Monday, March 31, 2008

တာဝန်ကျေပါတယ်.ဦးမြင့်သိန်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် )





အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ပြန်ကြားရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သိန်းရဲ့ ဈာပန အခန်းအနားကို စင်ကာပူရှိ မန်ဒိုင်း Mandai သုဿာန်မှာ မတ် လ ၃၀ ရက်နေ့ ညနေ ၇ နာရီ ၃၀မိနစ် မိသားစုဝင်များ ဖြစ်တဲ့ ဇနီးဖြစ်သူနဲ့  သားဖြစ်သူတို့ အပါအ၀င် စင်ကာပူရှိ မြန်မာ့ဒီမိုကရေစီလိုလားသူများ နှင့် မိတ်ဆွေ အပေါင်း အပါများ လိုက်လံ ပို့ ဆောင်ခဲ့ပါတယ်။ ညနေ (၇)နာရီ (၁၅) မိနစ်ခန့် မှာ ဦးမြင့် သိန်းရဲ့ ရုပ်ကလပ်ကို ရေခဲတိုက် မှ သယ်ဆောင် လာပြီး ဈာပနအခန်းအနားကို စတင်ခဲ့ပါတယ်။

ဦးမြင့်သိန်းရဲ့ ဈာပန အခန်းအနားကို စင်ကာပူရှိ သံဃာတော်များမှ သရဏဂုံတင်ပေးပြီး ပရိတ် တရား တော် များကို ကြားနာခဲ့ကြပါတယ်၊ ၄င်းနောက် စင်ကာပူရှိသံဃာတစ်ပါးမှ ဦးမြင့်သိန်းရဲ့  ဒီမိုကရေစီ ရေးအ တွက် စိတ်ဓါတ်နဲ့ ခံယူချက်ကို လေးစားဂုဏ်ယူကြောင်း ယခုကဲ့သို့ အသက်ဆုံးရှုံးသွားသည့် အချိန်အထိ မြန် မာ့ ဒီမိုကရေစီ အရေးအတွက် ပြည်သူ့ တွေအပေါ်မှာနဲ့  မဲဆန္ဒရှင်များအပေါ်မှာ သစ္စာရှိရှိအသက်နဲ့  ခန္ဓာကိုယ် ကို စတေးခဲ့တဲ့အထိ တာဝန်ကျေပွန်ခဲ့တဲ့အတွက် အထူးပဲလေးစားဂုဏ်ယူကြောင်းပြောကြားခဲ့ပါတယ်။ ထိုသို့ ပြောကြားရာမှာ ဦးမြင့်သိန်းကဲ့သို့  နောင်လာနောက်သားများဟာလဲ မြန်မာ့ဒီမိုကရေစီ အရေး အတွက် ဆက် လက် တိုက်ပွဲဝင်သွားဖို့ ကို ဆရာတော်မှမှာကြားသွားပါတယ်၊ ဆရာတော် ဟောကြားသွားတဲ့အထဲမှာ ကွယ်လွန်သူ ဦးမြင့်သိန်း အား ကောင်းရာ သုဂတိရောက်ပါစေ လို့ ဆုတောင်း ပေးလိုပါကြောင်း နဲ့ ၊

အကယ်၍ များ နောင်ဘ၀မှာ လူပြန်ဖြစ်ခဲ့ရင် လွတ်လပ်ပြီး တရားမျှတတဲ့ တရားဥပဒေ စိုးမိုးမှုရှိ တဲ့ နိုင်ငံမှာသာ လူ့ ဘ၀အဖြစ် ပြန်လည် အသက်ရှင်နိုင်ပါစေလို့  အထူးဆုမွန်ကောင်း တောင်းလိုက်ရပါကြောင်းဆိုပြီး ထဲ့သွင်း ပြော ကြားသွားပါတယ်၊ ၄င်းနောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ၊ မွန်ပြည် နယ် အတွင်းရေးမှုး၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် (ကျိုက်မရောမြို့ နယ်)မှ ကွယ်လွန်သူ ဦးမြင့်သိန်း အား လေးစား ဂုဏ်ပြုသောအားဖြင့် ဈာပန အခန်းအနားကို တစ်မိနစ်ငြိမ်သက်၍ ၀မ်းနည်းစွာဖြင့် ဂုဏ်ပြုကြပါတယ်။ ဆက်လက်ပြီး ဈာပနအခန်းအနားတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် မှ အမိန့် ပြန်တမ်းကို စင်ကာပူရှိ မြန်မာ မျိုးချစ် မြန်မာမျိုးချစ် လူငယ်များ အဖွဲ့ မှ ဦးဆောင် ဖတ်ကြားခဲ့ပါတယ်။

အဖွဲ့ ချုပ် ဗဟို ရဲ့ အမိန့် ပြန်တမ်း ဖတ်အပြီးမှာပဲ တက်ရောက်လာသူ အပေါင်းမှ မြန်မာနိုင်ငံတော်သီချင်းဖြစ်တဲ့ ကမ္ဘာမကြေသီချင်းကို ၀မ်းနည်း ကြောင်း အထိမ်းအမှတ် အဖြစ် သံပြိုင် သီဆိုခဲ့ကြပါတယ်၊ ၄င်းနောက် စင်ကာပူမြန်မာမျိုးချစ်လူငယ်တစ်ဦးမှ ဦးမြင့်သိန်းရဲ့ နောက်ဆုံးခရီးမှာ စင်ကာပူရောက် ဒီမိုကရေစီ လိုလားသူများမှ မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုက ရေစီပေါ်ပေါက်လာတဲ့အထိ ဆက်လက် တိုက်ပွဲဝင်သွားကြဖို့  ဈာပနအခန်းအနား တက်ရောက်လာသူများကို တိုက်တွန်း သွားပါတယ်၊ နောက်ဆုံးအနေနဲ့ သားဖြစ်သူ ကိုအောင်သူရ မှ ဖခင်ဖြစ်သူအတွက် ၀ိုင်းဝန်းကူညီ ပံ့ပိုးလုပ်ဆောင်ပေးခဲ့သူအပေါင်းနဲ့ ဈာပနအခမ်းအနားကို တက်ရောက်လာသော ဒီမိုကရေစီ ဘက်တော်သား များအားလုံးကို အထူး ကျေးဇူးတင်ကြောင်း ပြောကြားသွားခဲ့ပါတယ်၊

နောက်ဆုံးအနေနဲ့  ကွယ်လွန်သူဦးမြင့်သိန်းရဲ့ ရုပ်ကလပ်ကို လွမ်းခြုံထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်အ လံကို စင်ကာပူ မျိုးချစ်မြန်မာများ အဖွဲ့ သားများမှ သားဖြစ်သူ ကိုအောင်သူရကိုပေးအပ်လိုက်ပြီး ဦးမြင့် သိန်း ၏ ရုပ်ကလပ်ကို မီးသင်္ဂြိုလ်စက်သို့ သယ်ဆောင်သွားခဲ့ပါတယ်။ ဦးမြင့်သိန်း ရဲ့ ရုပ်ကလပ်ကို မီးသင်္ဂြိုလ် နေချိန်မှာ ကမ္ဘာမကြေဘူး ဆိုတဲ့ ၈၈ အရေးအခင်းမှာ နာမည်ကြီးခဲ့တဲ့ သီချင်းကို သံပြိုင်သီဆိုပြီး ၀မ်း နည်း မျက်ရည်များဖြင့် တက်ရောက်လာသူများ ငိုကြွေးရင်းသီဆိုခဲ့ကြပါတယ်။ ဈာပနတက်ရောက်လာသူများကို ယပ် တောင်များနှင့် အရှင်ဆန္ဒာဓိက ရေးသားတဲ့ တကယ်မသေခင် အစမ်း သေကြည့်ကြရအောင် ဆိုတဲ့စာအုပ်နဲ့ အနှိုင်းမဲ့အဖေါ် စာအုပ်တို့ ကို ဓမ္မလက်ဆောင် အဖြစ်ဖြန့် ဝေခဲ့ပါတယ်။ လာမည့် ဧပြီလ (၃)ရက်နေ့  ကြာ သာ ပတေးနေ့  နေ့ လည် (၁၁)နာရီမှာတော့ တိုပါးရိုး မြန်မာ ဘုန်းတော်ကြီးကျောင်းမှာ ရက်လည် ဆွမ်း ကပ်တရား နာ ပြုလုပ်မယ်ဆိုတာကိုလည်း ကျန်ရစ်သူမိသားစုမှ ဖိတ်ကြားထားကြောင်း သတင်း ရရှိပါ တယ်။

အစအဆုံး..ကြည့်ချင် ရင်…...

'Wake Up' by Lo-Star - Benefit single for Burma Campaign released

12 Mar 2008
“WAKE UP TO BURMA” a new single in support of the Burma Campaign UK
Artist- Lo-Star // Single- Wake Up
http://www.myspace.com/lostarmusic





Release Date- March 24th 2008
Launch Night: March 19th @ The Cobden Club – London.

The regime ruling Burma doesn’t want you to know what it’s doing to its people. Wake Up is a song penned by UK band Lo-Star to tell the world that it’s time to take action. Wake Up is available to download from March 17th and is available in the shops from March 24th, the profits of which will be donated to the Burma Campaign UK.

Hot, new band Lo-Star emerge with a song they were compelled to write after watching the appalling images on TV of the brutality and horrors in today’s Burma. Reading about the people of Burma and watching this modern day crisis as they sat in their free Western World led the London based 5 piece to unite their beliefs and write a song to tell the world to stop and take action.

Lead singer Adam Harris decided to take their campaign to the next level and once the track was recorded contacted the Burma Campaign to offer to help in some way. Consequently the single is now being released and the video was created to accompany the track.

Simply to sing a song about freedom and democracy in Burma is an arrestable offence, with a penalty of up to 20 years in jail. While the Burmese people are silenced, the rest of the world can speak out. The footage you are about to watch is harsh, horrific and Lo-Star challenge you not to be shaken and compelled by the reality of the current situation in Burma. It’s time to Wake Up.

Burma is ruled by one of the most brutal dictatorships in the world. It does not want the world to know about the atrocities it commits. All media is state controlled, access to phones, fax machines and internet is limited and closely monitored. You need government permission to own a mobile phone. In September 2007 monks led an uprising against the regime, and for a brief moment new media technologies enabled us to see what was going on in Rangoon. But within days they had cut off the flow of information, and the people of Burma were silenced again. The scenes from Rangoon of monks and other peaceful protesters being shot and beaten were shocking. What is happening out of sight in the jungles of Eastern Burma is even worse.

For 60 years people of the Karen ethnic group have been under attack by governments in Burma. The campaign of ethnic cleansing has driven millions of people from their homes. In the past twelve years more than 3,000 villages have been destroyed, equivalent to over four villages every week. Burmese army soldiers attack villages without warning. Women and children are raped, men tortured, mutilated or executed. Homes are burnt, and food destroyed. Those left alive flee towards neighbouring Thailand. Tens of thousands are packed into refugee camps. Many thousands more are refused entry into Thailand, and live precarious lives as internally displaced people (IDPs) in camps on the border, dependent on what little aid can reach them. A child dies of hunger or disease in Burma every 4 minutes.

‘The only real prison is fear, and the only real
freedom is freedom from fear…. Please use your liberty to promote ours’ Aung San Suu Kyi

For further details on Burma or this release please contact: Suki Dusanj on +44 (0)207 324 4716 suki.dusanj@burmacampaign.org.uk

For Regional Press requests please contact: Gordon@apb-pr.co.uk

For Radio and TV requests please contact: Dylan@angloplugging.co.uk

More information on the Burma Campaign UK – www.burmacampaign.org.uk

http://www.burmacampaign.org.uk/pm/more.php?id=337_0_1_0

အစအဆုံး..ကြည့်ချင် ရင်…...

ပေးမှာပါ..တကယ်နော်..

အစအဆုံး..ကြည့်ချင် ရင်…...

ဘင်္ဂလားဒေ့ရှ် လမ်းရှောက်ပွဲ မှတ်တမ်းများ..



အစအဆုံး..ကြည့်ချင် ရင်…...

Sunday, March 30, 2008

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မှတ်သားဖွယ် သမိုင်းဝင် မိန့်ခွန်းများ

(၁၉၉၆ ခုနှစ်ခန့်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်တိုင်းစည်း တွေ ပြန်လည်ဖွဲ့စည်းစဉ်ကာလ ပထမ ဆုံး စတင်ဖွဲ့စည်းနိုင်တဲ့ ဧရာဝတီတိုင်းက တိုင်းစည်းတွေကို ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သမိုင်းဝင် မိန့်ခွန်းကို ၂၀၀၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ်အဖြစ် ဖေါ်ပြအပ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တွေကို ရည် ရွယ်ပြောဆိုတဲ့ မိန့် ခွန်းဖြစ်ပေမယ့် အဖွဲ့ချုပ်အဖွဲ့ဝင်တွေသာမက မြန်မာနိုင်ငံသားတိုင်း လေ့လာမှတ်သားစရာတွေ ပါဝင်သလို ဒီက နေ့ ခေတ် အခြေအနေအထိကို ကိုက်ညီနေတဲ့ မိန့်ခွန်းလည်းဖြစ်ပြီး စာဖတ်သူရဲ့ ဇာတိမာန်ကို လိပ်ပြာနှိုး ပေး မှာလည်း အသေအချာပဲ ဖြစ်ပါတယ်၊)
___________

ကျမတို့ အဖွဲ့ချုပ်ရဲ့ အခု ဆက်လက်ပြီး သွားမယ့်လမ်းဟာ ကြမ်းတယ်ဆိုတာ ကျမတို့ ထူးထူးထွေထွေ ရှင်းပြ နေစရာမလိုဘူး။ စထွက်ကတည်းက လမ်းက ကြမ်းတယ်၊ ဒီ ကြမ်းတဲ့ လမ်းနဲ့ ကျမတို့ အခုလို လျောက်ခဲ့ တာဟာ ၈ နှစ်တိုင်တိုင်ဖြစ်သွားပြီ၊ ဒီ ၈ နှစ်ကြားမှာ လမ်းဘေးမှာ ကျခဲ့တဲ့ ရဲဘော် ရဲဘက်တွေလည်း မနည်း ဘူး၊ သိက္ခာရှိရှိ ကျခဲ့သူတွေလည်း ရှိတယ်။ သိက္ခာမဲ့စွာနဲ့ ကျခဲ့သူတွေလည်းရှိတယ်။ သိက္ခာရှိရှိနဲ့ ကျခဲ့တယ် ဆိုတာ မိမိတို့ရဲ့ ယုံကြည်ချက်အရ အသက်ကို စတေးသွားတဲ့သူများဟာ သိက္ခာရှိရှိနဲ့ ကျခဲ့တဲ့သူတွေပဲ၊ သိက္ခာ မဲ့စွာ ကျတယ်ဆိုတာ ကိုယ့်ရဲ့ ယုံကြည်ချက်ကို ကိုယ်မရပ်တည်နိုင်တာကြောင့် ကျမတို့ကို စွန့်ခွာသွားတဲ့ သူ တွေပဲ၊ တချို့ကျတော့ မစွန့်ခွာသယောင်ယောင်နဲ့ ကျမတို့အပေါ်မှာ သစ္စာဖောက်ပြီးတော့ ဆက်ပြီးတော့ နေ နေတဲ့သူတွေ ရှိတယ်။ အဲဒီသူတွေကပြောင်ပြောင်တင်းတင်းနဲ့ ဖယ်ခွာသွားတဲ့ သူတွေထက် ပိုပြီးတော့ အောက် တန်းကျတယ်လို့ ကျမတော့ ဒီလိုပဲ သတ်မှတ်တယ်။

ကိုယ့်ရဲ့ ယုံကြည်ချက်အရ ကိုယ် သတ္တိရှိရှိနဲ့ ဆက်ပြီးတော့ လုပ်ချင်တယ်ဆိုရင်၊ အဖွဲ့ချုပ်ရဲ့ မူတွေကို လက်မခံ နိုင်ဘူးဆိုရင် အဖွဲ့ချုပ်ရဲ့ လုပ်ရပ်တွေအရ မလုပ်နိုင်ဘူးဆိုရင် အဖွဲ့ချုပ်ရဲ့ ဂုဏ်ရှိတဲ့ နာမည်ကိုတော့ ဆက်ပြီး တော့ မသုံးပါနဲ့လို့ ကျမ ပြောချင်တယ်။
___________

ဘာမှမလုပ်ပဲနဲ့ ခံရတယ်ဆိုတာတော့ အဓိပ္ပါယ်ကို လုံးလုံးမရှိဘူး၊ ခံရဲတာ သတ္တိဆိုတာ ကိုယ်လုပ်ရင် ကိုယ်ခံ ရဲတယ်ဆိုတာကို ပြတာ၊ ဘာမှ မလုပ်ပဲနဲ့ ခံနေတာကို ပြောတာမဟုတ်ပါဘူး၊ ကျမတို့လည်း တကယ်တော့ လုပ်နေ တာပဲ၊ လုပ်နေတယ်ဆိုတာ အမျိုးမျိုးပေါ့၊ ဟောပြောပွဲ လုပ်တယ်ဆိုတာလည်း လုပ်တာပဲ၊ ဒီလို ဆွေး နွေးပွဲလုပ်တယ်ဆိုတာလည်း လုပ်တာပဲ၊ ဒီတော့ ဒီမှာတင်မကဘူး၊ ဒီခြံထဲမှာတင်မကဘူး၊ ဒီရန်ကုန်မှာ တင်မကဘူး၊ ဒီပုသိမ်မှာတင်မကဘူး၊ ဒီ တိုင်းတတိုင်းမှာ တနိုင်ငံလုံးမှာ တချိန်လုံး လုပ်နေရမယ်၊ လုပ်လို့ခံရ မယ် ဆိုရင်လည်း ခံပေါ့၊ တကယ့် စည်းရုံးရေးအင်အား ဆိုတာဟာ ကိုယ့်ရှေ့က ဘယ်နှစ်ယောက်ပဲ ပါသွား သွား နောက်ကတက်နိုင်မယ့် ရဲဘော်တွေလည်း ရှိရမယ်၊ ဒါ ကျမ ၁၉၈၈ ကတည်းက ပြောခဲ့တာပါ၊ ကျမတို့ စည်းရုံးရေး ထွက်တဲ့အခါကျရင် မြို့နယ်တွေက အဖွဲ့ဝင်အရေအတွက် ဘယ်လောက်ရပြီ၊ ဘယ်နှစ် ယောက်ရပါပြီ၊ ဘယ်နှစ်ထောင်ရပါပြီ၊ ဘယ်နှစ်သောင်း ရပါပြီ၊ ဒီလိုပဲ ပြောတယ်၊ ကျမပြောပါတယ်၊ ဒီ ထောင်နဲ့ သောင်းနဲ့ ပြောနေလို့ အလကားပဲ၊ ထောင်ဂဏန်းပဲရှိရှိ၊ သောင်းဂဏန်းပဲရှိရှိ။ သောင်းဂဏန်းပဲရှိရှိ ဒါတွေဟာ အဓိကကျတာ မဟုတ်ပါဘူး၊ ဒီအဖွဲ့ဝင်တွေထဲမှာ တကယ် ထိထိရောက်ရောက် လုပ်နိုင်တဲ့သူ ဘယ်နှစ်ယောက်ရှိလဲ၊ အရှေ့တန်းကနေ ပါသွားလို့ရှိရင် နောက်တခါ ဒုတိယလိုင်းကနေ လိုက်နိုင်တဲ့သူ ဘယ် နှစ်ယောက်ရှိလဲ၊ ဒါဟာ အဓိကပဲ၊ ကျမတို့ စည်းရုံးရေး လုပ်တဲ့အခါ ကိုယ်က လုပ်တဲ့သတ္တိရှိလွန်းလို့ ခံသွားရ လို့ရှိရင် ကိုယ့်နောက်ကနေလည်း လုပ်မယ့်သူတွေရှိအောင်တော့ စည်းရုံးထားရမယ်၊ နောက်ဆုံးတော့ ကျမ တို့ရဲ့စည်းရုံးရေးဟာ ပြည်သူလူထု စည်းရုံးရေးပဲ၊ ပြည်သူလူထု အများစုကနေပြီးတော့ မားမားမတ်မတ်နဲ့ အဖွဲ့ ချုပ် အနောက်ကနေပြီးတော့ ရပ်တည်နေမယ်ဆိုရင် ကျမတို့လုပ်ငန်းဟာ မုချ အောင်မြင်ရမယ်။

အခု အကျယ်ချုပ်အားဖြင့်တော့ ၄၆ သန်းလုံးပေါ့လေ၊ ၄၆ သန်းလုံး အကျယ်ချုပ် ချုပ်ခံနေရတယ်လို့ ဒီလိုပဲပြောရမှာပဲ၊ ဒါပေမယ့် ထောင်တွေထဲကိုတော့ ၄၆ သန်းမပြောနဲ့ ၁ သန်းတောင်မှ ထည့်နိုင်မှာ မဟုတ်ပါဘူး၊ ထောင်ထဲကိုဝင်ရဲတယ်ဆိုတဲ့ လူ ၁ သန်း၊ ထောင်ချရင်ချ လုပ်မယ်ဆိုတဲ့ လူ ၁ သန်းရှိမယ် ဆိုလို့ရှိရင်တောင် ကျမတို့ရဲ့ လှုပ်ရှားမှုဟာ မကြာခင် အောင်မြင်မှာပါ၊ အဲဒီတော့ လူ ၁ သန်း စည်းရုံးဖို့ဟာ ဒီလောက် ခက်သလား၊ တကယ်တော့ကျမတို့ အဖွဲ့ချုပ်ဝင် စာရင်းထဲမှာ ၁ သန်းထက်မက ရှိခဲ့ပါတယ်၊ ဒီ ၁ သန်း ထက်မက ရှိတဲ့လူစာရင်းထဲမှာ ဘယ်နှစ်ယောက်က ထိထိရောက်ရောက် တကယ်ပဲ အနစ်နာခံပြီးတော့ လုပ် နိုင်တာလည်းဆိုတာ ဒါကို ကျမတို့ မေးခွန်းထုတ်ရမှာဖြစ်ပါတယ်၊ ၁ သန်းတောင် မလိုဘူး၊ ၁ သောင်း ဆိုရင်တောင်မှ မနည်းပါဘူး၊ ကျမတို့ အခု အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသမားများဟာ ၂၀၀၀ လောက် ရှိမယ်လို့ ခန့်မှန်းရတယ်၊ တချို့ကလည်း ၁ ထောင်ကျော် ရှိမယ်၊ တချို့ကလည်း ၃ ထောင် လောက်ရှိမယ်ဆိုတော့ ပျမ်းမျခြင်းအားဖြင့် ၂ ထောင်လောက် ရှိမယ် ဆိုပါတော့၊ ဒီနိုင်ငံရေး အကျဉ်းသမားများဟာ ၂ ထောင်လောက်ရှိတယ် ဆိုတာတောင်မှ ကျမတို့ရဲ့ လှုပ်ရှားမှုကို တကမ္ဘာလုံးက အသိအမှတ်ပြုလိုက်နိုင်တဲ့ အခြေအနေထိ ကျမတို့ လုပ်နိုင်ခဲ့တယ်၊ နိုင်ငံရေးအကျဉ်းသမားများ ၁ သောင်းလောက် ရှိနိုင်တဲ့အခြေအနေအထိ (ဒါကတော့ ထောင်ထဲမှာ နေရာရှိတာမရှိတာ ပြောတာ မဟုတ်ဘူးနော်) ထောင်ချရင်ချဆိုတဲ့ လူ ၁ သောင်းလောက်ရှိတယ်ဆိုရင်တော့ ဘာမှပြောစရာ မလိုဘူး၊ ကျမ တို့ အောင်မြင်ရမှာ မုချပဲ၊ မြန်မြန်ဖြစ်ရမယ်၊ အနှေးနဲ့ အမြန်တော့ အောင်မြင်မယ်လို့ ကျမတို့ ယုံကြည်တယ်။
___________

အကောင်းဆုံးကို မျော်လင့်ပြီးတော့ အဆိုးဆုံးအတွက် အမြဲ ပြင်ဆင်ထားရမယ်ဆိုတာ ၊ ဒါ ကျမ ခဏခဏ ပြောခဲ့ဖူးတာပဲ၊ နိုင်ငံရေးသမား အားလုံးဟာ ဒီ ဆောင်ပုဒ်လေးကို ကိုယ့်ရဲ့ ကုတင်ခေါင်းရင်းမှာ ချိတ်ထား သင့်တယ်၊ အမြဲတမ်း အကောင်းဆုံးအတွက် မျော်လင့်ပြီး အဆိုးဆုံးအတွက် ပြင်ဆင်ထားရမယ်၊ ဒီလို စိတ်ဓါတ် နဲ့ ကျမတို့လုပ်မှ အောင်မြင်မှုရှိမှာပါ၊

နောက်ပြီးတော့လည်း ဒီလိုနိုင်ငံရေးအတွက် ကိုယ့်ရဲ့ ဘ၀ကို အနစ်နာခံ စွန့်လွှတ်ရတယ်ဆိုတာ ဒါ အင်မတန် မှ သိက္ခာရှိပါတယ်၊ အင်မတန်မှလည်း ကျေနပ်မှုရှိစရာပါ၊ အားလုံး ပြန်ပြီးတော့ စဉ်းစားကြပါ၊ ဒီဘ၀မှာ ဘာ လိုချင်ကြလဲ၊ မွေးလာတယ်၊ ကြီးလာတယ်၊ နေသွားတယ် အိုသွားတယ်- ဒါပဲလားလို့ ကျမတို့ အများကြီး စဉ်းစားစရာ ဖြစ်တယ်၊ ဒီဘ၀မှာ လူဖြစ်လာပြီဆိုမှဖြင့် ဘာအတွက် လူဖြစ်လာတယ် ဆိုတာ ကျမတို့ စဉ်းစားဖို့ လိုပါ တယ်။
___________

Read this doc on Scribd: Dassk's speech

အစအဆုံး..ကြည့်ချင် ရင်…...

ပြည်ခိုင်ဖြိုး ( င်္ကြ့ဖွတ် ) သို့ မဟုတ် စစ်အာဏာရှင်တို့ ၏ဒေါက်တိုင်များ

ဖတ်ကြည့်ချင်ရင်..ဒီမှာ..http://www.mediafire.com/?moksemjinff


Read this doc on Scribd: Pyi Khaing Phyo-USDA

အစအဆုံး..ကြည့်ချင် ရင်…...

နအဖ ၏သမိုင်းကို လေ့လာခြင်း (အမျိုးသားရေးမို့  ဒို့ အားပေး)

အစအဆုံး..ကြည့်ချင် ရင်…...

လွတ်မြောက်သင့်ပြီ။

အစအဆုံး..ကြည့်ချင် ရင်…...

နအဖစိတ်ကြိုက်ရေး တဲ့ နိုင်ငံတော်ဖွဲ့ စည်း အုပ်ချုပ်ပုံ အခြေခံ မူ တဲ့ ဗျို့ 

နအဖ ရေးတဲ့ စစ်တပ် တမတ်သား မိုက်ကြေးခွဲထားတဲ့ နိုင်ငံတော်ဖွဲ့ စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေမူ အတု ကြီး ပါ ။ ဘာတွေ ညာဖျန်းရေးထားတာ..ဖတ်ကြည့်ကြပါဗျာ..ဖနောင့်နဲ့ ပေါက်ချင်စရာ ကောင်းမကောင်း.
http://www.2shared.com/file/3055756/74651d0d/UNION_BOOK.html


Read this doc on Scribd: UNION BOOK
jynfaxmifpkor®wjrefrmEdkifiHawmf zGJUpnf;ykHtajccHOya'rlMurf; (2008 ckESpf) 195 rmwdum pOf 1/ 2/ 3/ 4/ 5/ 6/ 7/ 8/ 9/ 10/ 11/ 12/ 13/ 14/ 15/ 16/ taMumif;t&m ed ' gef ; tcef; (1) EdkifiHawmftajccHrlrsm; tcef; (2) EdkifiHawmfzGJUpnf;wnfaqmufykH tcef; (3) EdkifiHawmftBuD;tuJ tcef; (4) Oya'jyKa&; tcef; (5) tkyfcsKyfa&; tcef; (6) w&m;pD&ifa&; tcef; (7) wyfrawmf tcef; (8) EkdifiHom;? EkdifiHom;rsm;\ rlvtcGifhta&;ESifhwm0efrsm; tcef; (9) a&G;aumufwifajr§mufjcif; tcef; (10) EdkifiHa&;ygwDrsm; tcef; (11) ta&;ay:umvqdkif&mjymef;csufrsm; tcef; (12) zGJUpnf;ykHtajccHOya'jyifqifjcif; tcef; (13) EdkifiHawmftvH? txdrf;trSwfwHqdyf oD c sif ; ES i f h N rd K Uawmf tcef; (14) ul;ajymif;a&;umvjymef;csufrsm; tcef; (15) taxGaxGjymef;csufrsm; pmrsufESm ... 1 ... 3 ... 13 ... 19 ... 27 ... 75 ... 125 ... 147 ... ... ... ... ... 149 157 163 165 173 ... 175 ... 177 ... 179 tcef; (1) EdkifiHawmftajccHrlrsm; ed ' gef ; jrefrmEdkifiHawmfonf ordkif;tpOftvmBuD;rm;aom EdkifiHawmfjzpfayonf/ uREkfyfwdkY wdkif;&if;om;jynfoltaygif;wdkYonf pnf;vHk;nDñGwfpGm wpfom;wnf; aexdkifvmcJhMuNyD; tcsKyftjcmtmPmydkif vGwfvyfaomEdkifiHtjzpf xlaxmifum xnf0gpGm &yfwnfcMhJ uayonf/ udkvdkeDe,fcsJUwdkY\usL;ausmfrIaMumifh 1885 ckESpfwGif EdkifiHawmftmPm vH;k 0vufvwq;kH ½H;I cJ&ayonf/ wdi;f &if;om;jynfotaygif;wdonf pnf;vH;k nDñwrI Gf h k l Yk Gf pGr;f tm;jzifh e,fcsUJ qefusia&;ESihf trsKd ;om;vGwajrmufa&;wduyrsm;udk toufaygif; Yf f k f JG rsm;pGmpaw;í qifETJcJhMuaomaMumifh 1948 ckESpf Zefe0g&Dv 4 &uf aeYwGif tcsKytjcmtmPmydif vGwvyfaomEdiiawmftjzpf jyefvnf&yfwnf Edicayonf/ f k f kfH k f hJ vGwvyfa&;tjref&&S&eftwGuf zGUJ pnf;tkycsKyytajccHOya'udk tvsitjref f d f f kH f a&;qGJum 1947 ckESpf pufwifbmv 24 &ufaeYwGif wdkif;jynfjyKvTwfawmfu twnfjyKjymef;cJhNyD; vGwfvyfa&;&&Sdaomtcg EdkifiHawmfwGif tqdkyg zGJUpnf;yHk tajccHOya'jzifh ygvDref'rua&pDpepfukd azmfaqmifusio;kH cJMh uayonf/ od&mwGif D kd hf Yk EdkifiHawmfü 'Drdkua&pDpepfudkyDjyifpGm usvifhoHk;EdkifrIr&Sdojzifh 1974 ckESpfwGif wpfygwDyHkpHudktajccHvsuf zGJUpnf;yHktajccHOya'wpf&yfudk a&;qGJNyD; jynfvHk;uRwf qE´cH,lyGJusif;yí twnfjyKjymef;um qdk&S,fvpf'Drdkua&pD EdkifiHawmftjzpf BudK;yrf;wnfaxmifcJhjyefayonf/ 1988 ckESpfwGif EdkifiHawmfü jzpfay:vmonfh tajctaet&yf&yfaMumifh tqdygzGUJ pnf;yHtajccHOya'rSmvnf; &yfqi;f oGm;cJ&onf/ k k kd h xYdkaemuff EdkifiHawmfat;csrf;om,ma&;ESifhzGHUNzdK;a&;aumifpDu jynfolrsm;\ vdktifqE´ESifhtnD ygwDpkH'Drdkua&pDpepfESifh aps;uGufpD;yGm;a&;pepfwdkYudk rdrdEdkifiHESifh vduavsmnDaxGpm xlaxmifEi&eftwGuf BuKd ;yrf;wnfaqmufay;cJayonf/ kf G kd f h tem*wfEdkifiHawmfwGif a&&SnftusKd;&SdNyD; cdkifrmonfh zGJUpnf;yHktajccHOya' wpf&yf r&SrjzpfvtyfonftwGuf Ediiawmfat;csr;f om,ma&;ESihf zGUH NzKd ;a&;aumifpD d kd h kfH onf 1993 ckEprpí trsKd ;om;nDvmcHukd ac:,lusi;f yay;cJonf/ SfS h trsdK;om;nDvmcHwGif EdkifiHa&;? vkHNcHKa&;? tkyfcsKyfa&;? pD;yGm;a&;? vlrIa&;ESifh Oya'a&;&mponfh ½IaxmifhrsdK;pHkrS tawGUtMuHK

အစအဆုံး..ကြည့်ချင် ရင်…...

Saturday, March 29, 2008

တရား ဓမ္မ မဲ့ နေတဲ့ ဒို့ တိုင်းပြည်။


မတ် ၂၈၊ ၂၀၀၈
လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူ အဖွဲ့၏ခေါင်းဆောင် ဦးမြင့်အေးသည် ယမန်နေ့ည ၉ နာရီခန့်က စမ်းချောင်းမြို့နယ် တွင် အမည်မသိသူတဦးက အရိုက်ခံရသဖြင့် ဦးခေါင်းတွင် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး ယခု လက်ရှိတွင် ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့်အာရုံကြောအထူးကု၊ အတွင်းလူနာဆောင် အဆောင် (၁)ကုတင်နံပတ် (၂)တွင် ဆေးကုသမှုခံယူနေကြောင်း ရပြီး ခေါင်းတွင် ၅ ချက်ချုပ်ရကြောင်း သိရှိရပါသည်။

ယမန်နေ့ည ၉ နာရီလောက်တွင် ဦးမြင့်အေး သည် အဖော်တွေနဲ့လမ်းခွဲပြီးအပြန် စမ်းချောင်းပဒုမ္မာလမ်းနဲ့ ဗားဂရာလမ်းဒေါင့်မှာ ကားငှားနေခိုက် လူတယောက်က ခေါင်းရဲ့ညာဘက်ခြမ်းကို နောက်ကနေ ချောင်းရိုက် သွားခြင်းဖြစ်ပါတယ်။ အိမ်ရောက်ပြီးနောက် အနောက်ပိုင်းဆေးရုံကိုသွားပြသောအခါ ညာဘက်နားထဲက သွေးတွေထွက်နေလို့ ရန်ကုန် ဆေးရုံကြီးကို ပို့လိုက်ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် အန်အယ်လ်ဒီ၏ ဥက္ကဌဟောင်းဖြစ်သူ ဦးမြင့်အေးသည် လူ့အခွင့်အရေး စာရွက်စာတမ်းများဖြန့်ဝေသည့်အတွက် ၂၀၀၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် စစ်အာဏာပိုင်များ၏ ဖမ်းဆီးခံခဲ့ရပြီး နိုဝင်ဘာ ၁၃ ရက်တွင် ပြန်လည်လွတ်မြောက်လာပါသည်။

ဤသြိ့ပင်အလားတူဖြစ်ရပ်များဖြစ်သော ၂၀၀၇ ခုနှစ်၊ ဧပြီလ ၌ အဆိုပါ (HRDP)အဖွဲ့ဝင်များအား ဧရာဝတီ တိုင်း၊ ဟင်္သာတမြို့နယ်၊ အုတ်ပုံကျေးရွာအနီးတွင် ကြံ့ဖွံ့နှင့်မြို့နယ် ရဲအာဏာပိုင်များ ပူးပေါင်း ကာ ရိုက် နှက်ခဲ့သဖြင့် (HRDP)အဖွဲ့ဝင် နှစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ဘူးပါသည်။ ဦးမြင့်အေး အရိုက် နှက်ခံရမှုနှင့်ပတ်သက်၍ (HRDP)အဖွဲ့မှ စမ်းချောင်းမြို့နယ် ရဲစခန်းမှူး ဦးကျော်ကျော်ထံ တွင် အမှုဖွင့် တိုင်ကြားခဲ့ပြီးဖြစ်ပါသည်။ သို့ ပါသော်လည်း အုတ်ပုံကျေးရွာတွင် စစ်အစိုးရအဖွဲ့ဝင်များက ရိုက် နှက်ခဲ့သည့် အမှုအခင်း၌ (HRDP)အဖွဲ့မှ အမှုဖွင့်ကာ တရားရင်ဆိုင်ခဲ့သော်လည်း စစ်အစိုးရက ကျူး လွန်သူများအား အပြစ်ပေးခြင်းမရှိပဲ ရိုက်နှက်ခံရသူ (HRDP)အဖွဲ့ဝင် ကိုမြင့်လှိုင်အပါအ၀င် လူခြောက်ဦးအား ထောင်ဒဏ် (၈) နှစ် (၄)နှစ် အသီးသီး ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

စစ်အစိုးရအနေဖြင့် နိုင်ငံရေးအရ လှုပ်ရှားတက်ကြွသူများ၊ နိုင်ငံရေးပါတီဝင်များအား ဖမ်းဆီး အကျဉ်းချမှုများ ပြုလုပ်နေသလို ကြံ့ဖွံ့၊ စွမ်းအားရှင် အဖွဲ့ဝင်များဖြင့် ငွေပေးကာ..မာဖီးယား လူမိုက်များ ဆန်ဆန် အကြမ်းဖက် ရိုက်နှက်မှုများ ကို ပြုလုပ်လျှက် ရှိကြောင်းသိရှိရပါသည်။

ဤသို့ ပြည်သူလူထူအပေါ် မင်းမဲ့ဆန်ဆန်..ပြုမူ ရက်စက်မှုများအား ပြုလုပ်စေရန် အတွက် လက်သပ် မွေး ထားသော အဓမ္မ ၀ါဒီဂိုဏ်း သားများ ( ကြံ့ဖွံ့ ၊ စွမ်းအားရှင်၊ လုံထိန်း၊ နှင့် ရဲ မီးသတ်) များ နှင့် ကြိုးဆွဲသူ..စစ် အာဏာရှင် အားပြည်သူ အားလုံးဆန္ဒဖြင့် ဖြုတ်ချရန် အချိန်တန်နေပြီ ဖြစ်ပါကြောင်း တပ်လှန့် နှိုးဆော် လိုက်ပါသည် ခင်ဗျား။

အစအဆုံး..ကြည့်ချင် ရင်…...

Friday, March 28, 2008

ဘယ်သူ နိုင်နိုင်..

အစအဆုံး..ကြည့်ချင် ရင်…...

အမျိုး၊ ဘာသာ၊ သာသနာအတွက် သင့်ကို အရေးတကြီး အလိုရှိသည်။ ( ညီညွတ်ခြင်း အပိုင်း ၆)

သင့်ကို (အမျိုး၊ ဘာသာ၊ သာသနာအတွက်) ယခုအခါမှာ အရေးတကြီး လိုအပ်နေပါပြီ။

မြန်မာလူမျိုးတွေ အလွန်အာကျယ်ခဲ့ကြသည်။ "သာကီမျိုးဟေ့ ဒို့ဗမာ"မင်းမျိုးပေါ့ …ဒါ့ထက် ကဲပြီး ပြောချင် သေး သည်။ ဘုရား၏ အမျိုး၊ သိဒ္ဓတ္ထ၏ အမျိုးအနွယ် ဟူ၍ပင် …… ……. မိမိကိုယ်မိမိ ကြီးကျယ်မြင့်မြတ်သူ ဟု အမွှန်းတင် ၍ သခင်နေရာမှ စကားပြောခဲ့ကြသည်။

"ကျွန်ကုလား၊ မယားတောသူ" တစ်ခေတ်တစ်ခါက အဲဒီလို ပြောနိုင်အောင် မြန်မာပြည်၊ မြန်မာလူမျိုးတွေ ကြီးကျယ်ခဲ့ကြသည်။ ချမ်းသာ ကြွယ်ဝခဲ့ကြသည်။ ကမ္ဘာ့အလယ်မှာ မျက်နှာပန်းလှခဲ့ရသည်။ ထိုကာလများကား လွမ်းစရာ ဖြစ်၍ အတိတ်တွင် မှုန်ဝါးဝါးနှင့် မှတ်ပင် မမှတ်မိနိုင်တော့ပါ။

သာကီမျိုးဟေ့ ဒို့ဗမာ။ ယခုအခါ ဘာမျိုး ဖြစ်နေပြီလဲ။ ကျွန်ကုလား၊ မယားတောသူ အခုရှိသေးလား။

အော်အော်၍ ရယ်ရမည်လား … ရှိုက်ရှိုက်၍ ငိုရမည်လား …. (ဒေါသ ကိလေသာ) ကတော့ ဒီအတွေး ပေါ်လာတိုင်း အကြီးအကျယ် ထကြွနှောင့်ယှက်လာနေသည်။

အဲဒီခံစားချက် (အနုသယ) သည် ဗုဒ္ဓဘာသာ မြန်မာတမျိုးသားလုံး၏ သန္တာန်တွင် အလွန်စွဲမြဲစွာ ကိန်းအောင်း နေပြီး မြန်မာတမျိုးသားလုံး၏ ဆင်းရဲခြင်း အနိဋ္ဌအာရုံနှင့် တိုက်လိုက်တိုင်း ထိန်းမရ သိမ်းမရ ထွက်ပေါ်၍ လာနေပေပြီ။ မျိုးချစ်စိတ်ပေပဲလား။ အနိုင်ကျင့်ဖိနှိပ်ထားသည့် မိစ္ဆာဒိဋ္ဌိများကို တော်လှန်ချင်သော သတ္တိပေပဲလား။ ကျနော်တို့၏ သန္တာန်တွင် ဤစိတ်ဖြစ်ပေါ်လာတိုင်း ဆင်းရဲလှသည်။ ရင်ထဲတွင် လှိုက်၍ လှိုက် ၍ တက်လာသည်မှာ ဆို့၍ ဆို့၍ လာသည်။ ရံခါ မျက်ဝန်းအတွင်း တား၍ မမှီလိုက်သော မျက်ရည်များကလည်း ရောက်နှင့်နေတတ်ပါသည်။ ဤဝေဒနာသည် မခံနိုင်အောင် ဆိုးဝါးစွာ နှိပ်စက်ပါသည်။ မခံသာသော ဒုက္ခဝေဒနာ ဖြစ်ပါသည်။

မင်းမျိုးဟု ကြွေးကြော်ခဲ့ကြသော မြန်မာတို့သည် (မ.ဆ.လ၊ န.၀.တ၊ န.အ.ဖ) ခေတ်အဆက်ဆက်တွင် ကျွန် အောက်က သဘောက်ဘ၀သို့ ကျရောက်ခဲ့ရပြီ။

မြန်မာတို့ ချမ်းသာကြွယ်ဝစဉ်က အိန္ဒိယမှ ကုလားလယ်ကူလီများကို ခေါ်၍ စေခိုင်းခဲ့ကြသောလည်း ဤမိစ္ဆာ တို့လက်ထက်တွင် ကမ္ဘာ့နိုင်ငံအသီးသီး (Africa) ပင် မကျန်အောင် သွားရောက်၍ မြန်မာလူမျိုး ယောက်ျား၊ မိန်းမ မကျန် ကျွန်ခံခြင်း၊ ကျွန်အလုပ်ကိုပင် မိမိအိတ်အတွင်းမှ ပိုက်ဆံငွေကြေးကို အရင်းအနှီးမတည်၍ လိုလို လားလား အလုအယက် သွားလုပ်နေကြရပြီ။ "ကျွန်မြန်မာ" ဘ၀သို့ ရောက်နေပေပြီ။ ကျွန်ဘ၀ရောက်နေသော မြန်မာအချင်းချင်းလည်း ပြည်ပအလုပ်အကိုင်အတွက် ခိုက်ရန်ဖြစ်ပွား သတ်ဖြတ်သည့် အဆင့်ပင် ဖြစ်နေသည်ကို အခုတလော ထိုင်းနိုင်ငံမှ မြန်မာအလုပ်သမားအချင်းချင်း သတ်ဖြတ်မှုများက သက်သေ ခံနေပေသည်။

"မယားတောသူ" သိပ်လှပတဲ့ စကား။ မြန်မာတို့ ရှေးက အကြင်လင်မယားအဖြစ် အိမ်ထောင်ပြုကြတော့ မည်ဆိုလျှင် မိဘရိုသေ၊ အိမ်မှုကျွမ်းကျင်၊ ဘာသာ ကိုင်းရှိုင်းသော တောသူ တောင်သားကို တန်ဖိုးထား ရွေးချယ် ခဲ့ကြသည်ကို အထင်အရှားပြဆိုသော စာချိုးလေးပင် ဖြစ်ပါသည်။

ယခုအခါတော့ "မယားတောသူ" ဘ၀မှ HIV တောသူ၊ AIDS တောသူ၊ B ပိုး တောသူ၊ C ပိုးတောသူများ ဖြစ် ကုန်ကြပြီ။ ရင်နာစရာ ကောင်းလေစွ။ နားနှင့်ပင် မကြားဝံ့သာ။ အစစအရာရာ ကျဆင်းလာသော စီးပွားရေး စံနစ်ဆိုးကြောင့် (သေလို့မရဘဲ နေနေရသော) ဘ၀တစ်ခုကို အသိဥာဏ်ရှိသလောက် ရင်ဆိုင်နေရသော တောသူလေးများ၊ တိုင်းရင်းသူလေးများ Karaoke၊ အနှိပ်ခန်း (တချို့ အနှိပ်ခန်းမှာတော့ ယခုခေတ် အခေါ်အ ဝေါ် အတိုင်း ရေ၊ မီး အစုံ All in one အကုန်ပါတယ်ဆိုပြီး ….. သိကြမှာပေါ့။)၊ ပြည့်တန်ဆာအခန်း၊ ပြည်တွင်း မှာတင်မက ပြည်ပအထိ သွားရောက်လုပ်ကိုင်နေကြရပြီ။ Bangkok မြို့ပေါ်က နာမည်ကြီး ပြည့်တန်ဆာ အခန်းတွေမှာ မြန်မာပြည်က တောသူလေးတွေ၊ တိုင်းရင်းသူလေးတွေ ရာနှင့်ချီပြီး ရှိနေပြီ။ အံ့သြစရာ ကောင်းပါသလား။ လုံးဝ မအံ့သြပါ။ ဘာကြောင့်ပါလဲ။ အဖြေရှိပါသည်။

"ပညာမဲ့သူတို့ အခွင့်ထူးခံ လူတန်းစားဖြစ်ချင်လာကြပြီဆိုလျှင် အဲဒီ ပတ်ဝန်းကျင်မှ လူအများသည် ဆင်းရဲခြင်း သို့ အလုံးစုံ ရောက်ကြရသည်" တဲ့။

ဗုဒ္ဓ၏ အဆုံးအမကို သံဃာတော်အရှင်သူမြတ်များမှတဆင့် ဟောကြားကြသည့်အတွက် ဤသို့ နာဖူး၊ မှတ်ဖူး၊ လေ့လာဖူးခဲ့သည်။ သွေးထွက်အောင် မှန်သည်။ ပြည်တွင်းမှာရော၊ ပြည်ပမှာရော မြန်မာလူမျိုးတွေ ကျွန့် အောက်က သဘောက်ဘ၀သို့ ရောက်နေရခြင်း၊ မြန်မာအမျိုးသမီးလေးများ တိုင်းရင်းသူလေးများ၊ လူမျိုးကွဲ ဘာသာကွဲ ငွေရှင်ကြေးရှင်များ၏ ပျော်တော်ဆက်များအဖြစ် အသက်ရှင်နေထိုင်ရေးတွက် ပေးဆပ် နေရခြင်းသည် ပညာမဲ့ မိစ္ဆာဒိဋ္ဌိများကြောင့် ဆိုလျှင် မမှားနိုင်ပေ။

သမ္မာ သမ္ဗုဒ္ဓ (ဘုရားရှင်) သာရှိလျှင် ဤသို့များ ပြောလေမလားဟု ကျနော်၏ ဒေါသစိတ်ဖြင့် အထင် ရောက်မိပါသည်။
"မိစ္ဆာဒိဋ္ဌိကို အမြစ်မှ လှန်ဖို့ သင့်ကို အလိုရှိသည်" အမျိုး၊ ဘာသာ၊ သာသနာ ကွယ်တော့မည့် အရေးကို မြင်နေ ရပြီဖြစ်သည့်အတွက် "ချစ်သားတို့ ငါဘုရားတည်ထောင်ထားသော သာသနာသည် ဤမိစ္ဆာဒိဋ္ဌိတို့ကြောင့် ကွယ်လုပြီ" ဒီလိုများ ပြောလေမလား?

ငါ၏ သားတော်တွေကိုလည်း သတ်ကုန်ပြီ။ ငါ၏ သားတော်များကိုလည်း သင်းကွဲအောင် လုပ်နေပြီ။ ငါ၏ အဆုံး အမ အဆိုအမိန့်များကိုလည်း ဟောကြားခွင့်ကိုတောင်းခံနေရသည်။ ကတိခံဝန်ချက်တွေ လက် မှတ်ထိုးပေးနေရသည်။ မဟောရလို့ ပိတ်ပင်တားဆီးခြင်းလည်း ခံနေရပေသည်။ (မှတ်ချက် ။ ငါဘုရားဆိုသော အသုံးအနှုန်းကို သမုတိသစ္စာဖြင့် ရေးပါသည်။)

- ဘုရားကိုလည်း မိစ္ဆာဒိဋ္ဌိတို့က ၎င်းတို့၏ ပုံတူထုကုန်ပြီ။
- တရားတော်ကိုလည်း ဟောကြားခွင့် ပိတ်ပင်ခံနေရပြီ။
- သံဃာကိုလည်း ပေတစ်ရာလမ်းမ ပေါ်မှာ သတ်ဖြတ်နေကြပြီ။ ထောင်သွင်း အကျဉ်း ချနေကြပြီ။ ထောင် အတွင်း ထပ်မံ၍ တိုက်ပိတ်နေကြပြန်ပြီ။

ဒင်းတို့ ဘာတွေလဲ။ ဘယ်ဘာသာမှ ဒါမျိုး ခွင့်မပြု။ ဘာသာမဲ့ မိစ္ဆာဒိဋ္ဌိများ ဖြစ်ကြသည်မှာ ဧကန်ပင် ဖြစ်ပေ သည်။ ဤမိစ္ဆာဒိဋ္ဌိတို့ကို ရှင်းလင်းရန် သင့်ကို အလိုရှိသည်။ လူတန်းစားမရွေး၊ အသိဥာဏ်မရွေးကို အလိုရှိသည်။ မိမိတို့၏ အမျိုး၊ ဘာသာ၊ သာသနာအတွက် မိတ်ဆွေတို့အားလုံးကို အလိုရှိသည်။

မိမိတို့က လက်ဦးမှုရအောင် သတိရှိဖို့လိုသည်။ မိစ္ဆာတို့ကို လက်ဦးမှု ရယူနိုင်ရန် အသင့်ပြင်ဆင်ထားကြဖို့ လို အပ်သည်။ မိတ်ဆွေ၊ ဆွေမျိုး၊ သူစိမ်း ခွဲခြားနေ၍ မရသော အချိန်အခါကို ရောက်နေပေပြီ။

စစ်သား၊ ရဲ၊ ကြံ့ဖွတ်၊ စွမ်းအားရှင် ဆိုသော အပေါ်ယံအရေခွံကို ကြည့်၍ ဆုံးဖြတ်မရသလို ဘုရားလူကြီး၊ ရပ် ကွက်လူကြီး၊ အမျိုးသမီး စွမ်းဆောင်ရှင် ရယ်လို့လည်း ကြည့်ရှုဆုံးဖြတ်၍ မရပါ။ ကျနော်တို့ ဖွေရှာ၍ သုတ် သင်နိုင်ဖို့ သတိရှိရမည်မှာ (မိစ္ဆာဒိဋ္ဌိ ဘာသာမဲ့၊ ဘာသာဖျက်၊ လူမျိုးဖျက်) များကို မြင်အောင် ရှာဖွေကြည့်ရှု ရမည် ဖြစ်ပါသည်။

- အရေခွံကိုကြည့်ပြီး မုန်း၍မရသလို
- အရေခွံကိုကြည့်ပြီးတော့လည်း ကြည်ညို၍ မရပါ။

မကောင်းမှုကို အစဉ်ပြုနေသော အဓမ္မ၀ါဒီများသည် မဝေးသောကာလတွင် အကြမ်းဖက် လူသတ်ရန် အဆင်သင့်ဖြစ်နေကြပြီ။ အပြစ်မဲ့သော ပြည်သူများတို့ ………..ဆန္ဒခံယူပွဲလောက်ကို မမြင်စေချင်ပါ။ ထို့နောက်ကွယ်မှ လူသတ်ပွဲကြီး အဆင်သင့်ရှိနေသည်ကို သတိပြုမိဖို့ လိုပါသည်။ လူသတ်ပွဲ နောက်တစ်ကြိမ်လာပါလိမ့်ဦးမည်။

ဒူးထောက် အသေမခံ၊ သေရမည်ဆိုလျှင် တိုက်ရင်းသာ အသေခံကြမည်။ တော်လှန်ရေးအတွက် အသင့် ရှိကြပါ။

အမျိုး၊ ဘာသာ၊ သာသနာအတွက် သင့်ကို အရေးတကြီး အလိုရှိသည်။
_________________________________________________________________________________________________

ဆန္ဒမွန် …

"အရှည်အတို မတူညီကြသော လက်ငါးချောင်း၏ ညီညွတ်မှုဖြင့် အရာဝတ္ထုတစ်ခု ကို မြဲမြံစွာ ဆုပ်ကိုင် ထားနိုင်သလို အသိဥာဏ်အဆင့်အတန်း အမျိုးမျိုးသော ပြည်သူလူထု၏ ညီညွတ်မှုဖြင့် လွတ်လပ်ရေး ကို ခိုင်မာမြဲမြံစွာ ဆုပ်ကိုင်နိုင်ကြပါစေ" ဟု ဆန္ဒပြုရင်းဖြင့် Unity စာစုကို ဤတွင် နိဂုံးချုပ် လိုက်ပါသည်။

ကျန်တော်၏ ညီညွတ်ရေးဆောင်းပါးများ..အစအဆုံးဖတ်ရှုလိုပါက PDF file download တင်ပေးထားပါသည်။ ကျွန်တော်တို့  ညီညွတ်စွာ အဓမ္မ၀ါဒီများကို တော်လှန်ကြပါစို့ လား ခင်ဗျာ

အစအဆုံး..ကြည့်ချင် ရင်…...

ဆရာတော်ဦးပညာဝံသ ၏ နယူး ဇီလန် ခရီးစဉ်


Ven. U Pannya Vamsa, the Chairman
of the International Burmese Monks Organization – IBMO’
Organizing trip to New Zealand, http://sasanamoli.blogspot.com/

Schedules
March26, 2008
3:15 pm. March 26, 2008 Arrival, Auckland International Airport, Welcome by the Burmese democratic activists

27 March, 2008
10:00 am. Collective “swams” to Sayadawgyi by the Kiwi/Burmese Community
6:30 pm. Briefing about the IBMO to The Kiwi/ Burmese Community
28 March, 2008
10:00 am. Collective “swams” to Sayadawgyi by the Kiwi/Burmese Community
1:00 to 2:00 pm Press Briefing to Mps and Politicians (English/Burmese)
6:30 pm. Briefing to the Kiwi/Burmese Community
7:00 am 29 March, 2008 Departure to Australia
Where: Ratanadipa Buddhist Temple
3075/A. Gt. North Road.
NewLynn, Auckland
http://sasanamoli.blogspot.com/
Contact Phone: 00 642 1050 6855
00 642 1121 8118
00 642 722 35935

အစအဆုံး..ကြည့်ချင် ရင်…...

Thursday, March 27, 2008

မြန်မာပြည် အခြေအနေ ( ၃။ ၂၇။၂၀၀၈)


ညပိုင်း စားသောက်ဆိုင်၊ ကာရာအိုကေတွေကတော့ ပုံမှန်လောက်ပါဘဲ၊ သိပ်ပြီးတော့ ကျဲသွားတယ် တော့မဟုတ်ပါ။ လူတော့  နည်းသွားပါ တယ်။

ညပိုင်းဆိုရင်တော့ သိပ်ပြီးတော လူသွားလူလာမရှိဘူး၊ ရှိတယ်ဆိုပေမဲ့ အားလုံးက အိမ်ကို မြန်မြန်ပြန်ကြတာ များတယ်။
ပူတာရယ်၊မီးကလည်း ပြတ်တော့အားလုံးက အိမ်မှာ ညဆိုရင် မအိပ်နိုင်ကြတယ်ရယ်။ ကိုယ်ဟာကို မီးကင်း စောင့်ရတယ် ဆိုတာပုံစံပေါ့။ နည်းနည်းတော့၊ ကြံဖွတ်တွေက ပြည်သူကို မျက်နှာချို သွေးတာလေးတွေ တွေ့  ရတယ်၊ သူတို့ က ပြည်သူထဲမှာနေရတော့ ကြောက်ဟန် နည်းနည်းပြတယ်..သတ္တိမရှိပါ။

မှတ်ပုံတင်တွေ ဟောင်းလား၊ ပျောက်လား ၊ ၅၀၀၀ ပေးရင် နေတွင်းချင်း ပြန်ပြီးတော့ အသစ်လုပ်ပေးတယ်၊သို့ ပေမဲ့  ကြံဖွတ် တံဆိပ်လေးတော့တွဲပြီးပါလာမယ်။

ခလေးတွေက အခုထိန်းမနိုင် သိမ်းမနိုင်၊ သင်္ကြန်ကျရင်တော့ ပိုပြီး ပြဿနာတက်နိုင်တယ်၊ ဘာလို့ လည်းဆို တော့ သင်္ကြန်ခွေတွေက ပြည်တွင်းမှာ တော်တော်ကြီး ကိုပျံ့ နေပြီ၊ ခလေးတွေက ကြံဖွတ်၊ စွမ်းအားရှင်တွေကို ရေရေ လှယ်လှယ် လှောင်နေပါတယ်။ ဒီကောင်တွေကို ပြည်သူတွေက တော်တော် တင်းနေတယ်။

အရေးပါသောစစ်တိုင်းမှုးနဲ့  တပ်မမှုးတွေကိုနားလည်ပါးရိုက်လုပ်ပြီးတော့ နေပြည်တော်မှာ အကျယ်ချုပ် ခေါ်ထား တယ်။ အထူးသဖြင့် တပ်မ၉၉ ၊၆၆၊ ၂၂၊ ၃၃၊ ဖြစ်တယ်။
ရန်ကုန်တိုင်း၊ အနောက်မြောက်တိုင်း၊ အရှေ့ တောင်တိုင်း၊ အနောက်ပိုင်းတိုင်း၊ တို့ ကစစ်ဗျုဟာမှုးတွေ ကောပါ တယ်။

နောက်ပြီးတော့အလုပ်သမားတွေ၊၀န်ထမ်းတွေကိုငွေ ၅၀၀၀၀ ကျပ်ကနေ ၃၀၀၀၀၀ထိကို အတိုးနည်းနည်းနဲ့  နှစ်ရှည် ချေးဌားဖို့ လုပ်ဆောက်ထားတယ်၊ စပြီးတော့ ပညာရေး၊ စက်မှု့ ၊ ကျန်းမာရေး၊ စိုက်ပျိုးရေးက ၀န် ထမ်းတွေကို အရင်ဆုံး ရာထားတယ်၊ ပြည်ထဲရေး က ရဲ ၊ အကျဉ်းဦးစီးနဲ့  ကိုတော့ အပေါ်ပိုင်း ရုံးအုပ် အဆင့် လောက်ကနေ စပြီးတော့ နေပြည်တော်မှာ မြေကွက်တွေကို လစဉ်ပေး ၃ နှစ် စီမံကိန်းနဲ့ ချပေးလိုက် တယ်။

ကုန်သည်ကြီးအသင်းကို ဆန်၊ ဆီ၊ကို အရေးပေါ်ရင် ပြန်ပြီးတော့ ပြည်သူကို ကြံဖွတ်ကနေ ပြန်ပြီးဖြန့် ဖို့ ညွန့် ကြားထား တယ်။
လောင်စာဆီကို တင်သွင်းနေတဲ့ ၊ မလေးရှား က မိုကုန် လိုခေါ်တဲ့ ကုမ္ပဏီ၊ စီနို တိတ်ရဒင့်း ကုမ္ပဏီ၊ အေးရှား ဝေါကုမ္ပဏီက ကိုင်ထားတဲ့ ကမ်းရိုးတမ်း ကုမ္ပဏီ တွေကို ၄င်း၊ ထိုင်းမြန်မာ အခြေစိုက် ကုမ္ပဏီ ( အရင်ထောက် လှမ်းရေး ဟောင်းတွေနဲ့ အီတလီထိုင်းကုမဏီ ပေါင်းစပ်ထားသော) ကိုတစ်လကို ၆၀၀၀၀ ကို မဖြစ်မနေ သူတို့ သွင်းခိုင်းသောဈေး နဲ့ သွင်းဖို့ လုပ်ခိုင်းတယ်လို့ သိရတယ်။CNG ကို လုံးဝအပြည့်အ၀၊အခြေအနေ မပေးနိုင် သော ရောင်းချခြင်း ကိုလုပ်ထားတယ်၊

အင်တာနက်တွေကိုနောက်နေ့တွေကစပြီးတော့ speed နှိမ့် ချပေးမယ် လို့သိရှိရပါတယ်၊၊

ညဖက်မူးနေတဲ့ကောင်တွေက ကြံဖွတ်ကိုကောင်းကောင်းပြောပြီး၊ လိုက်ပို့ခိုင်ရင်ရတာယ်၊ ဘာမှတောင် အမေး မြန်း မရှိဘူး၊ပိုက်ဆံတော့ပေးလိုက်ပေါ့၊ ပိုက်ဆံရှိရင်အားလုံးအဆင်ပြေနေတယ်၊ နေရာတကာ ငွေဘဲ။ တစ်ခုတော့ ရှောင်ပေါ့၊ ခံမပြောနဲ့၊ အစ်ကိုကြီး မှားသွားလို့နော် ဆိုတာမရှိဘူး၊ ကြံဖွတ်တွေ စွမ်းအားရှင်တွေ က တဖြေးဖြေး.များလာ..အာဏာရှိလာကြတယ်။

၈၈၈၈ ကျောင်းသားမျိုး မစစ် ( မျိုးချစ် မဟုတ်ပါ) အေးလွင်တို့ကို ဆို နအဖက ဘော်ဒီဂါတ်တွေကို ပေးထား ပါသည်။ အရပ်ဝတ်ရဲ တွေပေါ့၊ သူကကြံဖွတ်တွေကို၎င်း၊ စွမ်းအားရှင်တွေကို၎င်း လိုရာခေါ်သုံးလို့ ရတယ်၊ ကားဆီလည်း ကြိုက်သလောက် ထည့်သုံးပေါ့၊ အားလုံး ကတော့ နိုင်ငံတော့ ပြောင်းလဲမယ်..မပြောင်းလဲမယ် မသိ။ စားပြီး သူတို့ ဗိုက်ရွဲလာတာဘဲတွေ့ရတယ်ပြောတယ်၊ သူကို တော်တော်များအများက၀ိုင်းပြီးကျဉ် ထားပြီး၊ ကြံဖွတ်၊စွမ်းအားရှင်က နောက်ကလိုက်တော့ လူဘဲများနေသယောင်ယောင် ဟန်ချိုးထားပါသည်။

အတွင်းမှာ၊ ဘယ်သူမှာ လေးဂွနဲ့မဆွဲရဲဘူး၊ ကြံဖွတ်၊စွမ်းအားရှင်က လွဲလျှင် ပြည်သူ လေးဂွကိုင်လျှင်ပင်.. အပြစ်ကြီးပါတယ်။

အနုပညာရှင်တွေကို အတင်းအကျပ် ဆိုတာထက် ပိုင်ရာဆိုင်ရာတွေကနေ တဆင့်၊ အခြေခံ ဥပဒေဆန္ဒခံယူပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ထောက်ခံဖို့ ကို အခွင့်အရေးများစွာ ပေးပြီးလုပ်ခိုင်းဖို့ ၊ ကျော်ဆန်းကနေ ရုပ်ရှင် ကောင်စီ ကို တာဝန်ပေးထားတယ်၊

အဆိုးဆုံးက ယခင်ကနံမည်ရှိသော၊ လူလေးစားသော ရုပ်ရှင်သမားတွေကို ဦးစားပေးစည်းရုံးဖို့ နဲ့ တချို့ကို တော်လှန်ရေးနေ့ ပွဲကိုနေ့ ကော၊ ညပါ တက်ခွင့်ကို စစ်တပ် ကုန်ကျစရိတ် နဲ့ ခေါ်ထားတယ်။

ရုပ်ရှင်မင်းသမီးတွေထဲမှာ အဆိုးဆုံး အဖားဆုံးမှာ အူဝဲ ဖြစ်ပြီင်္း ခင်သီတာထွန်းနှင့် သူ့ ယောက်ျား ပြုံးမောင်မောင်က ငွေ တော်တော်လေး ကို စိုက်ပြီး နအဖ ၏ ပွဲများ ဖြစ်မြောက်အောင် ဖား၍ လုပ်ပေး နေကြပါသည်.၊၊ တင်အောင်မြင့်ဦး။ ဇော်ဝမ်း၊ ၀ါဝါ၀င်းရွှေ၏ သား၊ မိုဒယ်တွေ။ အဆိုတော်တွေ. ရုပ်ရှင်မင်းသမီး မင်းသားတွေ မိန်းခလေးတွေကော၊ ယောက်ျားလေးတွေ ရော နေပြည်တော်ကို တော်လှန် ရေးနေ့  အခန်းအနား သွားကြရပါသည်။

အဆိုတော်တွေကိုစည်းရုံးရေးက စိမ်းမို့မို့တို့  L ခွန်းရီတို့ကို ခိုင်းတာ မရလို့ နောက်ပေါက်တွေကို မက်လုံးပေး ပြီး ဆိုခိုင်းနေကြောင်း သိရှိရပါသည်၊

အစအဆုံး..ကြည့်ချင် ရင်…...

Partition ခွဲကြစို့ ( ညီညွတ်ခြင်း အပိုင်း ၅)

ဤ Unity Part V တွင် လုပ်ငန်းပိုင်းလေးတွေ ခွဲပြီး တင်ပြထားပါတယ်။
အားနည်းချက်များရှိရင် ဖြည့်စွက်ယူကြပါ ခင်ဗျား။

၁။ စိတ်သာရှင်စော ဘုရားဟော - မိမိရဲ့ ခေါင်းဆောင်ကောင်းဖြစ်တဲ့ ဓမ္မနဲ့ ညီညွတ်တဲ့ မိမိရဲ့ အတွင်းသန္တာန် ကို လည်း သိပါပြီ။

၂။ မျှော်နေရင် လင့်သွားမယ်။ မျှော်ခြင်းအလုပ်ကို လုပ်နေမည့်အစား လင့်မသွားရအောင် နိုင်ရာတာဝန်ကို ကိုယ်စီယူပြီး Work Done ဖြစ်အောင် လုပ်နေဖို့လည်း တိုက်တွန်းပြီးပါပြီ။

၃။ အဆိုးဆုံးအတွက် ပြင်ဆင်ဖို့ရာမှာလည်း နီးရာရန်သူ မိစ္ဆာဒိဋ္ဌိတွေကို လက်ဦးမှု ရယူနိုင်ဖို့လည်း နှိုးဆော် ပြီးပါပြီ။

ဒီကနေ့တော့ ကိုယ့်တာဝန်ကိုယ်ယူ၊ ကိုယ့်အလုပ်ကိုယ်လုပ်၊ Partition ခွဲတဲ့ အလုပ်အပိုင်းကို တင်ပြလိုပါတယ်။

လူတန်းစားအသီးသီး၊ အလွှာအသီးသီး၊ ပုဂ္ဂိုလ်အမျိုးမျိုး၊ အရည်အချင်းအမျိုးမျိုးဖြင့် အမျိုး၊ ဘာသာ၊ သာသနာ ကို ကာကွယ်ဖို့ မိစ္ဆာဒိဋ္ဌိတွေကို တွန်းလှန်နိုင်ဖို့ ကြိုးစားနေကြပါပြီ။

ဥာဏ်ရှိသလို၊ ဥာဏ်ရည်ဥာဏ်သွေးမှီသလို ကိုယ်စီကိုယ်ငှ ဆိုင်ရာ၊ နိုင်ရာ တာဝန်ကို ယူနေကြပါပြီ။

ဥာဏ်ရည်မတူလျှင် အလုပ်သဘောမတူနိုင်ပါ။
ဥာဏ်ရည်မတူလျှင် အပြောအဆိုမတူနိုင်ပါ။
ဥာဏ်ရည်မတူလျှင် စွန့်လွှတ်နိုင်သည့် အရည်အသွေး မတူပါ။

မည်သို့ပင် မတူသော်ငြားလည်း ကျနော်တို့သည် အဆင့်အမျိုးမျိုး၊ အရည်အသွေးအမျိုးမျိုး အားလုံးကို မိစ္ဆာ ဒိဋ္ဌိတို့အား တိုက်ဖျက်ရန်အတွက် လိုအပ်နေပါသည်။ အားလုံးသော သူတော်ကောင်းတို့သည် အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်ရန်ဟူသော တူညီသော ရည်ရွယ်ချက်ဖြင့် မိစ္ဆာဒိဋ္ဌိတို့ကို ဆန့်ကျင် တွန်းလှန်နေခြင်းသည် ညီညွတ်ခြင်းပင် ဖြစ်သည်။

ဒီနေရာမှာ အရေးကြီးတာက Partition ပါပဲ။ ဓမ္မပေတံဖြင့် တိုင်းတာ၍ မိမိ အကောင်းဆုံး လုပ်နိုင်သော အလုပ် ကို မိမိကိုယ်တိုင် တာဝန်ယူနိုင်ဖို့၊ လုပ်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။ သူတပါး၏ လုပ်နိုင်သော အရည်အသွေးနှင့် နှိုင်းယှဉ်ဝေဖန်ခြင်း၊ ကောင်း/ဆိုး ဝေဖန်ခြင်းတို့ကို မပြုကြဘဲ မိမိ၏ Partition အတွင်း၌ ကိုယ်လုပ်နိုင်သော အလုပ်ကို၊ ကိုယ်ယူနိုင်သော တာဝန်ကို ထိရောက်စွာ အကောင်းဆုံး လုပ်နေရန် အရေးကြီး ပါတယ်။

အလုံးစုံမတူညီနိုင်ပါ။ ကျနော်တို့သည် တစ်ဦးကိုတစ်ဦး စောင်းကြည့်၊ ငဲ့ကြည့်ပြီး မိမိပေတံဖြင့် သူတပါးကို တိုင်းတာဝေဖန်နေခြင်းဖြင့်၊ အပြစ်တင်နေခြင်းအားဖြင့်

မိမိ၏ ပစ္စုပ္ပန်ကို ဘာမှမလုပ်လိုက်ရဘဲ အလွန်သန့်ရှင်း သစ်လွင်သော Present Moment ကို ဖြုန်းတီး ပစ်လိုက်မိသလို ဖြစ်သွားနိုင်ပါတယ်။
- ရည်ရွယ်ချက်တူညီသော အင်အားစုများ အချင်းချင်း အင်အားချည့်နဲ့အောင် ကိုယ့်ဘာသာကိုယ် ဖြိုခွဲမိသလို ဖြစ်သွားနိုင်ပါတယ်။

- မိမိ၏ ဆန့်ကျင်ဘက် အင်အားစုများကလည်း ဤသို့ဖြစ်အောင် စိတ်ဓာတ်စစ်ဆင်ရေး လုပ်ထားခြင်း ဖြစ်သဖြင့် ရန်သူကို စိတ်အားတက်စေနိုင်ပါတယ်။
- တစ်ဦးကို တစ်ဦး မှားတယ်၊ မှန်တယ် ဝေဖန်ရင်း အလွန်အန္တရာယ်ရှိသော အခြေအနေသို့ အချိန်နဲ့အမျှ နီးကပ်သွားပြီး ဘာမှမပြင်ဆင်လိုက်ရဘဲ ဖြစ်စေနိုင်ပါတယ်။

Community (အဖွဲ့အစည်း) နှင့် ပြုလုပ်မှရသော အခြေအနေများကို ရှောင်လွှဲ၍ မရနိုင်ပါ။ အချင်းချင်း ဆက် သွယ်ခြင်း၊ အချင်းချင်း နားလည်မှုရှိခြင်း၊ အချင်းချင်း ပူးပေါင်း၍ တိုက်ပွဲဝင်ခြင်းတို့သည် ပြုကိုပြုရ မည့်အရာလည်း ဖြစ်သည်။

Partition လုပ်ရန်ဟုဆိုရသော အဓိက ရည်ရွယ်ချက်တွင် Attitude (သဘောထား) သည် အရေးကြီးပါသည်။ Positive Attitude သည် အကောင်းဆုံး Partition ပင်ဖြစ်ပါသည်။

ဗုဒ္ဓ၏ အဘိဓမ္မာတွင် ဤအဓိပ္ပာယ်ကို ယောနိသောမနသိကာရ ဟူသော ပါဠိဘာသာဖြင့် ဖော်ပြထားပါ သည်။
ယောနိသောမနသိကာရ ဆိုသော ပါဠိဝေါဟာရသည် ဓမ္မသဘာဝလောကကြီးကို ဆန့်ကျင်ဖက်မလုပ်ဘဲ လော ကကြီး ၏ အမှန်သဘောအတိုင်း နှလုံးသွင်းခြင်းပင် ဖြစ်ပါသည်။ (တနည်းအားဖြင့်ဆိုသော် သူတစ်ပါးကို သူတစ်ပါးကို Judgment လိုက်လုပ်မနေဘဲ လောကဓမ္မအတိုင်း လူအမျိုးမျိုး စိတ်အထွေထွေ ရှိသည် ကို ကိုယ် တိုင် နားလည်ပြီး ရည်ရွယ်ချက်တူသူများ ကိုယ့်အလုပ်ကိုယ်လုပ်ခြင်းသည် အကောင်းဆုံး Partition အတွင်း နေထိုင် ကျင့်ကြံခြင်းပင်ဖြစ်သည်။)

(ကိုယ်လည်း ကိုယ့်တာဝန် ကိုယ်ယူ၊ ကိုယ့်အလုပ် ကိုယ်လုပ်၊ ကိုယ့်ဥာဏ်နှင့် ကိုယ်ရွေးချယ်) အလုပ်ပြီး မြောက်အောင် လုပ်။
(သူလည်း သူ့တာဝန် သူယူ၊ သူ့အလုပ် သူလုပ်၊ သူ့ဥာဏ်နှင့် သူရွေးချယ်) အလုပ်ပြီးမြောက်အောင် လုပ်။ အလုပ်ပြီးမြောက်ဖို့သာ အဓိက ဖြစ်သည်။

ထိုသို့လက်ခံနားလည်နိုင်ရန် ကျနော်တို့တွင် လက်ခံနိုင်သော စွမ်းရည် (Acceptance) ကြီးဖို့ လိုအပ်ပါသည်။ အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်ရမည်ဟူသော ရည်မှန်းချက်တူညီသော သမ္မာဒိဋ္ဌိ ဗုဒ္ဓဘာသာဝင်များ ဖြစ်သည် နှင့်အညီ တူညီသော ရည်ရွယ်ချက်များအတွင် ဝေဖန်ခြင်းသည် အပြုသဘောဆောင်၍ နားခံသာ အောင် ညှိနှိုင်းဆက်သွယ်ကြသည့် သဘောမှတပါး အပြစ်တင်ခြင်း၊ အဆိုးမြင်ခြင်းများ မရှိသင့်ပေ။

ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်တာဝန်ကိုယ်ယူ …အချင်းချင်း အရည်အသွေးမတူနိုင်တာတွေကို အတင်းမညှိဘဲ၊ ဖိအားမပေးဘဲ အပြုသဘောဆောင်သော အမြင်ဖြင့်သာ ဆွေးနွေးညှိနှိုင်းသင့်ပေသည်။

အမျိုး၊ ဘာသာ၊ သာသနာအတွက် တူညီသော ဦးတည်ချက်တစ်ခုကိုသာ အာရုံပြု၍ ကိုယ့် Partition အတွင်း ကိုယ့်အလုပ်ကိုယ်ပြီးအောင် လုပ်နေကြဖို့ အရေးကြီးပါသည်။ အချိန်တိုင်း အန္တရာယ်ဆီသို့ ဦးတည် သွားနေပါသည်။ နောင်မှ လုပ်ရမည့် အသိဥာဏ်ချိန်ညျှိမှု ကိစ္စကို နောင်မှ ဆွေးနွေးကြပါစို့။

အရင်ဆုံး ဦးစားပေးလုပ်ရမည့် မိစ္ဆာဒိဋ္ဌိတော်လှန်ရေးကို အောင်မြင်စွာ ပြီးဆုံးနိုင်အောင် ကိုယ့် အလုပ် ကိုယ်လုပ်ရင်းဖြင့် ချီတက်ကြပါစို့။ ညီညွတ်ကြပါစို့။ လူတန်းစားအားလုံး တော်လှန်ရေးအတွက် လိုအပ်ပါသည်။ မလိုအပ်သောသူဟူ၍ မရှိပါ။ အားလုံးကို ကြိုဆိုပါသည်။
(တော်လှန်ရေးတွင် လူတန်းစားအားလုံး ပါဝင်ကြပါစို့။)

အစအဆုံး..ကြည့်ချင် ရင်…...

လူသတ်ကောင်များလက်ခံနေတဲ့ ပီကင်းအိုလံပစ်

အစအဆုံး..ကြည့်ချင် ရင်…...

သီးလေးသီး ရဲ့ တကျော့ပြန် စင်္ကာပူ

အစအဆုံး..ကြည့်ချင် ရင်…...

FREEDOM WALKERS'S ဒိုင်ယာရီ.. ( ၃။၂၆။ ၂၀၀၈)

မြန်မာပြည် လွတ်လပ်ရေးအတွက်မိုင် ၃၀၀၀ ကျော် လမ်းလျောက် နေသော ငြိမ်းချမ်းရေးဆက်သား နှစ်ဦး ထံ မှ နောက်ဆုံး သတင်း ရရှိပါသည်။
၃။၂၆။ ၂၀၀၈ တွင်. Twin Falls (Idaho) မှ စထွက်လာပြီး. Route 84 အတိုင်း ချီတက်နေပါသည်။ ရာသီဥတုမှာ အင်မတန်ဆိုးဝါး နေပြီး နှင်းမိုး များ အဆက်မပြတ် ရွာချနေသောကြောင့် ရပ်နားစရာမရှိပါ.။ ပတ်ဝန်းကျင်အပြင်၏ အပူချိန်မှာ (3˚) C သာရှိပါသည်.။ ခြေ လက်များ ထုံကျင်နေပြီး အလွန်ချမ်းအေးမှူဒဏ်ကို ခါးစီး ခံစားနေရပါသည်။
အံခဲဇွဲနှင့် ဖြတ်သန်းနေပြီး..နောက်ရှေ့  နားရပ်မှာ..Kimberly တွင် စခန်းချနိုင်မည်ဟု မျှော်လင့်ပါသည်။ ဤ ၈၈ စစ်ကြောင်း၏ စစ်သည်များ အား အဆင်ပြေပြေ ဖြတ်ကျော်နိုင်ပါစေရန် အားလုံး မှ ဝိုင်း ဆုတောင်းပေးကြပါရန်..မေတ္တာရပ်ခံပါသည်။

အစအဆုံး..ကြည့်ချင် ရင်…...

Wednesday, March 26, 2008

၆၃ နှစ်မြောက် တော်လှန်ရေးနေ့ 



၆၃ နှစ်မြောက် တော်လှန်ရေးနေ့  သီချင်းဖိုင်..ကဒီမှာ
http://www.mediafire.com/?t2dvllb1mt1

အစအဆုံး..ကြည့်ချင် ရင်…...

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့သာမဂ္ဂီအဖွဲ့ ချူပ်နှင့် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ ၏ ပူးတွဲကြေညာချက်။

အစအဆုံး..ကြည့်ချင် ရင်…...

ခွေးလောက်တောင် အသိတရားမရှိကြသော နအဖမိစ္ဆာဒိဌိများ။















ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းရှိ ကျောင်းတော်မှာနေထိုင်နေတဲ့ နှစ်နှစ်သားအရွယ် ကိုနန် (Conan) ခွေးလိမ္မာလေးဟာ ဗုဒ္ဓဘာသာကိုင်းရှိုင်းစွာနဲ့  ရှိခိုးကန်တော့တာတွေ့ ရတော့ အဟိတိရစ္ဆာန်ခွေးတောင် ဘာသာတရားနဲ့ နီးစပ်တဲ့အခါမှာ ယဉ်ကျေးသိမ်မွေ့ ပြီး ကောင်းမှုကုသိုလ်အလုပ်လုပ်တာတွေ့ ရတော့ ကျွန် တော်တို့ နိုင်ငံမှာ ဘုရားမှန်းမသိ၊ တရားမှန်းမသိ၊ သံဃာမှန်းမသိတဲ့  မိစ္ဆာဒိဌိတွေ ခွေးလောက်တောင် အသိ တရားမရှိကြ၊ သံဃာကိုရိုက်သတ် ဘုန်းကြီးကျောင်းကိုဖျက်စီး ဘုရားဆင်းတုတော်တောင် ခေါင်းပြတ်စေတဲ့ မိုက်ရိုင်းမှုတွေကို ပြန်မြင်ယောင်ပြီး၊ ဒီလို မိစ္ဆာဒိဌိတွေကို ဗုဒ္ဓဘာသာမြန်မာနိုင်ငံတော်မှာ ဆက် လက်ရှင်သန်ခွင့်ပေးနေကြဦးမှာလားဆိုတာ လူတိုင်း မိမိကိုယ်မိမိ ပြန်မေးကြစေချင်ပါတယ်ဗျာ။





































ခွေးထက်မိုက်သူများကတော့ ခိုင်းစေသူနအဖမိစ္ဆာဒိဌိနဲ့  ရိုင်းစိုင်းသူလက်ပါးစေတွေပါ။









သတင်းအသေးစိတ်သိချင်ရင်တော့ -

http://au.news.search.yahoo.com/search/news?p=Buddhist+Dog&source=

အစအဆုံး..ကြည့်ချင် ရင်…...

ဘုန်းဘုန်းချမှ လုံးလုံးရမယ် (သံချပ်)


သင်္ကြန်အကြို ၊ သကြားအကြို

(မိုး)၃လား မောင်တို့....... (လေ)၃လား မောင်တို့

မိုးရော လေရော နှစ်ညင်သာ.... ဒို့တိုင်ပြည်မှာ အေးချမ်းစေဖို့
မိုးကလေးက မရွာတရွာ...... ရွှင်ကြည်နူးစရာ တန်ခူးလ သင်္ကြန်ပွဲ
လေကလေးက မဖြာတဖြာ.... ရင်ကြည်နူုးစရာ တန်ခူးလသင်္ကြန်ပွဲ
ပိတောက်ရွှေဝါတို့ ပွင့်စေရေး.....မိုးပြေးလေး ရွာတယ်ဆိုရုံလေး
ငုရွှေဝါတို့ သင်းပျံမွှေး...... လေညှင်းလေး ဖြာတယ်ဆိုရုံလေး
မိုးနုလေနု ညံ့ညံ့ညှင်း..... မြတ်သိကြားမင်း ဆင်းလို့လာပေါ့
ပြိုးပြိုး ပြက်ပြက် ဆင်းလို့လာ.... ၀ိုင်းကြိုကြပါ အတာရေအိုးနဲ့
တိုင်းပြည် အေးချမ်းသာ စေရန်....သိကြားမင်းထံ ၀ိုင်းလျှောက်ထားစို့
သိကြားမင်းကြီးမျက်နှာညှိုး....သွေးတက် သွေတိုး ဝေဒနာဆိုးကြောင့်
ဘယ်လို ဖြစ်သလဲမေးကြည့်ရာ....သံဃာသတ်တာမြင်လို့ကြားလို့
ကျည်ကာအင်္ကျီ ၀တ်ထားတာ.... နတ်ပြည်နတ်ရွာ စစ်ဖြစ်နေလား
နတ်ပြည်ခြောက်ထပ် စစ်မဖြစ်ပါ…. လူ့ပြည် ကြွအလာ မှန်မှာစိုးလို့
သစ်ကိုင်တခက်ကိုင်ဆင်းလာ… ကြက်ဆူပင်ပါ စိုက်ခိုင်းမလို့လား
ဧကရာဇ်မြစ်ပါ လူသားရာ….. သွေးတိုးတဲ့အခါ သွေးပြီးသောက်ဖို့
ဝန်ကြီးချုပ်ဟောင်းသင်တို့ဆို...ဗိုလ်စိုးဝင်း ကိုပြောချင်တာလား

သံဃာတော်များ ကျဆုံးသွား .... ဒီလို တပ်သား ၀မ်းမနည်းပါနဲ့
ဝန်ကြီးချုပ်ဟောင်းသေဆုံးသွား .... ဒီလို တပ်သား ၀မ်းမနည်းပါနဲ့
လူသတ်ကောင် အတွက် ၀မ်းမနည်းပါ...ဒို့ဝမ်းနည်းတာ 'ဘူတို' သေလို့
သကြားမင်းကို မကျေနပ်ပါ….. ဝေဖန်ချင်တာ ပွင့်ပွင့်လင်းလင်း
ထောက်ပြဝေဖန် ပြောစမ်းပါ…. သိကြာမင်းဆိုတာစိတ်ဆိုးတတ်ဘူး
နှစ်ထောင်ခုနှစ်ခုနှစ် အောက်တိုဘာ… ရန်ကုန် တ၀ိုက်မှာ မိုးကြိုးပစ်ခဲ့
မိစ္ဆာကောင် များ တယောက်မှမမှန်…..သိကြားမင်းလက်သံ သိပ်ညံ့တာပဲ
စိတ်မရှိပါနဲ့ လူသားရာ…… ဒေါသထွက်ကာ လက်တုန်နေလို့
သင်္ကြန်ပြီးလို့ ပြန်အတက်မှာ….. ပြန်လေ့ကျင့်ပါ လက်တည့်အောင်လို့
လေ့ကျင့်ပါမယ် ဂတိပေးသကွာ….. နောက်တခေါက်ပစ်တာမလွဲစေဘူး
တို့တိုင်းပြည်ရွာ ငြိမ်းချမ်းလို…. သိကြားမင်းကြီးကို ဆုတောင်းကြစို့

ဒုက္ခ ကင်းအောင်စောင့်ရှောက်ပါ………. (ပြည့်စေဗျာ)၂
သောကကင်းအောင်စောင့်ရှောက်ပါ……. (ပြည့်စေဗျာ)၂
ငြိမ်းချမ်းရေးကို ဖန်ဆင်းပါ…… (ပြည့်စေဗျာ)၂
သင်္ကြန်မှာပတ်ဖို့ ရေလိုသဗျာ….. (ပြည့်စေဗျာ)၂
ပျော်စရာအတာပွဲနွဲချင်တာ……. (ပြည့်စေဗျာ)၂
စားနပ်ရိက္ခာ ဖူလုံစွာ… (ပြည့်စေဗျာ)၂
ဒီမိုကရေစီ လိုချင်သဗျာ…… ဒါလေးတစ်ခုတော့ ခွင့်လွှတ်ပါဟေ့
သိကြားမင်းကျွန်တော် မတတ်နိုင်ပါ…… လူ့ပြည်ရွာမှာ နိုင်သူရှိရဲ့
သိကြားမင်း ကျုပ်ကို အားမကိုးနဲ့…. သံဃာတွေကို အားကိုးကြကွဲ့

သိကြားမ,လို့ လုံးလုံးမရ….. ဘုန်းဘုန်းချမှ လုံးလုံးရမယ်
ဘုရားတ,လို့ လုံးလုံးမရ…… ဘုန်းဘုန်းချမှ လုံးလုံးရမယ်
တရားတ,လို့ လုံးလုံးမရ....... ဘုန်းဘုန်းချမှ လုံးလုံးရမယ်
သိကြားမင်းကြီး တော့ ကြိုပြီးပေ…. လူထု ဘ၀အခြေ သွားကြည့်ကြစို့။

ပို့ ပေးသော..ကိုရွှေသွေးအား...ကျေးဇူးပါဗျာ။

အစအဆုံး..ကြည့်ချင် ရင်…...

Tuesday, March 25, 2008

အခမဲ့ ခလေး လုပ်အားပေး အလုပ်သမားလေး များ..


လက်ပန်တန်းမြို့ နယ်..အညာစုကျေးရွာက ကျောင်းကလေးပါခင်ဗျာ..
နေ့ လည် ၁ နာရီမှာ..ကျောင်းစာသင်ချိန်မှာ စာမသင်ရဘဲ.အလုပ်လုပ်နေရပါတယ်။
ကျောင်းအတွက် အုတ်သယ်..အခမဲ့ လုပ်အားပေးပေါ့ ခင်ဗျာ။
ကျောင်းဆောက်တဲ့ လုပ်အားခတွေ စာရင်း ပြတာတွေက ဆရာမကြီး ရဲ့ ပိုက်ဆံအိပ် အထဲဘဲ ပါသွားလေရဲ့။ ခလေးတွေ တက်ရတဲ့ အိမ်သာကိုသာ..ကြည့်ကြပါ ခင်ဗျာ

အစအဆုံး..ကြည့်ချင် ရင်…...

..သပိတ်..သပိတ်မှောက်ကြရအောင်...



ကျေးဇူးပါ ကိုမျိုး ခင်ဗျား

အစအဆုံး..ကြည့်ချင် ရင်…...

အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးကို ပြင်ဆင်ကြစို့ (Alert!) (ညီညွတ်ခြင်း အပိုင်း၎)


ပြီးခဲ့တဲ့ UNITY ( ညီညွတ်ခြင်း) အပိုင်း ၃ မှာ (မိမိကိုယ်ကို ကိုးကွယ်ရာ) အဖြစ် ခေါင်းဆောင်အဖြစ် မြတ်ဗုဒ္ဓ၏ အဆုံးအမကို ကိုးကား၍ အစဖော်ခဲ့ပါတယ်။

၁။ ကိုယ်လုပ်မယ့် အလုပ်ဟာ တရားရဲ့လား၊
၂။ ကိုယ်လုပ်မယ့် အလုပ်ဟာ အများအကျိုးရှိရဲ့လား၊
၃။ ကိုယ်လုပ်မယ့် အလုပ်ဟာ ကိုယ့်အတွက်ကော အကျိုးရှိရဲ့လား၊
၎။ ကိုယ်လုပ်မယ့် အလုပ်ဟာ အများကို ထိခိုက်နေလား၊
၅။ ကိုယ်လုပ်မယ့် အလုပ်ဟာ ကိုယ့်ရဲ့ ကိုယ်ကျင့်သီလကို ထိခိုက်နေသလား၊
၆။ ကိုယ်လုပ်မယ့် အလုပ်ဟာ အမျိုး၊ဘာသာ၊ သာသနာ အတွက် အမှန်တကယ် အကျိုးရှိတာ သေချာရဲ့လား

ဆိုတဲ့ ဒီမေးခွန်းတွေလောက် ကိုယ့်ကိုယ်ကို မေးပြီးပြီဆိုရင် ကျနော်တို့အတွက် ကိုယ်လုပ်မယ့်အလုပ်ကို စံတိုင်းဖို့ ပေတံ ရပါပြီ။ ဒီလောက်ဆို ဓမ္မအတွက် ရပ်တည်နေသူများ ဖြစ်ပြီးလို့ ယူဆနိုင်ပါပြီ။

ဒီတော့ … လုပ်ငန်းစကြစို့။

ကျနော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းလည်း ပြောခဲ့တယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း သတိပေးပြောကြားလိုက်ပြီ။ အဲဒါက . . .

အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးကို ပြင်ဆင်ထားကြတဲ့။

ဒီစကားရဲ့အဓိပ္ပာယ်ကို ကျနော်က ဒီလိုဖွင့်ချင်တယ်။ ဒေါ်စုက အကောင်းဆုံးကို မျှော်လင့်ပြီး ဆိုတာကို ပြော လိုက်တာမှာ မျှော်လင့်ပြီး ဆိုတာလေးပါတယ်။ အဲဒီအဓိပ္ပာယ်က မျှော်နေရင် လင့်သွားလိမ့်မယ်။ ဘာဖြစ် မယ်ဆိုတာကို မျှော်နေပြီး လင့်သွားဖို့ မဟုတ်ဘူး။ ဖြစ်တန်စွမ်းများတဲ့ အကောင်းဆုံးကို အာရုံစူးစိုက်ပြီး လူတိုင်း ကိုယ်စီ လုပ်နိုင်တာမှန်သမျှကို အချိန်တိုင်း (Present Moment) ပစ္စုပ္ပန်တိုင်းမှာ လုပ်ကြပါ။ ဘယ်လို လုပ်တာ လဲ။ အကောင်းဆုံးတွေကို ဖြစ်လာရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ (Ability & Efficiency) ကို ကုန်အောင်သုံးဖို့ ဆိုလိုတာပါ။ ကိုယ်စွမ်း၊ ဥာဏ်စွမ်း ကုန်အောင် သုံးဖို့ ပြောတာပါ။

မိစ္ဆာဒိဋ္ဌိတွေကို ရှင်းလင်းသုတ်သင်ဖို့အတွက်ကတော့ ကိုယ့်တနိုင် ပြင်ဆင်ထားဖို့အတွက် ဒုတိယ စကားစုမှာ ပါတာကတော့ (ဓားသွေးထားကြ) အဆိုးဆုံးကို ပြင်ဆင်ထားကြပါတဲ့။

ဒီကနေ့ အမိဗမာပြည်ကြီးဟာ အမျိုး၊ ဘာသာ၊ သာသနာ ကို ဖျက်ဆီးပစ်မယ့်၊ ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း မနေ ထိုင်/မကျင့်သုံးတဲ့ မိစ္ဆာဒိဋ္ဌိ တို့၏ အဓမ္မ ကျူးကျော် သိမ်းပိုက်ထားခြင်းကို ခံနေရပါတယ်။

သူရဲကောင်းတို့ရဲ့ ရပ်တည်မှုက မိမိတစ်ဦးအတွက် မဟုတ်တော့ပါ။ အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်ဖို့ ဖြစ်နေပါပြီ။ လူတိုင်းမှာ ဒီတာဝန်ရှိတယ်။ လူဖြစ်လာတာ ဘာအတွက်လဲ။ ငါကောင်းတာတွေ ဘာလုပ်ပြီးပြီလဲ။ လူပီသအောင် လူလို ကျင့်ပြီးပြီလား။ ဒီမေးခွန်းကို မေးရင်းနဲ့ မွေးပြီး သေရမယ့် တခဏမှာ အများချမ်းသာမယ့် ကိစ္စတစ်ခုကို ကိုယ်စီပြုသွားနိုင်ရင် လူပီသပါပြီ။

အဲဒီအတွက် အဆိုးဆုံးအခြေအနေကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားဖို့၊ အသင့်ဖြစ်နေဖို့ လိုပါတယ်။

ပြည်သူလူထုတစ်ရပ်လုံးက တာဝန်ကျေစွာနဲ့ မိစ္ဆာဒိဋ္ဌိတွေကို ဆန့်ကျင်ကြတော့မှာ အသေအချာပါပဲ။

ဒီဆန္ဒခံယူပွဲမှာ သူတို့ အခြေအနေမကောင်းရင် အကြမ်းဖက်အုံးမှာလည်း အသေအအချာပါပဲ။ ဒီဆန္ဒခံ ယူပွဲလုပ်မယ်လို့ မကြေငြာခင်ကတည်းက ကြံ့ဖွတ်တွေဟာ အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်ချက် ချထားတာက၊ အဆင့်ဆင့် ညွှန်ကြားချက် ထုတ်ထားတာက အတည်မဖြစ်ဖြစ်အောင် လုပ်ကြရမယ်တဲ့။ ဒါက ခိုင်လုံတဲ့သ တင်းပါ။

နိုင်ရင်လည်းနိုင်၊ ရှုံးရင်လည်း နိုင်ရမယ် ဆိုတာမှာ သူတို့က ရှုံးရင်လည်းနိုင် ကတော့ ထပ်ပြီး အကြမ်းဖက်မယ်။ လူသတ်မယ်။ ဒါကို သူတို့ တရားဝင် စည်းဝေးပြီး ပြင်ဆင်ထားကြတာပါ။

သူတို့ ထပ်ပြီး လူသတ်ကြအုံးမယ်။ ထိုင်လျက်နဲ့အသေခံမလား၊ တိုက်ရင်းနဲ့ အသေခံမလား။ သေသွားမယ် ဆိုရင်တောင် သူရဲကောင်းတွေလို တိုက်ရင်းနဲ့ပဲ အသေခံကြမယ်။ ဒါ သူရဲကောင်းစိတ်ဓာတ်ပဲ။ ငုတ်တုပ်နဲ့ အသေမခံဘူး။ တိုက်ရင်းနဲ့ သေသွားပစေ။ ကျနော်တို့ ခေါင်းဆောင်ရဲ့ အဆိုးဆုံးကို ပြင်ဆင်ထားကြ ရဲ့ အဓိပ္ပာယ်၊ အရကောက်ကို ဒီလိုမြင်ကြဖို့ လိုပါတယ်။

အဲဒီအတွက် ဓားသွေးထားကြပါ။ အနီးဆုံးရန်သူကို အခုကတည်းက ရှာဖွေမှတ်သားထားကြပါ။ အမျိုး၊ အဆွေ ရယ်လို့ မမြင်ပါနဲ့။ မိစ္ဆာဒိဋ္ဌိတွေလို့ ရှင်းရှင်းလင်းလင်း မြင်ကြရတော့မယ်။ သူတို့ကို ချမ်းသာပေးရင် သူက ကိုယ့်ကို သေစေပါလိမ့်မယ်။

ပြည်သူ လူထု တစ်ရပ်လုံးက ကိုယ့် တာဝန် ကိုယ်ယူပြီး အနီးဆုံး မျိုးဖျက်၊ သာသနာဖျက်၊ သစ္စာဖောက် လောက်ကောင် [ကြံ့ဖွတ်၊ စွမ်းအားရှင်၊ သတင်းပေး] ရန်သူ့အလိုတော်ရိ အားလုံးကို သုတ်သင် ရှင်းလင်းပစ်ဖို့ အဆိုးဆုံးကို ပြင်ဆင်ကြပါစို့ ဟု

မိစ္ဆာဒိဋ္ဌိတို့ကို အမြစ်ပြတ်ချေမှုန်းဖို့ တိုက်ပွဲခေါ်သံကို အချက်ပေး သံချောင်းခေါက်လိုက်ပါတယ် ခင်ဗျား။

အစအဆုံး..ကြည့်ချင် ရင်…...

Monday, March 24, 2008

မိုင် ၃၀၀၀ ကျော် လမ်းလျှောက်နေသူ ငြိမ်းချမ်းရေးသံတမာန်နှင့်တွေ့ဆုံခြင်း။




မြန်မာနိုင်ငံ ၏ လွတ်လပ်ရေး နှင့် လွတ်မြောက်ရေး အတွက် သင့်လက်မှတ် ကလေးများမစကြပါ။ သင် မလျှောက်နိုင်သော..မိုင် ၃၀၀၀ ခရီး ကို..သတ္တိရှိသူများ သင့် အစား လျှောက်နေကြပါသည်။ လူကြီးမင်းများ လက်ခူတ်တီးရုံဖြင့် မလုံလောက်ပါ။
သင့် ဆိုင်း သာ ထိုးပေးပါရှင့်

မိုင် ၃၀၀၀ကျော်ခြေလျှင်ရှောက်နေသော ငြိမ်းချမ်းရေး၏ သံတမာန်များကို..တတ်အားသ၍ ထောက်ခံ အားပေးကြ့ပါရန်...ဒီနေရာသို့ ကြွပါရှင်

Powered by eSnips.com

source:http://thadar.blogspot.com/2008/03/blog-post_23.html အားတင်ပြပေးထားပါသည်။ ကူညီ ကြပါ ခင်ဗျာ။

အစအဆုံး..ကြည့်ချင် ရင်…...

ချေကွေဗားရား ဖျော်ရည်များ

လွတ်မြောက်နယ်မြေမှ ပထမဦးဆုံး ကျောင်းသားတပ်မတော်(မြောက်ပိုင်း)ရဲ့ ရဲရဲတောက်သံချပ်များ

data="http://kyawnaing1119.googlepages.com/xspf_player.swf?playlist_url=http://kyawnaing1119.googlepages.com/playlist.xspf">





ချေကွေဗားရား ဖျော်ရည်များ (2006)
ရဲဘော်ထွန်းလင်း


၁၉၈၈ခုနှစ် စစ်တပ်မှ န၀တမှ အာဏာသိမ်းပြီး နောက်ပိုင်းတွင် နယ်မြေဒေသအလိုက် ထိုင်းမြန်မာနယ်စပ် ကေအင်န်ယူ ထိန်းချုပ်ရာ ဒေသတွင် ABSDF (ဗဟို) ကျောင်းသားတပ်မတော် (ဗဟို) အနေဖြင့် ပေါ်ပေါက် ခဲ့ပြီး ၎င်း၏ နိုင်ငံရေး ဦးဆောင်မှုအောက်မှနေ၍ မြန်မာပြည် (မြောက်ပိုင်း) တရုတ် မြန်မာနယ်စပ် ကေအိုင် အေ ထိန်းချုပ်ရာ နယ်မြေတွင် ABSDF(NB) ကျောင်းသားတပ်မတော် (မြောက်ပိုင်း) လက်နက်ကိုင် တော်လှန် ရေးတပ်ဖွဲ့ ပေါ်ထွန်းလာခဲ့သည်။

ယင်းကဲ့သို့ လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့အနေဖြင့် ပေါ်ထွန်းလာပြီး စစ်ဆင်ရေးများကို ဆင်နွဲနေ သော်လည်း တဖက်မှနေ၍ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ပပျောက်ခြင်း မရှိစေရန်အတွက် လည်း ကောင်း၊ အာဏာသိမ်း စစ်အုပ်စုများ သရုပ်မှန်များကို ဖေါ်ပြလိုသည့် အတွက်လည်းကောင်း၊ သမိုင်းမှန်များကို ထင်ကျန်ရစ်စေရန်အတွက်လည်းကောင်း စသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသားတပ်မတော် (မြောက်ပိုင်း) မှ နေ၍ “ချေကွေဗားရား ဖျော်ရည်များ” အမည်ရှိ သံချပ်ခွေအား ၁၉၉၆ခုနှစ် သင်္ကြန်ကာလတွင် ထုတ်ဝေဖြန့်ချိခဲ့သည်။ တော်လှန်ရေးနယ်မြေရောက် အဖွဲ့အစည်း အသီးသီး ရှိခဲ့ကြသော်လည်း ယခုကဲ့သို့ သံချပ်ခွေထုတ်ဝေဖြန့်ချိခြင်း ယင်းအချိန်ထိ မည်သည့် အဖွဲ့အစည်းမျှ ပြုလုပ်ခဲ့ဘူးခြင်း မရှိသလို တော်လှန် ရေးနယ်မြေရောက် ပထမဦးဆုံးသော သံချပ်ခွေလည်းဖြစ်ပါသည်။

၁၉၉၄ ခုနှစ်တွင် ကေအိုင်အေနှင့်နအဖ အပစ်အခတ်ရပ်စဲပြီး နောက်ပိုင်း မိမိတို့ ကျောင်းသား တပ်မတော် တပ်ဖွဲ့ ၀င် များသည် ကေအိုင်အေဖြင့် တွဲဖက်လှုပ်ရှားနေသော ရှေ့တန်းစစ်မျက်နှာများမှ ဆုတ်ခွာလာခဲ့ရပြီး နောင်ရာပါ ဒေသတွင် တပ်ရင်းစိုက် အခြေချ နေထိုင်ခဲ့ရသည်။ ယင်းကဲ့သို့ နောက်တန်းတွင် နေထိုင် နေရသည့် အချိန်တွင် မိမိတို့ ကျောင်းသားတပ်မတော် (မြောက်ပိုင်း) အနေဖြင့် ရဲဘော်များ၏ စိတ်ဓါတ်ကြံ့ ခိုင်ရေး၊ သဘောတရား မွမ်းမံသင်တန်းများ ဖွင့်လှစ်ခြင်းများ၊ စစ်ဆင်ရေး မွမ်းမံသင်တန်းများ သင်ကြား ပေးခြင်း၊ စာပေမတတ်ခဲ့သော ရဲဘော်ရဲမေများအား ကျောင်းဆောက်လုပ်ပြီး အခြေခံမူလတန်း ကျောင်းစာ ပေ များ သင်ကြားပေးခြင်းများ၊ မိမိတို့တပ်ရိက္ခာနှင့် ဒေသနေပြည်သူများ သက်သာချောင်ချိ စေရန်အတွက် စိုက်ပျိုး မွေးမြူရေးများ ပြုလုပ်၍ နေထိုင်နေခဲ့ရသည်။

၁၉၉၆ခု သင်္ကြန်ကာလသို့ ရောက်ရှိချိန်တွင် တဘက်မှလည်း စစ်ရေးမွမ်းမံလေ့ကျင့်မှုများ၊ စိတ်ဓါတ် ကြံခိုင်ရေးများ၊ သဘောတရားရေးသင်းတန်းများ ဘက်စုံပြည့်ဝခိုင်မာသည့် ကျောင်းသား တပ်မတော် ဖြစ် မြောက်အောင် ပြုလုပ်နေသလို တဖက်မှလဲ မိမိတို့ ကျောင်းသားတပ်မတော် (မြောက်ပိုင်း)၏ ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓါတ်မြင့်တင်ရေးဌာန (People Ralation and Encourage Team) မှ ဦးစီးကာ သံချပ် ခွေထုတ်ဝေဖြန့်ချိရန် ပြုလုပ်ခဲ့သည်။ ထိုကဲ့သို့ ပြုလုပ်ရာတွင် မိမိတို့ ကျောင်းသားတပ်မတော် (မြောက်ပိုင်း)ရှိ တပ်ရင်းများနှင့် ရုံးဌာနအသီးသီးမှ ရဲဘော်များအားလုံးသို့ ရေသားသီကုံး ခိုင်းခဲ့ပြီး ရရှိလာသော သံချပ်များ အား စုစည်းကာ “ချေကွေဗားရားဖျော်ရည်များ” အမည်ဖြင့် သံချပ်ခွေကို ထုတ်ဝေဖြန့်ချိ ခဲ့ခြင်းဖြစ်သည်၊၊

အဆိုပါ သံချပ်ခွေ အမည်နာမနှင့် ပတ်သက်၍ သံချပ်ခွေအမည်နာမ ရွေးချယ်ပေးခဲ့သူ ကျောင်းသားရဲဘော်တ ဦး၏ ပြောပြချက်အရ သံချပ်ခွေခေါင်းစဉ်အား “တော်လှန်သူတို့၏သင်္ကြန်”ဟု အစကနဦးက သတ်မှတ်ထား ခဲ့ သော်လည်း နောက်ပိုင်းတွင် တော်လှန်သူတို့ ဆိုသောစာသားအစား တချိန်က တောင်အမေရိကတိုက်တွင် လက် နက်ကိုင်တော်လှန်ရေး သမားတဦးအဖြစ် ထင်ရှားခဲ့သော ချေကွေဗားရား အမည်အား လက်နက်ကိုင် တော်လှန်ရေးသမားများ၏ သင်္ကေတအဖြစ် သုံးထားခဲ့ပြီး မြန်မာ့ရိုးရာအတာသင်္ကြန်၏ သင်္ကေတအဖြစ် ဖျော် ရည်ကို ယူကာယခုလို “ချေကွေဗားရား ဖျော်ရည်များ”အမည်သို့ပြောင်းလဲသတ်မှတ်ခဲ့သည်ဟု သိရှိရသည်၊

၁၉၉၇ ခုနှစ် ရောက်ရှိချိန်တွင် မိမိတို့ကျောင်းသားတပ်မတော်သည် ကေအိုင်အေ ထိန်းချုပ်ရာ နယ်မြေ အတွင်းတွင် လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့အသွင်ဖြင့် ဆက်လက် ရပ်တည်ခွင့် မရရှိခဲ့တော့ချေ။ သို့ဖြစ်၍ မိမိတို့ ကျောင်းသားတပ်မတော်(မြောက်ပိုင်း) တပ်ဖွဲ့ဝင်များသည် ယင်းနယ်မြေမှ စွန့်ခွာက အခြား လက်နက်ကိုင် တော်လှန်နေသော တိုင်းရင်းအဖွဲ့အစည်းများထံ ပူးပေါင်း၍ လက်နက်ကိုင်တော်လှန်ရေးကို ဆက်လက်ဆင်နွဲ၍ လည်းကောင်း လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များဖြင့် ပူးပေါင်းမှုမရရှိခဲ့ပဲ ကျန် ရှိနေသော ရဲဘော်များမှလည်းကောင်း မိမိတို့ ကျောင်းသားတပ်မတော်၏ ရည်မှန်းချက်၊ ဦးတည်ချက် များကို ဆက်လက် အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရေး တိုက်ပွဲဝင်လျက် ရှိနေခဲ့ပါသည်၊၊ အသွင်ပုံစံမျိုးစုံဖြင့် စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား တွန်းလှန်နေလျက် ရှိနေကြပါသည်။ သို့သော် မိမိတို့ ကျောင်း သားတပ်မတော် (မြောက်ပိုင်း) အနေဖြင့် ဆက်လက်၍ သံချပ်ခွေများအား ထုတ်လုပ်ဖြန့်ချိနိုင်မှု မပြုလုပ်နိုင် ခဲ့တော့ချေ။

ယခုလို ၂၀၀၈ခုနှစ် သင်္ကြန်ရောက်လာတော့မည့် ကာလတွင် ၁၉၉၆ခုနှစ် အာဏာသိမ်း စစ်အုပ်များ၏ သရုပ် မှန်များ၊ မြန်မာ့နိုင်ငံရေးတွင် ဖြစ်ပေါ်ခဲ့သော အခြေအနေမှန်များ၊ န၀တ စစ်အစိုးရလက်အောက် ပြည်သူများ၏ ဖြစ်ပေါ်ခဲ့သော လူမှုဒုက္ခ အ၀၀ အထွေထွေ တို့ကို နှိုင်းယှဉ် လေ့လာ ပြန်လည် အမှတ်ရ သိရှိနိုင်ရန် အတွက် ယခုလို မြန်မာပြည် အနောက်ပိုင်း အိန္ဒိယနယ်စပ်မှ နေ၍ “ဘုန်းဘုန်းချမှ လုံးလုံးရမည်” ဆိုသည့် သံချပ် ထုတ်ဝေဖြန့်ချိ လာချိန်တွင် ကျောင်းသားတပ်မတော် (မြောက်ပိုင်း)မှ ထုတ်ဝေဖြန့်ချိခဲ့ဘူးသော “ချေကွေဗားရား ဖျော်ရည်များ” အမည်ရှိ သံချပ်ခွေအား ပြန်လည် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်ပါသည်။
source; http://peoplevoice2008.blogspot.com/2008/03/blog-post_9390.html

အစအဆုံး..ကြည့်ချင် ရင်…...

Sunday, March 23, 2008

စတေးခံပြီး..မျိုးချစ်စိတ်တွေ ပြသနေပြီ။

ရွှေတိဂုံ စေတီတော်ဆိုတာ..သမိုင်းစဉ်ဆက်..တပေါင်းလပြည့်နေ့ မှာ..ဘူရားပွဲတော်ဆင်နွဲမြဲပါ။ လူသူ အပေါင်း လည်းကြက်ပျံမကျ စည်ကားသိုက်မြိုက်တဲ့ တကဲ့ သာသနာ့ ၀တ္တကမြေပါ.

လေးဆူဓါတ်ပုံ လို့ အမည်ရတဲ့..စေတီတော်မြတ် ဟာ.
မြန်မာနိုင်ငံရဲံ သမိုင်းအဆက်ဆက်..တိုက်ပွဲဝင် သူရဲကောင်းများရဲ့ အောင်မြေလည်းဖြစ်ပါတယ်။
ကိုလိုနီခေတ် ကျောင်းသားသပိတ်မှောက် ကျောင်းသားများ ဆွေးနွေး စုရူံးသော နေရာရဲ့ အထိမ်းအမှတ် ကျောက်စာဟာ..ရင်ပြင်တော်ပေါ်မှာ အထင်ကရရှိပြီး ဗိုလ်ချုပ်ရဲ့ အလယ်ပစ္စယံ မိန့်ခွန်း။..ဒေါ်အောင်ဆန်း စုကြည် ရဲ့ အနောက်ဘက်မုခ် မိန့်ခွန်းတွေဟာ..သမိုင်းမေ့မရ အဖြစ်အပျက်တွေပါ။ ၂၀၀၈ တော်သလင်း လပြည့်မှာ..ဗဟန်းမုခ်မှာကျခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေးရဲ့ သံဃာတော်တွေရဲ့ သွေးစက်တွေ နဲ့  ကျမျက်ရည် က..စစ်အာဏာရှင် စံနစ်ဆိုးရဲ့ သမိုင်းသက်သေရှိပါတယ်။
ဒီအပြင် ရွှေတိဂုံ ရဲ့ သမိုင်းဝင်ကာလတွေထဲမှာ..ယခုနှစ်ရဲ့ ..တပေါင်းလပြည့်နေ့ ဟာလည်း အပါအ၀င်အဖြစ် ကျန်ရစ်မှာပါ။

၂၀၀၈. တပေါင်းလပြည့်နေ့ ည ၈ နာရီ ၃၀ မိနစ် ခန့်က ရွှေတိဂုံဘုရား သောကြာထောင့်မှာ အသက် ၃၀ ကျော် လူငယ်တဦး ဆီမီးခွက်မှ မီးဖြင့် ကိုယ့်ကိုယ်ကိုယ် ဓာတ်ဆီလောင်းကာ မီးရှို့ခြင်းဖြင့် စစ်အာဏာရှင် များရဲ့ လက်အောက်မှာ..နေထိုင်ရတဲ့ လူငယ်များရဲ့ စွန့် စားရဲတဲ့ သတ္တိ..အကြောင်း..သက်သေပြသခဲ့ပါတယ်။

မြန်မာလူမျိုး..ဗုဒ္ဓဘာသာတဥိးဟာ.. မိမိ ကိုယ့်ကိုယ် ကို သတ်သေတဲ့ ကိစ္စကို အလွန် မှားယွင်း အပြစ်ရှိပြီး အ ဖန်ငါးရာ ငါးကမ္ဘာ ဖြစ်လေရာ ဘ၀တိုင်းမှာ အပြစ်ပြန်ခံရပါတယ် လို့ ဆိုရိုးရှိခဲ့ပါတယ်။

အခုလို..လူတွေအလည်ခေါင်...သာသနာ့ ဝတ္တကမြေပေါ်.မိမိကိုယ်မီးရှို့ စတေးခံ.ပြသခဲ့တဲ့ ဤစိတ်ဓါတ် လုပ်ရပ်ဟာ..သာမန် နယ်နယ်ရရ..ပေးဆပ်ခြင်းမျိုးမဟုတ်ပါ.

(၁) စစ်သံဖနောင့် အောက်မှာ..ကျီးလန့် စာစားနေရသော..ဘ၀များထက်စာလျှင်..သေသော်မှ ကောင်းသေး၏ ဆိုတာ ပြသခဲ့ခြင်း။
(၂).အဖန်ငါးရာ ငါးကမ္ဘာ ပြန်ငရဲခံရပါသော်ငြား..မကြောက်မရွံ့  အမျိုးဘာသာ..သာသနာ ကို..မြန်မာလူမျိုး..မျိုးချစ်သားကောင်း ဗုဒ္ဓ ဘာသာ၏ ဥပကာကောင်း..အဖြစ်အသက်စွန့် ရန်..မြန်မာများ အဆင်သင့် ရှိနေပြီဖြစ်ကြောင်း ပြသခဲ့တာဖြစ်ပါတယ်။

လူတယောက်၏ အကြောက်ရွံ့ ဆုံးအရာဟာ...သေခြင်းသာဖြစ်ပါတယ်။
သေရင်မကြောက်သောသူများ..ယုံ ကြည် ချက်အတွက်..သေရဲသူများ ရှိခဲ့ခြင်းကြောင့် ကျွန်တော်တို့ တိုင်း ပြည်..ကိုလိုနီ သူ့ ကျွန်ဘ၀ကလွတ်မြောက်ခဲ့တာပါ။ သေခြင်းအတူတူ..တယောက်ချင်း အချည်းနှီး မသေ သင့်ဘဲ..တော်လှန်ရေးအတွက်..တပ်သားကောင်းများအဖြစ်..ရဲရဲဝံ့ ဝံ့ သေရဲ..ရင်ဆိုင်ရဲဖို့ သာအရေးကြီး ပါသည်။

အပွင့်လင်းဆုံးပြောရရင်..တသက်တွင်..လူသည်..တကြိမ်သာသေပါသည်.
တန်အောင်သေတတ်ရန် အရေးကြီးပါသည်။
မည်သို့ ပင် ဖြစ်စေ..ယခုလုပ်ရပ်သည်..အာဏာရှင်များအတွက်.အသက်စွန့် အသေခံပျားလိုတုတ်..မည့်မျိုးချစ် မြန်မာ များ..ပေါ်ထွန်းနေပြီဖြစ်ကြောင်း စစ်အာဏာရှင်အား သတင်းပေးပို့ သည့်..ကနဦး နိမိတ်သာ ဖြစ်ပါကြောင်း ကျွန်တော် သုံးသပ် ထင်မြင်ယူဆမိပါသည်။

အစအဆုံး..ကြည့်ချင် ရင်…...

ခေါင်းဆောင်ကောင်းကို အတွင်းမှာရှာ (ညီညွတ်ခြင်း အပိုင်း ၃)


Unity Part III ကို ဆက်ပြီး ရေးမိပြန်ပါပြီ။
ဆရာလုပ်နေသည်ဟု မယူဆစေချင်ပါ။ ရင်ထဲမှ ပေါက်ဖွားလာသော စေတနာကို မြင်စေချင်ပါသည်။ မသိသူများဟု ယူဆ၍ ရေးနေခြင်းမဟုတ်။ (သိသူများ၏) သိပြီးသား အသိပညာတွေကို ပြန်၍ အစဖော်နေခြင်း သာ ဖြစ်ပါသည်။

နအဖသည် ပညာဥာဏ်ကြီးသူများကို အလွန်ကြောက်သည်။ သူတို့က ပညာဥာဏ်မဲ့သူ (ဗာလာနံ) လူမိုက်တွေ ဖြစ်နေသည့်အတွက် (ပညာကို ကြောက်သည်။ ပညာမရှိ။) ထို့ကြောင့် လက်နက်ကို အားကိုးသည်။ ခွန်အားကို အားကိုးသည်။
အကြမ်းဖက်ခြင်းကို (၉၆) ပါး ရောဂါ ကုစားစရာဆေးအဖြစ် သုံးနေကြသည်။ ဒါ လူမိုက် လက္ခဏာ များပင်။

" ကိုယ်တည်းတစ်ယောက်၊ ဆင်းရဲရောက်၍
ကိုယ့်နောက်အများ၊ ချမ်းသာပွားမူ
တစ်ပါးဖြစ်ထွေ၊ ဆင်းရဲစေတော့။ "

ဆိုသည့်အတိုင်း အများအတွက် မိမိအသက်ကို စွန့်ဝံ့တဲ့ ဘုရားအလောင်း မျောက်မင်းလို ပညာရှိ ခေါင်း ဆောင်များ၏ ခေါင်းဆောင်မှုဖြင့် ပြည်သူအများ အသိဥာဏ်နိုးကြား၍ ခေါင်းထောင်လာမည်ကို အလွန် ကြောက်သည်။ အမှားပေါင်းစုံ ကျူးလွန်ထားသူပီပီ ကိုယ့်အရိပ်ကိုယ် လန့်နေကြသည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးတင်ဦး၊ ကိုမင်းကိုနိုင် . . . အစရှိတဲ့ . အများအတွက် မိမိတို့ရဲ့ အသက်
တွေ၊ ဘ၀တွေကို စွန့်လွှတ်ရဲတဲ့ ပညာရှိခေါင်းဆောင်များကို (ဗာလာနံ - နအဖ) တို့က ချုပ်နှောင် ဖမ်းဆီး ထားပြီး လူထုခေါင်းဆောင် ပျောက်အောင် လုပ်ထားခြင်းအားဖြင့် သူတို့လိုရာကို လုပ်ဆောင်နိုင်မည်ဟု ယူ ဆကြသည်။

ဒီ လူမိုက်တွေ ပြည်သူလူထုကို အထင်သေးလွန်းသည်။ သူတို့က လူမိုက်များပီပီ ရုပ်ဝတ္ထုများကိုသာ မြင်တတ်ကြသည်။ (ပုဂ္ဂိုလ်/ရုပ်ဝတ္ထု) များ ဖြစ်ကြတဲ့ ဒေါ်စု၊ ….. ကိုမင်းကိုနိုင် တို့မရှိလျှင် လူထုကြီးတွင် ခေါင်း ဆောင်ကောင်း မရှိနိုင်တော့ပြီ။ ခေါင်းဆောင်ကောင်းများ မရှိတော့လျှင် ဒီ ဗမာနိုင်ငံကို သူတို့ လူမိုက်တွေ ထင်သလို ခြယ်လှယ်နိုင်မည်ဟု ထင်နေကြသည်။ အလွန် သနားစရာကောင်းတဲ့ နအဖ ပင် ဖြစ်ပါသည်။ ပညာဥာဏ်မဲ့လွန်းလှသည်။

ဤတိုင်းပြည်ကား ထေရ၀ါဒ ဗုဒ္ဓဘာသာ ထွန်းကားသော တိုင်းပြည်ဖြစ်သည့်အလျှောက် ဗုဒ္ဓ၏ သမ္မာဒိဋ္ဌိအမြင်ဖြင့် အသက်ရှင်နေကြသော ဗုဒ္ဓဘာသာဝင်စစ်စစ်များ များစွာရှိသည်ကို သူတို့လို ဗုဒ္ဓဘာသာဝင်အယောင်ဆောင် မိစ္ဆာဒိဋ္ဌိများ မသိနိုင်၊ နားမလည်နိုင်ကြပါ။ (ဒွိဟိတ်) လူသား သူတို့ကိုယ်တိုင်ပင် သနားစရာ ဖြစ်နေမှန်း သိပင်မသိနိုင်ဘဲ သူတို့ကိုယ်သူတို့ လူတော်များဟူ၍ သွေးနားထင်ရောက်နေကြသည်။

ကျနော်တို့၏ ခေါင်းဆောင်ကောင်းများကား ကျနော်တို့ကိုယ်စီ၏ (အဇ္ဈတ္တ) အတွင်းစိတ်သန္တာန်တွင် ရှိကြသည် ကို သူတို့မသိ …….လူတစ်ဦးချင်းစီ၏ ခေါင်းဆောင်ကောင်းများသည် အပြင်မှာ မဟုတ်ပါ။ အတွင်းမှာ သာ ဖြစ် သည်။

ဒေါ်စုကို ဖမ်းထားလို့ကော ကျနော်တို့မှာ ခေါင်းဆောင်မရှိတော့ဘူးလား …. ဦးဝင်းတင်၊ ဦးတင်ဦးတို့ကို ဖမ်း ထားလို့ကော ကျနော်တို့မှာ ခေါင်းဆောင်မရှိတော့ဘူးလား …. ကိုမင်းကိုနိုင်တို့ကို ဖမ်းထားလို့ကော ကျနော် တို့မှာ ခေါင်းဆောင်မရှိတော့ဘူးလား ….

ပညာရှိသော ကျနော်တို့ တစ်ဦးစီ၏ အတွင်းစိတ်သန္တာန်တို့သည် ကျနော်တို့၏ ခေါင်းဆောင်ကောင်းများပင် ဖြစ်သည်။

ထိုအတွင်းစိတ်၏ ခွင့်ပြုမိန့်ဖြင့် ကျနော်တို့ လှုပ်ရှားရုန်းကန်နေခြင်းမျှသာ . . . ဒါက မြတ်ဗုဒ္ဓ၏ အဆုံးအမ . . . နာမ်သတ္တိက စေ့ဆော်မှ ရုပ် လှုပ်ရှားရသည်ချည်းသာ။ ပညာမဲ့သူတို့သည် ပြင်ပခေါင်းဆောင်ကိုသာ မြင်ပြီး ပညာရှိသူတို့က မိမိ၏ ဥာဏ်ပညာသည်ပင်လျှင် (အကောင်းအဆိုး၊ အကြောင်းအကျိုး၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားသိသော အသိဥာဏ်သည်ပင်) ခေါင်းဆောင်ကောင်း ဧကန်ဖြစ်သည်ဟု …. သိရှိကြသည်။

(ကျနော်တို့ ဒေါ်စု၊ …. ကိုမင်းကိုနိုင်တို့ မရှိလျှင် ဘာမှ မလုပ်တတ်တော့ဘူးလား။ ဘာမှ မလုပ်နိုင် တော့ဘူးလား)
မဟုတ်ပါ။ လူတိုင်း ကိုယ်စီ ကိုယ်လုပ်နိုင်သည့် တရားသော ရင်ဆိုင်တိုက်ပွဲဝင်မှုကိုယ်စီကို ပညာဥာဏ်နှင့် အချိန်တိုင်း လုပ်နိုင်ပါသည်။

(သတိပြုရမည်မှာ - ဓမ္မဖြစ်ဖို့လိုသည်။)
အဓမ္မကို တိုက်ပွဲဝင်ဖို့ ဘယ်သူ့ကိုမှ မေးမနေပါနဲ့။ သူတပါး၏ တွေးထင်မှုက မိမိရဲ့အမှန်တရား မဖြစ်နိုင်ဘူး။ မိမိရင်ထဲက ဓမ္မနဲ့ယှဉ်တဲ့ (တရားရဲ့လား၊ မှန်ကန်ရဲ့လား၊ ဘယ်လောက်အကျိုးရှိသလဲ၊ ဘယ်လောက် အကျိုးမဲ့နိုင်သလဲ) ဆိုတဲ့ မေးခွန်းတွေ ကိုယ်တိုင်ပြန်မေး။ ပြီးတော့ လုပ်နိုင်တာမှန်သမျှကို အကောင်းဆုံးနဲ့ အထိရောက်ဆုံး လုပ်၊ အဖွဲ့အစည်းမရှိလို့၊ ခေါင်းဆောင်မရှိလို့ အားငယ်စရာမလိုဘူး။ ကိုယ့် ရင်ထဲက ဓမ္မနဲ့ ယှဉ်တဲ့ဥာဏ်ကို ခေါင်းဆောင်တင်။ ပြီးတော့ လုပ်နိုင်တာမှန်သမျှ အကောင်းဆုံးသာ လုပ်ပေတော့။

"အဓမ္မ" တွေ မလွှမ်းမိုးဖို့ အမျိုး၊ ဘာသာ၊ သာသနာအတွက် "ဓမ္မ" အတွက်ဆိုတဲ့ နှလုံးသွင်းမှုနဲ့ အင်အားကို အကုန်သုံး။ အဲဒီလို "ဓမ္မ" အတွက်ဆိုတဲ့ ဦးတည်ချက်နဲ့ တမျိုးသားလုံး၊ ပြည်သူလူထုတရပ်လုံး တက်ညီလက်ညီ ကိုယ်နိုင်ရာ တာဝန်ကို ကိုယ်စီ ယူကြမယ်ဆိုရင် . . . . . . . . . . . . .

မိစ္ဆာဒိဋ္ဌိတွေ ယူဆသလို ပြင်ပခေါင်းဆောင်မရှိတော့ရင် သူတို့နိုင်ပြီ၊ သူတို့လုပ်ချင်ရာလုပ်လို့ရပြီလို့ တွက်ချက်မှုဟာ မှန်နိုင်ပါတော့မလား။ နေရာတိုင်းက တိုက်နေတဲ့ ပြောက်ကျားစစ်ဆင်မှုကို ခံနိုင်ပါ့မလား။

ကလျာဏအနွယ်ဝင် သူတော်စင် ပညာရှိအပေါင်းတို့ ခင်ဗျား ….. မိစ္ဆာတွေကို တွန်းလှန်ဖို့ ကိုယ့်အတွင်း သန္တာန်က ခေါင်းဆောင်ကောင်းနဲ့ လူတိုင်းကိုယ်စီ နိုင်ရာဝန်ထမ်းရင်း တက်ညီလက်ညီ တော်လှန်ကြပါစို့။

အစအဆုံး..ကြည့်ချင် ရင်…...

Saturday, March 22, 2008

တပ်ပေါင်းစု အထွေထွေသပိတ် တိုက်ပွဲကော်မတီ ၏ကြေညာချက်

မြန်မာတနိုင်ငံလုံးဆိုင်ရာ ဒီမိုကရေစီ တပ်ပေါင်းစု အထွေထွေသပိတ် တိုက်ပွဲကော်မတီ၏ကြေညာချက်

အစအဆုံး..ကြည့်ချင် ရင်…...

သီးလေးသီး အငြိမ့်  ( ဂျပန်ဖျော်ဖြေပွဲ)

သီးလေးသီးဂျပန်ဖျော်ဖြေပွဲ အပိုင်း-၁


သီးလေးသီးဂျပန်ဖျော်ဖြေပွဲ အပိုင်း-၂


သီးလေးသီးဂျပန်ဖျော်ဖြေပွဲ အပိုင်း-၃


သီးလေးသီးဂျပန်ဖျော်ဖြေပွဲ အပိုင်း-၎


သီးလေးသီးဂျပန်ဖျော်ဖြေပွဲ အပိုင်း-၅


သီးလေးသီးဂျပန်ဖျော်ဖြေပွဲ အပိုင်း-၆


source of video: Burma Campaign မှ ရယူပါသည်

အစအဆုံး..ကြည့်ချင် ရင်…...

တောမီးလောင်ရင် တောကြောင်လက်ခမောင်းခတ်လိမ့်မယ (ညီညွတ်ခြင်း အပိုင်း၂ )


Unity Part II အနေနဲ့ ဆက်ပြီး တော်လှန်ရေး "သတိ" ရှိကြဖို့အကြောင်း ကျနော် ဥာဏ်ရှိသလောက်ဆက် လက် တင်ပြဆွေးနွေးလိုက်ပါတယ်။

" လိုက ယူ၊ မလိုက ပယ်၊ မှားနေရင် ပြင်" ပြီးတော့ ဖြည့်စွက်တွေးတောပေးကြပါ .. .. ..။

အခုတလော လှုပ်ရှားမှုတွေကို စံနစ်တကျ အများဆုံးလုပ်နေတာ ဘယ်သူတွေလဲ? ဒီမေးခွန်းမှာပါတဲ့ "စံနစ်တ ကျ" ဆိုတဲ့ စကားလုံးနဲ့အညီ အဆင့်ဆင့် အမိန့်ပေးစေခိုင်းသမျှကို ညီညီညွတ်ညွတ် လုပ်နေတာ ဘယ်သူ တွေလဲ?

အဓမ္မသမားတွေ သူတို့ညီညွတ်နေကြတယ်။ စိုးရိမ်စိတ်တွေ အကြောက်တရားတွေကို ရင်ဝယ်ပိုက် ထား ကြပေမယ့် သူတို့ ညီညွတ်နေကြတယ်။ သူတို့ရဲ့ခေါင်းဆောင်ကြီးက ဗိုလ်သန်းရွေ။ သူ့ကို လျှော့မ တွက်မိစေချင်ဘူး။ ယနေ့ အမြင့်ဆုံးအာဏာကို ကိုင်စွဲထားတဲ့ ဗိုလ်သန်းရွှေဟာ သူလျှောက်ခဲ့တဲ့လမ်းမှာ ဘာ တွေလုပ်ခဲ့သလဲဆိုရင် စိတ်ဓာတ်စစ်ဆင်ရေး တာဝန်တွေ အများဆုံးယူခဲ့တယ်။ အတွေးအခေါ်ပိုင်းကို အများ ကြီးအသုံးပြုခဲ့တဲ့ သူတစ်ယောက်ပဲ။

သူ့ရဲ့ 'အဓမ္မ' တပ်ဖွဲ့ကြီးကို သူကျွမ်းကျင်တဲ့ အတွေးအခေါ် ၀ါဒဖြန့်ချိမှုတွေနဲ့ နိုင်နင်းစွာ အုပ်ချုပ်နိုင်ဆဲပဲဖြစ်ပြီး 'ဓမ္မ' ကို စံနစ်တကျ တိုက်ဖျက်ချေမှုန်းနေတယ်။ အခုလက်ရှိအချိန်မှာ သူတို့ဘာလုပ်နေကြလဲ …… ။

သူတို့တွေ အချိန်နဲ့အမျှ လှုပ်ရှားနေတယ်။ ၀ိရိယ စိုက်နေကြတယ်။ အလုပ်တွေ လုပ်နေကြတယ်။ ရပ်မ နေကြဘူး။ ငြင်းခုံမနေကြဘူး။ လုပ်နိုင်သမျှ လုပ်လို့ရသမျှ အချိန်တိုင်းပြီးအောင် လုပ်နေကြတယ်။

၁။ ကောလဟလတွေ ဖြန့်ချိပြီး လူထုကို အာရုံပြောင်းပေးနေတယ်။ ဦးသန်းရွှေ သေပြီဆိုတာမျိုး၊ မေဆွိ သေပြီဆိုတာမျိုး၊ မင်းသားနိုင်းနိုင်းရဲ့ မိန်းမကိစ္စလိုမျိုး၊ တင့်တင့်ထွန်း၊ မျိုးကျော့မြိုင်၊ . . . . . . . . . . စုံလို့ပါပဲ။

၂။ တောနယ်တွေမှာ တစ်အိမ်ထောင်ကို ငွေသုံးသောင်း ပေးပြီး ကြံ့ဖွတ် ၀င်ခိုင်းတယ်။ နောက်ဆိုရင် မြေကွက် တွေ၊ လုပ်ကိုင်စားနိုင်ဖို့ မြေယာတွေ ချပေးမယ်ဆိုတဲ့ မက်လုံးတွေနဲ့ စည်းရုံးရေးဆင်းနေကြတယ်။

၃။ ရပ်ကွက်တွေထဲမှ ငွေရှိ၊ သိက္ခာရှိ၊ သြဇာညောင်းသူတွေကို ရ.ယ.က ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းရွက်စေပြီး အဲဒီလူရဲ့ သိက္ခာ၊ သမာဓိအပေါ်က အမြတ်ထုတ်ပြီး သူတို့ ကြံ့ဖွတ်တွေကို အကောင်းမြင်လာအောင် အမြင် ပြောင်းတဲ့ အလုပ်နဲ့လည်း စည်းရုံးရေး လုပ်နေကြတယ်။

၎။ ရပ်မိရပ်ဖဆိုတဲ့ အဖွဲ့တွေဖွဲ့စေပြီး အဲဒီအဖွဲ့ဝင်တွေရဲ့ သားသမီးတွေကို အခြေခံ ပညာအ ထက် တန်းအောင်စဉ်က အမှတ်နည်းလို့ တက်ရောက်ခွင့်မရှိတဲ့ အသက်မွေးဝမ်းကျောင်းပညာ ဘာသာရပ်တွေ၊ နိုင် ငံခြားဘာသာသင် တက္ကသိုလ်တွေမှာ တက်ခွင့်ရအောင် အခွင့်အရေးတွေ ပေးပြီး ဆောင်ရွက်ပေးတယ်။ အဲဒီ အတွက် ကြံ့ဖွတ် မ၀င်မနေရ ၀င်ခိုင်းတယ်။ အဲဒီလိုမျိုးနဲ့ စည်းရုံးရေးဆင်းနေတယ်။
အဲလို ရပ်မိရပ်ဖတွေကို သူတို့ အခုလုပ်မယ့် ဆန္ဒခံယူပွဲတွေမှာ မဲရေတွက်တာကို စောင့်ကြည့်မယ့် သမာသ မတ်ရှိတဲ့ ရပ်မိရပ်ဖအနေနဲ့ တာဝန်ပေးမယ်။

၅။ ရပ်ကွက်တွေထဲက ဘာသာရေး အခမ်းအနားတွေမှာလည်း သံဃာအရေးအခင်းတုန်းက သွေးစွန်းထားတဲ့ လက်တွေနဲ့ လူတွေက ရှေ့တန်းကနေ၀င်ပြီး လူမြင်ကောင်းအောင် သူတော်ကောင်းယောင်ဆောင်ပြီး ဘာသာ ရေးနဲ့ စည်းရုံးရေးဆင်းနေကြပြန်တယ်။

ဆက်ပြောစရာတွေ အများကြီးပါပဲ . . . . . . . . . .

အဲဒီလို သူတို့တွေ မရပ်မနားဆိုသလိုပဲ သူတို့ 'အဓမ္မ' ၀ါဒီတွေအတွက် ညီညွတ်စွာနဲ့ အချိန်တိုင်း သူတို့ကိုယ် ကျိုးအတွက် အကျိုးရှိအောင် မနားမနေ လှုပ်ရှားနေကြတဲ့အချိန်မှာ ………..

ကျနော်တို့ "ဓမ္မ" အတွက် ရင်ဆိုင်ကြိုးစား တိုက်ပွဲဝင်နေသူများ (နေ့တိုင်း၊ အချိန်တိုင်း) ဘာတွေ လုပ်ဖြစ် နေပါသလဲ။ တစ်ဦးချင်း ပြန်လည် ဆန်းစစ် စစ်ဆေးရန် လိုအပ်နေပါပြီ။ အချိန်မရှိတော့ပါ။ အချိန်ကုန် ခဲ့တာ တွေလည်း များလှပြီ။ အချိန်တွေ သိပ်နည်းနေပါပြီ။

နအဖ စစ်အာဏာရှင် အုပ်စုက ကျနော်တို့ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် ပြန်မ လွှတ်ပေးရဲတာလဲ။
အများသိကြတဲ့အတိုင်း ကြောက်လို့ပါ။ ကြောက်လွန်းလို့ပါ။

ဒေါ်စုကို ဘာကြောင့် ကြောက်တာလဲ။ ကျနော်မြင်တာကတော့ "အသိဥာဏ်" ဒေါ်စုရဲ့ အသိဥာဏ်ကို သူတို့ သိပ်ကြောက်တယ်။ နအဖ စစ်အာဏာရှင်အုပ်စု၊ သူတို့ရဲ့ လက်ပါးစေတွေ၊ သာကူးတွေ …"အဓမ္မ" သမားတွေ အားလုံး ကြောက်ဒူးတုန်ကြတယ်။

အဲဒါ အဖြေပါပဲ။ သူတို့ အမှန်တကယ် အကြောက်ဆုံးက အသိဥာဏ် …. ပြည်သူတွေ အသိဥာဏ် ရင့်ကျက် လာမှာကို အကြောက်ဆုံးပဲ။ အဓမ္မသမားတွေ အကြောက်ဆုံးအရာကတော့ ဥာဏ်ဆိုတဲ့အရာပဲ။ ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေကတော့ 'အမောဟ၊ ၀ိဇ္ဖာ' စသဖြင့် သိကြပါတယ်။ တနည်းအားဖြင့် အကောင်းအဆိုး၊ အ ကြောင်းအကျိုး၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြား သိမြင်တာကို ဥာဏ်လို့ အဓိပ္ပာယ် ဖွင့်ဆိုရင်လည်း ရပါတယ်။

အဲဒီ ဥာဏ်ဖြစ်ဖို့က သတိရှိဖို့လိုပါတယ်။ အမြဲသတိရှိတဲ့သူဟာ ဥာဏ်ရှိတယ်။ ဥာဏ်ရှိတဲ့သူကို ဥာဏ်မရှိတဲ့ အ ဓမ္မ သမားတွေ ကြောက်ကြတယ်။

ကျနော်တို့ သတိရှိဖို့လိုပါတယ်။

သတိလက်လွတ်ဖြစ်တာနဲ့ တောမီးလောင်သွားလိမ့်မယ်။ တောကြောင်တွေဖြစ်တဲ့ အဓမ္မသမားတွေ လက်ခ မောင်းခတ်လိမ့်မယ်။

မိဘအမျိုးမျိုး၊ ပတ်ဝန်းကျင်အမျိုးမျိုး၊ အသိဥာဏ်ရည်အဆင့်အတန်း အမျိုးမျိုးက မွေးလာကြတဲ့ ကျနော်တို့ဟာ အတွေးအခေါ်၊ အယူအဆတွေ ထပ်တူမကျတာ သဘာဝတရားပါ။

တူလို့ရတာကတော့ သတိပါပဲ။ အမြဲမပြတ် သတိရှိပါ။ အချိန်တိုင်းလုပ်နိုင်တာ ဘာရှိသလဲ။ လုပ်နိုင်တာကို လုပ်ဖြစ်နေဖို့၊ အကောင်းဆုံး လုပ်နေကြဖို့ လိုပါတယ်။ လုပ်ရပ်မတူပေမယ့် ရည်ရွယ်ချက်တူနေပါတယ်။ အဲဒါကတော့ "အဓမ္မ၀ါဒီ" အာဏာရှင်စစ်အုပ်စုကို ဆန့်ကျင် ဖယ်ရှားရေးပါပဲ။ ဓမ္မလွှမ်းမိုးဖို့ တရား တဲ့အလုပ်မှန် သမျှ ကိုယ်လုပ်နိုင်တဲ့ တနိုင်ဝန်ကို လူတိုင်း၊ အချိန်တိုင်း မရပ်မနား လုပ်နေကြဖို့ လိုပါတယ်။

ကျနော်တို့ သတိလက်လွတ် ဖြစ်နေကြသလား။ မေ့မေ့လျော့လျော့နဲ့ အချိန်ဖြုန်းပြီး ငြင်းခုန်ရင်းနဲ့ အင် အားဖြုန်းမိနေကြသလား။ ပြန်ပြီးမေးဖို့ လိုလာပါပြီ။ ရန်သူက မရပ်မနား အလုပ်လုပ်နေတယ်။ ကျနော်တို့က ဘာလုပ်နေသလဲ။

အခြေအနေအလုံးစုံကို ဂဃဏန မသိကြသေးတဲ့ ပြည်သူတွေအတွက် …….
ပြောနိုင်တဲ့သူ၊ ပြောတတ်တဲ့သူတွေက ပြောကြပါ။
ရေးနိုင်တဲ့သူ၊ ရေးတတ်တဲ့သူတွေက ရေးကြပါ။
ဆောင်ပုဒ်တွေ စာရွက်တွေ ဝေနိုင်တဲ့သူက၊ ဝေဖို့တာဝန်ယူနိုင်သူတွေက ဝေကြပါ။

အစရှိသဖြင့်ပေါ့။ နိုင်ရာဝန်ကို ထမ်းပြီးတော့ ပြည်သူလူထုကို အသိဥာဏ်ဖွင့်ပေးကြပါ။ အနည်းဆုံး မတရား တာကို မတရားကြောင်း ဘယ်သူ့ကိုမှ မပြောရဲဘူးဆိုရင်တောင် ကိုယ့်အိမ်မှာရှိတဲ့ မိသားစုဝင်တွေကိုတော့ ပြောနိုင်အောင် စပြီး ကြိုးစားရပါလိမ့်မယ်။

ဘာတွေပဲလုပ်နေနေ ရည်ရွယ်ချက်တူကြပါတယ်။ ဥာဏ်ရည်မတူကြပေမယ့် တော်လှန်ရေးသတိကတော့ တူ နေကြပါတယ်။ ရပ်မနေဘဲ လှုပ်နေဖို့၊ ဆက်လျှောက်နေဖို့ပဲ အရေးကြီးပါတယ်။ အချိန်တိုင်း သတိရှိနေပြီး လုပ် နိုင်တာ လုပ်နေကြမှ အချိန်တိုင်း အကျိုးရှိမှာပါ။ အကျိုးမဲ့ ရပ်မနေကြပါနဲ့။

လှုပ်မနေရင် မြုပ်သွားလိမ့်မယ်။

(ကိုယ်ကျိုးရှာသမား ၀ိသမလောဘသား အဓမ္မ၀ါဒီအုပ်စုက အကျိုးစီးပွား လာဘ်လာဘကို အခြေခံပြီး၊ ညီညွတ် မှု တည်ဆောက်နေကြတယ်။ စည်းရုံးရေးလုပ်နေကြတယ်။)

ကိုယ်ကျိုးစွန့်သူ၊ အများချမ်းသာစေလိုသူ ကျနော်တို့ ဓမ္မ၀ါဒီများက သတိဦးစီးသော အဆင့်မြင့်တဲ့ အသိ ဥာဏ်ကို အခြေခံပြီး သဘော ထား မှန်စွာဖြင့် ဓမ္မစိတ်ဓာတ်၊ ဓမ္မခွန်အားဖြင့် တညီတညွတ်တည်း တွန်းလှန်ကြ ပါစို့ဟု တိုက်တွန်းအပ်ပါသည် ခင်ဗျား။

အစအဆုံး..ကြည့်ချင် ရင်…...

လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ ကြေညာချက်


အစအဆုံး..ကြည့်ချင် ရင်…...

လူ့ အခွင့်အရေးနေ့ လှုပ်ရှားမှူများ ( နဂိုရာ. ဂျပန်)

Burmese's Human Right Day Activity, Burmese and Japanese people marching in Osaka-Japan on 16th March, 2008.

People from League for Democracy in Burma - Nagoya and people from NLD - Nagoya went to Osaka on 16th March 2008 and joined with people from Burma Relief Center-Japan, and Marched in Osaka.

အစအဆုံး..ကြည့်ချင် ရင်…...

Friday, March 21, 2008

မန္တလေးတွင် မီးထပ်မံလောင် ပါတယ်ခင်ဗျာ။

မန္တလေးတွင် မီးလောင်မှုထပ်မံ ဖြစ်ပွား
ကြည်ဝေ မတ် ၂၁၊ ၂၀၀၈

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၃၀နှင့် ၃၁လမ်းကြား၊ ၈၇-၈၈လမ်းကြား၊ ဓာတ်နန်းရပ်တွင် ယနေ့ နံနက် ၉ နာရီ ၀န်းကျင် အချိန်၌ မီးလောင်ကျွမ်းမှု တခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါမီးလောင်ကျွမ်းမှုကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တဦးသေဆုံးခဲ့ရပြီး အသက် ၆၀ ကျော်အ ရွယ် အမျိုးသားကြီးတဦး ထိခိုက်ဒဏ်ရာရရှိကြောင်း အဆိုပါ ရပ်ကွက်အတွင်းနေထိုင်သူ မျက်မြင်သက်သေ တဦးက ဆိုသည်။

“မီးခိုးတွေက မည်းနေတာပဲ။ ကလေးကလည်း ခြင်ထောင်ထဲမှာ အိပ်ပျော်နေတာလို့ ကြားရတယ်။ မီးခိုးမွန်းပြီး ဆုံးတာ၊ အဘိုးကြီးကတော့ မီးဟပ်ခံရတာ အခုဆေးရုံရောက်သွားပါပြီ” ဟု ၎င်းကဆိုသည်။

အဆိုပါအိမ်မှ အသက် ၃၀အရွယ်အမျိုးသားသည် ဆေးလိပ်သောက်လျှက်နှင့် ကားထဲမှဓာတ်ဆီကို ဆိုက်ကယ်ထဲသို့ လောင်းထည့်စဉ် မီးပွားလွင့်ရာမှ အစပြု၍ မီးလောင်ကျွမ်းမှုဖြစ်ပွားရခြင်းဖြစ်သည်ဟု ရပ်ကွက် အတွင်းနေထိုင်သူများက ပြောသည်။

“ဖြစ်ဖြစ်ခြင်းမီးခိုးတွေကို ဘေးပတ်ဝန်းကျင်မှာ မှုန်မှိုင်းနေတာပဲ။ အဲဒီအိမ်က ကွန်ကရိတိုင်တွေနဲ့ ဆောက် ထားတဲ့ အိမ်မို့ မီးက ဒီလောက်နဲ့ပြီးသွားတာ။ ပြီးတော့ လုံးချင်းသီးသန့်ဖြစ်နေတာ ကြောင့်လည်း ဘေးပတ်ဝန်း ကျင်က သက်သာသွား တယ်” ဟု အဆိုပါရပ်ကွက်တွင် နေထိုင်သူတဦးက ဆိုသည်။

အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားသော အာစီတိုက်လုံးချင်းအိမ်မှာ သကျသီဟမီးသတ်ဋ္ဌာနနှင့် ကျောက်စစ် မီး သတ်ဋ္ဌာနတို့ အနီးတွင်ရှိသည်ဟု သိရသည်။

“သကျသီဟထောင့်က မီးသတ်ဋ္ဌာနနဲ့ ကိုက် ၅၀၀ လောက်ပဲဝေးတော့ သူတို့ မိနစ်ပိုင်းအတွင်း အရောက် လာပြီး မီးသတ်ပေး ကြတယ်” ဟု မီးလောင်ကျွမ်းသည့်အိမ်အနားတွင်နေထိုင်သူ တဦးက ပြောသည်။

အဆိုပါ မီးလောင်ရာသို့ မီးသတ်ကား ၁၀ စင်းခန့်ရောက်ရှိလာကာ မီးလောင်ကျွမ်းပြီး မိနစ် ၂၀ အကြာတွင် မီး ငြှိမ်းသတ်နိုင် ခဲ့ကြောင်း ကျောက်စစ်မီးသတ်ဋ္ဌာနက ဆိုသည်။

မန္တလေးမြို့တွင် ယခုမီးလောင်ကျွမ်းမှုမှာ မတ်လအတွင်း ဒုတိယအကြိမ်မြောက် ဖြစ်သည်။ မတ်လ ၁၃ ရက် နေ့တွင် ဖြစ်ပွားခဲ့သော ဒေးဝန်းအရှေ့မီးလောင်ကျွမ်းမှုကြောင့် အထက ၁၉ ကျောင်းအတွင်းမှ အခြေ ခံပညာအထက်တန်းစာမေးပွဲ ဖြေဆိုနေသော ကျောင်းသူကျောင်းသားများ ထွက်ပြေးခဲ့ရပြီး ၂၀၀၈ ခုနှစ် အတွင်း ဖေဖော်ဝါရီလတွင် မီးလောင်ကျွမ်းမှု ၄ ကြိမ်ဖြစ်ပွားခဲ့ကာ ဖေဖော်ဝါရီလ ၂၅ရက်နေ့က ဖြစ်ပွားခဲ့သော ရတနာပုံဈေးကြီး မီးလောင်ကျွမ်းမှုမှာ ဆုံးရှုံးမှု အများ ဆုံးဖြစ်ခဲ့ကြောင်း တရားဝင် ထုတ်ပြန် ချက်များအရ သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုများမှာ လူများ၏ ပေါ့ဆမီးကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဋ္ဌာနမှ ထုတ် ပြန်ကြေညာ ထားသည်။
source:http://www.irrawaddy.org/bur/news2008/March/march_21c_08.html

အစအဆုံး..ကြည့်ချင် ရင်…...

ညီညွတ်ဖို့ လိုသည်

အစအဆုံး..ကြည့်ချင် ရင်…...

ဥပသကာကောင်း..ဖြစ်ချင်ပါလျှင်

အစအဆုံး..ကြည့်ချင် ရင်…...

ဗုဒ္ဓသာသနာတော် ဘယ်သူ့အတွက်လဲ?

မကြာသေးခင်က သံဃ့အစည်းအဝေးကြီးကျင်းပနေခဲ့ပြန်ပါပြီ။ အဲ့ဒီ အစည်းအဝေးမှာ မကွေးဆရာတော်ကြီး ဘဒ္ဒန္တကုမာရ ဆရာတော်ရဲ့ သြ၀ါဒထဲမှာ သံဃာ့ဥသျှောင် အဖွဲ့ကို ရည်ရွယ်ပြီး "မောဃပုရိသ" ဆိုပြီး ရည် ညွှန်း သွားခဲ့တာ ဖတ်လိုက်ရပါတယ်။
ကျွန်တော်တို့က အရပ်သား အရပ်ဝတ်တွေပါ။ ဗုဒ္ဓဘာသာဝင်တွေပါ။ ဗုဒ္ဓဓမ္မတွေ ဖတ်ရှု့လေ့ လာရ သလောက် ရော တခြားဘာသာရေး စာပေတွေ ဖတ်သမျှ အရပါ ကမ္ဘာပေါ်မှာ ဘာသာရေးတွေ ပေါ်ပေါက်ရတာဟာ "လူ" တွေရဲ့ ဒုက္ခ အ၀၀တွေကို ကယ်တင်ဖို့အတွက် ချည်းပါဘဲလို့ နားလည်ရပါတယ်။ လူတွေရဲ့ ဒုက္ခတွေ လက်တွေ့ ကျကျ မကူညီနိုင် မဖြေရှင်းနိုင်တဲ့ ဘာသာရေး (၀ါ) သာသနာ ဆိုတာလဲ ပျောက်ကွယ်ရမှာပါဘဲ။
ဗုဒ္ဓဘုရားရဲ့ ဓမ္မတွေဟာ လောကီလူသားတွေရဲ့ ကောင်းကျိုအတွက် လောကီကျင့်စဉ်တွေ (ဥပမာ ၃၈ဖြာ မင်္ဂလာ) တို့၊ မင်းကျင့်တရား ၁၀ပါးတို့၊ ပိုပြီး အဆင့်မြင့်လို့ သံဃအဖွဲ့အစည်းဝင်ဖြစ်လာတဲ့အခါ ၂၂၇သွယ် သိက္ခာပုဒ် တို့နဲ့ အများအပြား သူ့ကဏ္ဍနဲ့သူ ဟောကြားခဲ့ပါတယ်။


ဒါဆိုရင် သာသနာအဖွဲ့အစည်းအတွက် သာသနာမဟုတ်ပါဘူး။ လူပုဂ္ဂိုလ်နဲ့ သံဃာတော်များအတွက် သာ သနာတော်ပါ။ ယခုလက်ရှိ သာသနာတော်ကို ဦးဆောင်နေတဲ့ သံဃာ့ဝန်ဆောင်ဆရာတော်များရဲ့ ဒကာ အစစ် ပြည်သူတရပ်လုံးရဲ့ ဒုက္ခအ၀၀၊ သာသနာတာဝန်ထမ်းဆောင်နေတဲ့ ရဟန်းတော်များရဲ့ ဘေးဒုက္ခအ၀၀ကို စောင့်ရှောက်ဖို့ တာဝန်မကျေခဲ့လို့ "သာသနာမောလိ" ဆိုတဲ့ သံဃာ့ အဖွဲ့အစည်းတရပ် ပေါ်ပေါက်လာ တာ ကျွန်တော်တို့ကတော့ ၀မ်းသာပန်းသာနဲ့ ကြိုဆိုရပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်ကာလကိုဘဲကြည့်ပါ။ ယခု သံဃာဝန်ဆောင် ဆရာတော်အဖွဲ့က ဘာ တစ်ခွန်းများကိုယ့်ရဲ့ ရဟန်းတွေအတွက်၊ ပြည်သူတွေအတွက် ဒုက္ခအပေါင်းက လွှတ်အောင် ပြောပေး ခဲ့ဘူးပါသလဲ။ ဒါကြောင့် ရှင်းရှင်းလေးဘဲမြင်ပါတယ်။ မြန်မာပြည် သာသနာဖျက်တာ၊ ညှိုးမှိန်စေတာ အဂတိ ၄ပါး မကင်းတဲ့ သံဃာ့ဝန်ဆောင် ဆရာတော်တွေမှာ တာဝန်ရှိပါတယ်။
တကယ်လို့ သာသနာတော် သက်သက်အတွက်ဘဲလို့ ဆရာတော်တို့ပြောတဲ့ "သန့်ရှင်းတည်တံ့ပျံ့ပွားရေး" သက် သက် အတွက်ပဲ တာဝန်ရှိတယ်လို့ ခံယူထားရင် ဆရာတော်တို့ စစ်အစိုးရဆီ ကဘဲ ဆွမ်းကွမ်း အလှူ ခံကြပါ။ တခြား အရပ်ထဲက ပြည်သူတွေဆီက အလှူမခံကြနဲ့၊ ဆွမ်းစား ကွမ်းစား မကြွကြနဲ့လို့ဘဲ ထောက်ပြ စရာရှိပါတော့တယ်။
စေတနာဟာ ကံတရားဖြစ်တယ်လို့ဆိုရင် ဘယ်ဆရာတော်တွေက စေတနာကောင်း၊ ဘယ်ဆရာတော်တွေ ကတော့ စေတနာမဲ့/ဆိုး ဆိုတာ သတ္တ၀ါတခု ကံတခု စကားအရ မကြာခင် အဖြေပေါ်ပါလိမ့်မယ်။
တခုတော့ လျှောက်ထားပါရစေ .. ကြခတ်ဝိုင်းဆရာတော်ရဲ့ သားသုံးသား တရားတော်နဲ့ ပီနန်ဆရာတော်ကြီး တို့ရဲ့ "သာသနာ့မောလိ" အဖွဲ့အစည်းမှာ ဘယ်သူက "မောဃပုရိသ" သာသနာဖျက်အတွင်းလူလဲဆိုတာပါ? အမှန်တရားအတွက် ငရဲကြီးမယ်လို့ မယူဆပါဘူး။ ဘုရားမျက်နှာကိုဘဲကြည့်တာပါ။

ရေးသားသူ- ကဒေါင်းသစ်

အစအဆုံး..ကြည့်ချင် ရင်…...

ကျင်ကြီးစွန့်ချင်စွန့် ကျင်ငယ်တော့မစွန့်နဲ့ (ညီညွတ်ခြင်း အပိုင်း ၁)

(အမတ်ကြီး ဦးပေါ်ဦးထုံးကို ကောက်နှုတ် ကိုးကားခြင်းဖြစ်၍ စကားလုံး အသုံး အနှုန်းများ ရင့်သီးနေ ပါက ခွင့် လွှတ် နားလည်ပေး ကြစေလိုပါသည်။)
အခုတလောမှာ မတူညီတဲ့အမြင်တွေနဲ့ ကျနော်တို့ချစ်တဲ့ ပြည်သူလူထုကြားမှာ လွန်ဆွဲနေကြတာကို မြင်နေ တွေ့နေ ကြားနေရတဲ့အတွက် ငယ်ငယ်က သင်ခဲ့ဖူး၊ သိခဲ့ဖူး၊ မှတ်ခဲ့ဖူးတဲ့ အမတ်ကြီး ဦးပေါ်ဦးရဲ့ ဇာတ် လမ်း တစ်ခုကို သတိတရ ရှိမိလို့ ပြန်ပြီး ဖောက်သည်ချရင်းနဲ့ နှိုင်းယှဉ်ချိန်ထိုး အဖြေထုတ်ထားတဲ့ အတွေး လေးတစ်ခုကို တင်ပြရင်း . . . . .

ဒေါ်စုကိုချစ်တဲ့ နိုင်ငံကိုချစ်တဲ့ ပြည်သူလူထုအကြားမှာ ညီညွတ်နေတာကိုပဲ ကျနော်တို့ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကြားချင်၊ မြင်ချင်မှာ ဧကန်ပါပဲ။

No Vote (မဲမပေးရေး၊ သပိတ်မှောက်ရေး၊ နည်းပေါင်းစုံဖြင့်တိုက်ဖျက်နိုင်ရန် ကြိုးစားနေခြင်း) လည်း မှန်တယ်။ ဘယ်သူတွေအတွက်လဲ။ ဘယ်လိုတွေးတဲ့သူတွေအတွက်လဲ။

ဒါရဲ့အဖြေကတော့ ပြည်သူတွေရဲ့ အသည်းကြားမှ မဲတစ်ပြားစီကို တရားမျှတစွာ ရရှိခဲ့ပြီး အနိုင်ရရှိထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့၊ နိုင်ပြီးသားရလဒ်ကို အကောင်အထည် မဖော်ပေးဘဲ နောက်တစ်ပွဲ ကျင်းပမှာကို ဆန့်ကျင်ဖို့ မဲမထည့်ဖို့ ပြောဆိုနေကြသူတွေ အနေနဲ့၊ No Vote လုပ်ဖို့ ယုံကြည်ချက် ခိုင်မာစွာ ဆုံးဖြတ်ထားတာလည်း မှန်ပါတယ်။ ဒါကြောင့် နအဖအလိုကျ လုပ်မယ့် Referendum ဆန္ဒခံယူပွဲကို တရားမ၀င်ဘူးလို့ ပြတ်ပြတ်သားသား ကန့်ကွက်နေတာပဲ။

ဒါ အမှန်တရား (သစ္စာတရား) ပါ။

နောက်တစ်ခုက Vote No (မဲရုံသို့သွား၍ ကန့်ကွက်မဲပေးခြင်းဖြင့် ဆန့်ကျင်ခြင်း) ဒါလည်း မှန်တာပါပဲ။ ဘယ်လိုသူတွေအတွက် မှန်သလဲ။ ဒီမေးခွန်းကို ဖြေရရင် အမတ်ကြီး ဦးပေါ်ဦးလို လူမျိုးအတွက် က မှန်ပါတယ်။

ဘာကြောင့် မှန်တာလဲ။

နီးရာဓားကို ကြောက်နေရတဲ့ အမတ်ကြီး ဦးပေါ်ဦးလို (ပြည်သူလူထုကြီး) အတွက်ကတော့ မှန်ပါတယ်။ Vote No ဟာလည်း မှန်ပါတယ်။
လွတ်လပ်တဲ့စိတ်၊ ငြိမ်းချမ်းတဲ့စိတ် ဘယ်လိုမှ မရနိုင်တဲ့ live with fear နဲ့ နေရတဲ့ ဘုရင့်ရဲ့ လက်သုံးတော် ဓား ကို ကြောက်နေရတဲ့ အမတ်ကြီးဦးပေါ်ဦးလို ဖြစ်နေရ၊ ရင်ဆိုင်နေရတဲ့ (ပြည်သူလူထုအများ) အတွက်က အဲဒီ Vote No ဟာ မှန်နေပြန်ပါတယ်။

ဦးပေါ်ဦးဟာ သူ့ရဲ့အိမ်ရှေ့မှာ မစင် လာစွန့်ဖို့လုပ်နေတဲ့ မင်းခယောက်ျားကို ဘာကြောင့် ဒီလိုလုပ်ရတာလဲ။ ဒါ ဟာ ယုတ်မာတဲ့ ယုတ်ညံ့တဲ့ အလုပ်ဆိုတာ မသိဘူးလားလို့ မေးတော့ ဘုရင်က မစင်စွန့်ဖို့ အမိန့်ပေးလိုက် ကြောင်း၊ ဘုရင့်အမိန့်နဲ့ လုပ်ရခြင်း ဖြစ်ကြောင်း ပြန်လျှောက်ပါတယ်။

သူကိုယ်တိုင်ကလည်း မင်းမိန့်ကို မလွန်ဆန်ရဲ၊ မလွန်ဆန်နိုင်၊ နီးရာဓားကို ကြောက်နေရတဲ့အတွက် ကဲ .. ဒါ ဆိုလည်း မင်းမိန့်အတိုင်း မစင်တော့စွန့်၊ ကျင်ကြီးတော့စွန့်၊ ကျင်ငယ် လုံးဝမထွက်စေနဲ့၊ မင်းမိန့်မှာ မစင်စွန့်ဖို့ပဲ ပါတယ်။ ကျင်ငယ်စွန့်ဖို့မပါဘူး။ ကျင်ငယ်ထွက်ရင် ဇက်ပြုတ်မယ်ဆိုပြီး ဓားမိုးပြီးတော့ မစင်စွန့် ခွင့်ပြုလိုက် တယ်။

နီးရာဓားကို ကြောက်ရလို့ မဲရုံကို သွားပြီးတော့ မဲထည့်ရတာကတော့ ဦးပေါ်ဦးရဲ့ မစင်စွန့်ခွင့်ပေးလိုက်တဲ့ နည်း ပါပဲ။

ကျင်ငယ်စွန့်ဖို့ ခွင့်မပြုတာကတော့ ကန့်ကွက်မဲထည့်ခြင်း၊ သဘောမတူ ဆန့်ကျင်တဲ့ နည်းပါပဲ။ အဲဒီ နည်း ကို သုံးလိုက်တဲ့အတွက် မူလ ရည်ရွယ်ချက်ဖြစ်တဲ့ မစင်စွန့်ခြင်းအမှုပါ မအောင်မြင်ဘဲ ပျက်ပြားသွားခဲ့ပါတယ်။

ကျင်ကြီးသာစွန့် ကျင်ငယ်မစွန့်နဲ့၊ ကျင်ငယ်ထွက်ရင် ဇက်အပြုတ်ပဲ ဆိုပြီး ဓားမိုးပြီး မင်းမိန့်အတိုင်း မစင်စွန့်ခွင့် ပေးနိုင်ပါတယ်။
ကျင်ငယ်မထွက်ရဆိုတဲ့ ပြည်သူလူထုရဲ့ ကန့်ကွက်မဲတွေကလည်း ကျင်ကြီးစွန့်မယ့်အရေးဖြစ်တဲ့ ဥပဒေ မူကြမ်းအတည်ပြုရေးကို ချေဖျက်ပေးကောင်း ပေးနိုင်ပါလိမ့်မယ်။

နီးရာဓားကို ကြောက်နေရသူများ၊ အခြေအနေအရ အလွန်အကျဉ်းအကြပ်ကို ရောက်နေရသူများက ပညာရှိအမတ်ကြီး ဦးပေါ်ဦးလို ဒီနည်းကို သုံးလို့ရပါတယ်။

No Vote ပဲလုပ်လုပ် Vote No ပဲလုပ်လုပ် နအဖ စစ်အာဏာရှင်ကို ဆန့်ကျင်တာကတော့ အမှန်ပါပဲ။ အဲဒီအတွက် ညီညွတ်ရေးကို အလျင်အမြန် တည်ဆောက်ရမယ့်အချိန်တွင် ယုံကြည်ချက်၊ ခံယူချက် အနေအထား မတူသော်ငြား တူညီသော အာဏာရှင်တိုက်ဖျက်ရေးအတွက် တွဲလက်တွေမြဲကြပါစို့ဟု အကြံပြုတိုက်တွန်းရင်း Unity Part I ကို စတင်လိုက်ပါတယ်။

_____________________________________________________________________________________

Nobody knows what is going to happen.
ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိပါဘူး။
သိတယ်လို့ ပြောတဲ့သူဟာ လှည့်စားချင်တဲ့သူပဲ။

Everything is a challenge.
အခြေအနေတိုင်းဟာ ကိုယ့်ကို စိန်ခေါ်နေတယ်။
သတ္တိရှိတဲ့သူဟာ စိန်ခေါ်နေတဲ့အခြေအနေကို ကြိုက်တယ်။

Everything is a possibility.
အခြေအနေတိုင်းမှာ ဘာမဆို ဖြစ်နိုင်တယ်။
ဘာမဆို ဖြစ်နိုင်လို့ ကိုယ့်မှာ ရွေးစရာရှိတယ်။

Find your own pathways.
ကိုယ့်လမ်းကို ကိုယ် ရှာပါ။
လမ်းမရှိလျှင် လမ်းဖောက်ပါ။ သူများမသွားတဲ့နေရာကို သွားပါ။

Take the risk! စွန့်စားပါ။
စွန့်စားတဲ့သူမှ အသက်ဝင်နေတဲ့သူ ဖြစ်တယ်။ ရှင်သန်နေတဲ့သူ ဖြစ်တယ်။ ကြီးထွားနေတဲ့သူ ဖြစ်တယ်။

I am the master of my faith ; I am the captain of my soul.
ငါသည် ငါ့ ကံကြမ္မာ၏ အရှင်သခင်ဖြစ်၏။ ငါသည် ငါ့ စိတ်ဓာတ်၏ ပဲ့ကိုင်ဖြစ်၏။

My head is bloodied but unbowed.
ငါ၏ ဦးခေါင်းသည် သွေးချင်းချင်းနီနေ၏။ သို့သော် ညွတ်ကားမညွတ်။

အစအဆုံး..ကြည့်ချင် ရင်…...

 
/* EOT ----------------------------------------- */