နအဖကို ဆန့်ကျင်တာ အမှန်တရားဘက်တွင် ရပ်တည်ခြင်းပါပဲ။
ကျနော်တို့ တွေးကြည့်ဖို့ မေ့နေတာ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ကျနော်တို့ချစ်တဲ့၊ ကျနော်တို့ရဲ့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဆိုရင် လူထုကို ဘယ်လို သတင်းစကားပါးမလဲ။ ဒေါ်စုသာ ကျနော် တို့နဲ့အတူ (အကျယ်ချုပ်ခံနေရခြင်းမရှိဘဲ) အပြင်မှာ ရှိနေမယ်ဆိုရင် ကျနော်တို့ကို ဘယ်လမ်းကနေ လက်တွဲ ခေါ်ဆောင်သွားမှာလဲ။
အဲဒီမှာ ကျနော်တို့အတွက်၊ ပြည်သူတွေအတွက် ဒေါ်စုရဲ့ အနစ်နာခံမှုတွေဟာ ဘာအတွက်လဲ။ တရားမျှတမှု၊ လွတ်လပ်မှု၊ အခြေခံလူ့အခွင့်အရေးတွေကို နိုင်ငံသားတိုင်း တန်းတူညီတူ ရရှိခံစားပိုင်ခွင့်အတွက်ပဲ။ ဒေါ်စုဟာ ၁၉၈၈ ခုနှစ်က စတင်ပြီး ဘယ်လိုရပ်တည်ခဲ့သလဲ။ လူထုတွေကို ဘယ်လိုလမ်းညွှန်ပြခဲ့သလဲ။
ကျနော် တွေ့သလောက်၊ ခံစားလို့ ရသလောက်ကတော့ ဒေါ်စုဟာ အမှန်တရားအတွက်ပဲရပ်တည်တယ်။ ပြည် သူတွေကိုလည်း အမှန်တရားကို ချစ်မြတ်နိုးဖို့၊ တရားတာကို လုပ်ဖို့၊ မတရားတာကို ရှောင်ကြဉ်ဖို့၊ စိတ်ဓာတ် ခွန်အားသတ္တိတွေ မွေးကြဖို့ကိုပဲ တောက်လျှောက် လမ်းညွန်ခဲ့တယ်။
No Vote ရော Vote No ရောဟာ ပြည်သူလူထုကို မတရားဖိနှိပ်ချုပ်ချယ် နှိပ်စက်နေတဲ့ နအဖကို ဆန့်ကျင် တာ ဖြစ်လို့ နှစ်ခုလုံးမှန်တယ်။
ဒေါ်စုသာ ကျနော်တို့နဲ့ ရှိနေမယ်ဆိုရင် ဘယ်လိုတိုက်ပွဲဝင်မှာလဲ။ ဒီပွဲကို တနည်းအားဖြင့် ဒေါ်စုက ကျနော်တို့ကို မှတ်ကျောက်တင်မယ့်ပွဲလို့ ယူဆတယ်။
အခုအချိန်မှာ ပြည်သူတွေအတွက် ဘ၀တစ်ခုလုံး ပေးဆပ်ထားတဲ့ ဒေါ်စုအတွက် ကျနော်တို့ဟာ “ဒေါ်စုသာ ကျနော်တို့နဲ့ရှိနေမယ်ဆိုရင်“ ဆိုတဲ့ မေးခွန်းကနေစတင်ပြီး Unity လုပ်ကြပါစို့ဟု၊ ဒေါ်စု လျှောက်မယ့် လမ်းအ တိုင်း ရဲရဲကြီး လျှောက်ကြပါစို့ဟု အမှန်တရားကို ချစ်မြတ်နိုးကြတဲ့ ဒီမိုကရေစီအင်အားစုများ၊ အမှန်တရားအတွက် တိုက်ပွဲဝင်နေကြတဲ့ ပြည်သူလူထုအပေါင်းအား အနူးအညွတ် ပန်ကြားအပ်ပါတယ်ခင်ဗျား။
___________________________________________________________________________________
Negative peace is the absence of tension.
အခြေအနေတင်းမာမှု မရှိတာကို အနှုတ်လက္ခဏာ ငြိမ်းချမ်းမှုလို့ ခေါ်ပါတယ်။
Positive peace is the presence of justice.
တရားမျှတမှု ရှိတာကို အပေါင်းလက္ခဏာ ငြိမ်းချမ်းမှုလို့ ခေါ်ပါတယ်။
Without justice there is no freedom.
တရားမျှတမှု မရှိရင် လွတ်လပ်မှုမရှိဘူး။
တကယ်လွတ်လပ်ချင်တယ်ဆိုရင် ကိုယ့်အားနည်းချက်တွေကို ကိုယ်အမြဲတမ်း မျက်ချည်မပြတ် သတိထား နေရ မယ်။ အဲဒီ အားနည်းချက်တွေထဲမှာ သက်သာအောင် နေရဖို့နဲ့ လွတ်လပ်မှုနဲ့ လဲလိုက်ချင်တဲ့ အားနည်း ချက် ဟာ ကြောက်စရာ အကောင်းဆုံးပဲ။
Thursday, March 20, 2008
အများစုဆန္ဒ စုဆန္ဒ မှ စုဆန္ဒ အများစုဆန္ဒ သို့
No Vote (မဲမပေးရေး၊သပိတ်မှောက်ရေး၊ နည်းပေါင်းစုံဖြင့်တိုက်ဖျက်နိုင်ရန် ကြိုးစားနေခြင်း) နဲ့ Vote No (မဲရုံ သို့ သွား၍ ကန့်ကွက်မဲပေးခြင်းဖြင့် ဆန့်ကျင်ခြင်း) ဟူ၍ နအဖကို ဆန့်ကျင်တာချင်းအတူတူ ဘာကြောင့် ပြည်သူ လူထုကို ပေးသော သတင်းစကား တွင် နှစ်မျိုးဖြစ်နေရပါသလဲ။