Thursday, June 26, 2008

အသက်အန္တရာယ် ရင်းပြီး ကူညီနေကြသူများအား ဂုဏ်ယူလေးစားပါတယ်။ ဘေးအန္တရာယ် ကင်းရှင်းကြပါစေ။

(၂၄) ရက်နေ့ ၊ ည (၁၀) နာရီကျော်တွင် ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်ပေးအပ်ပြီး ပြန်လာသော ကားတစ်စီးသည် မအူပင် - ညောင်တုန်းကြား (ချောင်းကြီးပတ်ဝန်းကျင်) တွင် ချိုင့်ခွက်များကို ရှောင်တိန်းမောင်းနှင်းရင်း လမ်းဘေးရှိ သစ်ပင်အား ၀င်တိုက်မိကြောင်း သိရှိရပါသည်။

အဆိုပါကားတွင် ဦးဇင်း (၂) ပါး၊ ဆရာဝန် (၂) ဦး၊ အမျိုးသား (၁၆) ယောက်နှင့် အမျိုးသမီး (၅) ဦးပါရှိပါသည်။ ဦးဇင်းတစ်ပါးမှာ ဦးနှောက်နောက်စိတွင် အနည်းငယ်ဒဏ်ရာရှိပြီး ဆရာဝန်အမျိုးသမီးသည် ခြေထောက်တွင်း ဒဏ်ရာရရှိပါသည်။ ယာဉ်မောင်းသူနှင့် လိုက်ပါသူ ခရီးသည် (၂) ဦး ဒဏ်ရာရရှိခဲ့ပါသည်။ သေဆုံးမှု မရှိပါ။

၎င်း မအူပင်-ညောင်တုန်းကြားလမ်းသည် တော်တော်လေး ဆိုးရွားပျက်စီးနေပြီး ယာဉ်မောင်းသူများ အထူးသတိထားပြီး မောင်းနှင်နေရကြောင်းနှင့် ညအချိန်ဆိုလျှင် နွားလှည်းမောင်းသည့် အရှိန်လောက်သာ မောင်းနှင်မှ အန္တရာယ်ကင်းကြောင်း ယာဉ်မောင်းသူတစ်ဦးမှ ပြောပြပါသည်။

 
/* EOT ----------------------------------------- */