Wednesday, April 30, 2008

စင်ကာပူမှ မျိုးချစ်ပြည်သူတစ်ဦးရဲ့  ရင်ဖွင့်ပြောဆိုချက်။

မနက် ၁၀နာရီကျော်ထဲက ရောက်နေခဲ့ပါတယ်။ ကျွန်တော်တို့ ရောက်စမှာတော့ အားလုံးက ပုံမှန်လေးပဲ ရှိပါသေးတယ်။ ကျောင်းသားတွေ မဲဘယ်လိုပေးလို့ ရမလဲ သွားမေးတော့ ပတ်စ်ပို့ ရယ် စတူးဒန့် ပတ်စ်ရယ် စလစ်စာရွက်လေးရယ်ကို ပေါင်းပြီး သူတို့ ကိုပေး၊ ပြီးရင် အထဲကနေ မဲပေးဖို့ ခေါ်ပါတယ်။

အထဲရောက်တဲ့အခါမှာ ဘာကိုစပြီး ပြသနာရှာလဲဆိုတော့ မောင်ပျင်းဝတ်ထားတဲ့ NO အကျီကို ချွတ်ခိုင်းပါတယ်။ အဲဒီဟာနဲ့ ဆို ပေးလို့ မရဘူးတဲ့ ကျွန်တော်လည်း ပြန်မေးပါတယ်။ မဲပေးတဲ့အခါ ဘယ်အကျီမ၀တ်ရဘူးဆိုတဲ့ ဥပဒေပါလား၊ ဘယ်နားမှာ ပြဌာန်းထားလဲ ကျွန်တော်ကို ပြပါလို့ ပြောတော့ ငနဲသားက ဒီကလူတွေကို ဥပဒေ ဥပဒေနဲ့ မင်းတို့ လာလာပြီး စကားကပ်မပြောနဲ့ .၊ ငါတို့ တွေ ဘာဥပဒေမှ မသိဘူး နားလည်းမလည်ဘူး၊ အေး အထက်က ခိုင်းထားလို့ အဲတိုင်းလုပ်နေတယ် ချွတ်ဆိုချွတ်။



ကဲဗျာ သံရုံးဝန်ထမ်းပါးစပ်က ဥပဒေကို နားမလည်ဘူးတဲ့ အဲစကားကြားတော့ ကျွန်တော် ရယ်ရယ်မောမောနဲ့ ဘဲ ဟုတ်ပါပြီဗျာ အဲလောက်လည်း ဒေါသမကြီးပါနဲ့ ဆိုပြီး ချွတ်လိုက်ပါတယ်။ အကျယ်အကျယ် မဖြစ်ချင်တာရယ် ၊ အဲလူရဲ့ ညံ့ ဖျင်းမှုကို မြင်မိတာရယ်ပေါင်းပြီး ချွတ်လိုက်ပါတယ်။

(၁၂) နာရီဝန်းကျင်လောက်မှာတော့ လူတွေက အရမ်းများလာပါပြီ။ NO အကျီတွေဝေ ဦးထုပ်တွေဝေနဲ့ အားလုံး စည်စည်ကားကား ပျော်ပျော်ပါးပါးဝတ်ထားကြတာ .. ကြည်နူးစရာပါ။ ရေသန့် တွေ လှူသူကလှူ ဝေသူကဝေနဲ့ . ကျွန်တော်တို့ ကျောင်းသားတွေလည်း ပါဝင်လှူဒါန်းကြပါသေးတယ်။ ပြီးတော့ ဘယ်လိုအခြေအနေမှန်း မသိသေးတဲ့သူတွေကိုလဲ ရှင်းလင်းပြကြနဲ့ . တဦးကိုတစ်ဦး ရိုင်းပင်းကူညီကြပါတယ်။

အားလုံးစည်းကမ်းရှိရှိနဲ့ .. ညီညီညာညာ ပလက်ဖောင်းပေါ်မှာဘဲ စီတန်းနေထိုင်ကြ ၊ မုန့် တွေစားကြရင်း မဲပေးဖို့ ကိုသာ စောင့်နေကြတာပါ။

သံရုံးရဲ့ ပြူတင်းပေါက်တစ်နေရာမှာ မနက်မိုးလင်းထဲက ကင်မရာတစ်လုံးကို ထရိုင်ပေါ့နဲ့ ထောက်ပြီး တောက်လျှောက် မှတ်တမ်းတင်နေတာကို သတိထားမိပါတယ်။

(၁) နာရီဝန်းကျင်မှာတော့ ထမင်းစားချိန်ဆိုတဲ့ အကြောင်းပြချက်နဲ့ သံရုံးက ခေတ္တပိတ်ပေမယ့်၊ မဲပေးလိုတဲ့လူတွေကတော့ သံရုံးရှေ့ မှာ တန်းစီတုံးပါ ခင်ဗျာ။ အဲလိုနဲ့ (၂) နာရီဝန်းကျင်ထိ တံခါးပြန်မဖွင့်ဘဲ ဘာမှဆက်မလုပ်တော့ ဒီသံရုံးကလူတွေ အစားကြီးလှချည်လားဆိုပြီး တီးတိုးတွေပြောနေသံကိုလည်း ကြားရပါတယ်။ (၂) နာရီခွဲကျော်မှာတော့ အိုပီဘီအဖွဲ့ က ပြောရေးဆိုခွင့်ရှိသူ အကိုတစ်ယောက်နဲ့ သံရုံးကသူနဲ့ စကားပြောကြပါတယ်။ မီဒီယာတွေရောက်လာတဲ့အတွက် မှတ်တမ်းတင်မှုတွေလုပ်ဖြစ်ပါတယ်။ သံရုံးထဲကနေလည်း နောက်ထပ်ကင်မရာကိုင်ပြီး ရိုက်နေတဲ့သူကိုလည်း အပြင်ကလူတွေ အမိအရမှတ်တမ်းတင်နိုင်ပါတယ်။

သံရုံးထဲကသူက ဘာပြောလဲဆိုတော့ မင်းတို့ တွေ ဒီလိုဆက်ပြီး NO အကျီတွေဝတ်ထားသ၍ လုံးဝမဲပေးခွင့်မပြုဘူး။ ဒါနိုင်ငံတော်ပုန်ကန်တာပဲဆိုပြီး အချေအတင် ပြောကြပါတယ်။ အဲဒီနောက်မှာတော့ အနည်းငယ် တင်းမာမှုတွေ ရှိလာပါတယ်။ နိုင်ငံခြားသတင်းဌာနတွေက ဆက်သွယ်လာမှုတွေကိုလည်း သက်ဆိုင်သူတွေက ပြန်လည်ဖြေနေတာကိုလဲ ကြားသိရပါတယ်ခင်ဗျ။

ထို့ နောက်မှာတော့ ရဲဝန်ထမ်းအင်အား များလာပါတယ်။ အဲဒီအချိန်မှာ မြန်မာတွေအားလုံးဟာ နိုင်ငံသားတွေဖြစ်ကြကြောင်းကို မိမိတို့ နဲ့ ပါလာတဲ့ ရဲရဲတောက်ပတ်စ်ပို့ တွေကို ကိုယ်စီကိုင်ကာ သက်သေပြကြတာကတော့ .. ကြက်သီးမွှေးညင်း ထဖွယ်ပါ။ တစ်အောင့်အကြာ (၃) နာရီကျော်လောက်မှာတော့ ဘုန်းဘုန်းတွေကြွှလာပါတယ်။ မီဒီယာတွေက အင်တာဗျူးတွေလည်း လုပ်ပါတယ်။ ဘုန်းဘုန်းတွေက မဲပေးဖို့ လာတာမဟုတ်ဘဲ တင်းမာမှုတွေ ငြိမ်သက်အောင်သာ လာရောက်ကြည့်ရှုတဲ့သဘောပါ။

(၃) နာရီ (၄၅) မိနစ် အချိန်လောက်မှာတော့ ရေသန့်တွေ ပေါင်မုန့် အစရှိသည်တို့ ကို ထပ်မံဝေပါတယ်။ အားရစရာပါ။ လှူတဲ့သူတွေကလှူ ဝေတဲ့သူတွေကဝေ စားတဲ့သူတွေက စားနဲ့ . အားလုံးညီညီညွတ်ညွတ်ပါ။ (၄) နာရီခန့် မှာတော့  စပါယ်ရှယ်ရဲတွေပေါ့နော် ၊ သူတို့ တွေ ဟန်ရေးလာပြပါတယ်။ အဖြူဝတ် ရဲမေတွေလည်း ပါလာပါတယ်။ နေပြင်းပြင်းအောက်မှာ ကိုယ်ဝန်ဆောင်သည်တွေနဲ့ သက်ကြီးရွယ်အိုတွေကလည်း အပူကို ပဓာနမထားပဲ ကြုံတောင့်ကြုံခဲ ဆင်နွှဲနေတာ အားရဖို့ ကောင်းသလို ကရုဏာလည်း သက်မိပါတယ်။

အဲလိုနဲ့ သံရုံးဖက်က ကလိမ်စေ့ငြမ်းဆင်ပြီး ကလီကမာဇာတ်တွေခင်းကာ မဲမရှိဘူး အကြောင်းပြတဲ့အချိန်မှာတော့ဖြင့် အပြင်ကလူအုပ်က တင်းမာလာပါတယ်။ ဒါပေမယ့် ဦးဆောင်တဲ့သူတွေက နိုင်နင်းစွာနဲ့ ဖြေရှုင်းနိုင်သလို၊ အပြင်က လူအုပ်ကလည်း စည်းကမ်းရှိစွာနဲ့ ပါဝင်တာမို့ အားလုံးဟာ စည်းကမ်းရှိစွာနဲ့ ဆက်လက်နေခဲ့ပါတယ်။

ထို့ နောက်မှာ နိုင်ငံတော်သီချင်းကို နှလုံးသားနဲ့ သံပြိုင်သီဆိုပြီးတော့ .. ကိုယ့်နိုင်ငံသီချင်းကို ကိုယ်တိုင်သီဆိုနိုင်ရက်နဲ့  ကိုယ့်နိုင်ငံက ဘာသာစကားကိုပြောနိုင်ရက်နဲ့ မဲမပေးရမှုကို၊ နိုင်ငံတော်သီချင်းကို ဖြောင့်အောင်မဆိုနိုင်တဲ့သူတွေ ရှေ့ မှာတင် သံပြိုင်သီဆိုပြရင်း
ပင်နီဆူလာပလာဇာကို တန်းစီပြီး လျှောက်လှမ်းကာ ညီညာတဲ့ တနင်္ဂနွေကို စည်းကမ်းရှိရှိနဲ့ အောင်မြင်စွာ အများမြင်အောင်ပြသနိုင်ခဲ့ပါတယ်။

မဲပေးရ မပေးရတာထက် မီဒီယာတွေ နဲ့ အများအမြင်မှာတော့ စင်ကာပူက မြန်မာတွေ .. အားလုံးက နိုးပဲဆိုတာ သိသွားတဲ့ အကျိုးအမြတ်တော့ ရခဲ့ပါတယ်။

သက်ဆိုင်ရာရဲအာဏာပိုင်တွေက ဦးဆောင်သူတွေထဲက တချို့ ကို စစ်ဆေးဖို့ ခေါ်တဲ့အခါမှာ ညီညီညာညာ ကျန်အဖွဲ့ သားတွေပါ အတူလိုက်သွားပါတယ်။

ဖုန်းတွေကိုပါ စစ်ဆေးတယ်ထင်ပါတယ်။ ဖုန်းတွေဆက်လို့ မရဘဲ ဖုန်းပိတ်ထားသလို ဖြစ်နေကြောင်း တွေ့ရပါတယ်။

ဟုတ်ကဲ့။ ကျွန်တော်တစ်သက်မှာ ပထမဆုံးပါဝင်နိုင်ခဲ့တဲ့ မဲပေးပွဲကတော့ ဒီလောက်ပါပဲ။ ပါဝင်ခွင့်ရခဲ့တဲ့အတွက် ၀မ်းမြောက်သလို စည်းကမ်းတင်းကြပ်ပါတယ်ဆိုတဲ့ စင်ကာပူမှာ ဒီလိုလှုပ်ရှားနိုင်ခဲ့တဲ့အတွက် ၀မ်းမြောက်မိပါကြောင်း ပြောကြားရင်း ရပ်နားလိုက်ပါတယ် ခင်ဗျာ။

(ရေးသားသူ - မောင်ပျင်း) ။

အစအဆုံး..ကြည့်ချင် ရင်…...

မစိုးရိမ်ဆရာတော်ဘုရားကြီးအတွက် အထူးကြေကွဲဝမ်းနည်းကြောင်း မှတ်တမ်း။

သာသနာ့ဥသျှောင် အဖွဲ့ ကြီး၏ နာယကဆရာတော်ကြီး ဦးကောဝိဒ ဘ၀နတ်ထံ ပျံလွန်တော်မူခြင်း (ဓါတ်ပုံမှတ်တမ်း)။

နစ်နေမန်းနှင့်တစ်ကွ မြန်မာပြည်သူအပေါင်းမှ အထူးကြေကွဲ ၀မ်းနည်းရပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။




























အစအဆုံး..ကြည့်ချင် ရင်…...

နစ်နေမန်း မဲပေးပါတယ်။

နစ်နေမန်းမှ မဲပေးခွင့်ရသည်ဖြစ်စေ မရသည်ဖြစ်စေ မြန်မာနိုင်ငံတွင် မွေးဖွားသူ မြန်မာနိုင်ငံသားတစ်ယောက်အနေဖြင့် နအဖ၏ အတုအယောင် အလိမ်အညာ ပြည်သူ့ မဲဆန္ဒခံယူပွဲအား အသဲကြားမှ မဲတစ်ပြား (ကန့် ကွက်မဲ) ပေးလိုက်ပါသည်။

နအဖအမည်ခံ အာဏာရှင်အုပ်စုနှင့် ၄င်းတို့ လုပ်ဆောင်နေသော လုပ်ရပ်မှန်သမျှကို ပြတ်ပြတ်သားသား ကန့် ကွက်လိုက်ပါသည်။

ကျွန်ုပ်၏ ရင်တွင်းမှလာသော ဆန္ဒမဲသည် အာဏာရှင်အတွက် ထာဝစဉ် ကန့် ကွက်မဲသာ ဖြစ်ပါကြောင်း။ ထိုကန့် ကွက်မဲသည် အာဏာရှင်အတွက် ထာဝရ တည်စေသောဝ်။

အစအဆုံး..ကြည့်ချင် ရင်…...

Tuesday, April 29, 2008

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သာသနာ့ဥသျှောင်အဖွဲ့ နှင့် မျိုးချစ်မြန်မာများမှလည်း ကန့် ကွက်ကြ။



အစအဆုံး..ကြည့်ချင် ရင်…...

အထူးသတိပေးချက်။

အစအဆုံး..ကြည့်ချင် ရင်…...

သြစတြေလျမှာလည်း နအဖသံရုံးရှေ့ မှာ ကန့် ကွက်ဆန္ဒပြကြပြီ။



အစအဆုံး..ကြည့်ချင် ရင်…...

ပြည်ပရောက် မြန်မာပြည်သူတွေကတော့ နေရာတိုင်းမှာ “NO” နေကြပြီ။











အစအဆုံး..ကြည့်ချင် ရင်…...

မန္တလေးမှ ဆရာတော်တစ်ပါး မိန့် ကြားချက်။

အစအဆုံး..ကြည့်ချင် ရင်…...

Monday, April 28, 2008

ဒီလိုကြက်ခြေခတ်တယ်ဟေ့ ။ ဒီလိုကန့် ကွက်တယ်ဟေ့။



(Irrawaddy မှ ပုံအား ရယူပါတယ်)။

အစအဆုံး..ကြည့်ချင် ရင်…...

ပြည်သူတွေက ကြောက်ရမှာလား၊ နအဖတွေက ကြောက်ရမှာလား။

Read this doc on Scribd: baaw0804

အစအဆုံး..ကြည့်ချင် ရင်…...

နစ်နေမန်းမှ ပြည်သူများသို့ တင်ပြချက်။

နစ်နေမန်း၏ ဘလော့များမှာ -

http://www.niknayman-niknayman.blogspot.com/
http://www.niknayman.blogspot.com/
http://www.koniknayman.blogspot.com/

တို့ ဖြစ်ပါတယ်။ ဘလော့ (၃) ခုလုံးအား တွဲဘက် လုပ်ဆောင်သွားမည် ဖြစ်ပါတယ်။

ထို့ အပြင် အီးမေးလ်လိပ်စာများမှာလည်း -

niknayman.niknayman@gmail.com
niknayman@gmail.com
koniknayman@gmail.com

တို့ ဖြစ်ပါတယ်။

ကျွန်တော်ရဲ့ မိတ်ဆွေများအနေနဲ့  မည်သည့်ဘလော့ကိုမဆို ကြည့်ရှူနိုင်ပြီး၊ အီးမေးလ်လိပ်စာ (၃) ခုထဲမှာ ကြိုက်ရာ အီးမေးလ်လိပ်စာဖြင့် စိတ်ချစွာ ဆက်သွယ်နိုင်ပါတယ်။

နစ်နေမန်း၏ ဘလော့များအား တင်ပြမည့် သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ဗွီဒီယို အစရှိသည့် အမျိုးအစားများအပေါ် အခြေခံကာ ဘလော့သုံးခုအား အဆင်ပြေတွဲဘက်နိုင်ရန်အတွက် ပြန်လည်ပြင်ဆင် လုပ်ဆောင်သွားပါမယ်။

နစ်နေမန်း၏ လုပ်ဆောင်ချက်များသည် တိုင်းပြည်အကျိုး ပြည်သူ့ အကျိုးကို ဦးတည်ကာ၊ အာဏာရှင်စနစ် တိုက်ဖျက်ရေးကိုသာ အဓိက လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။ မည်သည့် ပြည်သူတစ်ဦးတစ်ယောက်၏ ပုဂ္ဂို လ်ရေးကိုမှ ထိခိုက်စေသည့် ရည်ရွယ်ချက်မရှိပါ။ (မှတ်ချက် - အာဏာရှင်အုပ်စုနှင့် အမျိုးသားသစ္စာဖောက်များကိုမူ နည်းလမ်းပေါင်းစုံဖြင့် တော်လှန်တိုက်ဖျက်မည် ဖြစ်သည်)။

နစ်နေမန်းအပါအ၀င် အာဏာရှင်အား တော်လှန်နေကြသော သတင်းမီဒီယာများ၊ ဘလော့ပိုင်ရှင်များ၊ ဖိုရမ်များ၊ အီးမေးလ်အုပ်စုများ၊ အဖွဲ့ အစည်းများအား ပြည်သူများမှ ဆထက်တံပိုး ၀ိုင်းဝန်းပံ့ပိုး ကူညီကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါတယ်။

နစ်နေမန်း၏ ဘလော့များနှင့် သတင်းဆက်သွယ်ဆောင်ရွက်မှုများတွင် မိမိတို့ တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီဆောင်ရွက်ပေးပါရန်ကိုလည်း လေးစားစွာ ကမ်းလှမ်းကြိုဆို ဖိတ်ခေါ်အပ်ပါတယ်။

နစ်နေမန်း မွေးဖွားခြင်းသည် ပြည်သူပြည်သားများအားလုံးအကျိုးအတွက် ဖြစ်သလို၊ မြန်မာနိုင်ငံတော်ကြီး အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးအတွက် ဦးတည်ဆောင်ရွက်နေကြသော သတင်းမီဒီယာများ၊ ဘလော့ပိုင်ရှင်များ၊ အဖွဲ့ အစည်းများ၊ သတင်းရေးရာဆောင်ရွက်နေကြသူများနှင့် ညီအကိုမောင်နှမသဖွယ်၊ တော်လှန်တိုက်ပွဲဝင် ရဲဘော်ရဲဘက် စိတ်ဓါတ်အရင်းခံကာ အပြန်အလှန် လက်တွဲရန် ဖြစ်ပါတယ်။

နစ်နေမန်းအား ၀ိုင်းဝန်းကူညီကြသူများအားလုံးအား အထူးကျေးဇူးတင်ရှိပါတယ်။

တိုင်းပြည်နှင့် လူမျိုးအတွက် မှန်မှန်ကန်ကန် လုပ်ဆောင်နေကြသော မည်သူ့ မဆို၊ မည်သည့်အဖွဲ့ အစည်းမဆို နစ်နေမန်းမှ လေးစားလျက်ရှိပါကြောင်း ပြောကြားအပ်ပါတယ်။

နစ်နေမန်း (ကိုနစ်)။

အစအဆုံး..ကြည့်ချင် ရင်…...

 
/* EOT ----------------------------------------- */