Friday, June 20, 2008

မုန်တိုင်းကလည်း ဒုက္ခပေး၊ နအဖကလည်း ဒုက္ခပေးခံရတဲ့ မိသားစုဘ၀လေး။

စက်တင်ဘာလအရေးအခင်းမှာ ကိုသီဟသက်ဇင်ဟာ မယ်တော်စု၊ ဇီးဖြူရွာ၊ ဘိုကလေးမြို့ မှာ အဖမ်းခံခဲ့ရပြီး၊ နအဖကနေ ပုဒ်မ ၁ရ (၁)၊ ၁၃ (၁) နဲ့  စွဲချက်တင်ခဲ့ပေမယ့် စမ်းချောင်းမြို့ နယ်တရားရုံးသို့  မထုတ်ဘဲ အင်းစိန်ထောင်အတွင်းမှာသာ ရုံးထုတ်ခဲ့ပါတယ်။ ဇနီးဖြစ်သူ မဇင်မာမြင့်က ယခင်က ထောင်ဝင်စာ ပုံမှန်သွားတွေ့ ခဲ့ပါတယ်။

















ကိုသီဟသက်ဇင် ထောင်အတွင်းမှာ အကျဉ်းကျနေစဉ်မှာ သူရဲ့ မိသားစုနဲ့ ပတ်သက်ပြီး အလွန်ကြေကွဲဖွယ်ကောင်းလောက်တဲ့ ကံကြမ္မာဆိုးကြုံတွေ့ ရပါတယ်။ သူရဲ့ အဖွား၊ မိဘနှစ်ဦး၊ အကို၊ မရီး၊ ညီမ၊ တူ သာမက သူရဲ့  တစ်ဦးတည်းသော အသက် (၉) နှစ်အရွယ် မောင်ဝေဘုန်းသန်းတို့ ဟာ သူတို့ နေထိုင်ရာ ဘိုကလေးမြို့ နယ်က မယ်တော်စု ဇီးဖြူရွာကလေးကို နာဂစ်မုန်တိုင်း ၀င်ရောက်တိုက်ခတ်စဉ်မှာ အသက်သေဆုံးသွားကြပါတယ်။ မိသားစုဝင် (၈) ဦးလုံး အသက်ဆုံးရှုံးသွားပါတယ်။




















ကံကောင်းထောက်မစွာနဲ့  ဇနီးဖြစ်သူ မဇင်မာမြင့် တစ်ဦးတည်းသာ မုန်တိုင်းဘေးရန်ကနေ အသက်ကင်းလွတ်ခဲ့ပါတယ်။ အသက်ဆုံးရှုံးသွားတဲ့ ရင်သွေးသည်းချာ မောင်ဝေဘုန်းသန်းဟာ အင်မတန်လိမ္မာရေးချားရှိသူဖြစ်ပြီး ပညာရည်ထူးချွန်ခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။

မဇင်မာမြင့်ခမျာလည်း ယောင်္ကျားဖြစ်သူ ကိုသီဟသက်ဇင်က ထောင်အတွင်းမှာ၊ သားဖြစ်သူလည်း အသက်ဆုံးရှုံးနဲ့  အတော့်ကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေပါတယ်။ ဆွေမျိုးသားချင်းအရင်းတွေလည်း သေဆုံးကုန်ကြတော့ ဖေးမကူညီမယ့်သူ ကင်းဝေးလျက်နေပါတယ်။

နအဖအနေနဲ့ ဒီလိုဘ၀ဒုက္ခရောက်နေတဲ့သူတွေကို လူသားချင်းစာနာထောက်ထားစွာနဲ့  ကိုသီဟသက်ဇင်ကို အမြန်ပြန်လည်လွှတ်ပေးသင့်ပါတယ်။ ကိုသီဟသက်ဇင် ပြန်လွတ်မှသာလျှင် သူရဲ့  စိတ်ပိုင်းဆိုင်ရာထိခိုက်အားငယ်နေတဲ့ ဇနီးဖြစ်သူ မဇင်မာမြင့်ကို ပြန်လည်ဖေးမကူညီစောင့်ရှောက်လို့ ရမှာပါ။

ကိုသီဟသက်ဇင်ကိုယ်တိုင်မှာလည်း ထောင်အတွင်းကနေ သူရဲ့  ချစ်လှစွာသော သားနဲ့  မိဘများ ဆွေမျိုးညီအကိုမောင်နှမများ သေဆုံးသွားရတဲ့ သတင်းကို ကြားရင်ဖြင့် ဘယ်လောက်တောင် စိတ်ထိခိုက်မှုဖြစ်လေမလည်းဆိုတာ ကိုယ်ချင်းစာပြီး တွေးတောင် မတွေးရဲပါဖူး။ ဒီသတင်းဆိုးကို သူကိုယ်တိုင်လည်း ကြားပြီးကောင်း ကြားပြီးဖြစ်မှာမို့  အပြင်မှာ ကျန်ရစ်နေတဲ့ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ ဇနီးသည်အတွက်လည်း အတော့်ကို စိုးရိမ်ပူပန်နေမှာ သေချာပါတယ်။







































ဒါကြောင့်မို့ လို့  ဒီအကြောင်းအရာကို ဖတ်ရှူသိရှိကြသူများအနေနဲ့  သက်ဆိုင်ရာများကို ကိုသီဟသက်ဇင်လွတ်မြောက်ရေးနဲ့  မဇင်မာမြင့်ရဲ့  စိတ်ပိုင်းဆိုင်ရာ ထိခိုက်အားငယ်မှုများကို ၀ိုင်းဝန်းကြိုးစား အားပေးကူညီပေးကြဖို့  ပန်ကြားလိုပါတယ်။

နအဖအနေနဲ့ လည်း ကိုသီဟသက်ဇင်ကို အမြန်ပြန်လည်လွှတ်ပေးဖို့ သင့်ကြောင်းနဲ့  ဆက်လက်ဖမ်းဆီးချူပ်နှောင်ထားဦးမယ်ဆိုရင်တော့ လူသားချင်းစာနာစိတ် လုံးဝကင်းမဲ့တဲ့လုပ်ရပ်တစ်ခုကို ဆက်လက်လုပ်ဆောင်တာဖြစ်လို့  အထူးပြစ်တင်ရှုတ်ချခြင်းခံရမှာ ဖြစ်ပါတယ်။

 
/* EOT ----------------------------------------- */