သြစတြေလျနိုင်ငံတွင်လည်း မြို့ ကြီး (၄) မြို့ မှ မျိုးချစ်မြန်မာ (၂၀၀) ကျော်က ပြည်တွင်းတွင် ပြုလုပ်ခဲ့သော ငြိမ်းချမ်းစွာ လူထုလမ်းလျှောက်ဆန္ဒပြပွဲများအား ထောက်ခံကြသည်။ နအဖနှင့် လက်ပါးစေများရဲ့  အကြမ်းဖက် လုပ်ရပ်အား ရှုတ်ချပြစ်တင်ကြသည်။
ထို့ အပြင် မြန်မာနိုင်ငံမှ လောင်စာဆီနှင့် သဘာဝဓါတ်ငွေ့ များအား အပြိုင်အဆိုင် ၀ယ်ယူနေကြသော အိန္ဒိယ နှင့်တရုတ်နိုင်ငံတို့ အားကန့် ကွက်ရန်အတွက် အိန္ဒိယနှင့် တရုတ်သံရုံးများသို့သွားရောက်ကာဆန္ဒပြခဲ့ကြသည်။
မြန်မာပြည်အရေးကိစ္စအား ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဗီတိုအာဏာ သုံးကာပယ်ချခဲ့သော တရုတ်အားလည်း ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့ကြသည်။
ဓါတ်ပုံများကြည့်ရန်အတွက်
http://picasaweb.google.com/niknayman/DemonstrationInAustralia