောက်မှုအား အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သော မြန်မာနိုင်ငံရဟန်းတော်များအား အပြည့်အ၀ ထောက်ခံအားပေး ဂုဏ်ယူပါကြောင်း။

အစအဆုံး..ကြည့်ချင် ရင်…...

 
/* EOT ----------------------------------------- */