Thursday, June 19, 2008

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အခမ်းအနားနှင့် နအဖလက်ပါးစေများ၏ ရိုက်နှက်နှောင့်ယှက်ဖမ်းဆီးမှု (နောက်ဆက်တွဲ သတင်း)။

အဖမ်းခံရတဲ့အထဲမှာ ကိုသန့် ဇင်မျိုးရဲ့ ဖခင် ဦးလှအေး ပါတယ်လို့  ထပ်မံသိရှိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်မှ ယနေ့  ဒေါ်အောင်ဆန်းစုကြည်မွေးနေ့  အခမ်းအနားကို အကျဉ်းရုံးလုပ်တာဖြစ်ပေမယ့် ဘဲ ငှက်လွှတ်နေတဲ့အချိန်မှာ ကြံ့ ဖွတ်တွေရဲ့  ပထမ ဒိုင်နာကား ရောက်လာပြီး ၀င်ရိုက်တာဖြစ်ပါတယ်၊ နောက်ထပ် တစ်စီးထပ်ရောက်လာပြီး ဘာမှန်းမသိသော အထုပ်ကြီးတထုပ်အား အခမ်းအနားအား အပြင်မှ ရပ်ကြည့်နေကြသော လူအုပ်ကြားထဲ ပစ်ထည့်ပြီး လူတွေကို အလန့် တကြားဖြစ်စေကာ ရုန်းရင်းဆန်ခတ်ဖြစ်အောင် ဖန်တီးနှောင့်ယှက်ခဲ့ပါတယ်။

၎င်းအချိန်မှာ ကိုထွန်းမြင့်က ဗီဒီယိုကင်မရာကို ပစ်ချပြီးထားခဲ့ပေမယ့် ရိုးရိုး ကင်မရာ ပါသွားတယ် ပါတယ်။

အဲဒီအချိန်မှာ အဘဦးအောင်ရွှေမှ ရောက်ရှိလာပြီး လုံထိန်းရဲအုပ်အား ခေါ်မေးရာ လုံထိန်းရဲအုပ်မှ လက်အုပ်ချီပြီး သူတို.့မသ်ကြောင်း၊ ဘယ်သူတွေ လာဖမ်းတယ်ဆိုတာမသိကြောင်း ဗြောင်ညာကာ အခမ်းအနားအား ပြန်လုပ်လို့ ရကြောင်း ပြောပါတယ်။

ရဲတွေက လမ်းတွေ ပြန်ဖွင့်ပေးပြီးနောက်၊ အဘဦးအောင်ရွှေက စောစောက ဖမ်းသွားတဲ့ သူ (၄) ယောက်ကို ပြန်လွှတ်ပေးဖို.ပြောပေမယ့်  အခုအချိန်ထိ ဘယ်သူမှ ပြန်မလွတ်သေးကြောင်း သိရှိရပါတယ်။






























 
/* EOT ----------------------------------------- */