Sunday, September 30, 2007
SAVE BURMA (S.O.S) မြန်မာပြည်ကို အရေးပေါ်ကယ်ကြပါ။
Posted by Niknayman at 5:34 AM
Labels: Photo and poster
Saturday, September 29, 2007
ဓါတ်ပုံများနဲ့ သက်သေပြစို့  (၂၈-၀၉-၀၇) Photos 280907 ။
Posted by Niknayman at 9:10 AM
Labels: Photo and poster
Friday, September 28, 2007
စက်တင်ဘာ (၂၇) ရက်နေ့  ဓါတ်ပုံများ။ (၂)။
Posted by Niknayman at 4:27 AM
စက်တင်ဘာ (၂၇) ရက်နေ့  ဓါတ်ပုံများ။ (၁)။
Posted by Niknayman at 3:57 AM
Thursday, September 27, 2007
သာသနာဖျက်များ..
ဒီစစ်ခွေးရဲ့ အမည်က အောင်ကျော်ဇော ဖြစ်ပြီး ရာထူးက တော့ ဒု-ဗိုလ်မူးကြီး ဖြစ်ပါတယ်။ တပ်ရင်းကတော့ ခလရ၁၆ စိစစ်စဲ ပါ။ လက်ရှိတပ်မ(၇၇)၏ လက်အောက်ခံဖက်ဆစ်မျိုးရိုးတပ် က ဖြစ်ပါတယ်။
Posted by Niknayman at 2:18 PM
ငွေကြာယံ..အကြမ်းဖက်မှု။
Posted by Niknayman at 1:58 PM
Labels: Photo and poster, True Story
Wednesday, September 26, 2007
ယနေ့ ပြည်တွင်းသတင်း ဓါတ်ပုံများ ဖြစ်ပါတယ်။
Posted by Niknayman at 7:03 PM
အသိပေးကြေညာချက်။
ကျွန်တော်တို့  ပြည်သူတွေအနေနဲ့  မတရားတဲ့ အမိန့် မှန်သမျှကို ရဲရဲဝန့် ဝန့် ဆန့်ကျင်သွားမှာပါ။ ဒါကြောင့် အသိစိတ်ရှိရှိနဲ့  ငုံမခံဘဲ တတ်နိုင်သလောက် ပြန်ပြီး တော်လှန်သွားမှာပါ။ ပြည်သူတွေအားလုံး အရင်နေ့ များလို လမ်းမပေါ်ဆက်ထွက်ကြမှာပါ။ အားလုံးကိုလည်း အတူတကွ ပူးပေါင်းပါဝင်ကြဖို့  ပြောလိုပါတယ်။
Posted by Niknayman at 7:41 AM
Tuesday, September 25, 2007
နစ်နေမန်းဘလော့နှင့် ပိတ်ထားသောအခြားဘလော့များ ၀က်ဆိုဒ်များအား ဒီကနေတစ်ဆင့်ခံပြီး ၀င်ကြည့်နိုင်ပါတယ်။
http://proxyhide.net
http://proxify.co.uk
http://proxygun.net
http://myfreeproxy.com
http://workstudyplay.com
http://proxydrop.biz
http://proxyweb.net
http://freeproxy.ca
http://cleverproxy.com
http://proxyrat.com
http://urlgateway.com
http://3proxy.org
http://tntproxy.com
http://3proxy.com
http://proxify.org
http://getmepast.com
http://fullysickproxy.com
http://proxify.de
http://tekistan.com
http://vpntunnel.net
http://public-proxy.com
http://browserproxy.com
http://atunnel.com
http://hidemyass.com
http://netsack.net
http://proxy10.info
http://yourfreeproxy.com
http://unblockmyspace.com
http://vcamo.com
http://proxy6.info
http://72.232.94.93/perl/nph-proxy.pl
http://www.zend2.com/
http://www.youhide.com/
ဒီကနေတစ်ဆင့်ခံပြီး ၀င်ကြည့်နိုင်ပါတယ်။
ပြည်တွင်းမှ ကြည့်ရှုခွင့် မရရန် နအဖမှ နစ်နေမန်းဘလော့နှင့် ဆုံစည်းရာ ဘလော့တို့ အား ban လိုက်ပါကြောင်း။
ယခုလို နအဖအနေဖြင့် သတင်းနှင့် မီဒီယာ လွတ်လပ်ခွင့်၊ ပြည်သူများမှ လွတ်လပ်စွာ ရေးသားဖေါ်ပြခွင့်တို့ အား တားဆီးပိတ်ပင်ခြင်းသည် အခြေခံလူ့ အခွင့်အရေးအား အလွန်အကျူးဖေါက်ဖျက်ကျူးလွန်ခြင်းဖြစ်ကြောင်း ပြင်းထန်စွာရှုတ်ချလိုက်သည်။
နအဖထင်သကဲ့သို့  ကျွန်ုပ်တို့  ဘလော့များအား ပိတ်လိုက်ခြင်းဖြင့် မြန်မာပြည်ပြည်သူလူထုလှုပ်ရှားမှုဆိုင်ရာ သတင်းများ ရပ်တန့် သွားလိမ့် မည်ဟုလည်းကောင်း၊ ပြည်သူလူထုအနေဖြင့် မိမိတို့ သဘောထားများအား တင်ပြစရာ မရှိတော့ဟု ထင်ခြင်းသည်လည်းကောင်း လုံးဝမဖြစ်နိုင်ပါ။
ကျွန်ုပ်တို့ မှ မှန်ကန်စွာ ဖြစ်ပေါ်နေသော ပြည်တွင်းလှုပ်ရှားမှုသတင်းများအား ရသည့်မည်းလမ်းများဖြင့် အင်တာနက်မှဖြစ်စေ အခြားသောနည်းလမ်းများမှဖြစ်စေ ဆက်လက် တင်ပြ သွားမည်ဖြစ်ပါသည်။
၈၈မျိုးဆက်ကျောင်းသားများနှင့် သံဃာ့တပ်ပေါင်းစုမှ ထုတ်ပြန်ကြေညာချက်။ (၂၅-၀၉-၀၇)။
Posted by Niknayman at 5:16 PM
Labels: Statements
ပြည်သူ့ တပ်မတော်သားများ ပူးပေါင်းရန် အဆင့်သင့်ဖြစ်နေပြီ။
Posted by Niknayman at 4:12 PM
Labels: Statements
Monday, September 24, 2007
လိမ်တုန်းညာတုန်း ပြစ်မှားတုန်း။
သံဃာနာယကဆရာတော်တွေကိုလျှောက်ပြီး ဓမ္မစက်ဖြင့်ဆက်လက်အရေးယူမည်ဟုပြောပြီး၊ သံဃာတော်ကြီးတွေကိုအကြံဥာဏ်တောင်းခံတော့ နာယကသံဃာတော်ကြီးတွေက ၀ိနည်းစည်းကမ်းတွေကိုပြန်ပြောပြပါတယ်။ ဒီတော့ဒီကိစ္စကိုဘယ်လိုကိုင်တွယ်ရမလဲလို့မေးတယ်။
နာယကသံဃာတွေကဘာမှပြောစရာမရှိတော့ဘူးလို့ပြောတော့ ဓမ္မစက်ဖြင့်ဆက်လက် အရေးယူမည်ဟု ဗိုလ်ချုပ်သူရမြင့်မောင်က အတင်းပြောသွားပါတယ်။ အခုလိုလမ်းပေါ်မှာလျှောက်တာ ၀ိနည်းနဲ့မညီဘူးလို့  ပြောပါတယ်။ ပြီးတော့အခုလမ်းလျှောက်နေတာသံဃာတော်ဦးရေဟာ အားလုံးရဲ့(၂)ရာနုန်းပဲရှိတယ်လို့ပြောပြီး၊
ပဲခူးကြခတ်ဝိုင်းကျောင်းတိုက်မှာလည်း NLD ၅၀ ဦးနဲ့သံဃာတွေကကျောင်းကိုရေသန့်ဗူးနဲ့ပစ်လို့ မှန်တံခါးတေ
တွေကွဲသွားတယ်လို့လဲစွတ်စွဲပါတယ်။ အဲဒီလိုပြုလုပ်ရင် ရဟန်းသည် သင်္ဃန်းရုံတာပဲရှိပြီး ရဟန်းမမည်လို့ပြောပြီး ထို့ပြင် သံဃာတစ်ပါမှထိုသို့ပြုမူလျှင်ကျန်သံဃာများပါအကျုံးဝင်သည်ဟု လိမ်လည်ပြောဆိုသွားပါတယ်။
သံဃာနာယကဆရာတော်တ်ေကြီးတွေကိုတောင် ဘုန်းကြီးစာချလုပ်ပြီး လက်ရှိ အေးချမ်းစွာ ဆန္ဒပြနေတဲ့  ရဟန်းသံဃာတော်တွေကို စွပ်စွဲပြောဆိုကာ တိုင်းပြည်ကို လိမ်ညာသွားပါကြောင်း။
Posted by Niknayman at 9:05 PM