Monday, June 18, 2007

ဒဏ္ဍာရီထဲက မီးဌက်

ငယ်ငယ်ကတည်းကကြားဘူးခဲ့
ဒဏ္ဍာရီထဲကမီးဌက် (phoenix) ပမာ
အမေ့ဘ၀ကမျက်လှည့်ပြ..
ပြောင်းခဲ့ရ..တကဲ့ကိုပုံပြင်ဆန်စွာ..


ပျော်ရွှင်ဘွယ်ရာဘ၀ရဲ့နိဂုံးအစ
ချစ်အမေ ဈာပန သို့ အပြန်
ငရဲခံနေရတဲ့မြန်ပြည်သားများရဲ့..ငိုမျက်ရည်..
အသတ်ခံအပြစ်မဲ့ကျောင်းသားများရဲ့..သွေးစက်ရည်..
သူလေ..တပ်အပ်မြင်ခဲ့ရ..
နိုင်ငံနဲ့  အချစ်ရေး.
နိုင်ငံနဲ့  အိမ်ထောင်ရေး.
နိုင်ငံနဲ့  သားသမီး ရေး.
နိုင်ငံနဲ့  ကိုယ်ရေးကိုယ်တာဘ၀..
နိုင်ငံနဲ့  တဘ၀လုံး.
သင်သာဆိုဘာလမ်းရွေးမှာပါလိမ့်..
အမေ..ရွေးခဲ့တာ..အာဇာနည်ရဲ့လမ်း
ကျွန်တော်..ဂုဏ်ယူစမ်းပါဘိ..အမေ..

ပြည့်စုံဘ၀..တင့်တယ်ခန္ဓာ..
မီးရှို့ ကြေပျက်..ပြာပုံသို့ စတေးခဲ့
မြန်မာပြည်အတွက်..
ကြွေသက်တဲ့မီးဌက်နိမိတ်ပုံနဲ့ အမေ..

(၁၇) နှစ်ကာလ..အထဲဝင်လိုက်..အပြင်ထွက်လိုက်
အထဲမှာက..၁၁ နှစ်..လူမဆန်ရက်တာ..ဘယ်လိုလူ..
အိမ်အပြင်မထွက်ရဘဲ..စာတွေဖတ်
သူ့ အဖေဖွဲ့ ပေးခဲ့တဲ့ စစ်တပ်က..အလိမ္မာနဲ့ သူ့ ကိုသတ်နေ
ကျောကိုချ တဲ့ဒါးပြကို..မျက်ရည်ကျခေါင်းငုံ့ ခံ ရိုး
အောင်ဆန်းတို့ ..မျိုးရိုးမှာမရှိ
သတ်ရဲ ရင်သတ်ကြည့်ပါလား.

နေခြည်တွေ..မိုးသောက်တဲ့တခဏ
ခိုင်မြဲ.ဇွဲစိတ်အားအင်နဲ့ ..ဘ၀သစ်ကိုစ
ပြာပုံပေါ်က..လုးလွန့် ထ..
အသက်ရှင်နိုးထတဲ့..မီးဌက်..
တောင်ပံတွေ..ရှက်ခါ..ပျံသန်း..
ဒီမိုကရေစီ..အလင်းရောင်တန်းဆီသို့ .

မသဒ္ဓါ (၆။၁၇။၂၀၀၇)
ချစ်သောဒေါ်အောင်ဆန်းစုကြည်၏(၆၂) မွေးနေ့မှသည်..အမေရည်မှန်းသမျှအားလုံးပြည့်ဝပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

 
/* EOT ----------------------------------------- */