Friday, June 27, 2008

မြန်မာပြည် ဒီမိုကရေစီအရေးအခြေအနေ ပုံဖေါ်ပြကွက်။

ဖိုင် ဒေါင်းလုပ် လုပ်ရန် - http://www.mediafire.com/?zqx0nd2dttz

Read this document on Scribd: burma-democratic-diagram3

အစအဆုံး..ကြည့်ချင် ရင်…...

တကယ်တမ်း ဘေးဒုက္ခပေးနေတာ နအဖပါ။

အစအဆုံး..ကြည့်ချင် ရင်…...

Thursday, June 26, 2008

သမီးကို လွှတ်မချလိုက်ပါနဲ့ အဖေရယ်။

တစ်ညအတွင်း လူတစ်သိန်းကျော်၏ အသက်ကို ၀ါးမျိုခဲ့သော နာဂစ် လေမုန်တိုင်း သည် မြန်မာ့သမိုင်းတွင် အချိန်တိုအတွင်း အသေအပျောက်အများဆုံးသော သဘာဝဘေး အဖြစ် မှတ်တမ်းဝင်သွားချေပြီ။ မုန်တိုင်းပြီးသည်နှင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင် များက မုန်တိုင်းသင့်ဒေသများသို့ တတ်စွမ်းသရွေ့သွားရောက်လှူဒါန်းရင်း လူ့အသက်များကို ကယ် ဆယ်ခဲ့ကြသည်။

ကျွန်တော်သည်လည်း ပုဂ္ဂလိကစေတနာရှင်တစ်ဦးအနေဖြင့် မုန်တိုင်းသင့်ဒေသများ သို့ အကြိမ်ကြိမ် သွားရောက်ခဲ့ပါသည်။ ထိုကဲ့သို့ အကြိမ်ကြိမ် သွားရောက်သည့် အခါတိုင်း နာဂစ်ကြောင့် ဖြစ်ပေါ်ခဲ့သော အနိဋ္ဌာရုံများ၊ ကြေကွဲဖွယ်ရာများ၊ ဒေါသထွက်ဖွယ် ရာများကို မမြင်ရက်သော်လည်း မြင်ခဲ့ရ၊ မကြားရက်သော်လည်း ကြားခဲ့ရသည်။ မော်လမြိုင်ကျွန်း ဒုက္ခ သည်စခန်းတစ်ခုတွင် ဖခင် လက်ကို ကျစ်ကျစ်ပါအောင် ကိုင်ထားသော သားအဖနှစ်ဦးကို တွေ့ခဲ့ရသည်။

ဖခင်ရောသမီးဖြစ်သူပါ တစ်နာရီ မိုင် ၁၂၀နှုန်းနှင့်တိုက်ခဲ့သော လေပြင်းကြောင့် ခန္ဓာ ကိုယ် အရေပြားများ စုတ်ပြတ်ညိုမည်း မီးလောင်သကဲ့သို့ ဖြစ်နေသည်ကိုတွေ့ရသည်။ ဖခင် ဖြစ်သူ၏အမည်က ကိုဘဦး၊ အလုပ်အကိုင်က ရေလုပ်သား၊ နာဂစ်မုန်တိုင်းအတွင်း ဇနီးနှင့် သား ဆုံးရှုံးခဲ့ရသည်။သူက မုန်တိုင်း၏ ငရဲညကို ယခုလိုပြောပြခဲ့သည်။

“မုန်တိုင်းလာမယ်ဆိုတာကို ရေဒီယိုကလဲ ကြားတယ်။ ကျွန်တော်တို့အတွက်ကတော့ မုန်တိုင်းဆိုတာ မဆန်းပါဘူး။ မုန်တိုင်း ကျမယ်ဆိုတာသိပေမယ့် တွေ့နေကျလို့ပဲ ထင်ခဲ့တယ်။ အဲဒီနေ့က ပင်လယ်ထဲကိုတော့ မထွက်ဘူးပေါ့။ မွန်းလွဲ နှစ်နာရီလောက်မှာတရွှီ ရွှီမြည်သံနဲ့ လေပြင်းစတိုက်သံကို ကြားရတယ်။ ခဏအတွင်းမှာပဲ ကျွန်တော်တို့မိသားစုလည်း ယိမ်းယိုင် နေတဲ့အိမ်ပေါ်က ဆင်းခဲ့ ရတယ်။ ခြံထဲက အုန်းပင်တွေဆီကို ပြေးဖက်ထားရတယ်။ မျက်စိ အောက်မှာတင် ကျွန်တော်တို့အိမ်ကလေးက လေထဲကို တစ်စစီပါ သွားတယ်။ တစ်ပြိုင်တည်း မှာပဲ ရေက တရိပ်ရိပ်တက်လာတယ်။ ဒါနဲ့ အငယ်ဆုံးနှစ်နှစ်သားကလေးကို လည်ပင်းပေါ်မှာ ခွထိုင်ခိုင်း၊ ခြောက်နှစ်သမီးကြီးနဲ့ ငါးနှစ်သားလတ်ကို အုန်းပင်ပေါ်တွန်းတင်ပြီး ဖက်ထားခိုင်းရ တယ်။ ပြီးတော့ ကျွန်တော်ကိုယ်တိုင် အုန်းပင်ပေါ် တက်ပြီး ခုနကလေးနှစ်ယောက်ကို ဖက် ထားတယ်။ အဲဒီအချိန်က ကျွန်တော့်မိန်းမ ဘယ်ရောက်သွားမှန်းလဲ မသိလိုက်တော့ဘူး။ အချိန် ကလည်း မှောင်လာတယ်။ အမှောင်ထဲမှာ ကယ်ကြပါဆိုတဲ့ အသံတွေ၊ အဖေရေ၊ အမေ ရေ အသံတွေ ကြားနေရတယ်။ ရေကလဲ တက် လာလိုက်တာ အုန်းပင်ပေါ်က ကျွန်တော့်ခါးဆီ အထိ ရောက်လာတယ်။ သစ်ပင်ကိုဖက်ထားတာ နှစ်နာရီလောက်ကြာတော့ လက်အံ သေလာ တယ်။ လည်ပင်းပေါ်က အငယ်ဆုံးသားလေးက ကြောက်ကြောက်နှင့်ဖက်ထားတော့ လည် ပင်း အစ်ပြီး အသက်ရှူလည်းကျပ် လာတယ်။ ၀တ်ထားတဲ့အ၀တ်လည်း မုန်တိုင်းကြောင့် စုတ် ပြတ်သတ်ကုန်ပြီ။ မျက်လုံးတွေလဲ ဖွင့်လို့မရတော့ဘူး။
ကျွန်တော် လက်အံသေလို့ ပြုတ်ကျရင် မိသားစုလေးယောက်လုံး သေရ တော့မယ်။ လည်ပင်းအပေါ်က အငယ် လေးက အတင်းဖက်ထားတော့ အသက်ရှူလည်း မ၀ တော့ဘူး။ ဒါနဲ့ခေါင်းကိုခါပြီး အသက်ရှူလိုက်ချိန်မှာ ကျွန်တော့်လည်ပင်းပေါ်မှာ ထိုင်တဲ့သား လေးက ရေထဲကို ပြုတ်ကျသွား တယ်။ သွားနှင့်တော့ သားလေးရယ်။ မကြာခင် အဖေတို့လဲ မင်းနောက်ကို လိုက်ရတော့မှာပါလို့ နာနာကြည်းကြည်း အော်လိုက်မိတယ်။ အခုတော့ ကျွန် တော်ရယ်၊ သားရယ်၊ သမီးကြီးရယ်ပဲ ကျန်တော့တယ်။ ဒီလိုနဲ့ နောက်ထပ် နှစ်နာရီလောက် ကြာပြန်တော့ ကျွန်တော် ဘယ်လိုမှ ဆက်ပြီးမတောင့်ထားနိုင်တော့ဘူး။ စိတ်တစ်ချက် လျှော့ လိုက်တဲ့အခါ ညာဘက်လက်မှာ ဖက် ထားတဲ့ သားလတ် ရေထဲကို ပြုတ်ကျသွားပြန်တယ်။ အဖေလို့ စူးစူးရှရှ အော်လိုက်တဲ့အသံကို ရေလှိုင်းကဖုံးသွားတယ်။ ကျွန်တော်နဲ့ သမီးနှစ် ယောက်တို့ပဲ ကျန်တော့တယ်။ သမီးကြီး က သူ့မောင်လေးနှစ်ယောက်ကို ကျွန်တော်က ရေထဲ ကို လွှတ်ချလိုက်တာ ထင်ပုံရတယ်။ သမီးကို လွှတ်မချလိုက်ပါနဲ့ အဖေရယ်လို့ အော်ရင်းငိုနေ တယ်။ ကျွန်တော့်အသည်းတွေ ပေါက်ထွက် မတတ် ခံစားရတယ်။ ကျွန်တော့်သားတွေကို ကျွန်တော် ရေထဲပစ်ချမလားဗျာ။ ဒါပေမဲ့ ကျွန်တော် သွေးရူးသွေးတန်းနဲ့ ပြောလိုက်ပါတယ်။ သမီးကို ဘယ်တော့မှ အဖေလွှတ်မချဘူး။ သမီးရဲ့ မောင်လေးနှစ်ယောက်ကိုလဲ အဖေ လွှတ်ချ ခဲ့တာ မဟုတ်ဘူးလို့ပြောရင်း ကျွန်တော် ရှိုက်ကြီးတငင် ငိုချလိုက်မိတယ်။ ဒီလိုနဲ့ သားအဖ နှစ်ယောက် အုန်းပင်ကို ကျစ်ကျစ်ပါအောင် ဖက်ထား ရင်း ရေကတဖြည်း ဖြည်းကျသွားတယ်။ မနက်လင်းတော့ အုန်းပင်တွေကြားမှာ သေနေတဲ့ ကျွန်တော့်သားလေးနှစ်ယောက်အလောင်း နဲ့ အုန်းပင်ပိပြီး သေနေတဲ့ ကျွန်တော့်မိန်းမအလောင်း ကို တွေ့လိုက်ရတယ်။ သားနှစ်ယောက် အလောင်းကို ကျွန်တော်ဖက်ပြီး ဘယ်လောက်ကြာအောင် ငိုနေမိလဲ မသိတော့ဘူး။ အသက် မသေတဲ့ တခြားရွာသားတွေလာပြီး ကျွန်တော့်ကို ဖျောင်းဖျ၊ ကျွန်တော့်လက်ထဲက ကလေး အလောင်းတွေကို ယူသွားတာပဲ မှတ်မိပါတော့တယ်ဗျာ”ဟု ပြောပြသည်။

ဖခင်လက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း မျက်ရည်တွင်တွင်ကျနေသော သမီး ဖြစ်သူအား ကျွန်တော်က ‘သမီး ဘာလို့ငိုနေတာလဲ၊ ဆာလို့လား၊ ရော့- ဦးဦးဆီကမုန့်တွေကို စား’ဟု ပေးသော်လည်း မယူပါ။ ဆာလို့မဟုတ်ဘူး၊ မောင်လေးတွေကို သတိရလို့ပါဟုပြော ရင်း ငိုနေရှာသည်။ သူတို့သားအဖကိုကြည့်ရင်း ကျွန်တော် မျက်ရည်ကျမိသည်။ သူတို့၏စိတ် ဒဏ်ရာမှာ ဘယ်အချိန်တွင်မှ ပျောက်ကင်းမှာလဲဟု ကျွန်တော် ကိုယ့်ကိုယ်ကို မေးမိသော် လည်း အဖြေကမရှိ။ စေတနာရှင်၊ မေတ္တာရှင်၊ ကရုဏာရှင်များ၏ ကူညီဖေးမမှု များက သူတို့အတွက် လိုနေသည်ကတော့ အမှန်ပင်။

(YMG မှ ပြန်လည်ဖေါ်ပြပါသည်)။

အစအဆုံး..ကြည့်ချင် ရင်…...

အသက်အန္တရာယ် ရင်းပြီး ကူညီနေကြသူများအား ဂုဏ်ယူလေးစားပါတယ်။ ဘေးအန္တရာယ် ကင်းရှင်းကြပါစေ။

(၂၄) ရက်နေ့ ၊ ည (၁၀) နာရီကျော်တွင် ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်ပေးအပ်ပြီး ပြန်လာသော ကားတစ်စီးသည် မအူပင် - ညောင်တုန်းကြား (ချောင်းကြီးပတ်ဝန်းကျင်) တွင် ချိုင့်ခွက်များကို ရှောင်တိန်းမောင်းနှင်းရင်း လမ်းဘေးရှိ သစ်ပင်အား ၀င်တိုက်မိကြောင်း သိရှိရပါသည်။

အဆိုပါကားတွင် ဦးဇင်း (၂) ပါး၊ ဆရာဝန် (၂) ဦး၊ အမျိုးသား (၁၆) ယောက်နှင့် အမျိုးသမီး (၅) ဦးပါရှိပါသည်။ ဦးဇင်းတစ်ပါးမှာ ဦးနှောက်နောက်စိတွင် အနည်းငယ်ဒဏ်ရာရှိပြီး ဆရာဝန်အမျိုးသမီးသည် ခြေထောက်တွင်း ဒဏ်ရာရရှိပါသည်။ ယာဉ်မောင်းသူနှင့် လိုက်ပါသူ ခရီးသည် (၂) ဦး ဒဏ်ရာရရှိခဲ့ပါသည်။ သေဆုံးမှု မရှိပါ။

၎င်း မအူပင်-ညောင်တုန်းကြားလမ်းသည် တော်တော်လေး ဆိုးရွားပျက်စီးနေပြီး ယာဉ်မောင်းသူများ အထူးသတိထားပြီး မောင်းနှင်နေရကြောင်းနှင့် ညအချိန်ဆိုလျှင် နွားလှည်းမောင်းသည့် အရှိန်လောက်သာ မောင်းနှင်မှ အန္တရာယ်ကင်းကြောင်း ယာဉ်မောင်းသူတစ်ဦးမှ ပြောပြပါသည်။

အစအဆုံး..ကြည့်ချင် ရင်…...

Tuesday, June 24, 2008

Light Of Myanmar မှာ ဖေါ်ပြထားတဲ့ မှန်မှန်ကန်ကန် အချက် (၃) ချက်။

http://www.lightofmyanmar.blogspot.com/ မှာ ဖေါ်ပြထားတဲ့ page elements တွေထဲက ဒီအောက်က ဖေါ်ပြမှုလေးတွေကတော့ တကယ်မှန်ကန်သော အကြောင်းအချက်တွေပါ။

မြန်မာ့ဂုဏ်ဆောင်ခဲ့သော သူရဲကောင်း (၃) ယောက် - ဆိုတာ ဗ်ုလ်ချူပ်အောင်ဆန်း၊ ၀န်ကြီးချူပ်ဟောင်း ဦးနု၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချူပ်ဟောင်း ဦးသန့် ။













ပြည်သူတွေ တပ်မတော်ကို ရွံရှာနေသည်၊ အမှန်တရားကို ရဲရင့်စွာ လက်ခံပါ။ မြန်မာ့တပ်မတော်ရဲ့ ဂုဏ်ကို ပြန်လည်မြှင့်တင်ရန် လဒ်စားကြီးပွားနေသော စစ်အရာရှိများကို ဆန့် ကျင်ပြီး ပြည်သူများ ရင်ဆိုင်နေရသည့် ဒုက္ခကို နားလည်ပေးရန် မေတ္တာရပ်ခံပါသည်။





Beijing 2008 logo လေးနဲ့ ။


















မူလဘလော့နေရာလေး http://www.lightofmyanmar.blogspot.com/ မှာ ကြည့်ပါဗျာ။

အစအဆုံး..ကြည့်ချင် ရင်…...

ငလျင်လှုပ်လျှင်။

အစအဆုံး..ကြည့်ချင် ရင်…...

နအဖဖိနှိပ်မှုမှ တိုင်းပြည်နှင့်လူမျိုးလွတ်မြောက်ရန် ဘာလုပ်လုပ် တရားသည်။

Read this document on Scribd: revolution

အစအဆုံး..ကြည့်ချင် ရင်…...

Monday, June 23, 2008

မြေငလျင်နဲ့ ပတ်သက်ပြီး သတိထား၊ ပြင်ဆင်ရမည့်အချက်များ။




















ငလျင်မလှုပ်မီ။


* အရေးပေါ် မီးသတ်ဘူး၊ ရှေးဦးသူနာပြူစုသေတ္တာ၊ ဘက်ထရီသုံးရေဒီယို၊ လက်နှိပ်ဓါတ်မီး နှင့် ဓါတ်ခဲအပိုများ မိမိ၏အိမ်တွင်ထားရှိပါ။

* ရှေးဦးသူနာပြုစုနည်းကို သင်ယူထားပါ။

* ဂတ်စ် ၊ ရေ၊ လျှပ်စစ်နှင့်ဆိုင်သော ပစ္စည်းကိရိယာများကို ပိတ်တတ်အောင် လေ့လာထားပါ။

* ငလျင်လှုပ်ပြီးပါက မိမိ၏မိသားစုဝင်များအား တွေ့ဆုံနိုင်မည့် အစီစဉ်တစ်ခုထားပါ။

* လေးလံသောအရာများအား စင်ပေါ်မှာတင်မထားပါနှင့်။

* လေးလံသည့် အိမ်ထောင်ပရိဘောဂ၊ ဗီရိုများနှင့် အသုံးအဆောင် ကိရိယာပစ္စည်းများကို နံရံများ ကြမ်းပြင်များနှင့် စွဲမြဲစွာကပ်ထားပါ။

* မြေငလျင်နှင့် ပတ်သက်သောအစီစဉ်များကို သင်၏ကျောင်း၊ အလုပ်တွင်လေ့လာသင်ယူပါ။

ငလျင်လှုပ်နေစဉ်အတွင်း။

* စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပါ။ အိမ်ထဲတွင်ရှိနေပါက အိမ်ထဲတွင်နေပါ။ အိမ်အပြင်တွင်ရှိနေပါက အိမ်အပြင်တွင်နေပါ။

* အိမ်ထဲတွင်ရှိနေပါက အိမ်၏ဗဟိုချက်တွင်ရှိသော နံရံကိုကပ်၍နေပါ။ သို့မဟုတ်ပါက တံခါးဝတွင် ရပ်နေပါ။သို့မဟုတ် စားပွဲကဲ့သို့သော လေးလံသည့်ပရိဘောဂအောက်တွင် ၀ပ်နေပါ။ ပြတင်းပေါက်များနှင့် အပြင်ဘက်တံခါးပေါက်များနှင့် ဝေးဝေးနေပါ။

* အိမ်အပြင်တွင်ရှိနေပါက လျှပ်စစ်ဓါတ်အားကြိုးများ၊ အောက်သို့ပြုတ်ကျလာနိုင်သည့်အရာများ နှင့် ဝေးရာမြေကွက်လပ်မျိုးတွင်နေပါ။ အဆောက်အဦးများနှင့် ဝေးရာတွင်နေပါ။ အဆောက်အဦးပေါ်မှ အရာဝတ္တုများ ကျလာနိုင်သည်း။ (သို့) အဆောက်အဦးပြိုကျလာနိုင်သည်။

* မီးခြစ်များ ၊ဖယောင်းတိုင်များ (သို့) မီးတောက်များအား အသုံးမပြုပါနှင့်။ ပြတ်နေသောဂတ် (စ်) လိုင်းပိုက်များနှင့် မီးကိုဝေးဝေးထားပါ။

* ကားထဲတွင်ရှိနေပါက ကားကိုရပ်၍ ငလျင်လှုပ်ပြီးသည်အထိ ကားထဲတွင်နေပါ။

* ဓါတ်လှေကားကို အသုံးမပြုပါနှင့်။ (ဓါတ်လှေကားထဲတွင် ပိတ်နိုင်သည်)။

ငလျင်လှုပ်ပြီးနောက်။

* တခြားသူများနှင့် မိမိကိုယ်မိမိ ဒဏ်ရာရမရ စစ်ဆေးပါ။ လိုအပ်သူအား ရှေးဦးသူနာပြုစုနည်းနှင့် ပြုစုပါ။

* ရေ ၊ ဂတ်စ် နှင့် လျှပ်စစ်လိုင်းအား ပျက်စီးမှုရှိမရှိ စစ်ဆေးပါ။ပျက်စီးမှုရှိပါက အသုံးမပြုပဲပိတ်ထားပါ။ ဂတ်စ်အနံ့ရမရ စစ်ဆေးပါ။ ဂတ်စ်အနံ့ရပါက ပြတင်းပေါက်များ၊ တံခါးများအားလုံးဖွင့်ထားပြီး ချက်ခြင်းအခြားတစ်နေရာသို့သွားပါ။ သက်ဆိုင်ရာသို့ ပြင်ပမှ ဖုန်းအသုံးပြုပြီး သတင်းပို့ပါ။

* ရေဒီယိုဖွင့်ထားပါ။ အရေးပေါ်ကိစ္စ မဟုတ်ပါက တယ်လီဖုန်းကို အသုံးမပြုပါနှင့်။

* ပျက်စီးနေသော အဆောက်အဦးထဲသို့ မ၀င်ပါနှင့်။

* မှန်ကွဲများ၊ကွဲရှစရာများကို သတိထားပါ။ ရှူးဖိနပ်၊ဘွတ်ဖိနပ်များ ၀တ်ထားခြင်းဖြင့် ခြေထောက် မရှအောင်နေပါ။

* မီးဖို၊မီးခိုးပိုက်ခေါင်းများကို သတိထားပါ။ သင့်အပေါ်ပြုတ်ကျနိုင်သည်။

* ကမ်းခြေနေရာများမှ ဝေးဝေးနေပါ။မြေငလျင်လှုပ်ပြီးပါက ဆူနာမီရေလှိုင်းကြီးများ ရွေ့လျားလာနိုင်သည်။

* အပျက်အစီးများရှိသော နေရာများမှ ဝေးဝေးနေပါ။

* ကျောင်း (သို့) အလုပ်တွင်ရှိနေပါက တာဝန်ခံ ပုဂ္ဂိုလ်၏ အရေးပေါ်ညွှန်ကြားချက်များကို လိုက်နာပါ။

* နောက်ဆက်တွဲ ငလျင်လှုပ်နိုင်သည်ကို သတိထားပါ။

(မိုးလေ၀သနှင့် ဇလဗေဒ၏ ငလျင်အကြောင်း ပြောကြားချက်)။

အစအဆုံး..ကြည့်ချင် ရင်…...

ရွှေဥာဏ်တော်စူးရောက်ပါပေတယ် နအဖရယ်။

နအဖပြောတယ် - မုန်တိုင်းအတွင်း သေဆုံးမှု များပြားခဲ့တာ လယ်ယာမြေထဲမှာ ယာယီတဲထိုးနေထိုင်လို့ တဲ့။

လယ်ယာလုပ်သားများ လယ်ယာမြေအတွင်း၌ ယာယီတဲများထိုး၍ မိသားစုနှင့်အတူ အခြေချနေ ထိုင်ခြင်းကို ခွင့်မပြုတော့ပါဖူးတဲ့။ ဒီ့အပြင် လယ်ယာမြေအတွင်း လယ်ယာလုပ်ကိုင်နေစဉ် အချိန်မှလွဲ၍ ညအိပ်နေထိုင်ခြင်းကိုလည်း ခွင့်မပြုတော့ဖူးတဲ့၊ လယ်ယာမြေအတွင်း တဲများအား ယာယီအနေဖြင့်သာ ဆောက်ရမှာဖြစ်ပြီး အခြေချနေထိုင်ရန်အတွက် အခိုင်အမာဆောက်လုပ်ခြင်းကို တားမြစ်ထားကြောင်း ရန်ကုန်တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ပုဂ္ဂိုလ်တစ်ဦးကနေ ပြောပြခဲ့ပါတယ်။ ဒီလို တားမြစ်ထားရတဲ့ အကြောင်းအရင်းကတော့ မိသားစုကို ခွဲခွာ၍သော်လည်းကောင်း၊ မိသားစုနှင့် အတူတကွသော်လည်းကောင်း ကျေးရွာများမှာ မနေထိုင်ဘဲ လယ်ကွင်းများမှာ အခြေချနေထိုင်သူအများစုမှာ နာဂစ်မုန်တိုင်းအတွင်း သေဆုံးမှုများပြားခဲ့ခြင်းကြောင့် နောက်နောင် ယခုကဲ့သို့မဖြစ်ပွားစေရန် ရည်ရွယ်တာ ဖြစ်ကြောင်း သိရပါတယ်။

ဒီသတင်းကြားရတော့ တော်တော့်ကို ရွှေဥာဏ်တော်စူးရောက်ပါပေတယ်လို့  နအဖကို ပြောချင်ပါတယ်။ မုန်တိုင်းလာတော့ ကျေးရွာအိမ်တွေမှာ နေထိုင်ရင်ကော လွတ်မှာကြနေတာဘဲ။ နောက်ပြောတာလည်း ရှိပါသေးတယ်။ အိမ်တွေဆောက်ထားတာ မြေအုတ်တွေနဲ့ ဆောက်လို့  မုန်တိုင်းဘေးကြောင့် အိမ်တွေ ပြိုရတာတဲ့။ ဒီ့အတွက် နောက်ဆို ကျောက်အုတ်တွေနဲ့ ဆောက်ရမယ်တဲ့။ မုန်တိုင်းဘေး ကာကွယ်နိုင်အောင်တဲ့။

နအဖခေါင်းဆောင်တွေရဲ့  ဦးဏှောက်က ချီးဘရိန်းလို့ ပြောရင် နာဦးမယ်။ ဘယ်နယ့် ဗျာ သဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့ ရေဘေး လေဘေး မီးဘေးဆိုတာတွေကို ကြိုတင်ကာကွယ်ရေးနည်းပညာတွေ၊ ပညာပေးအသိတရားတွေ၊ ဘေးအန္တရာယ်ကျရောက်စဉ် ကယ်ဆယ်ရေးလုပ်ငန်းတွေကို စနစ်တကျနဲ့  အမြဲတမ်းဆောင်ရွက်ပေးနေရမှာကို နားလည်းမလည် လုပ်လည်းမတတ် လုပ်ချင်စိတ်လည်းမရှိတဲ့ အာဏာရူးဖို့ သက်သက်သာသိတဲ့သူတွေက အတွေးအခေါ်မရှိ ပါးစပ်ထဲတွေ့ ရာပြော ရမ်းရွှီးတွေလုပ်နေကြတာ တကယ်တမ်း အသက်ဆုံးရှူံးကုန်တာ ပြည်သူတွေဘဲ။

အဲ့ဒီပြောနေကြတဲ့ နအဖတွေ အခုလေဘေးကြုံခဲ့ရတဲ့နေရာတွေမှာ ပါးစပ်က လေပေါပြီး ကိုယ်ပြောတဲ့အတိုင်း လာနေကြည့်ပါ၊ လာရှာဖွေစားသောက်ကြည့်ပါ၊ လာပြီးနေထိုင်ကြည့်ပါလား။ တမနက်တောင် ခံမှာမဟုတ်ဖူး။ ဖင်လှန်ပြီး ထွက်ပြေးကြမှာ။ မုန်တိုင်းကျနေခဲ့ချိန်မှာ ဘယ်နအဖနဲ့  နအဖလက်ပါးစေတွေမှ အိမ်ထဲကနေထွက်ပြီး ပြည်သူကို ကယ်တင်ဖို့ မပြောနဲ့  ကိုယ်အိမ်က ပြူတင်းပေါက်မှန်ကလေးတောင် လေ၀င်မှာစိုးလို့  မဖွင့်ရဲဘဲ ကြောက်ကုတ်နေနေကြတာ။

တိုင်းပြည်ကြီးလည်း နစ်နာနေပါပြီ၊ ပြည်သူတွေလည်း သေကြေကုန်ပါပြီ၊ အကျင့်စာရိတ္တတွေလည်း ပျက်စီးလာပါပြီ၊ သယံဇာတတွေလည်း အကုန်ပြောင်နေပြီ၊ ဘာသာရေးလည်း မှေးမှိန်နေပါပြီ၊ ယဉ်ကျေးမှုလည်း ရောထွေးကုန်ပါပြီ၊ စီးပွားရေးလည်း ချွတ်ချူံကျနေပါပြီ၊ ပညာရေးလည်း အဆင့်မရှိတော့ပါဖူး၊ ကျန်းမာရေးလည်း အသက်မရှင်တော့ပါဖူး၊ လှုမှုရေးဆိုတာလည်း မဆောင်ရွက်နိုင်ကြတော့ပါဖူး။ အုပ်ချုပ်ရေးလည်း ချစားပျက်စီးလို့  သုံးမရတော့ပါဖူး၊ ဒီဟာတွေအားလုံးကို ဖျက်ဆီးပြစ်တာ မဆလ န၀တ နအဖအာဏာရှင်တွေဘဲ။

ကျွန်တော်တို့ တိုင်းပြည်မှာ အသိပညာရှင် အတတ်ပညာရှင် အလုပ်သမား လယ်သမားဆိုတဲ့ တိုင်းပြည်ရဲ့ အဓိကလူတန်းစားတွေ နေရာမရ လူတန်းစေ့နေထိုင်နိုင်တဲ့အခြေအနေ မရောက်ဘဲ၊ အတွေးအခေါ်လွဲချော်လွန်းလှတဲ့ အရည်အချင်းမရှိ အသုံးမကျလှတဲ့ အာဏာရူးတွေ နေရာတကာမှာ ဆရာကြီးဟန်ဖမ်းပြီး အသိဥာဏ်မရှိဘဲ အုပ်ချူပ်နေလို့ ဘဲ။

အစအဆုံး..ကြည့်ချင် ရင်…...

ရေတွင်းလေးများ လှူဒါန်းကြမယ်ဆိုရင်။


















လေဘေးသင့် ဒေသများတွင် သောက်သုံးရေ အဆင်ပြေစေရန် မွန်မြတ်ကရုဏာရှင်များအဖွဲ့ က အ၀ီစိတွင်းပေါင်း တစ်ရာကျော်ကို လေးလမှ ခြောက်လအတွင်း တူးဖော်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုဒေသများမှ ရေကန်များသည် နွံ၊ အပင်အကျိုးအပြတ်များ စသည်တို့ ကြောင့် သောက်သုံး၍ မရနိုင်တော့ကြောင်း ၊ အ၀ီစိတွင်းများမှာလည်း လေပြင်းတိုက်ခတ်မှုကြောင့် တုံကင်များ လွင့်ထွက်ကာ ပိုက်အတွင်းသို့ ရေငံများဝင်ရောက်နေခြင်းကြောင့် ရေအခက်အခဲများ ရှိနေကြောင်း သိရသည်။

ဘိုကလေးမြို့နယ် တ၀ိုက်ရှိ ကျေးရွာများတွင် ရေသန့်ရရှိရန် မွန်မြတ်ကရုဏာရှင်များအဖွဲ့၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ကိုထွေးက - ရွာထဲက ကန်တွေကို ပြန်ဆည်တယ်၊ ၀င်နေတဲ့ ရေငန်တွေ နုန်းတွေကို စုပ်ထုတ်တယ်၊ ဆီကိုတော့ ယူနီဆက်ဖ်က ထောက်ပံ့ပါတယ်၊ အ၀ီစိတွင်းတွေကိုတော့ ရေကန်ဖော်ပေးရုံနဲ့ မလုံလောက်တဲ့ ရွာတွေ၊ လူဦးရေ ၅၀၀ အထက်ရှိတဲ့ ရွာတွေကို ဦးစားပေးပြီး တူးပေးပါတယ်၊ လေဘေးသင့်ဒေသတွေထဲမှာ ရေအရည်အသွေး အညံ့ဆုံးက လပွတ္တာ နဲ့ ဖျာပုံပါ၊ ပေ ၁၂၀ လောက်ဆို ရေထွက်ပေမဲ့ ထွက်တဲ့ရေက သောက်မရပါဘူး၊ တချို့နေရာတွေမှာ တော်တော်နက်နက်ထိ တူးလဲ ရေကောင်းမရတာတွေ ရှိတယ်။ ရေသိပ်ညံ့တဲ့နေရာတွေမှာ RO စနစ်သုံး စက်တွေတပ်ဖို့ စီစဉ်ထားပါတယ်၊စက်တွေကို ကမ္ဘာကျော်ရေသန့် ကုမ္ပဏီက ကူညီမယ်လို့ ပြောပါတယ်ဟု ရှင်းပြသည်။

အ၀ီစိတွင်းတူးခ နှုန်းထားများမှာ ပျမ်းမျှပေ ၄၀၀ တစ်တွင်းလျှင် ကိုးသိန်းနီးပါးကုန်ကျမည်ဖြစ်ပြီး အချို့နေရာများတွင် ပေ ၇၀၀ ထိတူးရမည် ဖြစ်သည်။ တွင်းတူးခ နှုန်းထားများမှာ တစ်ပေလျှင် ကျပ် ၈၀၀၊ ၁၀၀၀၊ ၁၅၀၀ အထိဈေးရှိကြောင်းသိရသည်။ အ၀ီစိတွင်း လိုအပ်နေသော ကျေးရွာပေါင်း ၅၀၀ ကျော်ရှိကြောင်းလည်း သိရသည်။

လက်ရှိတွင် မွန်မြတ်ကရုဏာရှင်များ အဖွဲ့မှ အ၀ီစိတွင်း ၆ တွင်းကို လှူဒါန်းပြီးဖြစ်ကြောင်း ၊ ဆက်သွယ်လှူဒါန်းလိုသူများ အနေဖြင့် ဘိုကလေး၀၉-၈၅-၉၅၁၁၆၊ ရန်ကုန် ၀၉-၅၁-၈၈၉၈၇၊ ၀၉-၅၀-၄၂၈၀၅ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

အစအဆုံး..ကြည့်ချင် ရင်…...

စနစ်ဆိုးရဲ့  တန်ဆာခံ သမီးပျိုများဘ၀။

(အသက် ၁၈ နှစ်အောက် မကြည့်ရ။ လိင်ပိုင်းဆိုင်ရာမြင်ကွင်း ပါရှိသည်)။

WARNING: Adult only to watch this video clip that contains sexual view.


နအဖလက်အောက်က အထွေထွေကြပ်တည်းမှုတွေကြောင့် မြန်မာ့မိန်းကလေးတို့ အိနြေ္ဒသိက္ခာ မငဲ့ကွက်နိုင်လောက်အောင် ဖြစ်သွားကြရတဲ့ စနစ်ဆိုးရဲ့  တန်ဆာခံ သမီးပျိုများဘ၀။

Under The Military Rule in Burma.

(ဖိုင် ဒေါင်းလုပ်လုပ်လိုလျှင် - http://www.mediafire.com/?cylxgm2kmmd )

ဂူဂယ် ဗွီဒီယိုနေရာမှ ကြည့်လိုလျှင် - http://video.google.com/videoplay?docid=-1328534251750250560&hl=en )


အစအဆုံး..ကြည့်ချင် ရင်…...

ဘ၀မုန်တိုင်းထဲက ကယ်သူမဲ့လက်များ။




















အစအဆုံး..ကြည့်ချင် ရင်…...

Sunday, June 22, 2008

လေဘေးဒုက္ခသည်များအတွက် လမ်းနှင့် ရပ်ကွက်အသီးသီးသို့  ဆွမ်းခံကြွချီနေပါတယ်။















အစအဆုံး..ကြည့်ချင် ရင်…...

သန်းရွှေနဲ့  မောင်အေးနှစ်ဦး စစ်တပ်ရာထူးမှ အနားယူ။

နအဖထိပ်သီးခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ သန်းရွှေနှင့် မောင်အေးတို့နှစ်ဦး စစ်တပ်တွင် ထိန်းချုပ်ထားသည့် တာဝန်များမှ အနားယူ သွားတယ်လို့  စစ်တပ်အသိုင်းအ၀ိုင်းက ယနေ့ပြောဆိုပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နေရာများမှ အနားယူကာ အခြားအဆင့်မြင့်ဗိုလ်ချုပ်ကြီးများနှင့် အစားထိုးခဲ့ခြင်းဖြစ်သည်။

၎င်းင်းတို့နှစ်ဦးနေရာမှာ ဗိုလ်ချုပ်ကြီးသူရရွှေမန်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့ (ကစထ)မှူး တဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေကို အစားထိုးခန့်အပ်ခဲ့တယ် ဟု အမည်မဖော်လိုသည့် စစ်ဖက်အရာရှိတဦးက ပြောပါတယ်။

“တပ်ချုပ်နဲ့ ဒုချုပ်က တပ်အမိန့်ပုံစံမျိုးနဲ့ တပ်က အနားယူတဲ့သဘောပဲ၊ (နယက)ကောင်စီမှာ တော့ ဆက်ရှိနေမယ်၊ အရင် (ကစထ)မှူးတွေလည်း အနားယူတယ်ဆိုပေမဲ့ အဲ့ဒီကောင်စီမှာ ဆက်ပါနေအုံးမယ်၊ တပ်ချုပ်နဲ့ ဒုချုပ်က ရန်ကုန်ပြန်လာမယ်၊ သူတို့နဲ့အတူ (ကစထ)မှူးတွေ ထဲက ဒုတိယဗိုလ်ချုပ်မှူးကြီး ခင်မောင်သန်းလည်း ပါလာမယ်၊ သူလည်း အနားယူပြီ”ဟု အဆိုပါတပ်မတော်အရာရှိတဦးက ပြောပါတယ်။

ဒီ့အပြင် ရန်ကုန်တိုင်း၊ တောင်ပိုင်းတိုင်းနှင့် အရှေ့မြောက်တိုင်းမှ တိုင်းမှူးသုံးဦးမှာလည်း ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူးများအဖြစ် တဆင့်တိုးခန့်အပ်လိုက်ပြီး ထိပ်ပိုင်းခေါင်းဆောင်အများအပြား အပြောင်းအလဲပြုလုပ်ခဲ့တယ်လို့  ၎င်းကဘဲ ဆက်လက်ပြောဆိုပါတယ်။

ရန်ကုန်တိုင်း တိုင်းမှူးအဖြစ် အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်ချုပ်ဝင်းမြင့်နဲ့  မုံရွာခရိုင်မှ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တပ်မတော်ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်ချုပ်ရာပြည့်တို့  ပြောင်းလဲရောက်ရှိလာမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။

“ဒါက တပ်တွင်းနေရာအပြောင်းအလဲတွေဖြစ်တော့ သတင်းစာတွေကတော့ တရားဝင် ပုံ ဘယ်သူဘာညာဆိုပြီးတော့ ထွက်လာမှာမဟုတ်ဘူး၊ အရင် (ကစထ)မှူးဟောင်းတွေ နားတယ် ဆိုပေမဲ့ နိုင်ငံတော်ကောင်စီထဲမှာ ဆက်ရှိနေအုံးမယ်၊ ၂၀၁၀ ကျရင် နေရာယူမယ်လို့တော့ ခန့်မှန်းနေတာပဲ”ဟု ပြောပါတယ်။

တိုင်းတပ်မအတွင်းရှိ စစ်ဦးစီးအရာရှိ ပထမတန်း အယောက် (၂၀) ခန့်မှာလည်း တိုင်း၊တပ်မ ၊ဗျူဟာမှူး များအဖြစ်အပြောင်းအလဲများရှိမည်ဖြစ်တယ်လို့  ၄င်းကဘဲ ဆက်လက်ပြောဆိုခဲ့ပါတယ်။

ယခုအပြောင်းအလဲများနှင့်ပတ်သက်၍ တပ်တွင်းတင်းကြပ်နေသော ရာထူးနေရာအများအပြား အပြောင်းအရွှေ့များ ဖြစ်ပေါ်လာတဲ့အတွက် ရှေ့အလားအလာကို ခန့်မှန်းရခက်နေသေးပြီး အာဏာအရပ်ရပ်အား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဆက်လက်ထိမ်းနိုင်မည့် အခွင့်အလမ်းအချို့ အတွက် စဉ်းစားစရာဖြစ်နေတယ်လို့  အဆိုပါစစ်ဘက်အရာရှိက ပြောဆိုသွားခဲ့ပါတယ်။

(သတင်း - ရိုးမ ၃)။

အစအဆုံး..ကြည့်ချင် ရင်…...

ဗြိတိန်ဘုရင်မကြီးနှင့် ဟယ်ရီပေါ်တာ ၀တ္တုရေးသူ ကမ္ဘာ့အချမ်းသာဆုံး စာရေးဆရာမ ဂျေကေရိုးလင်းတို့ မြန်မာနိုင်ငံ လေဘေးအတွက် လှူဒါန်းမည်။




















မြန်မာနိုင်ငံလေဘေးသင့်ဒေသများအတွက် ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အယ်လီဇဘက်နှင့် ကမ္ဘာကျော်ဟယ်ရီပေါ်တာဝတ္တုတွဲများ ရေးသားသူ ကမ္ဘာ့အချမ်းသာဆုံး စာရေးဆရာမ ဂျေကေရိုးလင်းတို့ သည် ထူးခြားသော ထည့်ဝင်လှူဒါန်းမှုများ ပြုလုပ်ကြမည်ဖြစ်ကြောင်း သိရှိရပါတယ်။

ဘုရင်မကြီး အယ်လီဇဘက်မှ လှူဒါန်းမည့်ပမာဏကို အတိအကျမပြောနိုင်သေးသော်လည်း ပမာဏ တော်တော်များများလှူဒါန်းမှုဖြစ်နိုင်ကြောင်း ဘက်ကင်ဟန်နန်းတော်မှ အတည်ပြု ပြောကြားပါတယ်။

Britain's Disasters Emergency Committee (DEC) မှတစ်ဆင့် လှူဒါန်းသွားမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

အစအဆုံး..ကြည့်ချင် ရင်…...

Friday, June 20, 2008

မြန်မာပြည်မုန်တိုင်းဘေးဒုက္ခသည်များအတွက် ဆန် အမှန်တကယ် လှူဒါန်းရန် ဒီ game လေး ကစားပေးကြပါ။

ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ ကြီးကနေတစ်ဆင့် ဘေးဒုက္ခရောက်နေကြသူများအတွက် ဆန်လှူဒါန်းနိုင်ရန်အတွက် အခမဲ့  game ကစားခြင်းဖြင့် အင်္ဂလိပ်ဘာသာစကား တိုးတက်စေမှုကို ဖြစ်ပေါ်စေကာ တစ်ဘက်မှလည်း ဆုချီးမြင့်သည့်အနေဖြင့် ဆန်လှူဒါန်းနိုင်စေရန် စီစဉ်ထားဖြင်း ဖြစ်ပါတယ်။

ဒီ game ကို ကစားသူတစ်ဦးဟာ မေးထားတဲ့ အင်္ဂလိပ်စာလုံးအဓိပါယ် အဖြေမှန်ရင် မှန်သလို ဂ၇မ်ပမာဏနဲ့  ဆန်အရေအတွက်ကို လှူးဒါန်းခွင့်ရမှာ ဖြစ်ပါတယ်။

http://www.freerice.com/




























ယခုကာလတွင် မြန်မာနိုင်ငံ မုန်တိုင်းဘေးသင့်သူ ဒုက္ခသည်များအတွက် ဆန်လှူဒါန်း အထူးလှုံ့ ဆော် တိုက်တွန်းထားပါတယ်။ ဒီ game ကို ကမ္ဘာတစ်ဝှမ်းလုံး အင်တာနက်ပေါ်ကနေ ကစားနိုင်ပါတယ်။

ကမ္ဘာ့နာမည်ကျော် TIME မဂ္ဂဇင်းကြီးကနေတောင် ရွေးချယ်ဖေါ်ပြပေးခဲ့တဲ့ အင်တာနက် game ဖြစ်ပြီး၊ ရရှိလှူဒါန်းသော ဆန်ပမာဏလှူဒါန်းမှုကို အစားအစာဘေးဒုက္ခရောက်နေတဲ့ ကူဂန်ဒါနိုင်ငံ၊ ကမ္ဘောဒီယားနိုင်ငံ၊ ဘင်ဂလားဒေ့ရှ်နိုင်ငံ၊ နီပေါနိုင်ငံနဲ့ ဘူတန်နိုင်ငံက ပြည်သူတွေကို ကူညီခဲ့ပါတယ်။

ဒီအင်တာနက် game ကစားခြင်းဖြင့် ရရှိလာသော ဆန်လှူဒါန်းမှုအား ကမ္ဘာ့ ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ ကြီးအား ဒီအင်တာနက်ကို sponsor တာဝန်ယူ လုပ်ပေးနေကြသောအဖွဲ့ အစည်း စေတနာရှင် အလှူရှင်များက game ကစားသူများကိုယ်စား ဆန်လှူဒါန်းပေးတာ ဖြစ်ပါတယ်။ ဒီဆန်လှူဒါန်းမှုအား ၂၀၀၇ ခှစ်ကတည်းကနေ စတင်ခဲ့တာ အခုဆိုရင် ဆန် ကီလို (၁၅) သန်းအား နိုင်ငံအသီးသီးသို့  လှူါးန်းခဲ့ပြီး ဖြစ်ပါတယ်။

မြန်မာပြည်အတွက် အခုဇွန်လ (၁၇) ရက်နေ့ ကနေ စတင် ဆန်လှူဒါန်းတဲ့ game စတင် ကစားနိုင်ကြပါပြီ။ မြန်မာပြည်မှ မုန်တိုင်းဘေးဒုက္ခရောက်သူပေါင်း (၇) သိန်းခွဲကို ဆန်လှူဒါန်းနိုင်ဖို့  ရည်ရွယ်ထားပါတယ်။
















ဒီဆန်လှူဒါန်းနိုင်တယ့် game လေးမှာ ပါဝင်ဆင်နွဲပေးကြပါလို့  မြန်မာပြည်မှာ အစားအစာနဲ့ ဆန်ရှားပါးမှုကို ကြုံတွေ့ နေရတဲ့ ဒုက္ခရောက်နေကြသော မုန်တိုင်းဘေးဒုက္ခသည် ပြည်သူများအတွက် အထူးမေတ္တာရပ်ခံပါတယ်။

ဒီမှာ ဒီ game လေးကို ကစားကြပါ။ ကိုယ်လည်းအကျိုးရှိ မြန်မာမုန်တိုင်းဘေး ဒုက္ခသည်တွေလည်း အကျိုးရှိပါတယ်။

http://www.freerice.com/



ကမ္ဘာ့ ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ ကြီးကနေ ပြောပြထားတဲ့ ဒီ FreeRice အကြောင်းပါ။

http://www.wfp.org/english/?ModuleID=137&Key=2873

(ရေးသားဖေါ်ပြသူ - နစ်နေမန်း)။

အစအဆုံး..ကြည့်ချင် ရင်…...

ပြည်တွင်းဘလော့ဂါများ သတိထားကြရန်

ယခုရက်ပိုင်း ရန်ကုန်မြို့အတွင်းတွင် အာဏာပိုင်များ၏ လုံခြုံရေးတင်းကြပ်မှုများ အလွန်ပင်များပြားလျှက်ရှိနေပြီး ဘတ်စ်ကားများကို ရပ်တန့်စေပြီး ခရီးသည်များ၏ အိတ်နှင့် ကိုယ်ပိုင်ပစည်းများကို ဖွင့်လှစ်စေပြီး စာရွက်စာတန်းများမှအစ အားလုံးအား စစ်ဆေးလျှက်ရှိပါတယ်။ ထို့ကြောင့် မြန်မာဘလော့ဂါများအနေဖြင့် မိမိကိုယ်အတွင်း သတင်းအချက်အလက်များ ရေးသားမှတ်ယူထားသည့် စာရွက်စာတမ်းများအား အတူတကွ မယူဆောင်သွားမိစေရန်နှင့် ကွန်ပျူတာဒေတာများကိုလည်း အသုံးပြုပြီးသည်နှင့် ချက်ချင်း ဖျက်ဆီးပစ်ရန် အလွန်အရေးကြီးလျှက်ရှိသည်။ ယခုအခါတွင် စစ်အစိုးရသည် ဘလော့ဂါတိုက်ပျက်ရေး စစ်ဆင်ရေးတစ်ခုကို လျှို့ဝှက်ရေးသားနေပြီဖြစ်ပြီး ထိုစစ်ဆင်ရေးကို အိုင်စီတီပတ်နှင့် မြေပြင်အာဏာပိုင်အဖွဲ့အစည်းအသီးသီးမှ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ထိုကြောင့် စစ်အစိုးရအတိုက်အခံ မြန်မာဘလော့ဂါများအနေဖြင့် လုံခြုံရေး အထူးသတိပြုရန် လိုအပ်လျှက်ရှိသော အချိန်ဖြစ်ကြောင်း အတိုက်အခံဘဘော့ဂါများမှ ဆိုသည်။

(Myanmar Herald Tribune မှ တစ်ဆင့် ပြန်လည် ဖေါ်ပြအပ်ပါသည်)။

အစအဆုံး..ကြည့်ချင် ရင်…...

အစအဆုံး..ကြည့်ချင် ရင်…...

မုန်တိုင်းကလည်း ဒုက္ခပေး၊ နအဖကလည်း ဒုက္ခပေးခံရတဲ့ မိသားစုဘ၀လေး။

စက်တင်ဘာလအရေးအခင်းမှာ ကိုသီဟသက်ဇင်ဟာ မယ်တော်စု၊ ဇီးဖြူရွာ၊ ဘိုကလေးမြို့ မှာ အဖမ်းခံခဲ့ရပြီး၊ နအဖကနေ ပုဒ်မ ၁ရ (၁)၊ ၁၃ (၁) နဲ့  စွဲချက်တင်ခဲ့ပေမယ့် စမ်းချောင်းမြို့ နယ်တရားရုံးသို့  မထုတ်ဘဲ အင်းစိန်ထောင်အတွင်းမှာသာ ရုံးထုတ်ခဲ့ပါတယ်။ ဇနီးဖြစ်သူ မဇင်မာမြင့်က ယခင်က ထောင်ဝင်စာ ပုံမှန်သွားတွေ့ ခဲ့ပါတယ်။

















ကိုသီဟသက်ဇင် ထောင်အတွင်းမှာ အကျဉ်းကျနေစဉ်မှာ သူရဲ့ မိသားစုနဲ့ ပတ်သက်ပြီး အလွန်ကြေကွဲဖွယ်ကောင်းလောက်တဲ့ ကံကြမ္မာဆိုးကြုံတွေ့ ရပါတယ်။ သူရဲ့ အဖွား၊ မိဘနှစ်ဦး၊ အကို၊ မရီး၊ ညီမ၊ တူ သာမက သူရဲ့  တစ်ဦးတည်းသော အသက် (၉) နှစ်အရွယ် မောင်ဝေဘုန်းသန်းတို့ ဟာ သူတို့ နေထိုင်ရာ ဘိုကလေးမြို့ နယ်က မယ်တော်စု ဇီးဖြူရွာကလေးကို နာဂစ်မုန်တိုင်း ၀င်ရောက်တိုက်ခတ်စဉ်မှာ အသက်သေဆုံးသွားကြပါတယ်။ မိသားစုဝင် (၈) ဦးလုံး အသက်ဆုံးရှုံးသွားပါတယ်။




















ကံကောင်းထောက်မစွာနဲ့  ဇနီးဖြစ်သူ မဇင်မာမြင့် တစ်ဦးတည်းသာ မုန်တိုင်းဘေးရန်ကနေ အသက်ကင်းလွတ်ခဲ့ပါတယ်။ အသက်ဆုံးရှုံးသွားတဲ့ ရင်သွေးသည်းချာ မောင်ဝေဘုန်းသန်းဟာ အင်မတန်လိမ္မာရေးချားရှိသူဖြစ်ပြီး ပညာရည်ထူးချွန်ခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။

မဇင်မာမြင့်ခမျာလည်း ယောင်္ကျားဖြစ်သူ ကိုသီဟသက်ဇင်က ထောင်အတွင်းမှာ၊ သားဖြစ်သူလည်း အသက်ဆုံးရှုံးနဲ့  အတော့်ကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေပါတယ်။ ဆွေမျိုးသားချင်းအရင်းတွေလည်း သေဆုံးကုန်ကြတော့ ဖေးမကူညီမယ့်သူ ကင်းဝေးလျက်နေပါတယ်။

နအဖအနေနဲ့ ဒီလိုဘ၀ဒုက္ခရောက်နေတဲ့သူတွေကို လူသားချင်းစာနာထောက်ထားစွာနဲ့  ကိုသီဟသက်ဇင်ကို အမြန်ပြန်လည်လွှတ်ပေးသင့်ပါတယ်။ ကိုသီဟသက်ဇင် ပြန်လွတ်မှသာလျှင် သူရဲ့  စိတ်ပိုင်းဆိုင်ရာထိခိုက်အားငယ်နေတဲ့ ဇနီးဖြစ်သူ မဇင်မာမြင့်ကို ပြန်လည်ဖေးမကူညီစောင့်ရှောက်လို့ ရမှာပါ။

ကိုသီဟသက်ဇင်ကိုယ်တိုင်မှာလည်း ထောင်အတွင်းကနေ သူရဲ့  ချစ်လှစွာသော သားနဲ့  မိဘများ ဆွေမျိုးညီအကိုမောင်နှမများ သေဆုံးသွားရတဲ့ သတင်းကို ကြားရင်ဖြင့် ဘယ်လောက်တောင် စိတ်ထိခိုက်မှုဖြစ်လေမလည်းဆိုတာ ကိုယ်ချင်းစာပြီး တွေးတောင် မတွေးရဲပါဖူး။ ဒီသတင်းဆိုးကို သူကိုယ်တိုင်လည်း ကြားပြီးကောင်း ကြားပြီးဖြစ်မှာမို့  အပြင်မှာ ကျန်ရစ်နေတဲ့ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ ဇနီးသည်အတွက်လည်း အတော့်ကို စိုးရိမ်ပူပန်နေမှာ သေချာပါတယ်။







































ဒါကြောင့်မို့ လို့  ဒီအကြောင်းအရာကို ဖတ်ရှူသိရှိကြသူများအနေနဲ့  သက်ဆိုင်ရာများကို ကိုသီဟသက်ဇင်လွတ်မြောက်ရေးနဲ့  မဇင်မာမြင့်ရဲ့  စိတ်ပိုင်းဆိုင်ရာ ထိခိုက်အားငယ်မှုများကို ၀ိုင်းဝန်းကြိုးစား အားပေးကူညီပေးကြဖို့  ပန်ကြားလိုပါတယ်။

နအဖအနေနဲ့ လည်း ကိုသီဟသက်ဇင်ကို အမြန်ပြန်လည်လွှတ်ပေးဖို့ သင့်ကြောင်းနဲ့  ဆက်လက်ဖမ်းဆီးချူပ်နှောင်ထားဦးမယ်ဆိုရင်တော့ လူသားချင်းစာနာစိတ် လုံးဝကင်းမဲ့တဲ့လုပ်ရပ်တစ်ခုကို ဆက်လက်လုပ်ဆောင်တာဖြစ်လို့  အထူးပြစ်တင်ရှုတ်ချခြင်းခံရမှာ ဖြစ်ပါတယ်။

အစအဆုံး..ကြည့်ချင် ရင်…...

Thursday, June 19, 2008

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ ကြီး၏ ထုတ်ပြန်ကြေညာချက်။

အစအဆုံး..ကြည့်ချင် ရင်…...

 
/* EOT ----------------------------------------- */