Friday, November 30, 2007

ရွှေဝါရောင်အင်အားများ စုစည်းရေးကော်မီတီ၏ ကြေညာချက်။

အစအဆုံး..ကြည့်ချင် ရင်…...

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၏ မိခင် ကွယ်လွန်သွားသည့်အတွက် အထူးဝမ်းနည်းရပါကြောင်း။

အင်းစိန်ထောင်အတွင်း ဖမ်းဆီး ချုပ်နှောင်ခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၏ မိခင် ဒေါ်မိမိလေးသည် ယမန်နေ့ည ၉ နာရီခွဲခန့်က နေအိမ်တွင် ကွယ်လွန်သွားသည်။

ဒေါ်မိမိလေး (၆၈ နှစ်) သည် သားအိမ်ကင်ဆာနှင့် တဆက်တည်း တွဲဆက် ဖြစ်ပေါ်လာသည့် ဦးနှောက် အကျိတ်ဝေဒနာနှင့် လေဖြတ်ရောဂါတို့ကို အပြင်းအထန် ခံစားခဲ့ရပြီး ယမန်နေ့ည ၉ နာရီခွဲက ဆုံးပါးသွားခြင်း ဖြစ်သည်။

“အမေက လွန်ခဲ့တဲ့ ၄ နှစ်လောက်ကထဲက သားအိမ်ကင်ဆာ ဖြစ်တယ်။ အဲဒါ ဘန်ကောက်ကို သွားပြီး ကုထားတော့ ခံသေးတာပေါ့နော်။ အဲဒါ ဆဲလ်တွေက ပွားတယ် ထင်ပါတယ်။ ဦးနှောက်ကို သွားထိတာ။ အဲဒီတော့ ကိုယ်တခြမ်း လေဖြတ်သွားတာ” ဟု ကိုဌေးကြွယ်၏ အမ မခင်စန်းမြင့်က မဇ္ဈိမကို ပြောသည်။

ရုပ်ကလာပ်ကို လာမည့် ဒီဇင်ဘာလ ၃ ရက် (တနင်္လာနေ့) နေ့လည် ၂ နာရီကျော်တွင် ရေဝေး သုဿာန်တွင် မီးသဂြုင်္ိလ်မည်ဖြစ်ပြီး သားဖြစ်သူ ကိုဌေးကြွယ်ကိုယ်တိုင် လိုက်ပါ ပို့ဆောင်နိုင်ရန်အတွက် မိသားစုဝင်များက ထောင်အာဏာပိုင်များထံ သွားရောက် ခွင့်တောင်းထားသော်လည်း ခွင့်ပြုချက် မကျသေးပေ။

“ထွက်ခွင့်ရမလား ဆိုတာတော့ ပြောလို့မရဘူး။ သူ့ကိုတော့ အမေ့ရဲ့ နောက်ဆုံးအချိန်လေးမှာ ကန်တော့ စေချင်တာပေါ့။ ကျမက သူ့ကို ကန်တော့ စေချင်တာပေါ့နော်။ ဘာပဲဖြစ်ဖြစ် ကျမမောင်လေးက အရမ်းသနားဖို့ ကောင်းပါတယ်” ဟု မခင်စန်းမြင့်က ငိုယိုနေရင်း ပြောသည်။

ရောဂါဝေဒနာ ဆိုးရွားနေသဖြင့် ရွှေဂုံတိုင် အထူးကုဆေးရုံ တွင် ဆေးဝါးကုသမှု ခံယူနေသည့် မိခင်ကြီးကို တိမ်းရှောင် ပုန်းအောင်းနေသည့်ကြားမှ လာရောက်ကြည့်ရှုပြီး အပြန်တွင် ဖမ်းဆီး ခံလိုက်ရသော်လည်း သူအဖမ်းခံရသည့် သတင်းကို မိသားစုဝင်များက မနာမကျန်း ဖြစ်နေသည့် မိခင်ကြီးကို ဖွင့်မပြောရက်သဖြင့် ဒေါ်မိမိလေးသည် ကွယ်လွန်သွားသည့်တိုင် အဖြစ်မှန်ကို မသိရဘဲ သားဖြစ်သူကို စောင့်ဆိုင်းနေခဲ့သည်ဟု သိရသည်။

“အမေကတော့ ဘာပဲဖြစ်ဖြစ် သူ့သားကို စောင့်တာပေါ့နော်။ သတိမကောင်းဘူးဆိုတော့ သူ့သား ဒီလို ဖြစ်သွားတာကို ပြောပြမထားဘူး။ ကျမတို့ကတော့ ပေးမသိစေချင်တော့ဘူးလေ။ မထူးဘူးလေ။ အမေ မသေခင် လာကြည့်ခွင့် တင်လိုက်သေးတယ်။ တင်ပြီး တပတ်မကြာဘူး၊ အခုလို ဖြစ်သွားတယ်” ဟု မခင်စန်းမြင့်က ပြောသည်။

ကိုဌေးကြွယ်၏ လုပ်ဖောင်ကိုင်ဖက်များ ဖြစ်ကြသည့် ၈၈ မျိုးဆက် ကျောင်းသားများနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင်များကလည်း လွမ်းသူ့ပန်းခွေ ပို့ရန်အတွက် စီစဉ်နေကြပြီး ကိုဌေးကြွယ်နှင့် ထပ်တူထပ်မျှ ခံစားရကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

“သူ (ကိုဌေးကြွယ်) ဖြစ်စေ၊ ကျနော်ဖြစ်စေဗျာ ကိုယ့်ရဲ့ မိခင်တယောက်လုံး ဆုံးသွားတဲ့ အခြေအနေနဲ့ တွေ့ကြုံတဲ့အခါဆိုတော့ ကိုယ်ချင်းစာစိတ်၊ လူသားချင်း စာနာစိတ်နဲ့ ကြည့်ကြည့်၊ ကိုယ်တိုင် ခံစားကြည့်ဗျာ ဒါက အရမ်းဝမ်းနည်းစရာ ကောင်းတဲ့ ခံစားချက်မျိုး ကျနော်တို့ဆီမှာလည်း ဖြစ်ပေါ်ပါတယ်” ဟု ဗကသ မှ ကိုကျော်ကိုကိုက ပြောသည်။

ကိုဌေးကြွယ် အပါအ၀င် မွေးချင်း မောင်နှမ ၄ ဦး ကျန်ရစ်ခဲ့သည်။

အစအဆုံး..ကြည့်ချင် ရင်…...

ကြခတ်ဝိုင်းဆရာတော်၏ နောကိထပ်ပြောကြားမှု။

အသံဖိုင် - http://www.mediafire.com/?afbvz0wt0md

အစအဆုံး..ကြည့်ချင် ရင်…...

ဂျီအက်စ်အမ် လက်ကိုင်ဖုန်းကိုင်သူများ သတိထားကြပါ။

စစ်အုပ်စုက ဂျီအက်စ်အမ် လက်ကိုင်ဖုန်းများကို ကျယ်ကျယ်ပြန့်ပြန့်ကြားဖြတ် နားထောင်နိုင်ရန်အတွက် စီမံကိန်းတရပ် ချမှတ် ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
အထက်ပါ စီမံကိန်းအတွက် လိုအပ်သော ပစ္စည်းများကို နိုဝင်ဘာလအတွင်းတွင် တရုတ်နိုင်ငံမှ ၀ယ်ယူတင်သွင်းကာ စမ်းသပ်အသုံးပြုလျှက်ရှိသည်ဟု ဆက်သွယ်ရေးဌာန အရာရှိများနှင့် နီးစပ်သူ တဦးက ပြောသည်။


“ဂျီအက်စ်အမ် ဖုန်းထဲကနေ နိုင်ငံရေးစကားနဲ့ ပတ်သက်တာ ဘာမှမပြောပါနဲ့၊ ပြောတဲ့ ဖုန်းနံပါတ်ကို မှတ်တမ်း တင်ထားပြီး ပြန်လိုက်လိမ့်မယ်”ဟု တယ်လီဖုန်း အိတ်ချိန်းရုံးတရုံးမှ အရာရှိတဦးကလည်း ပြောသည်။

မြန်မာနိုင်ငံတ၀န်း လက်ရှိအသုံးပြုနေသော ဂျီအက်စ်အမ် ဖုန်း အလုံးပေါင်း ၂ သိန်း ၀န်းကျင်ခန့်ရှိပြီး အစိုးရက ပိတ်ထား သော ဂျီအက်စ်အမ် ဖုန်း အလုံး ၈၀ ကျော်ရှိကြောင်း ဆက်သွယ်ရေးရုံး မှတ်တမ်းများအရ သိရသည်။

စစ်အုပ်စု အာဏာပိုင်များက လွန်ခဲ့သော စက်တင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းမှ စတင်၍ အကြောင်းပြချက် မရှိဘဲ အထက်ပါ ဂျီအက်စ်အမ် ဖုန်းများကို ပိတ်ပစ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အပိတ်ခံရသည့် ဖုန်းများတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ အန်အယ်လ် ဒီအဖွဲ့ဝင်တချို့ အပါအ၀င် သတင်းထောက်များနှင့်ထို ရက်ပိုင်းအတွင်း ဂျီအက်စ်အမ်ဖုန်းနှင့် နိုင်ငံရေးအကြောင်းပြောသူတချို့၏ ဖုန်းများပါဝင်သည်ဟု အထက်ပါ တယ်လီဖုန်း အိတ်ချိန်းရုံးအရာရှိက ပြောသည်။

ဖုန်းပိတ်ထားခြင်းနှင့်ပတ်သက်၍ ဆက်သွယ်ရေးဝန်ကြီးဌာနသို့ စာတင်ထားသော်လည်း ယခုချိန်အထိအ ကြောင်း ပြန်ကြားခြင်းမရှိဟု ရန်ကုန်အခြေစိုက် သတင်းထောက် တဦးကပြောပြသည်။

“ခုလောက်ဆို ဖုန်းတွေ ပြန်ဖွင့်ပေးသင့်ပြီ။ ကျနော်စာတင်ထားတာကိုလည်းဘာမှအကြောင်းမပြန်တဲ့ အပြင် သွား မေး တော့လည်း အထက်က ဘာအမိန့်မှမကျသေးလို့ပါလို့ပဲ ပြန်ဖြေတယ်”ဟု ၎င်းက ပြောသည်။ အဆို ပါလက်ကိုင်ဖုန်းကို ၃၂သိန်းနှင့် ၀ယ်ယူထားရခြင်း ဖြစ်သောကြောင့် ယခုကဲ့သို့အပိတ်ခံထားရသည်မှာမတရား အလုပ်ခံထားရခြင်းပင်ဖြစ်သည်ဟုလည်း သတင်းထောက်က ပြောဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘလဆန်းကဟံသာဝတီတယ်လီဖုန်းရုံးသို့ ကျပ်၂ သိန်း သွင်း၍အသနားခံစာတင်ရမည်ဆို သော ကြောင့် သွားရောက်လုပ်ဆောင်ပါသော်လည်း ၎င်း၏ဖုန်းကို ယခုအချိန်အထိ ပြန်ဖွင့်မပေးသေးကြောင်း နိုင်ငံခြား သဘောင်္သားဟောင်းတဦးက ပြောပြသည်။

အစအဆုံး..ကြည့်ချင် ရင်…...

Thursday, November 29, 2007

နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် ကျင်းပမည်။

အစအဆုံး..ကြည့်ချင် ရင်…...

ဒေါ်အောင်ဆန်းစုကြည်၏ ထုတ်ပြန်ကြေညာချက်ကို ဂျပန်ရောက် မြန်မာများ အပြည့်အ၀ထောက်ခံ။





















အစအဆုံး..ကြည့်ချင် ရင်…...

မြန်မာပြည်လွတ်မြောက်ရေးအတွက် ကားပိုင်ရှင်များလည်း ဆောင်ရွက်နိုင်ပါပြီ။



http://drivingforburma.blogspot.com/

အစအဆုံး..ကြည့်ချင် ရင်…...

Wednesday, November 28, 2007

အာဏာရှင်အားဆန့် ကျင်ဆဲ၊ ပြည်သူလူထုအား မြတ်နိုးဆဲဖြစ်သော အမေ လူထုဒေါ်အမာ။

အမေပြောတဲ့ “ကျန်းမာအောင်နေရတယ် သားရေ၊ ပြည်သူလူထုကြီး အောင်ပွဲခံတာကို အမေတို့  မြင်တွေ့ ချင် သေး လို့ ” စကားအတိုင်း (၉၂) နှစ်မြောက် မွေးနေ့ မှာ အထူးဆုတောင်းပေးချင်တာကတော့ အမေမြင်ချင်တဲ့ လွတ်လပ်ရေး မြင်ရပါစေလို့ ပါ။

ပြည်သူတွေအားလုံးက လူထုချစ်တဲ့ လူထုကိုချစ်တဲ့ အမေ့အတွက် ကြိုးစားပေးနိုင်ကြမလားဗျာ။









(ဓါတ်ပုံများကတော့ - အမေရိကန်၊ နယူးယောက်မြို့ က မျိုးချစ်မြန်မာတွေကနေ သူတို့ ချစ်တဲ့ အမေအတွက် မွေးနေ့  အတွက် အဝေးကနေ ကျင်းပပေးတဲ့ မွေးနေ့ အမှတ်တရပါ)။

အစအဆုံး..ကြည့်ချင် ရင်…...

သီတဂူဆရာတော်ကြီးရဲ့  လိပ်ကလေးလိုနေ တရားတော်အား နားဆင်နိုင်ပါပြီ။

မြန်မာပြည်တွင်းမှာ သီတဂူဆရာတော်ကြီးသာမက အခြားဆရာတော်ကြီးများရဲ့  ဒီလိုတရားခွေတွေကို လက်ဝယ်ပိုင်ဆိုင်ထားရင် ထောင်ဒဏ် (၈) နှစ်ချတယ်လို့  သိရှိရပါတယ်။

အပိုင်း (၁) http://www.sendspace.com/file/bsyyvg

အပိုင်း (၂) http://www.sendspace.com/file/f2f8cq

အပိုင်း (၃) http://www.sendspace.com/file/d3gum1

အပိုင်း (၄) http://www.sendspace.com/file/t2gifn

အပိုင်း (၅) http://www.sendspace.com/file/96jge2

အပိုင်း (၆) http://www.zshare.net/audio/5194734fa01b9b/

အပိုင်း (၇) http://www.zshare.net/audio/5196964d9468ec/

အပိုင်း (၈) http://www.zshare.net/audio/5197197c3b724d/

sendspace မှာ download လုပ်ရင် ဒေါင်းလုပ်လုပ်ရမယ့်ဖိုင်ကို စာမျက်နှာ အောက်ဆုံးမှာ ပြပါတယ်။ တစ်ခါ တစ်လေမှာ ချက်ချင်းဒေါင်းလုပ် လုပ်လို့ မရတာမို့  ထပ်ကာတလဲလဲကြိုးစားဖို့ လိုပါတယ်။ ဒေါင်းလုပ်လုပ်ဖို့ ဖိုင် ပေါ်လာဖို့ အတွက် တစ်မိနစ် စောင့်ရပါတယ်။

zshare မှာတော့ အပေါ်ဘယ်ဘက်နားမှာ download this file ဆိုတာကို နှိပ်ရပါတယ်။
နောက်စာမျက်နှာပေါ်လာရင် စောင့်ဖို့ စိတ်မရှည်ဖူး ဆိုရင် click here ဆိုတာကို နှိပ်လိုက်ပါ။

စိတ်ရှည်သည်းခံစွာနဲ့  ဒေါင်းလုပ်လုပ်ယူပြီး နားဆင်နိုင်ပါပြီ။ ဒီဖိုင်များကို ဒေါင်းလုပ် လုပ်ပြီးမှ ပြန်လည်တင် ထားပေးခြင်းဖြစ်ပါတယ်။ Mediafire ဖြင့်လည်း ထပ်မံတင်ပေးပါမယ်။

အစအဆုံး..ကြည့်ချင် ရင်…...

စင်ကာပူမှ မျိုးချစ်မြန်မာများ၊ ဒီမိုကရေစီအင်အားစုများနှင့် Overseas Burmese Patriots (OBP) တို့  မေးမြန်း ဖြေကြားချက်များ (ဒုတိယပိုင်း)။

၁။ သန်းရွှေအမိန့်ပေးလို့ ဘုန်းကြီးတွေကို ပစ်ခတ်ရိုက်နှက်တဲ့ စစ်သားတွေမှာ အပြစ်ထိုက် ပါသလား။ ထိုက် ခဲ့ရင် သာသနာအရ ဘယ်လို အပြစ်မျိုးပါလဲ။
- ၀င့်ဝါကျော်

ဖြေ။ နှစ်ဦးစလုံး အပြစ်ထိုက်ပါတယ်။ ထိုက်တဲ့ အပြစ်ကတော့ အတိအကျ သတ်မှတ်ဖို့ ခဲယဉ်းပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အပြစ်တွေဟာ သာမန် လူတစ်ယောက်ကို သတ်မိတဲ့ အပြစ်ထက် ပိုကြီးလေးတာတော့ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ ရဟန်းတစ်ပါးခြင်းဆီမှာ သီလရှိ၊ မရှိ ဝေဖန် စမ်းသပ်လို့ ရပေမယ့် သံဃာမှာတော့ သီလရှိ၊မရှိ စမ်းသပ်လို့ မရနိုင်ပါဘူး။ ကျမ်းစာမှာတော့ "သံဃော ဟိ ဒုဿီလော နာမ နတ္တိ" လို့ဆိုပါတယ်။ သံဃာမှာ ဒုဿီလဆိုတာ မရှိဘူးပေါ့။ သံဃာလို့ဆိုလိုက်တာနဲ့ သီလပြည့်စုံပြီးသား ဖြစ်တဲ့အတွက် အဲဒီသံဃာကို ပြစ်မှားသူတွေ ဟာလည်း သာမန်လူကို ပြစ်မှားတာထက် အပြစ် ပိုကြီး ပါတယ်။


ဘယ်လိုအပြစ်မျိုးလဲဆိုတာ သတ်မှတ်ပြဖို့ ခဲယဉ်းသလို ဘယ်အချိန်မှာ အကျိုးပေးမှာ လည်း ဆိုတာလဲ သတ်မှတ်ပြဖို့ ခဲယဉ်းပါတယ်။ ဒီနေရာမှာ ဇောစေတနာ (၇) ပါးအကြောင်း နဲနဲရှင်းပြလိုပါတယ်။ ဇောစေတနာ (၇) ပါးက ......
(၁) ပထမဇောစေတနာ= လက်ရှိဘ၀မှာတင် အကျိုးပေး
(၂) သတ္တမဇောစေတနာ= ဒီဘ၀က ကွယ်လွန်ပြီး နောက်ဒုတိယဘ၀အကျိုးပေး
(၃) အလယ်ဇောစေတနာ ငါးချက်= တတိယဘ၀က နိဗ္ဗာန်ရောက်တဲ့ ဘ၀အထိ အကျိုးပေးဆိုပြီး ဇောစေတနာ ငါးချက် ရှိပါတယ်။

အခု န-အ-ဖ က လုပ်တဲ့ သံဃာတွေကို စော်ကားမှု အကုသိုလ်ဟာ ဘယ်ဇော စေတနာ ဖြစ်တယ်လို့ မသိနိုင်ပါဘူး။ အဲ ပထမဇော စေတနာသေချာတယ်ဆိုရင်တော့ ဒီဘ၀မှာ အမှန်မုချ အကျိုးပေးမှာပါ။ သတ္တမဇောစေတနာ ဖြစ်ခဲ့ရင်တော့ ဒီဘ၀တော့ သူတို့တတွေ အဟောင်းစား အဖြစ်နဲ့ ကောင်း ကောင်းစားဦးမှာပါ။ နောက်ဘ၀ကျရင်တော့ အလှည့်ကျ မနွဲ့ကြစတမ်း ခံပေဦးပေါ့ဗျာ။ အေး နောက်ဘ၀တွေမှာလည်း ကုသိုလ်ကံ အရှိန်လေးရှိလို့ မခံစားရသေးရင်လည်း နိဗ္ဗာန်ရောက်တဲ့ ဘ၀အထိ တစ်ဘ၀၊ ဘ၀မှာတော့ ခံရမှာပါ။ ဘုရားရှင်တောင် ၀မ်းတော်လားတဲ့ဝဋ် စတဲံ့ ၀ိပါက်တော် (၁၂)ပါး ခံစားရသေးတာပါ။ န.အ.ဖလို သတ္တ၀ါတွေက ဘာမို့လိုလဲဆိုတာ သဘောပေါက်ရင် ဒီမေးခွန်းရဲ့ အဖြေ ပြည့်စုံလောက်ပါပြီ။

၂။ ဆရာတော်ဘုရား သံဃာတော်များကို ရိုက်နှက်ပစ်ခတ် သတ်ဖြတ်သူများသည် အဘယ် ငရဲဘုံသို့ သွားနိုင်ပါသလဲဘုရား၊ သူတို့ကို ယင်းသို့ လုပ်ရန် အမိန့်ပေးသူများ အဘယ်ငရဲဘုံသို့ သွားနိုင်ပါသလဲဘုရား၊ သူတို့ နှစ်ဦးပြစ်ဒဏ်မှာ မည်သူ၏ အပြစ်ဒဏ်က ပိုကြီးနိုင်ပါသလဲဘုရား။

ဖြေ။ ရိုက်နှက်သူရော၊ အမိန့်ပေးသူပါ အပြစ်ရှိပါတယ်။ အထက်ကအဖြေကို မှီငြမ်းပေးပါ။

၃။ မြတ်စွာဘုရား ဟောကြားထားတဲ့ တရားတော်တွေထဲမှာ သံဃာကို စော်ကားရင် ရိုက်နှက်ရင် မြေမျိုတယ်၊ ကပ်ဘေးဆိုက်တယ်ဆိုတဲ့ ကပ်ကြီးတွေ ဖတ်ဖူးပါတယ်။ န-အ-ဖ က ခေါင်းဆောင်ကြီးတွေဟာ ဘယ်အချိန်မှာ ကြုံနိုင်ပါသလဲဘုရား။

၎။ သံဃာကို သတ်ဖြတ်သော သန်းရွှေနှင့် အပေါင်းအပါများသည် မည်သို့သော အပြစ်မျိုး ထိုက်တန်ပါသလဲ၊ ဗုဒ္ဓတရားတော်နှင့် နှိုင်းယှဉ်ဖော်ပြပေးပါဘုရား။

ဖြေ။ နောက်မှ ရမယ့်အကျိုးတွေကတော့ မသိဘူး… ချက်ချင်းရတဲ့ အကျိုးကတော့... ရိုက်တဲ့သူဟာ လူရိုင်းဘ၀ရောက်သွားတယ်။ သတ်တဲ့သူဟာ လူသတ်ကောင်ဖြစ်သွားတယ်။ လာဘ်ယူသူဟာ လာဘ်ကောင် ပြိတ်တာ ဖြစ်သွားတယ်။ သူ့စိတ်နဲ့ ရုပ်တွေမှာ အမာရွက် ထင်သွားတယ်။ ပြန်လည် ပြင်ဆင်မှု မရှိရင် မသေမချင်း မပျောက်တော့မယ့် အမာရွက်မျိုးပေါ့.. မီးထဲကို လက်ထိုးတဲ့သူဟာ မီးလောင်ဒဏ်ရာ အဖြူကွက်ကြီး ထင်သွားသလိုပေါ့။ သူ့အမူအကျင့် အတွေးအခေါ်တွေကို မပြုပြင် မချင်း အဲဒီအမာရွက် မပျောက်ဘူး။ ကျန်တဲ့ ရှည်ရှည်ဝေးဝေး နောက်ဘ၀မှဟာတွေကတော့.. ကိုယ့်အပေါ်လွန်ကျူးထားသူကို ပြစ်ဒဏ်ပေးလိုတဲ့ ရန်ငြိုးနဲ့. ကိုယ်နည်းနည်း ကောင်းထားတာအတွက် အကျိုးကြီးကြီး လိုချင်တာတွေကနေ အခြေခံ လာတာလို့ ထင်ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ကတော့... န-အ-ဖ တွေကို ဖြုတ်ချဟေ့၊ ငရဲပြည်ပို့ကြဟေ့လို့ အော်မယ့်အစား ဦးသန်းရွှေတို့ လူတစ်စုကို ဘယ်လို ကောင်းလာအောင် ပြုပြင်ဆုံးမပေးရမလဲလို့ပဲ ပြောင်း ပြောပေးရမယ်ထင်ပါတယ်။ (နံပါတ် ၁-အဖြေနှင့် ပူးတွဲကြည့်ရန်)

၅။ မြန်မာနိုင်ငံနှင့် တိုင်းတစ်ပါးတွင် ရှိနေသော နိုင်ငံတော် သံဃနာယက အဖွဲ့အစည်းများတွင် နိုင်ငံရေးအမြင် ကွဲပြားခြင်း ရှိပါသလား။
- ဦးသန်းလွင်

ဖြေ။ ဦးဇင်းအမြင်အရ ပြောရရင် ပြည်တွင်း ပြည်ပ မကွဲဘဲ လူတစ်ဦးချင်းစီရဲ့ ပရဟိတ = အများအကျိုး ဆောင်ရွက်လိုစိတ် ရှိမရှိနဲ့ပဲ သက်ဆိုင်တဲ့ အမြင်ပဲ ရှိမယ်ထင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ဦးဇင်း တွေ့ရှိထားတဲ့ ဆရာတော်တွေရဲ့ ကာရိုက်တာကို ကြည့်ရင် ပြည်တွင်းမှာနေတဲ့ ဆရာတော်တွေဟာ နိုင်ငံရေးအမြင် ကျယ်စေဦးတော့ သူတို့ဟာ လှုပ်ရှားမှုတွေမှာ မပါဝင်နိုင်ကြ ပါဘူး။ အကြောင်းကတော့ ကိုယ်ရရှိထားတဲ့ ရာထူးလေးတွေ ပျောက်မှာ၊ ကိုယ်ရနေတဲ့ လာဘ်လာဘတွေ ယုတ်လျော့သွားမှာ၊ စတဲ့ အရာတွေ အဆုံးရှုံး မခံနိုင်ကြတော့ပါဘူး။ ပြည်တွင်းက သံဃနာယက ဆရာတော် တစ်ချို့ဆိုရင် ကျောင်းလုပွဲဖြစ်ရင် လာဘ်ပေးလာဘ်ယူ ကြတာတွေ၊ ဗိုလ်တွေနဲ့ပေါင်းပြီး ကားပါမစ်တောင်းတာတွေ စတဲ့ အကျင့်ပျက်နေတာတွေ မကြားချင်အဆုံးပါ။ ဒီတော့ သူတို့ကိုယ်တိုင်က အကျင့်ပျက်နေတော့

အစိုးရကို မဆန့်ကျင်ရဲတာ မဆန်းတော့ပါဘူး၊ သူတို့တွေဟာ ဗုဒ္ဓအလိုကျ ကျင့်သုံးနေထိုင်ကြခြင်း မဟုတ်တော့ဘဲ န-အ-ဖ အလိုကျ ကျင့်သုံးနေထိုင်တာတွေ ဖြစ်ကုန်ပါတယ်။

ပြည်ပက ဆရာတော်ကြီးတွေ အများစုကတော့ ပြည်ပရဲ့ အတွေ့အကြုံတွေကို ထည့်စဉ်းစားပြီး မြန်မာပြည်သူတွေအတွက် တိုးတက်ရာ တိုးတက်ကြောင်းတွေကို အလေးနက်ထားပြီး နိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် ကြိုးစားနေကြပါတယ်။ ဒါပေမဲ့လည်း ပရဟိတစိတ်၊ မျိုးချစ်စိတ် နည်းပြီး တစ်ကိုယ်ကောင်းစိတ်နဲ့ ဒေါ်လာစိတ်ရှိတဲ့ ရဟန်းအချို့ကတော့ သူများနိုင်ငံရေး လုပ်တာတောင် မကူညီတဲ့အပြင် နှောက်ယှက်တတ်ကြတာပါပဲ။ ဒါကြောင့် ဦးဇင်းရဲ့ တစ်ဦးချင်း အမြင်အရပြောရရင် ပြည်တွင်းပြည်ပ အမြင်ထက် ပရဟိတစိတ်၊ အနစ်နာခံစိတ်ရှိ၊ မရှိ ကွဲပြားမှုနဲ့ နိုင်ငံရေးအမြင်လည်း ကွဲပြားသွားတာပါ။

၆။ စစ်အစိုးရကို ကိုယ်တိုင် အသေခံလုပ်ကြံ သတ်ဖြတ်ခြင်းဟာ ဘုရားဟောအတိုင်း အဖန်ငါးရာငါးကမ္ဘာ ခံရနိုင်ပါသလား။

ဖြေ။ လုံးဝ မခံရနိုင်ပါ၊ ကိုယ့်ကိုယ်ကို သတ်သေသူများ အဖန်ငါးရာငါးကမ္ဘာ ခံရတယ်ဆိုတဲ့ ဘုရားဟောကြားတော်မူထားခြင်း လုံးဝမရှိပါ။ ဈာန်ခဏခဏလျှောကျလို့ ကိုယ့်ကိုယ်ကို ဒေါသထွက်ပြီး ကိုယ့်လည်ပင်းကို လှီးဖြတ်တဲ့ အရှင်ဂေါဓိကဟာ မသေခင် ဝေဒနာနုပဿနာရှုပြီး ရဟန္တာဖြစ်သွားတဲ့ သာဓကတောင် ရှိပါသေးတယ်။

၇။ သပိတ်မှောက်တာနဲ့ ဆန္ဒပြတာ ကွဲပြားအောင် ရှင်းလင်းပေးပါ။
- မောင်မြင့်ဝေ

ဖြေ။ သပိတ်မှောက်တယ်ဆိုတာက သံဃာတော်တွေရဲ့ အလုပ်ပါ။ ပတ္တ္တနိကုဇ္ဇန> ပတ္တ္တ-သပိတ်၊ နိကုဇ္ဇန-မှောက်ခြင်း၊ ပတ္တ္တနိကုဇ္ဇ-သပိတ်မှောက်ခြင်းဆိုတဲ့ ကံတစ်ခု ၀ိနည်းပညတ်တော်မှာ ရှိပါတယ်။ အဲဒီကံ ပေါ်လာခြင်းအကြောင်းက---

တစ်ခါက ဝုဎလိစ္ဆဝီဆိုတဲ့ မင်းသားတစ်ပါးဟာ အရှင်ဒဗ္ဗဆိုတဲ့ ရဟန္တာမထေရ်တစ်ပါးကို
ပါရာဇိကအာပါတ်နဲ့ စွပ်စွဲဖျက်ဆီးခဲ့မိပါတယ်။ မဟုတ်မမှန်ဘဲ စွပ်စွဲတာမို့ မြတ်စွာဘုရားးက အဲဒီမင်းသားအပေါ် သပိတ်မှောက်ခိုင်းပါတယ်။ သပိတ်မှောက်တယ်ဆိုတာ သံဃာတော်တွေက အဲဒီမင်းသား လှုဒါန်းသမျှ မခံယူတော့ဘဲနေတာ၊ တရားစကား စတာတွေ မဟောကြားတော့တာ စတဲ့ အရာတွေကို ပြုမူဆောင်ရွက် ကြခြင်းပါပဲ။ အဲဒီလို သပိတ်မှောက်နိုင်တဲ့ အင်္ဂါတွေက ရဟန်းသံဃာတွေကို လာဘ်လာဘမရအောင် ပြုလုပ်တာ၊ အကျိုးမဲ့ဖြစ်အောင်လုပ်တာ၊ နေမြဲနေရာကျောင်းမှာ မနေနိုင်အောင် လုပ်တာ၊ ဆဲရေးတိုင်းထွာတာ၊ ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးမဲ့စကားတွေ ပြောကြားတာလို့ အင်္ဂါရှစ်ပါးရှိပါတယ်။ အဲဒီထဲက တစ်ပါးပါးနဲ့ ငြိရင်ကိုပဲ သပိတ်မှောက်ကံဆောင်လို့ ရပါတယ်။ ဒါက သပိတ်မှောက်တာနဲ့ စပ်လို့ပါ။ (အခု န-အ-ဖ

အစိုးရက ပခုက္ကူသံဃာတော်တွေရဲ့ မေတ္တသုတ် စုပေါင်းရွတ်ဖတ်တာကို ဖမ်းဆီးနှိပ်စက် လိုက်တယ်ဆိုရင်ပဲ သပိတ်မှောက်ဖို့ အခြေခံအချက်နဲ့ ပြည်စုံသွားပါပြီ။ နောက်ထပ်ဖြစ်လာတဲ့ ရိုက်နှက်မှု ဖမ်းဆီးမှု ညဘက် ၀င်ဆီးမှုတွေဟာလည်း သပိတ်မှောက်နိုင်တဲ့ အင်္ဂါ အချက်လက်တွေနဲ့ ပြီးပြည့်စုံနေပါတယ်)

ဆန္ဒပြတယ်ဆိုတာကတော့ လူတစ်ဦးတစ်ယောက်ကနေ အစုအဖွဲ့ ပြည်သူတစ်ရပ်လုံး အထိ ကိုယ့်ရပိုင်ခွင့်ကို ထုတ်ဖော်တောင်းဆိုတာကို ဆိုလိုပါတယ်။ လူသားအားလုံးနဲ့ သက်ဆိုင်ပါတယ်။ကိုယ့်ရပိုင်ခွင့်ကို လွတ်လပ်စွာ ထုတ်ဖော်တောင်းဆိုခွင့် မရှိတဲ့နေရာဟာ လူ့အခွင့်အရေးဆုံးရှုံးတဲ့ နေရာပဲ ဖြစ်ပါတယ်။

၈။ (က) ကွယ်လွန်သူ ဗိုလ်ချုပ်စိုးဝင်း ဈာပနတွင် မည်သူသရဏဂုံ တင်ပေးပါသနည်း။
(ခ) ထိုသံဃာသည် သံဃာ့ကံဆောင်ထားသည့် ကာလဖြစ်သည့်အတွက် ၀ိနည်းနှင့် ညီညွတ် ပါသလော။ မည်မျှ အပြစ်ကြီးပါသနည်း။
(ဂ) ထိုသံဃာကို သံဃာ့အဖွဲ့အစည်းမှ ကြဉ်သင့် မကြဉ်သင့် မိန့်တော်မူပါဘုရား။
- ကျော်စိုးမိုး

ဖြေ။ (က)၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နံက်ပိုင်းတွင် ရန်ကုန်မြို့မင်္ဂလာဒုံ တပ်မတော် ဆေးရုံကြီးရှိ၊ ငြိမ်းအေးဇရပ်၌ ကျင်းပသော စိုးဝင်း၏ ဈာပနအခမ်းအနားသို့ ကြွရောက်တော်မူကြသည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ ဆရာတော်များစာရင်း….

(၁) နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော်၊ ဧရာဝတီတိုင်း ညောင်တုန်းမြို့ ပုဏရာမဈေး ကျောင်းတိုက် ဆရာတော် အဘိဓဇ မဟာရဌဂုရု အဘိဓဇ
အဂ္ဂမဟာ သဒ္ဓဇောတိက ဘဒ္ဒန္တသြသဓါဘိဝံသ

(၂) နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဌဆရာတော၊် ပဲခူးတိုင်း(အနောက်ပိုင်း) ပြည်မြို့ ဇောတိကာရုံ ပါဌိတက္ကသိုလ်ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဏိတ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ္တကုဏ္ဏလဇောတိ

(၃) နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဌဆရာတော၊် ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်မြို့ ပုဗ္ဗရုံကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဏိတ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ တေဇ၀န္တ

(၄) နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်ဆရာတော်၊ ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ရွာမပရိယတ္တိ စာသင်တိုက်ဆရာတော် အဂ္ဂမဟာ ပဏ္ဏိတ ဘဒ္ဒန္တ တိလောကာဘိဝံသ

(၅) နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်ဆရာတော၊် မွန်ပြည်နယ် ရေးမြို့ ဖာလဇေ တ၀န်ကျောင်း ဆရာတော် အဂ္ဂမဟာ ဂန္တ၀ါစက ပဏ္ဏိတ ဘဒ္ဒန္တဣန္ဒသီရိ

(၆) နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်၊ မကွေးတိုင်း ပခုက္ကူမြို့ မဟာဝိဇယာရာမ အရှေ့တိုက် ဆရာတော် အဂ္ဂမဟာ ပဏ္ဏိတ ဘဒ္ဒန္တနေမိန္ဒ

(၇) နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်၊ ရန်ကုန်တိုင်း ဒေါပုံမြို့နယ် ဓမ္မသီတဂူ အေးရွာကျောင်း ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန ၀ိသုတ

(၈) နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်၊ မန္တလေးတိုင်း စဥ့်ကိုင်မြို့ ရေချမ်းအိုး ကျောင်း ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန ခေမာဝံသ

(၉) နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော၊် ပဲခူးတိုင်း (အရှေ့ပိုင်း) တောင်ငူမြို့ မြစည်းခုံ စာသင်တိုက် ဆရာတော် အဂ္ဂမဟာ ပဏ္ဏိတ ဘဒ္ဒန္တပဏ္ဏ၀ံသ

(၁၀) နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်၊ စစ်ကိုင်းတိုင်း မင်းကင်းမြို့ ကန်တော်ပရိယတ္တိ စာသင်တိုက် ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ တိလောက တို့ ဖြစ်ကြပါတယ်။

(ခ) ၀ိနည်းနှင့် လုံးဝ မညီညွတ်ပါ။ အပြစ်အရပြောလျှင် သာမန် ကုစားရလွယ်သည့် အပြစ် အာပါတ်သာ သင့်ပါတယ်။ ဒါပေမယ့် ကံဆောင်ရဟန်းတော်များကို မထေမဲ့မြင် ပြသည့် သဘောနှင့် လက်ခံနေသည်ဆိုလျှင် ထိုသံဃာသည် ဘုရား၏ အာဏာတော်ကို မထေမဲ့မြင် ပြုရာရောက်ပြီး ဈာန်၊ မဂ်ဖိုလ်တရားများမှ လွဲချော်နိုင်ပါတယ်။ လက်ငင်းအပြစ်အရ မျက်မှောက်ကာလမှာပင် အများသံဃာထုနှင့် ပြည်သူတွေရဲ့ ကြည်ညိုလေးစားမှု လျှော့ပါးသွားဖွယ်ကို ခံစားရပါလိမ့်မယ်။

(ဂ) သံဃာ့ဘောင်မှ မကြဉ်သင့်ပါ။ ကြဉ်လို့လဲ မရပါ။ သို့သော် သံဃရာဇိ = သံဃာတော်များအကြား သီးသန့်အစုအဖွဲ့ တစ်ခုအသွင်နဲ့ တည်ရှိလာနေပြီး သံဃာတော်များအကြား ညီညွတ်မှု ပျက်ပြားစေတဲ့အတွက် (သံဃာအသင်းကွဲစေနိုင်တဲ့ သံဃဘေဒကကံ ထိုက်နိုင်တဲ့အထိ ဖြစ်နိုင်တဲ့အတွက်) သတိတော့ ထားရမှာ ဖြစ်ကြောင်းသာ ဖြေဆိုပါရစေ။

၉။ ယခုလက်ရှိ မြန်မာနိုင်ငံအခြေအနေမှာ မြန်မာနိုင်ငံ လွတ်မြောက်ရေးအတွက် အဓိက သိမ်းသွင်းစည်းရုံးနိုင်သူဟာ သံဃာတော်များလို့ မြင်ပါတယ်ဘုရား။ ဆရာတော်များ၏ အမြင်ကို မိန့်တော်မူပေးပါဘုရား။

- စိုးမိုး

ဖြေ။ ဦးဇင်းရဲ့ တစ်ဦးတစ်ယောက် အမြင်အရတော့ ဒီအဆိုကို အပြည့်အ၀ မထောက်ခံပါ၊ အကြောင်းကတော့ သံဃာတော်တွေထဲမှာလည်း အချို့က န-အ-ဖ အလိုကျ ကျင့်သုံးပြီး ဗုဒ္ဓအလိုကျ မဟုတ်ဘဲ ပြည်သူ့ဆန္ဒကို လျစ်လျူရှုထားတဲ့ သံဃာတော်တွေ ရှိနေပါတယ်။ အဲဒီသံဃာတွေဟာ အနည်းစုဆိုပေမယ့် လုပ်ပိုင်ခွင့်ရှိတဲ့ နေရာတော်တော်များများကို သူတို့ပဲ ရယူထားပါတယ်။ ဒီတော့ သံဃာကလည်း သံဃာ့ဘက်၊ ပြည်သူကလည်း ပြည်သူ့ဘက်၊ စစ်သား တွေကလည်း စစ်သားအသိုင်းအ၀န်းဘက်ထဲ ဆိုင်ရာ ဆိုင်ရာ ဘက်တွေမှာ အမှန်ကို သိမြင်ကြပြီး ကိုယ်စီ မိမိသားစုမှသည် အများအတွက် တာဝန်သိ တာဝန်ရှိပြီး ပြုလုပ်သွားကြဖို့ အရေးကြီးပါတယ်။ နိုင်ငံအတွက် ကြိုးစားကြဖို့လိုပါတယ်။

၁၀။ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရမည့်ဘေးမှ ထွက်ပြေး ပုန်းအောင်း တိမ်းရှောင် နေရသော ရဟန်းတော်များသည် ရုပ်ဖျက်ခြင်းအလို့ငှာ လူဝတ်များကို လဲလှယ်ဝတ်ဆင်ရမည် ဖြစ်ပါသည်၊ နေ့လွဲညစာများကိုလည်း အမြဲတစေ စောင့်ထိန်းနိုင်မည် မဟုတ်ပါ။ ထိုအချက်များကို လူတွေ သံသယရှင်းအောင် ဖြေရှင်းပေးပါဘုရား။

ဖြေ။ ရုပ်ဖျက်ဖို့ လူဝတ်လဲရတဲ့ ရဟန်းတွေဟာ မည်သို့မျှ ရဟန်းဘ၀က လျောကျ မသွားပါ။ ရဟန်းဘ၀မှ လူ့ဘ၀ ပြောင်းလဲတဲ့သူဟာ လုံးဝ မကျူးလွန်ရ၊ ကျူးလွန်က လူဖြစ်သွားတဲ့ ပါရာဇိက (၄) ပါးထဲက ၀ိနည်းစည်းကမ်းတစ်ပါးပါးကို ဖောက်ဖျက်သူ၊ လူတကယ် ထွက်ချင်လို့ သိက္ခာချတဲ့သူမှ လူတကယ် ဖြစ်တာပါ။ အခြေအနေတစ်ခုအရ ဟန်ဆောင်လိုက်ရတာဟာ လူဖြစ်
မသွားပါဘူး။

နေ့လွဲညစာ စားတယ်ဆိုတာလည်း လူတွေအမြင်အရ အပြစ် (အာပတ်) ကြီးသည်ဟု ထင်နေကြတာပါ။ တကယ့် ၀ိနည်းစည်းကမ်းအရ ရဟန်းတစ်ပါးပါးအထံမှာ ဒီအပြစ် ကျူးလွန် မိပါကြောင်း နောင် စောင့်ထိန်းပါမည်ဟု ပြောဆိုဝန်ခံလိုက်တဲ့အခါ အပြစ် (အာပတ်) ပြေပျောက်သွားပါတယ်။

ဒီနေရာမှာ အထူးမှတ်ရမှာက မဂွဗြဟ္မစရိယအန္တရာယ် (ဈာန်မဂ်ဖိုလ်အန္တရာယ်၊ ရဟန်းဘ၀အန္တရာယ်)တွေ ပေါ်လာရင်အဲဒီအန္တရာယ်တွေက လွတ်ဖို့ လုပ်ရတာဆိုရင် အပြစ်လုံးဝ မဖြစ်နိုင်ပါဟု မှတ်ပါ။

၁၁။ သားသုံးသား ဟောကြားပြီး စစ်အစိုးရကို အကြံပေးသော ဘုန်းကြီးသည် သံဃာအဖြစ် ဆက်လက် ဖြစ်ပါသလား။

ဖြေ။ လုံးဝ ဘုန်းကြီးသံဃာ မဟုတ်တော့ဘူးလို့ မှတ်ယူနိုင်မယ် ထင်ပါတယ်။ ရဟန်းတော်များ

ကျူးလွန်ရင် လူဖြစ်တဲ့ အပြစ်တွေထဲမှာ နံပါတ်(၃)အပြစ်က လူသတ်မှုပါ။ လူသတ်မှုကို ကိုယ်တိုင် ကာယကံမြောက် ကျူးလွန်ခြင်း (သို့) သူတစ်ပါးကို ကျူးလွန်ဖို့ရန် တိုက်တွန်း စေခိုင်းပြီး အခိုင်းခံရသူကလည်း ကာယကံမြောက် ကျူးလွန်ခြင်း အဖြစ်ရောက်သည်နှင့် တပြိုင်နက် ထိုရဟန်းမှာ လူ့အဖြစ် ရောက်သွားပါတယ်၊ ထို့ကြောင့် ထိုအသံဖိုင်ပိုင်ရှင် ဘုန်းကြီးသည် ရဟန်းသံဃာ လုံးဝ မဟုတ်နိုင်တော့ပါ။ အောက်ပါ မှတ်ချက်ကို http://www.lanka-msma.co.cc မှ ကူးယူဖော်ပြပါသည်။
(ဘုရားပေးသောဆွမ်း စသည့်ပစ္စည်းလေးပါးကို စားသုံးပြီး ထိုဆရာတော်သည် သံဃာကို သတ်ဖြတ်ရန် မိန့်ကြားခဲ့၏။ သံဃာတော်များကို သံဃာအတုဟုလည်း စွပ်စွဲခဲ့၏။ အလွန်ပင် အံ့သြစရာကောင်းပေစွာတကား။
ထိုသို့ သံဃာတော်များကို သတ်ဖြတ်စေခြင်း၊ စွပ်စွဲခြင်းကို ပြုလုပ်သော ထိုပုဂ္ဂိုလ်သည် သံဃာအစစ် ဟုတ်၏လောဟု စဉ်းစားဖွယ်ပင် ဖြစ်၏။
တတိယပါရာဇိကအရလည်း အာဏတ္တိက=စေခိုင်းခြင်း၊ သတ်ဖို့ရန်အတွက် စေခိုင်းခြင်းကြောင့် ပါရာဇိကကျကြောင်း ၀ိနည်းဒေသနာတော်၌ ဘုရားရှင် ဟောကြားထား၏။ အပြစ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သံဃာသည် လူ့အသက်ကို သတ်ရန်စေခိုင်းလျှင် ပါရာဇိကကျ၏။ အယုတ်ဆုံးအားဖြင့် ကိုယ်ဝန်ကျဆေးပေးလျှင်ပင် ပါရာဇိကကျ၏။ ပါရာဇိကကျခြင်း ဟူသည်မှာ ရဟန်းကောင်းတို့နှင့် ပေါင်းသင်းဆက်ဆံခြင်း၊ ကံပြုခြင်း အခွင့်ထူးကို မရတော့ပေ။ ရဟန်းမဟုတ်တော့ပေ။ လူသာဖြစ်၏။ သင်္ကန်းဝတ်ထားသော်လည်း သင်္ကန်းအရေခြုံထားသော လူသာဖြစ်၏။ သာသနာတော်တွင် ပါရာဇိကသည် အရေးကြီးဆုံးဖြစ်၏။ ပါရာဇိကကျလျှင် သာသနာတော်အတွင်း ရဟန်းအဖြစ် နေခွင့်မရှိတော့ပေ။ ထို့ကြောင့် သံဃာတစ်ပါးဖြစ်လျက် သံဃာတော်များကို သတ်ရန် မင်းလိုလိုက် မင်းကြိုက်ဆောင် သာသနာဖျက် သြ၀ါဒကထာကို မိန့်ကြားခဲ့သော ထိုဆရာတော်သည် စဉ်းစားစရာဖြစ်၏။ အသင်စာဖတ်သူသည်လည်း မည်ကဲ့သို့ ဆုံးဖြတ်ချက်ပေးမည်နည်း။)
(အသိပေးပန်ကြားချက်) အထူးသတိပေးလိုသည်မှာ တကယ့်အစစ်အမှန် အသံဖိုင်ပိုင်ရှင်ဟု မသေချာပါက ၀ိနည်းတော်အရပဲအဖြစ်ဖြစ်၊ လူမှုရေးအရပဲဖြစ်ဖြစ် အပြစ်တင် မစောစေလိုပါ။ တကယ်စစ်မှန်ပါကလည်း သူ့ထိုက်နှင့် သူ့ကံ သွားပါလိမ့်မည်။ မိမိတို့ ပစ်မှတ်မှာ ဦးသန်းရွှေလည်း မဟုတ်၊ ကြခတ်ဝိုင်းဆရာတော်လည်း မဟုတ်ပါ။ မြန်မာပြည် ဒီမိုကရေစီရရှိရေးသာ ဖြစ်သည်ကို သတိပြုမိဖို့ လိုပါသည်။
၁၂။ တပြည့်တော်တို့ ငယ်စဉ်ကတည်းက သိခဲ့ရတဲ့ သိကြားမင်းဆိုတာ တကယ်ပဲ ရှိပါရဲ့လား ဘုရား။ ဘာ့ကြောင့် သာသနာတော်ကို စောင့်ရှောက်လျက်ရှိတဲ့ ဘုန်းဘုန်းတွေ ဒုနဲ့ ဒေး ဒုက္ခရောက်နေတာလဲဘုရား။

ဖြေ။ သိကြာမင်းကတော့ တကယ်ရှိခဲ့ပါတယ်။ တစ်ခါက အင်းဝနေပြည်တော်မှာ ရဟန်းသံဃာ များစွာကို စာပေပို့ချနေတဲ့ ဆရာတော်တစ်ပါး ရှိပါတယ်။ အဲဒီဆရာတော်က မည်မျှပင် လာဘ် လာဘ မရရှိဘဲ နေပါစေ စာပေပို့ချမှု သာသနာ့တာဝန်ကို မပျက်ခဲ့ပါဘူး။ ဒါပေမယ့် အင်းဝမင်းက ဘာစာပေမှ မပို့ချပဲ နေတဲ့ ဆရာတော်တစ်ပါးကိုသာ ပစ္စည်းလေးပါး လှူဒါန်းလေ့ရှိပါတယ်။ ဒီလိုနဲ့ တစ်နေ့တော့ စာပေပို့နေတဲ့ ဆရာတော်က ညသန်းခေါင်ယံ ထပြီး တုံးမောင်းတွေ အဆက်မပြတ် ထုခတ်ပါတော့တယ်။ မင်းချင်းတွေက လာပြီး ဘာ့ကြောင့် တုံးမောင်းထုခတ်ရတာလဲလို့ မေးလျှောက်တဲ့အခါ သိကြားမင်း သေသွားလို့ ထုခတ်တာ ဖြစ်ကြောင်း မိန့်လိုက်ပါတယ်။ သိကြားမင်း သေတာ ဘယ်လိုလုပ် သိသလဲလို့ ထပ်မေးလျှောက်တဲ့အခါ သိကြားမင်းက သာသနာကို ဘုရားရှင် မရှိတဲ့နောက်ပိုင်း စောင့်ရှောက်လေ့ရှိတယ်လို့ ဆိုပါတယ။ အခု စာပေပို့ချ သင်ယူနေတဲ့ ရဟန်းသံဃာတွေ ဆင်းရဲနေတာကို မြင်လျက်နဲ့ မစောင့်ရှောက်တာဟာ သိကြားမင်း သေသွားလို့ပဲ မဟုတ်လားလို့ ပြန်မိန့်တော်မူသတဲ့။

အခုလဲ မြန်မာပြည်မှာ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ် နေတာတွေကို သိကြားမင်းအနေနဲ့ မပိတ်ပင် မကူညီတာကို ထောက်ရင် ဦးဇင်းအထင် သိကြားမင်း သေသွားပြီလို့ ယူဆပါတယ်။

၁၃။ သံဃာဂိုဏ်းခွဲရင် ဘယ်လိုဒဏ်တွေ ခံရပါသလဲ။

ဖြေ။ သံဃာဂိုဏ်းခွဲရင် ပဉ္စာနန္တရိယကံထဲ ပါဝင်တာမို့ ပဉ္စာနန္တရိယကံအတိုင်း နောက်ဘ၀ကျရင် မဖြစ်မနေ ဧကန်မုချ ဆိုးကျိုးခံစားရမှာပါ။ သံဃာသင်းခွဲမှုဆိုတာ ရဟန်းသံဃာတော်များ တစ်သိမ်တည်းမှာ ကံကြီးကံငယ် တစ်ပြိုင်နက် ခွဲခြားပြုမှ သံဃဘေဒကကံဖြစ်တာပါ။ သံဃာတော်များအား ကွဲစေရန် အားထုတ်မှုကြောင့် သံဃဘေဒကကံနီးပါး အပြစ်ကြီးပါတယ်။ မေးခွန်းကို ကြည့်ဖြေရရင် သံဃဘေဒကကံရဲ့ အပြစ်က အ၀ီစိငရဲမှာ အ၀ီစိငရဲ သက်တမ်းနဲ့အည်ီ (အာယုကပ်ပတ်လုံး) ခံစားရပါတယ်။ ပဉ္စာနန္တရိယ ကံငါးပါးမှာ သံဃဘေဒကကံက အပြစ်အကြီးဆုံး ဖြစ်ကြောင်းပါ။ (စာကိုး=သဂြိုဟ်ဘာသာဋီကာ)

၁၄။ ဓား ဓားချင်း၊ လှံ လှံချင်း တုံ့ပြန်ရမည်၊ အပြတ်ရှင်းရမည်ဆိုသော ကြခတ်ဝိုင်း ဘုန်းကြီးသည် အဘိဓဇမဟာရဋ္ဌဘွဲ့တော်နှင့် ထိုက်တန်ပါသလား၊ အ၀ီစိသို့ ကျနိုင်ပါသလား။
- သန်းစိန်

ဖြေ။ ကြခတ်ဝိုင်းဘုန်းကြီးသည် ထိုအသံဖိုင်ပိုင်ရှင် အမှန်တကယ် စစ်မှန်ပါက အဘိဓဇမဟာရဋ္ဌ ဘွဲ့နှင့် မထိုက်တန်ပါ၊ န-အ-ဖ က ပေးသော ဘွဲ့ဖြစ်၍ အဘိဓဇ န-အ-ဖ ဂုရုဘွဲ့နှင့်သာ ထိုက်တန်ပါသည်၊ အ၀ီစိသို့ ဧကန်မုချ ကျ၊ မကျကား ၄င်းဘုန်းကြီး၏ အကုသိုလ်ကံ အကြီးအသေးက အဆုံး အဖြတ်ပေးပါလိမ့်မည်။

၁၅။ မြန်မာနိုင်ငံတွင် သာသနာရေးဝန်ကြီးဌာန ဘာဖြစ်လို့ ထားရသလဲ။
- Diana

ဖြေ။ ဒီမေးခွန်းကိုတော့ ယခုလက်ရှိ သက်ရောက်မှုနဲ့ပဲ ဖြေပါ့မယ်။ သာသနာရေးအမှုအခင်းတွေ ဖြစ်ပေါ်လာရင် ဝေစုရအောင် ခွဲတမ်းချယူမယ်၊ ပြည်ပဘုရားဖူး စီးပွားရေးလုပ်မယ်၊ နိုင်ငံရပ်ခြား ဗုဒ္ဓဘာသားတွေက လှူတာကို မောင်ပိုင်စီးလုပ်မယ်။ (စကားမစပ်- ကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံတုန်းက ဂျပန်က လှူထားတဲ့ ကားတွေတောင် ဘယ်ရောက်ကုန်မှန်းမသိ၊ သာသနာရေး ၀န်ကြီးဌာနတွင် မရှိတော့ပါ) တန်ခိုးကြီးဘုရားတွေရဲ့ ဌာပနာတွေဖောက်ပြီး သိမ်းဆည်းမယ်။ ပြည်သူတွေကို ဘာသာရေးပွဲတွေ ဗန်းပြပြီး အလှူခံစားမယ်။ အခြားမွတ်စလင်၊ခရစ်ယာန်စတဲ့ ဘာသာတွေဆီက ပေးလာတဲ့ လာဘ်ထိုးမှုတွေကို လက်ခံပြီး ကိုယ့်မိသားစု ချမ်းသာရေး လုပ်မယ်။ လွတ်လပ်ရေးနေ့တွေမှာ နှစ်စဉ်ကပ်တဲ့ သာသနာတော်ဆိုင်ရာ ဘွဲ့တွေအတွက် ဘွဲ့လိုချင်တဲ့ ရဟန်းတွေ လူတွေဆီက ဘယ်ဘွဲ့ ဘယ်နှစ်သိန်းပေးဆိုပြီး တောင်းမယ်။ အချုပ်ပြောရရင်တော့ အံ့မောင်ခေါင်းဆောင်တဲ့ န-အ-ဖ အလိုတော်ရိတွေအတွက် စားကျက် သက်သက်အဖြစ် ဖန်တီးပေးထားကြောင်းပါပဲ။

၁၆။ ဘုန်းကြီးဖြစ်ပြီး သီလမပေး အမျှ မပေးတဲ့ ဘုန်းကြီးကို ဘယ်လိုသတ်မှတ်ရမလဲဘုရား။

ဖြေ။ ဒီမေးခွန်းဟာ ဟို... ကိစ္စကိုရည်ရွယ်ပြီး မေးတာထင်ပါတယ်။ ပေးတယ်ဆိုတာ ကိုယ့်ဆီမှာ ရှိမှ ပေးလို့ရမှာပေါ့။ သီလဆိုတာ ပေးလို့ရတဲ့ အရာ မဟုတ်ပါ။ ကုသိုလ်စိတ်၊ တာဝန်သိစိတ် ရှိရင်တော့ ဒကာ၊ ဒကာမတွေ လျှောက်ထားတောင်းဆိုလျှင် ဗုဒ္ဓဘာသာဝင်ထုံးစံအတိုင်း ပြန်လည် ချီးမြောက်သင့်ပါတယ်။ အခုကိစ္စကတော မြန်မာ့အရေး မျိုးချစ်စိတ်ဓာတ်နှင့် ပတ်သက်နေတော့ န-အ-ဖ အလိုရိဆိုလျှင် ပြည်သူ့မျက်နှာ ကြည့်ချင်မှ ကြည့်မှာပေါ့။ မည်သည့်အကြောင်းပြချက်မှ မရှိဘဲ နေတာကတော့ ဒကာ၊ ဒကာမတွေ လှူတာကို ခံယူပြီး ပြန်လည် ချီးမြှောက်သင့်တဲ့ ဗုဒ္ဓစကားမိန့်မှာချက်ကို တာဝန်မကျေဘူးလို့ဘဲ သတ်မှတ် ရပါလိမ့်မယ်။ တာဝန်မကျေရင်တော့ ကြာရင် အကြွေးထူပြီး ကြွေးယူစားသုံးသူ တစ်ယောက် ဖြစ်နေမှာပါပဲ။

၁၇။ မြန်မာပြည်မှာ န-အ-ဖ ကြောင့် ဗုဒ္ဓဘာသာ ကွယ်ပျောက်သွားနိုင်ပါသလားဘုရား၊ ကျွန်တော်တို့ ဘာဆက်လုပ်သင့်ပါသလဲ။

ဖြေ။ သာသနံ နာမ ရာဇပဓာနံ လို့ဆိုထားတာမို့ န-အ-ဖ ကြောင့် ကွယ်ပျောက်သွားနိုင်ပါတယ်။ လုပ်သင့်တာတော့ န-အ-ဖဟာ သာသနာကို လိုသလို ခုတုံးလုပ် အသုံးချနေတာမို့ သူတို့ကို အပြုတ်ဖြုတ်ပြီး တိုင်းပြည်နဲ့ သာသနာကို တိုးတက်တည်ငြိမ်အောင် လုပ်ကြဖို့ လိုပါတယ်။ အာဖဂန်နစ္စတန်၊ အိန္ဒိယ၊ တောင်ကိုရီယားစတဲ့ နိုင်ငံတွေဟာ အရင်က ဗုဒ္ဓဘာသာဖြစ်ပေမယ့် မင်း အပြောင်းလဲတွေကြောင့် အခုဆိုရင် ဦးဇင်းတို့ ဗုဒ္ဓဘာသာဟာ ပျောက်ကွယ်ခဲ့ရပါပြီ။ ဒီသာဓကတွေကို သင်္ခန်းစာယူပြီး ဗုဒ္ဓဘာသာအရေခြုံပြီး လုပ်စားနေတာကို တိုက်ဖျက်ပြီး ဘာသာသာသနာ၊ နိုင်ငံကို ကာကွယ်ဖို့ လိုပါတယ်။ တောင်မြို့ဆရာတော်ကြီး မိန့်တော်မူခဲ့တဲံ့ သံကိုဖျက်တာ သံချေး၊ ဘာသာကို ဖျက်တာ ဗုဒ္ဓဘာသာ ၀င်နာမည်ခံ န-အ-ဖ လူတွေနဲ့ မင်းဆရာတွေပါပဲလို့ ပြောရပါတော့မယ်။

၁၈။ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ အမြင်မှန်ရအောင် မည်သို့ ကြိုးပမ်းသင့်ပါသလဲ။

ဖြေ။ ဒီပြဿနာက အရေးကြီးပါတယ်။ မ-ဟ-န အဖွဲ့အစည်းဟာ ဗုဒ္ဓသာသနာနဲ့ သံဃာတွေအတွက် ဖွဲ့ထားတာဖြစ်ပေမယ့် န-အ-ဖအတွက် ဖြစ်နေပါတယ်။ ဒါပေမယ့် သူတို့က ဓမ္မစက်ကို အလွဲသုံးစား သုံးပြီး န-အ-ဖ က အာဏာစက်သုံးနေကြတာမို့ ၀မ်းတူးရိုက်နေကြတဲ့ အခြေအနေပါ။ အဲဒီ မ-ဟ-န နဲ့ န-အ-ဖ အကြားက ကွင်းဆက်ကို ဖျက်ဖို့ မ-ဟ-န ဆရာတော်ကြီးတွေဟာ အမြင်ကျယ်ဖို့၊ အမြင်ကျယ်သလို လာဘ်လာဘနောက် မလိုက်ဘဲ ရဟန်းရှင်လူပြည်သူတွေ ကိုးစားရတဲ့ ဆရာတော်တွေ ဖြစ်ဖို့၊ ပေါ်ဖို့ လိုပါတယ်။

၁၉။ နိုင်ငံ့အကြီးအကဲများ ကိုးကွယ်သော သာသနာရေးမှ ဆရာတော်ကြီးများနှင့် ပြည်သူများ (သာမန်လူတန်းစားများက) ကိုးကွယ်သော သံဃာတော်များ၏ နိုင်ငံချစ်စိတ၊ လူမျိုးချစ်စိတ် ဆိုသည့် စိတ်ဓာတ် တူညီမှု ရှိပါသလား။ (မည်သို့ ကွာဟပါသနည်း)

ဖြေ။ မျိုးချစ်စိတ်ကတော့ သိပ်မထူးပါ၊ ဒါပေမယ့် အစိုးရကိုးကွယ်သော ဆရာတော်ကြီးများတွင် အများစုမှာ နီးရာဓား ကြောက်နေကြပုံပါ။ နောက်တစ်ခုက ပုထုဇဉ်အမိုက်သားတွေပီပီ ရာထူး၊ လာဘ်လာဘများကို မစွန့်လွှတ်နိုင်မှုကို အခြေခံကြရာမှ အမျိုးသားရေးအတွက်ပါ အနစ်နာ မခံနိုင်တဲ့အဖြစ်ကို ရောက်နေကြပုံ ပေါ်ပါတယ်။ အများအကျိုးဆောင်ရွက်မှု ဆိုသည်မှာ စွန့်လွှတ် အနစ်နာခံရဲသည့် အာဇာနည်စိတ်ရှိသူများသာ ဆောင်ရွက်နိုင်ပါတယ်။

၂၀။ အရှင်ဘုရား မည်သည့်အတွက်ကြောင့် ပြည်တွင်းမှာရှိသော သံဃာ့ဆရာတော်ကြီး အချို့မှာ န-အ-ဖ က ဆက်ကပ်လှူဒါန်းသော လှူဖွယ်ပစည်းများကို လက်ခံနေပါသလဲ။ ဒီလို လက်ခံခြင်းအားဖြင့် ပတ္တ္တနိကုဇ္ဇနကံဆောင်ခြင်းကို ဘယ်လို ထိခိုက်နိုင်ပါသလဲ၊ သံဃာသင်းခွဲခြင်းကို ခွင့်ပြုသလို ဖြစ်နေပါသလား။ တပည့်တော် နားလည်သလောက် သပိတ်မှောက် ကံဆောင်တာဟာ လမ်းပေါ်ထွက် ဆန္ဒပြစရာ မလိုပဲ ပြုလုပ် လို့ရတာမို့ ဒီဆရာတော်ကြီးတွေဟာ အဖမ်းခံရ အချုပ်ခံရမှာလည်း ကြောက်စရာ မလိုဘူးလို့ ယူဆပါတယ်။ လက်ခံတဲ့ သံဃာဟာ အပြစ်ရှိပါသလား။

ဖြေ။ မည်သည့်အတွက်ကြောင့် လက်ခံနေမှန်း အတိအကျ မသိပါ။ နီးရာ ဓားဆိုတာထက် နီးရာသေနတ် ကြောက်နေပုံရပါသည်။ ပတ္တ္တနိကုဇ္ဇနကံကို မထိခိုက်နိုင်ဟု ထင်ပါတယ်။ (မထိခိုက်နိုင်ဆိုသည်မှာ ဗုဒ္ဓ၏ အာဏာစက်ကို မည်သို့မျှ မထိခိုက်ခြင်း၊ ပတ္တ္တနိကုဇ္ဇနကံ မပျက်ခြင်းကို ဆိုလိုပါသည်။) သို့သော် လူမိုက်အားပေးတော့ ဖြစ်ပါတယ်။ သူတို့ကို သူတို့ သံဃာဟု လက်ခံလျှင်၊ သံဃာ့ဆန္ဒ ဘုရားတောင် မလွန်ဆန်ခဲ့တာကို သိလျှင် အလှူမခံသင့်ဟု ယူဆပါတယ်။ လက်ခံတဲ့ သံဃာဟာ အပြစ်ရှိပါတယ်။ အနည်းဆုံး ဈာန်မဂ်ဖိုလ် ရကြောင်းကို ထိခိုက်စေနိုင်တဲ့ အာပါတ်(ဒုက္ကဋ်)မှသည် သံဃာအများစုရဲ့ ငြိုငြင်မှုကို ခံရပါတယ်။

၂၁။ ကြခတ်ဝိုင်းဆရာတော် ရွှေကျင်ဂိုဏ်းဆရာတော် အစရှိသည့် န-အ-ဖ သံဃာတော်များကို စိတ်ထဲမှ ပစ်မှားမိပါသည်၊ ငရဲကြီးနိုင်ပါသလားခင်ဗျား။

ဖြေ။ ပြစ်မှားတယ်ဆိုကတည်းက အကုသိုလ်မို့ ကိုယ့်မှာ နေရင်ထိုင်ရင်း မစားရ မသောက်ရ အကုသိုလ် ဖြစ်နေကြရပါတယ်။ ကိုယ်က စဉ်းစားရမှာက သူတို့ကို ပြစ်မှားလိုက်ရလို့ ကိုယ့်မှာအရှုံးပေါ်သွားရင် မတန်ပါဘူး။ တကယ်လို့ အသံဖိုင်ပိုင်ရှင် အစစ်မှန်ဟာ ကြခတ်ဆရာတော် မဟုတ်ခဲ့ရင် ကိုယ့်အတွက် အများကြီး နစ်နာပါတယ်။ စစ်မှန်တယ်ဆိုရင်လည်း သင်္ခန်းစာယူပြီး ရှေ့ဆက် နိုင်ငံအတွက် ဘယ်လိုလုပ်ကြမလဲလို့ ဆိုတာကိုပဲ အလေးထားစဉ်းစားကြရင် ပိုပြီး အဓိပ္ပါယ်ရှိပါတယ်။ နောက်လည်း ဒီလိုလူတွေ ပေါ်လာဦးမှာဆိုတော့ နောက်တစ်ခါ တော်လှန်ရေးမှာ ကိုယ့်ဘက်က ဟာကွက်မရှိ ပြင်ဆင်နိုင်တာပေါ့။

ငရဲကြီး၊ မကြီးကတော့ ကိုယ်ပြစ်မှားမိသူက သီလပြည့်စုံသူဖြစ်ရင် အပြစ်ဖြစ်နိုင်တာမို့ တတ်နိုင်သမျှ ရှောင်ကြဉ်ပြီး ရှေ့ဆက်ဘာဆက်လုပ် မလဲဆိုတာပဲ တွေးစေလိုပါတယ်။

(မူလရွှေကျင်ဂိုဏ်းဆရာတော်သည် မင်းတုန်းမင်းလက်ထက်က ဖြစ်ပွားခဲ့သည့် မင်းသားငယ်များ တော်လှန်သည့်အရေးတွင် သံဃာတော်အချို့ ဖမ်းဆီးခံရသည့် အရေးအတွက် သံဃာတော်များဘက်မှ ကာကွယ်စောင့်ရှောက်ပြီး မင်းတရားကြီး အပါယ်မလားရေးကို လမ်းညွှန်ဆုံးမခဲ့သလို ဆရာ့ခြေရာကို ဆရာကောင်းတပည့်ပီပီ ရဲဝံ့စွာကျင့်သုံးသင့်ပါသည်။)

၂၂။ အကြောက်တရားများကို ချေဖျက်ဖို့ ဗုဒ္ဓကျမ်းဂန်တွေထဲမှာ ပါတဲ့ ဗုဒ္ဓဟောပြောချက်များ သဘောတရားများကို Detail သိချင်ပါတယ်။
- ရဲထက်

ဖြေ။ အကြောက်တရားဆိုတာ ပါဠိလို ဒေါသအကုသိုလ်စေတသိက်ရဲ့ သဘောသင်္ကေတပါပဲ။ ဒီဒေါသကို ချေဖျက်နိုင်စွမ်းသူဟာ အာသဝေါကုန်းခန်းတဲ့ ရဟန္တာနဲ့ အနာဂါမ်အရိယာတွေသာ ရှိတာပါ။ အကြောက်တရား ချေဖျက်နိုင်တဲ့တရား ဆိုရင်တော့ ၀ိပဿနာပွားနေကြရုံပါ။ ဒကာရဲထက် မေးတာက မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ လောကီအရေးအနေနဲ့ မေးတာမို့ ဦးဇင်း အမြင်အရ အကြောက်တရားပြေစေတဲ့ စကားတစ်ခွန်ကို ပြောရရင် သဒ္ဓါယ တရတို ဩဃံ = ယုံကြည်မှုနဲ့ အခက်အခဲ သံသရာဝဲဩဃကို ကျော်လွှားနိုင်တယ် (သံယုတ်ပါဠိ)ဆိုတဲ့ အဆိုအမိန့်ရှိပါတယ်။ ဘုရားရှင်ကိုယ်တော်တိုင် မိန့်တော်မူခဲ့တာပါ။

ယုံကြည်မှုရှိတဲ့သူဟာ ဘယ်အလုပ်ပဲ လုပ်လုပ် တွန့်ဆုတ်ခြင်းအလျဉ်းမရှိဘဲ ရှေ့ကိုသာ ရောက်အောင်လျှောက်မြဲပါ။ ပြီးတော့ သူ့အလုပ် မအောင်မြင်ဘူး ဆိုရင်လည်း တစ်ကြိမ် တစ်ခါတည်းနဲ့ စိတ်ဓာတ်ကျမသွားပါဘူး။ အလောင်းတော်သုမေဓာရဲ့ ဘုရားဖြစ်ရမယ်ဆိုတဲ့ ယုံကြည်မှု၊ သမ္မတလင်ကွန်းရဲ့ အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ရမှုတွေကို နင်းတက်ပြီး သမ္မတရာထူး ရယူခဲ့နိုင်တဲ့ ယုံကြည်မှု၊ မဟတ္တမဂန္ဓီရဲ့ ယုံကြည်မှု၊ မာသာထရီဇာရဲ့ ယုံကြည်မှုမှသည် နောက်ဆုံး ဟစ်တလာရဲ့ ယုံကြည်မှုထိ အားလုံးသော ယုံကြည်မှုတွေဟာ အကြောက်တရားကို အနည်းနဲ့အများ အကာအကွယ် ပေးသွားတာပါပဲ။ ကိုယ့်ယုံကြည်မှုကို ဘယ်အဆောက်အဦမှာ တည်ဆောက်ထားတာလဲ။ ဒါပဲ အရေးကြီးပါတယ်။ တော်သင့်မှန်ကန်တဲ့ အပေါ်မှာ တည်ဆောက်ထားရင် သမ္မတလင်ကွန်းလို ဗိုလ်ချုပ်အောင်ဆန်းတို့လို နာမည်ကောင်း ကျန်ခဲ့မှာ ဖြစ်သလို၊ မမှန်ကန်တဲ့ အပေါ်မှာ တည်ဆောက်ထားရင်တော့ ဟစ်တလာလို ပိုပေါ့စ်လို ဘင်လာဒင်လို န-အ-ဖ လို နာမည်ဆိုးနဲ့ သမိုင်း ရိုင်း ကျန်ခဲ့ရမှာပေါ့။ တစ်ခုရှိတာက သဒ္ဓါဆိုတဲ့ ယုံကြည်မှုဟာ တော်သင့်မှန်ကန်တဲ့ နေရာမှာ ယုံကြည်မှုဖြစ်မှ သဒ္ဓါတရားလို့ ဆိုလို့ရတာပါ။ န-အ-ဖ တို့၊ ဘင်လာဒင်တို့ အုပ်စုတို့ရဲ့ ယုံကြည်မှုကတော့ သဒ္ဓါမဟုတ်ဘဲ မိစ္ဆာဓိမောက္ခ = မှားမှားယွင်းယွင်း ယုံကြည်သက်ဝင်မှုသာ ဖြစ်ဖွယ်ရှိပါတယ်။ အကြောင်းကတော့ သဒ္ဓါဆိုတာ ကိုယ်စိတ်ရွှင်လန်းတက်ကြွပြီး စိတ်ကို ကြည်လင်စေပါတယ်။ အခု ဦးသန်းရွှေတို့ ခမျာတော့ အတွင်းမှာ ရင်တထိတ်ထိတ်နဲ့ စိတ်ချမ်းသာမှုရမှာ မဟုတ်တာတော့ သေချာပါတယ်။ မောဟ (အမှား အမှန်မသိမှု)၊ ဒိဌိ (မှားယွင်းစွာ ရှုမြင်မှု) တရားတွေ ဦးစီးတဲ့ အကုသိုလ်တရားတွေ ၀န်းရံနေပါတယ်။

ဒီတော့ ဦးဇင်းရဲ့ တစ်ဦးတစ်ယောက်အမြင်အရ ပြောရရင် အကြောက်တရားကို ချေဖျက်နိုင်တဲ့ တစ်ခုတည်းသော တရားဟာ ယုံကြည်မှုပဲ ဖြစ်ပါကြောင်း ဖြေဆိုလိုက်ရပါတယ်။

(ဒီလိုဖြေဆိုလိုက်ရတဲ့ ကုသိုလ်စေတနာကြောင့် မေးသူ၊ ဖြေသူ၊ ပွဲကျင်းပသူ အားလုံး ကြောက်ရွံ့ခြင်း ကင်းဝေးတဲ့ နေရာကို ကြောက်ရွံ့ခြင်း ကင်းဝေးတဲ့သူအဖြစ်နဲ့ အမြန် ရောက်ရှိနိုင်ကြပါစေ)

အစအဆုံး..ကြည့်ချင် ရင်…...

စင်ကာပူမှ အာဆီယံဆန္ဒပြပွဲ လှုပ်ရှားမှု ဗွီဒီယိုမှတ်တမ်း။

အစအဆုံး..ကြည့်ချင် ရင်…...

Tuesday, November 27, 2007

မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ ကြီးမှ စစ်အုပ်စုထံတောင်းဆိုချက်။

အစအဆုံး..ကြည့်ချင် ရင်…...

အင်းစိန်ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများစာရင်း။










အစအဆုံး..ကြည့်ချင် ရင်…...

မျိုးဆက်သစ်လူငယ်များအစည်းအရုံးမှ တိုက်တွန်းချက်။

အစအဆုံး..ကြည့်ချင် ရင်…...

ဖြစ်မှဖြစ်ရလေ ၀င်းမြင့်တို့ ရယ်။

အောက်ဖက်မှာကြုံ့ ကြုံ့ ရုံ့ ရုံ့ လေးတွေ ထိုင်နေကြတာတွေ့ ရလို့ ကြည့်မိလိုက်ပါတယ်။ မိဘဆရာဂါရ၀ပြုပွဲများ လား၊ သက်ကြီးရွယ်အိုကန်တော့ပွဲလားလို့ ။

သေသေချာချာကြည့်မှဘဲ လားလား ကျက်သရေတုန်း နအဖ၀န်ကြီးချုပ် သူခိုးကြီးသိန်းစိန်းက စင်ကာပူက ခိုး သားလေးများကို သြ၀ါဒချွေနေတာကိုး။ နအဖအခွန်ရုံးရဲ့ ခေါင်းဆောင် ၀င်းမြင့်က ရှေ့ ဆုံးကနေ ရိုရိုသေသေ လေးလေးစားစား နာယူမှတ်သားနေပါလေရဲ့ ။

မောင်သိန်းစိန် အလေးထားပြီး မှာကြားတဲ့စကားတစ်ခွန်းကတော့ “စင်ကာပူမှာ ရောက်ရှိပြီး အလုပ်လုပ် နေကြတဲ့ မြန်မာနိုင်ငံသားတွေကို ထိတွေ့ ကူညီစောင့်ရှောက်ကြဖို့ ” ပါတဲ့။ လာပြန်ပြီ နောက်တစ်ယောက်၊ အ ပြော ကတော့ ရွှေမန်း၊ ဟုတ်မှလည်းလုပ်ပါ မောင်ကာလုရယ်။ ကဲ - စင်ကာပူမှာ ရောက်ရှိနေကြသော မျိုး ချစ်မြန်မာတို့  စင်ကာပူအခွန်ရုံးက ဘယ်လိုများကူညီစောင့်ရှောက်ကြသလဲဗျို့ ။ သိန်းစိန်တစ်ယောက် သိရအောင် ပြောပြကြပါဦး။ ၀င်းမြင့်တို့ များ အခွန်များရဖို့ အတွက် သူတောင်းစားလိုတစ်မျိုး သူခိုး ဒါးမြလို တစ်ဖုံနဲ့  ပြည်သူတွေဆီက ငွေညှစ်နေကြတာများ။

သိန်းစိန်ရဲ့  ပါးပါး သန်းရွှေသာ လာတွေ့ ရင် ပြားပြားဝပ်နေအောင် မှောက်ပြီး ရှိခိုးကြမည့်အမျိုးတွေဘဲ။ သန်း ရွှေက ဖနောင့်နဲ့ ထပေါက်ရင်တောင် ခေါင်းစင်းခံ လည်စင်းခံမယ့် ပုံတွေဘဲ။ လွတ်လပ်တဲ့နိုင်ငံတွေမှာ ၀န် ကြီးချုပ်ဆိုတာ ပြည်သူ့ က ခိုင်းထားတဲ့ ပြည်သူ့ ဝန်ထမ်းဘဲ။ ၀န်ကြီးချုပ်ကို ရိုးရိုးလေ လက်ဆွဲနှုတ်ဆက်ပြီး စ ကား ပြောလို့ ရကြတယ်။ ပြည်သူက ပြောတာကို ၀န်ကြီးချုပ်က လေးလေးစားစား ပြန်နားထောင်ရပါတယ်။

အခုကြတော့ ဘုန်းကြီးတွေကိုသတ် ဘုရားတရားကိုစော်ကားနေကြတဲ့ ဒိဌိသိန်းစိန်ကို ဒီလို အရို အသေပေး နေတာ တွေ့ ရတော့ ဖြစ်မှဖြစ်ရလေ ၀င်းမြင့်နဲ့ နောက်လိုက်တွေရယ်လို့ ။ ကလေးတွေကလည်း မေးနေတယ် - ဒီလူဆိုးကြီးကို ဘာလို့ ထိုင်ရှိခိုးနေကြတာလည်းလို့ ဟင်တဲ့။

အစအဆုံး..ကြည့်ချင် ရင်…...

ပွဲသိမ်းလက်သီး။

ကိုယ့်လူရယ်
အကယ်ဒမီရှော့နဲ့
ရင်ကော့ပြီးပြမနေစမ်းပါနဲ့
အလွန်ပြင်းတဲ့ဝိုက်လက်သီး
အရှိုက်တည့်တည့်ကြီးထိခဲ့မင့်ဟာ
ဘယ်လောက်ထိခံနိုင်မှာတဲ့တုန်း
ဒိုင်ပွဲရပ်အဖြေသာ
လက်ခံလိုက်ပါတော့ ။

အဲဒီလက်သီးဟာ
ဟိုလီဖီးထိုးသလောက်
မိုဟာမက်အလီထိုးသလောက်
မိုက်တိုင်စန်တို့ထိုးခဲ့သလောက်သာ
ပြင်းထန်မယ်မထင်ပါနဲ့။

အဲဒီလက်သီးချက်မှာ
၄၅နှစ်စာအမုန်းများပါသကွဲ့
ဆုံးရှုံးခဲ့လူ့အခွင့်အရေးတွေအတွက်
တောင်းဆိုချက်တွေလည်းပါသကွဲ့
မမက်ခဲ့ရဖူးသေးတဲ့
ငါတို့ရဲ့ ဒီမိုကရေစီအိပ်မက်များလည်းပါသေး
ဆိုတော့
ခင်ဗျားအတွက်ပွဲသိမ်းချက်ပေါ့ဗျာ ။

ဗျာ
အရှုံးမပေးသေးဘူး ဟုတ်စ
ကောင်းပါ့ဗျား
ကိုင်း၊ မိတ်ဆွေများရေ
အသည်းကောင်းလို့ ပွဲထပ်တောင်းနေသတဲ့၊

အဲဒီဖုတ်ဝင်သယ်သဘောက်သား
နောက်ကောက်ကျသွားအောင်
လက်သီးမိုးထပ်ရွာကြစို့ရဲ့
လာဟဲ့ တချီတမောင်း
ကဲရွာစားရေ၊ မတိမ်းမစောင်းနဲ့ဗိန်းဗောင်း။

(ရေးသားသီဖွဲ့ သူ - ဒေါင်းတမန်)။

အစအဆုံး..ကြည့်ချင် ရင်…...

Sunday, November 25, 2007

ဖျက်မြင်း။

မြန်မာပြည်တွင် ဟိုတချိန်က မြင်းစီးအပြေးပြိုင်ပွဲများ ရှိခဲ့ပါသည်။ တရားဝင် လောင်းကစားပွဲကြီး များဖြစ်ပါသည်။ ယခု ကျိုက္ကစံအားကစားကွင်းကြီးမှာယခင်ကမြင်းပြိုင်ကွင်း ပင်ဖြစ်ပါသည်။ နိုင်ငံ အတော်များများမှာ ယခုအချိန်အထိ မြင်းစီးပြိုင်ပွဲများကို လောင်းကြေးဖြင့် ပြုလုပ်နေကြတုန်း ဖြစ်ပါသည်။ ဤ ကဲ့သို့  မြင်းပြိုင်ပွဲများတွင် “ ဖျက်မြင်း ”ဟူ၍ ရှိတတ်ကြပါသည်။

ဖျက်မြင်းဆိုသည်မှာ ပြိုင်ပွဲတွင် ပထမ ရမည်ဟုခန့်မှန်းနှိုင်သော မြင်းကို ပထမ မရနှိုင်အောင် နည်းအမျိုး မျိုးဖြင့် နှောက်ယှက်ရသောမြင်းကို ဖျက်မြင်း ဟုခေါ်ပါသည်။ ဖျက်မြင်းမှာသူဖျက်ချင်သောမြင်းကိုနှောက် ယှက် ဖျက်ဆီးရန် သာ တာဝန်ရှိပါသည်။ သူကိုယ်တိုင် ပထမ ရရန် ကြိုးစားသော မြင်းမဟုတ်ပါ။

ဒေါ်အောင်ဆန်းစုကြည်၏ ကြေညာချက်ကို ကန့်ကွက်ကြသော အဖွဲ့ များသည် “ဖျက်မြင်း” များသာ ဖြစ်ကြပါ သည်။ အဘယ်ကြောင့်ဆိုသော် ဒေါ်စု၏ကြေညာချက်သည် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူ အားလုံး အတွက် အကျိုးစီးပွားနှင့် ပြည့်စုံနိုင်သော၊ လေးနက်၍ အဓိပ္ပါယ်ဝပြည့်သော၊ အစွန်းမထွက်ဘဲ စိတ်စေတ နာသန့်ရှင်းသောသဘောထားများ ကိုသာ ထင်ဟတ်နေသည့်ကြေညာချက်ဖြစ်သောကြောင့် ဖြစ်ပါသည်။

သို့ သော် “ အပြစ်တင်သောသူကိုဆင်ခြေပေး၍မရ” ဆိုသည့် စကားရှိသည့်အတိုင်း၊ သိကြားမင်းကိုယ်တိုင် နွားရောင်ဆောင်ပြသော်မှ အမြီးနဲနဲတောင်းနေသည် (တိုနေသည်) ဟုပြောဆိုသော လူစားများပင်ရှိတတ်ကြ သည် မှာ လောကဓမ္မတာ ဟုပြောရမှာပင် ဖြစ်ပါသည်။

ယခု ကိစ္စမှာတိုင်းပြည်၏ အနာဂတ် ကံကြမ္မာ ဖြစ်နေသည့်အတွက် အလွန်အရေးကြီးသော ကိစ္စဖြစ်ပါသည်။ ထို့ ကြောင့် ကန့်ကွက်သူများ အနေနှင့်အလေးအနက်ထား၍စဉ်းစားသင့်ပါသည်။
အဂတိကင်းလွတ်စွာတွေးခေါ်သင့်ပါသည်။ မိမိနှင့်အပေါင်းပါလူတစုအတွက် ဘယာဘေးကို ကြောက်၍ သော်လည်းကောင်း၊ မိမိတို့ လိုအင်ဆန္ဒနှင့် မကိုက်ညီ၍သော်လည်းကောင်း၊ မိမိတို့ အကျိုးစီးပွားကို ထိခိုက် မည်စိုး၍ သော်လည်းကောင်း ဆောင်ရွှက်မှု့ အားလုံးသည် မှန်ကန်မှု့ မဖြစ်နှိုင်ပါဟု သတိချပ်သင့်ကြပါသည်။

ယနေ့ ဒေါ်အောင်ဆန်းစုကြည်၏ ကြေညာချက်အပေါ်ကန့်ကွက်သူများ၏ အကြောင်းပြချက်ကို ဆန်း စစ် ကြည့်မည်ဆိုပါလျှင် “ကြေညာချက်သည် တခြားနိုင်ငံရေး အဖွဲ့ အစည်းတွေနဲ့ ပါတီတွေရဲ့ သဘောထားနဲ့ အ ကျိုးစီးပွားအတွက်ပါ ကိုယ်စားပြုဆွေးနွေးမည့် သဘောသက်ရောက်တဲ့ အချက်တွေ ပါဝင်နေတာကြောင့်” ကန့်ကွက်ခြင်းဖြစ်သည်ဟု ဆိုကြပါသည်။

ထိုသို့ ဆိုသည့်အတိုင်း “ ကိုယ်စားပြု ဆွေးနွေးမည့်သဘောသက်ရောက်သည့် အချက် ”ဆိုသည်ကို သေချာစွာ ရှာဖွေကြည့်ရှု့တဲ့အခါမှာ “ ယခုကဲ့သို့  အမျိုးသား ညီညွှတ်ရေးနှင့် ဒီမိုကရေစီ သွေးစည်းညီညွှတ်ရေးကို အထူး တလည်လိုအပ်နေသည့် အခါသမယတွင် အခြားနိုင်ငံရေးအဖွဲ့ အစည်းများ၊ အင်အားစုများ၏ အကျိုးစီးပွား နှင့် ဆန္ဒသဘောထားများ၊ အထူးသဖြင့် ကျွန်ုပ်တို့ ၏တိုင်းရင်းသားလူမျိုးစုများ၏ အကျိုးစီးပွားနှင့် ဆန္ဒ သဘောထားများကိုတတ်နှိုင်သမျှကျယ်ပြန့်စွာ အစဉ်တစိုက်အလေးအနက် ထည့်သွင်းစဉ်းစားရန် ကျမတွင် တာဝန်ရှိပါသည်။ ဤရည်မှန်းချက်ပေါက်ရောက်အောင်မြင်စေရန်အတွက် အပြုသဘော ဆောင်သည့် တွေ့ ဆုံဆွေးနွေးရေးလမ်းကြောင်းအတိုင်းသွားရန် ကျမ ပိုင်းဖြတ်ထားပြီဖြစ်ပါသည် ” ဆိုသည့် စာပိုဒ်ကို တွေ့ ရှိမှတ် သားမိပါသည်။

ကြေညာချက်ပါ ဤစာပိုဒ်၏ ဆိုလိုချက်များသည် အလွန်ပင်ရှင်းလင်း ပါသည်။ အလွယ်တကူ နားလည်သ ဘော ပေါက်နှိုင်ပါသည်။ သို့သော် ကန့်ကွက်သူများရှိနေသဖြင့်ထပ်မံ၍ရှင်းလင်းချက်ထုတ်ပေးရပါအုံးမည်။

“ ယခုကဲ့သို့  အမျိုးသားညီညွှတ်ရေးနှင့် ဒီမိုကရေစီ သွေးစည်း ညီညွှတ်ရေးကို အထူးတလည် လိုအပ်နေသည့် အခါသမယ ”ဆိုသည့် စကားသည် ပြည်သူတရပ်လုံးက လက်ခံရမည့် စကားလား၊ ငြင်းပယ်ရမည့် စကား လား ဆိုတာ တကမ္ဘာလုံး၊ တနိုင်ငံလုံးက သိရှိအတည်ပြုပြီးသား ဖြစ်ပါသည်။ ဇွတ်မှိတ်ပြီး ငြင်းရမည့်အချက် မဟုတ် ပါ။ ထို့ ကြောင့် တိုင်းပြည်အတွက် အလွန်အရေးကြီးနေသော အခြေအနေနှင့် အချိန်အခါသမယ ဖြစ်နေ သည်ကို သဘောပေါက်ရပါလိမ့်မည်။

ဒုတိယအချက်အနေနှင့် ဤကဲ့သို့ အလွန်အရေးကြီးနေသည့် အခြေအနေ နှင့် အချိန်အခါမျိုးမှာ “ အခြားနိုင်ငံရေး အဖွဲ့ အစည်းများ၊ အင်းအားစုများ၏ အကျိုးစီးပွားနှင့် ဆန္ဒသဘောထားများ ” ဟု သုံးနှုန်းပြော ဆိုလိုက်ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်က သူမကိုယ်စားပြုနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တခု အတွက်မျှသာ မဟုတ်ဘဲ န.အ.ဖ ပါ အပါအဝင် တနိုင်ငံလုံးရှိအဖွဲ့ အစည်းအားလုံးအတွက် အားလုံး၏ အကျိုး စီးပွားနှင့် ဆန္ဒသဘော ထားများအတွက် ကြီးမားသောစေတနာနှင့် ရည်ရွှယ်ပြောဆိုခြင်းဖြစ်သည်ဟု နား လည်သဘောပေါက်ရပါမည်။ ငါပိုင်သည်၊ ငါပြီးသည်ဟူသော ကိုယ်စားပြုသော၊ ကိုယ်စားလှယ်လုပ်လိုသော သဘောထားလုံးဝမပါကြောင်း တွေ့ ရပါလိမ့်မည်။ သေသေချာချာ သဘောပေါက်အောင် ဖတ်ပြီး စဉ်းစား သင့်ကြပါသည်။

တတိယအချက်မှာ “အထူးသဖြင့် ကျွန်ုပ်တို့ ၏ တိုင်းရင်းသား လူမျိုးစုများ၏ အကျိုးစီးပွားနှင့် ဆန္ဒသဘောထား များကို တတ်နှိုင်သမျှကြယ်ပြန့်စွာ အစဉ်တစိုက်အလေးအနက် ထည့်သွင်းစဉ်းစားရန် ကျမတွင် တာ ဝန်ရှိပါသည် ”ဟုဆိုထားပါသည်။ ဤအချက်ကို ကန့်ကွက်သူများ အနေနှင့် သေသေချာချာ နားလည် သဘော ပေါက်ဖို့ လိုပါသည်။ အဘယ်ကြောင့်ဆိုသော် ဒေါ်အောင်ဆန်းစုကြည်သည် အတိုက်အခံအင် အားစုများနှင့် ပြည်သူလူထုကြီးဘက်မှ ရပ်တည်ပြီး စစ်အစိုးရနှင့်စကားပြောရန် တဦးတည်းသော အသင့်တော်ဆုံးဖြစ်သော ပုဂ္ဂိုလ်ဖြစ် သည်ဟု မြန်မာပြည်သူလူထုကြီးနှင့် ကမ္ဘာကပါ ရွှေးချယ်သတ်မှတ်လိုက်သောသူ ဖြစ်နေသည်မှာ ထင်ရှားလှပါသည်။ မြန်မာပြည်သူလူထုကြီးနှင့်ကမ္ဘာကပါ ယုံကြည်မှု့ ရှိရှိဖြင့် ရွှေးချယ်သတ်မှတ်၍ အသိအမှတ်ပြုထားသည့် နေရာမှနေ၍ ဒေါ်အောင်ဆန်းစုကြည် သည် သူမ ဆောင်ရွက် လုပ်ကိုင်ရမည့် လုပ် ငန်း စဉ်များကိုတာဝန်သိသိ၊ တာဝန်ရှိရှိတာဝန်ယူလုပ်ဆောင်သွားမည်ဟုကြေညာခြင်းသည်အလွန်မှလေး
စား ထိုက်သောစကားပင်ဖြစ်သည်ဟု သဘောပေါက်ကြရပါမည်။

(ဤနေရာတွင် ဒေါ်စုနှင့် ဦးသန်းရွှေတို့ နှစ်ဦးတည်းဆွေးနွေးမှု့ လို့အမြင် မတိမ်းစောင်းသင့်ပါ။ သူတို့ ကိုယ်စားပြုနေသော အဖွဲ့ ဝင်များနှင့် တိုင်ပင်ညှိနှိုင်းမှု့ ဖြင့်ပြုလုပ်သော ဆွေးနွေးပွဲများကို ရည်ညွှန်းပါသည်။)

ဒေါ်အောင်ဆန်းစုကြည်သည် “အထူးသဖြင့် တိုင်းရင်းသားလူမျိုးစုများ၏ အကျိုးစီးပွားနှင့် ဆန္ဒသဘော ထားများ ကို အလေးအနက်ထည့်သွင်းစဉ်းစားရန် ကျမတွင်တာဝန်ရှိပါသည် ”ဟု သီးခြား ထည့်သွင်းပြော ဆိုခြင်း သည် လူမျိုးစုများအပေါ် အထူးပိုမို၍ လေးစားခြင်း၊ တန်ဖိုးထားခြင်းနှင့် ထိုသူတို့ ၏ အကျိုးစီးပွားကို ဂရုတစိုက်ရှိနေသည့် အချက်ကို လေးနက်စေရန် ထည့်သွင်းထားခြင်းဖြစ်သည်ဟု သဘောပေါက်ရပါမည်။ တိုင်းရင်းသားတို့ ၏ အကျိုးစီးပွားကို သူမ၏တာဝန်တခုအနေဖြင့် ဖေါ်ပြခြင်းသည် သူမ၏ ကြီးမားသော စေတနာကို ဖေါ်ညွှန်းနေသည် ဟု နားလည်ရပါလိမ့်မည်။

ကြေညာချက်ကို ကန့်ကွက်ကြသည့်အဖွဲ့ များ၏ ထောက်ပြချက် သည် ဒေါ်အောင်ဆန်းစုကြည်သည် သူတို့ အဖွဲ့ များ၏ သဘောထားနှင့် အကျိုးစီးပွားကို ကိုယ်စားပြုဆွေးနွေးမည်ဟု သက်ရောက်နေသည့်အချက်များ ပါဝင်နေသည်ဟု ဆိုကြပါသည်။

ဤသို့ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ဆွေးနွေးပွဲမှာ (ဥမမာ အားဖြင့် တ.စ.ည ပါတီ၊ ဦးအောင်ခန်းထီ၏အဖွဲ့ ၊ ဝ အမျိုးသားတိုးတက်ရေးပါတီ၊ DKB) စသည်တို့ နှင့် မသက်ဆိုင်ပါဟု ထည့်သွင်း ပြောရတော့မှာလား စဉ်းစားကြည့်ကြပါ။ “ ဆွေးနွေးပွဲမှသည် ဒီမိုကရေစီသို့  ” ရလဒ်ကောင်းတွေ ရရှိလာပြီ ဆိုလျှင် ထိုကန့်ကွက်သော အဖွဲ့ များနှင့် မသက်ဆိုင်ရ၊ မခံစားရလို့ ပြောရမှာလား စဉ်းစားကြည့်ကြပါ။ အခုလိုမျိုး အမျိုးသားညီညွှတ်ရေး၊ ရင်ကြားစေ့ရေးတွေ အရေးကြီးနေသည့်အချိန်၌ ညီညွတ်ရေး လမ်းစလေး မြင်စပြုနေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏တာဝန်ယူဆောင်ရွှက်ရမည့် အလုပ်တွင် စစ်အစိုးရအပါအဝင် မည်သည့်အဖွဲ့ အစည်းကိုမှ ဖဲ့ထားချန်ထား၍ လုပ်မည်မဟုတ်ပါ။ ဒါကိုနားလည်ဖို့ လိုပါ သည်။

ထို့ ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ကြေညာချက်သည် တတိုင်းပြည်လုံး၏ အကျိုးစီးပွားအတွက် မြန်မာပြည်မှာ မှီတင်းနေထိုင်သူအားလုံး၏ အကျိုးစီးပွားအတွက် စွမ်းအားရှိသမျှတာဝန်ယူဆောင်ရွက်မည်ဟု အခိုင်အမာကြေညာခြင်းဖြစ်သည်ဟု သဘောပေါက်ဖို့ လိုပါသည်။

နောက်ဆုံးအနေနှင့် သူမ၏ သံန္နိဌါန်အတိုင်းအခိုင်အမာဆောင်ရွက်သွားမည်ဖြစ် ကြောင်းထပ်လောင်း အတည်ပြုပြောဆိုလိုက်ပါသည်။ သူမနှင့်ပူးပေါင်းဆောင်ရွက်ကြဖို့ ကိုလည်း ကမ်းလှမ်းလိုက်ပါသည်။

သို့ သော် ကျွန်တော် ပထမ ပိုင်းရေးသားခဲ့သလို ဘယ်လိုပင်ကောင်းမွန်မှန်ကန်ပါစေ၊ ကန့်ကွက်သူများရှိတတ် မြဲဖြစ်ပါသည်။ ထိုသူတို့ ကို “ ဖျက်မြင်း ” ဟု ကင်ပွန်းတပ် ရသည်မှာလည်း အကြောင်းရှိပါသည်။ ထိုသူတို့ သည် လောလောဆယ် စစ်အစိုးရကို ကြောက်နေရသူများ၊ အကျိုးစီးပွားဘက်များ ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ ယခုလည်း စစ်အစိုးရက စေခိုင်းသည့်အတိုင်း လိုက်ပါဆောင်ရွက်နေသူများဖြစ်ကြောင်းကိုတွေ့ မြင်နေရပါသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မကန့်ကွက်ကြနှင့်ဟုပြောလျှင် ကန့်ကွက်ကြမည်မဟုတ်ပါ။ ဒါကို လူတိုင်း သိကြပါသည်။ ဗိုလ်ချုပ်မှူးကြီးက မလုပ်လျှင်မဖြစ်တော့ဘူးဟု ယူဆပြီး လုပ်ရမည့် ဤတွေ့ ဆုံ ဆွေးနွေးပွဲမှာ သူ့ ဘက်က အသာစီးရရေးအတွက် မွေးထားသော “ ဖျက်မြင်း ” များကို သူ့ နေရာနှင့်သူ အလှည့်ကျ ထုတ်သုံး လိုက်ခြင်းပင် ဖြစ်ပါသည်။

ထို့ ကြောင့် ဖျက်မြင်း အဖြစ်အသုံးချမခံကြတော့ဘဲ၊ ပြည်သူလူထု တရပ်လုံး၏ အကျိုးစီးပွားကို ထောက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်းထားသည့်အတိုင်း အတူတကွလက်တွဲလုပ်ဆောင်ကြပါရန် တိုက်တွန်း လိုက်ပါသည် ခင်ဗျား။

(ရေးသားသူ - ဦးဖိုးသာအောင် (နော်ဝေ)။

အစအဆုံး..ကြည့်ချင် ရင်…...

အပြည်ပြည်ဆိုင်ရာ ပြည်တွင်းပြည်ပ အဖွဲ့ အစည်းများနှင့် ရဟန်းရှင်လူ ပြည်သူအပေါင်းတို့အား တိုက်တွန်းနှိုးဆော်ချက်။

အထူးကြေညာချက်။

ခရစ်နှစ် ၂၀၀၈ ဇန္န၀ါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် မြန်မာပြည် လွတ်လပ်ရေးနေ့တွင် နအဖ စစ်အစိုးရမှ လွတ်လပ်ရေးပွဲများ ကျင်းပမည်ဖြစ်သည်။ ထိုနေ့တွင် အပြည်ပြည်ဆိုင်ရာ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ အနေဖြင့် မြန်မာပြည်သည် ၄၅ နှစ်ပတ်လုံး စစ်ကျွန်ဘ၀ အောက်၌ လွတ်လပ်မှူဆိတ်သုဉ်းကာ အဖက်ဖက်မှ အတိဒုက္ခရောက်နေသည်ကို ကမ္ဘာက သိရှိလာအောင် ၀ိုင်းဝန်း လုပ်ဆောင်ရမည် ဖြစ်သည်။

သို့ဖြစ်ပါ၍ လာမည့် လွတ်လပ်ရေးနေ့တွင် -

၁။ ကျောင်းသားပြည်သူလူထုအားလုံး အနီရောင်ဝတ်စုံ (သင်္ကန်းရောင်ကိုယ်စားပြု)
ဝတ်ဆင်ကြရန်။

၂။ အပြည်ပြည်ဆိုင်ရာ ပြည်တွင်းပြည်ပ လူထုလှူပ်ရှားမှူသပိတ် သင်္ကန်းရောင်တော်လှန်ရေး (Saffron Revolution) ပြန်လည်ဆင်နွှဲကြရန်။

၃။ ကမ္ဘာ့ အသိုင်းအ၀ိုင်းအား မြန်မာပြည်သည် လက်ရှိအချိန်အထိ စစ်ကျွန်ဘ၀ ကျရောက်နေသည်ဖြစ်၍ လွတ်လပ်ရေးနေ့မှာ တကယ်မလွတ်လပ်သေးကြောင်း တရားဝင် ကြေညာချက်များ ထုတ်ပြန်ရန်။

ဖော်ပြပါ အချက် ၃ ချက်ကို အားလုံးအတူတကွ ဟန်ချက်ညီညီ ပူးပေါင်း ပြုလုပ် ကြပါရန် သာသနရက္ခိတ အဖွဲ့ (သာသနာ့ဥသျှောင် ကိုယ်စားပြုကော်မတီ) က တိုက်တွန်း လိုက်သည်။

သာသနရက္ခိတ အဖွဲ့ ။

(သာသနာ့ဥသျှောင် ကိုယ်စားပြုကော်မတီ)။

၂၀၀၇-ခု၊နိုဝင်ဘာလ ၂၄ ရက်။

၁၃၆၉-ခု တန်ဆောင်မုန်းလပြည့်နေ့ ။




အစအဆုံး..ကြည့်ချင် ရင်…...

Saturday, November 24, 2007

စင်ကာပူနိုင်ငံတွင် ပြုလုပ်ခဲ့သော မြန်မာ့အရေးဆွေးနွေးပွဲ။

စင်ကာပူနိုင်ငံတွင် ပြုလုပ်ခဲ့သော မြန်မာ့အရေးဆွေးနွေးပွဲတွင် မျိုးချစ်မြန်မာများ၊ ဒီမိုကရေစီအင်အားစုများနှင့် Overseas Burmese patriots (OBP) တို့  မေးမြန်း ဖြေကြားချက်များ။











အစအဆုံး..ကြည့်ချင် ရင်…...

တန်ပြန်ဂါထာတော်မြတ်ကြီး


တောင်မြို့ဆရာတော်ဘုရားကြီး ရေးသားပူဇော်တော်မူသော သံ (၈)ချက် ဘုရားရှိခိုးဂါထာတော်မြတ်ကြီး (တန်ပြန်ဂါထာတော်မြတ်ကြီး)။

သံသာရစက္က၀ိဒ္ဓံသံ ၊ သံသုဒ္ဓမဿသြရသံ၊
သံစိဏ္ဏကံဘဝေအာသံ ၊ သံဃံအပိသုမာနသံ။

ယနေ့တန်ဆောင်မုန်းလပြည့်နေ့မှအစပြုကာ သစ္စာတခုခုဆိုပြီး၍ ဤ သံ (၈) ချက် ဂါထာ တော်ကြီးကို နေ့စဉ် (၇) ခေါက် ဘုရားဂုဏ်၊တရားဂုဏ်၊သံဃာဂုဏ်ကို အာရုံပြု၍ ရွှတ်ဖတ် ပူဇော်ကြပါရန်၊ အစွမ်းအလွန် ထက် မြက်သော ဘုရားရှိခိုးဂါထာတော်မြတ်ကြီးဖြစ်ပါသည်။

ဤ သံ (၈) ချက် ဂါထာတော်ကြီး၏အစွမ်းမှာ “ ထိုထိုသူတို့၏ပြုသော အမှုကံများသည် ထိုသူတို့ထံသို့ သာ ယခုချက်ချင်း လက်ငင်း တန်ပြန် သက်ရောက်သွားစေခြင်းဖြစ်သည်။
ရှေးဆရာ့ဆရာကြီးများကလည်း တန်ပြန်ဂါထာတော်မြတ်ကြီး အဖြစ်အသုံးပြုခဲ့ကြပါသည်။

ယနေ့ထိတိုင် မြန်မာနိုင်ငံတွင် ကံငါးပါးမလုံခြုံသော အုပ်ချုပ်သူနှင့် နောက်လိုက်နောက်ပါ လူမိုက်များ ကြီးစိုးကာ ကံကြီးထိုက်သော အပြစ်ကြီးများကို ကြူးလွန်ပြစ်မှားနေကြပေပြီ။

ထို့ကြောင့် -

(၁) မကောင်းသောအမှုပြုသောထိုသူတို့ထံသို့ သူတို့ပြုသောမကောင်းမှုကံအလိုက်ကို တန်ပြန်ရရှိခံစားနိုင် စေခြင်းအကျိုးငှာ၎င်း၊

(၂) ကံငါးပါးမလုံခြုံသော အုပ်ချုပ်သူနှင့်နောက်လိုက်နောက်ပါ လူမိုက်များ အကျွန်ုပ်တို့ မြန်မာနိုင်ငံအတွင်း ကင်းစင်ပပြောက်စေခြင်း အကျိုးငှာ၎င်း၊

(၃) ထိုသူတို့ပြုသော အကုသိုလ်မကောင်းမှုကံ၏ အကျိုးဆက်များ မိမိတို့ထံသို့ မသက်ရောက် မကပ်ညှိလာ နိုင်စေခြင်းအကျိုးငှာ၎င်း၊

(၄) သူတော်ကောင်းတရားများ ထွန်းတောက်လွှမ်းမိုးကာ သာယာဝပြောသော နိုင်ငံတော်ကြီး ပြန်လည်ဖြစ် ပေါ်လာစေခြင်းအကျိုးငှာ၎င်း၊

ဤ သံ(၈) ချက် ဂါထာတော်မြတ်ကြီးဖြင့် မိမိကိုယ်၊ မိမိ၏မိသားစု၊ မြို့ရွာ၊ တိုင်း၊ နိုင်ငံတော်အား စိတ်တွင်ထင် စွာ အာရုံလွှမ်းခြုံ၍ နိုင်ငံသားတိုင်း မိမိတို့တတ်စွမ်းသ၍ နေ့စဉ်ဘုရားရှိခိုး ရွတ်ဖတ်ထုံမွှမ်း ပူဇော်ကြပါရန် လေးမြတ်စွာ ရေးသားအပ်ရပေသည်။

(ရေးသားဖေါ်ပြသူ - သုမုခ)။

အစအဆုံး..ကြည့်ချင် ရင်…...

တန်ဆောင်မုန်း လပြည့်ည။

တန်ဆောင်မုန်း လပြည့်ညမှာ တိုင်းပြည်နဲ့ သာသနာကို ဖျက်ဆီးနေတဲ့ မိစ္ဆာ စစ်အုပ်စု ရန်မှ ကာကွယ်နိုင်ရန် အတွက် မြန်မာနိုင်ငံအနှံ့မှာ အထူး သစ္စာ ကျိန်ဆိုပွဲများ ကျင်းပ ပြုလုပ်မှာ ဖြစ်ပါ တယ်။ တကမ္ဘာလုံးကမျိုးချစ် မြန်မာများလဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ မိမိအိမ်တွင်းမှာ နေထိုင်ရင်း လုပ်ဆောင် ပါဝင်ကြပါလို့ ပန်ကြားအပ် ပါ တယ်။ သစ္စာဆိုလို့  အောင်မြင်ခဲ့တဲ့ သာဓကတွေ ဘုရားဟောမှာရော မြန်မာ့ရာဇ၀င်မှာပါ အထင်အရှား ရှိခဲ့ဖူးတာ မြန်မာတွေ အတော်များများကြားဖူးကြမှာပါ။ ယုံယုံကြည်ကြည်နဲ့သာ ပြုလုပ်ကြပါလို့ တိုက်တွန်းပါတယ်။

သစ္စာ ကျိန်ဆိုပွဲ အစီအစဉ် ။

တန်ဆောင်မုန်း လပြည့်နေ့တွင် မိမိတို့ နှစ်သက်ရာ သီလကို ဘာသာ အလိုက် ဆောက်တည်ခြင်း၊ အ ဆင်ပြေရာ ကုသိုလ် ကောင်းမှု တစ်ခု ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပါ။ လပြည့်ည လရောင်ကို ကြည့်ရင်း ည ဆယ်နာရီခွဲမှ သန်းခေါင်ကြား စစ်အုပ်စု၏ ကံကြမ္မာ မရဏကာလ ကျရောက်ချိန်တွင် တနေ့တာ လုပ်ဆောင် ခဲ့သော ကောင်းမှု ကို အာရုံပြုပြီး မိမိတို့ တသက်တာမှာ လုပ်ဆောင်ခဲ့တဲ့ အမှန်တရား တစ်ခုကို အာရုံပြု ပြီး လေးနက်စွာ သစ္စာဆိုပါ။

ဥပမာ။ ။ကျွန်ုပ်သည် လူမှန်း သိတတ်စ အရွယ်မှ စပြီး နိုင်ငံနဲ့ လူမျိုးကို ချစ်မြတ်နိုးပြီး အမျိုး ဘာသာ သာ သနာနဲ့ နိုင်ငံတော်ကို တိုးတက်စေလိုသော စိတ် အမှန် ရှိပါသည်။ သည် မှန်သော သစ္စာ စကားကြောင့်နိုင် ငံတော်၊ အမျိုး၊ ဘာသာ၊ သာသနာကို ဖျက်ဆီးနေသော မြန်မာနိုင်ငံတွင်းမှ စစ်မိစ္ဆာအုပ်စုအား တူသော အကျိုး ပေးပါစေသား.၊ သာသနာစောင့် သမ္မာဒေ၀ နတ်ကောင်း နတ်မြတ်များက စစ်မိစ္ဆာ အုပ်စုအား ဒဏ်ခတ်ပါစေ သား။ ကျွန်ုပ်တို့၏ အမိမြန်မာပြည်သည်လည်း ရန်သူမျိုးငါးပါးဘေးမှကင်းဝေး၍ တိုးတက်သာယာဝပြောပါစေ သား။

အစအဆုံး..ကြည့်ချင် ရင်…...

Friday, November 23, 2007

မြန်မာနိုင်ငံသားချင်း ယိုင်းပင်းကူညီကြစေလို။

ဝိုင်းဝန်းကူညီကြပေးဖို့  အထူးမေတ္တာရပ်ခံအပ်ပါတယ်။













အစအဆုံး..ကြည့်ချင် ရင်…...

ဆရာတော်ကြီးများ လုံခြုံရေးအတွက် ပြည်သူများမှ ၀ိုင်းဝန်းကာကွယ်ပေးကြပါရန်။

အစအဆုံး..ကြည့်ချင် ရင်…...

မျိုးချစ်ဒီမိုကရက်တစ်လူငယ်တပ်ပေါင်းစု (မြန်မာနိုင်ငံ) ၏ ထုတ်ပြန်ကျေညာချက်။

အစအဆုံး..ကြည့်ချင် ရင်…...

နိုင်ငံရေးတဲ့ ။

မြန်မာနိုင်ငံသား အတော်တော်များများက နိုင်ငံတော်အစိုးရ ရဲ့ ပေါ်လစီ မူဝါဒတွေကို တရားသည်ဖြစ်စေ။ မတရားသည်ဖြစ်စေ မှန်သည်ဖြစ်စေ။ မှားသည်ဖြစ်စေ ဝေဖန်တယ်ဆိုရင်
ပဲ နိုင်ငံရေးလုပ်တယ်လို့  ယူဆကြဟန်တူပါတယ်။ နိုင်ငံရေးနဲ့ ငြိစွန်းတယ်။

နိုင်ငံရေးလုပ်တယ်လို့ သတ်မှတ်လိုက်တော့တာပဲ။ အဲဒါပေမဲ့ နိုင်ငံတော်အစိုးရရဲ့ ပေါ်လစီ မူဝါဒတွေကို အားပေး ထောက်ခံတဲ့အပြောအဆို အရေးအသားမျိုးပြုလုပ်လာရင်တော့ နိုင်ငံရေးလုပ်တယ်လို့ မယူဆပြန်ဘူး။


အံ့တော့ အံ့သြစရာပါ။ ဒါကြောင့်လဲ

"အကျိုးမပြီး လူမိုက်ကြီးကား
လက်ရုံးအားကိုး ဓါးလှံမိုး၍
ဝို့ ဝို့ ဝါးဝါးပြုတတ်ငြား၏ "

ဆိုတဲ့ မာဃဒေ၀ လင်္ကာထဲကဆိုသလို လူမိုက်ကြီးတို့ အုပ်စု ပြည်သူလူထုအပေါ် ထင်တိုင်း ကြဲ ပြီး ကြမ်းနိုင်ရမ်းနိုင်တာ မဆန်းလှပါဘူး။

နိုင်ငံရေးရဲ့ သဘောအနက်အဓိပါယ်ကို နိုင်ငံရေးသုခမိန်တွေဘယ်လိုဖွင့်ဆိုကြသလဲတော့ မသိဘူး။ စာရေးသူကတော့ ဘာသာရေး အမြင်ရှုထောင့်ကနေပြီး တိုင်းပြည်အုပ်ချုပ်သူဆိုတဲ့ နိုင်ငံတော်အစိုးရ ရဲ့ တာဝန် တွေကို စာရေးသူ နားလည်သလို တင်ပြဆွေးနွေးချင်ပါတယ်။ စာဖတ်သူမိတ်ဆွေများလဲ လိုအပ်တာရှိရင် ဖြည့် စွက်ပေးကြပါ။

လောကမှာမြတ်စွာဘုရားရှင်ပွင့်ထွန်းလာခြင်းဟာ သတ္တ၀ါတွေကောင်းကျိုးချမ်းသာအတွက် ဖြစ်တယ်။ ဒါကြောင့်လဲ ဘုရားရှင်က သူရဲ့ တပည့်သားသံဃာတွေကို ဒေသစာရီ လှည့်လည်ပြီးလောကလူသားတွေရဲ့ ကောင်းကျိုးချမ်းသာအကျိုးငှါ တရားဟောကြလို့ 
မိန့် တော်မူခဲ့တာပဲ။ သဘောကတော့သာသနာပြုခိုင်းလိုက်တာပဲ။

သာသနာဆိုတာ အဆုံးအမကိုခေါ်တာ။ အဆုံးအမဆိုတာ ဆန့် ကျင်သူမှန်သမျှ ရန်သူလို့ သတ်မှတ်ခိုင်းပြီး အပြတ်ဖျက်ချေမှုန်းခိုင်းတဲ့ လူမိုက်အားပေးတဲ့စကားမျိုးမဟုတ်ဘူး။ အဲဒီ စကားမျိုးက ဒေ၀ဒတ်တို မာန်နတ်တို့ ရဲ့လမ်းစဉ်ဖြစ်တယ်။ ဘုရားရှင်ရဲ့ လမ်းစဉ်ကမေတ္တာကို အခြေခံတဲ့လမ်းစဉ်ဖြစ်တယ်။ ကိုယ်စိတ်နှစ်ပါး ကြမ်းတမ်း ရိုင်းစိုင်းနေတဲ့သူကို ယဉ်ကျေးသိမ်မွေ့ လာအောင် ပြောဆိုဆုံးမတာ သာသနာပြုတာပဲ။ ဒါရဟန်းသံဃာတော်တွေ ပြုလုပ်ရမည့် အလုပ်။ မြတ်စွာဘုရားရှင်လဲ အင်မတန်ကြမ်းတမ်းတဲ့နာဠာဂီရိဆင်မိုက်ကြီးကို မေတ္တာတရားရှေ့ထားပြီး ဆုံးမခဲ့လို့  ဆင်မိုက်ကြီး ယဉ်ကျေးလာတယ်။ နောက် အာဠာဝကဘီလူး ။ အင်္ဂုလိမာလ။ မာန်နတ် စတဲ့ ရိုင်းစိုင်းသူတွေကို မေတ္တာ တရားနဲ့ဆုံးမနိုင်ခဲ့တယ်။ ဒီနေ့ မြန်မာနိုင်ငံသားတွေ ခံစားနေရတဲ့ ဆင်းရဲ ဒုက္ခကို သိရှိနားလည်တဲ့ သံဃာတော်တွေကမြတ်စွာဘုရားရှင်ရဲ့ မေတ္တာလမ်းကြောင်း အတိုင်း မြန်မာနိုင်ငံသူနိုင်ငံသားတွေ ဆင်းရဲဒုက္ခ မှ လွတ်မြောက်စေဘို့ လမ်းပေါ်တက် ဆုတောင်းမေတ္တာပို့ ကြတာ လူတိုင်းအသိ။

ဘာနိုင်ငံရေးတောင်းချက်မှမပါဘူး။ နိုင်ငံတော်အကြီးအကဲဆိုသူတွေတောင် ကျမ္မာပါစေကြောင်းဆုတောင်းမေတ္တာပို့ ခဲ့ပါသေးတယ်။ ဒါပေမဲ့ အာဏာရှင်ဆိုတာက ငြိမ်းချမ်းရေးကိုလိုလားတာမဟုတ်ပါဘူး။ သူတို့ လိုလားတာက အာဏာပဲ။
အာဏာရဘို့ အာဏာမြဲဘို့ ဆိုရင် ဘာပဲလုပ်ရ လုပ်ရ လက်မနှေးတဲ့လူတွေပါ။

အဲဒီလို အာဏာရူးနေတဲ့သူတွေ အုပ်ချုပ်နေတာကို အစိုးရအုပ်ချုပ်နေတာလို့ 
ပြောလို့ ရမလား။ အစိုးရ ဆိုတာ အခုခေတ်အနေနဲ့ ပြောရရင် လူထုက ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြောက်ခြင်းခံရတဲ့အုပ်ချုပ်သူ လူတန်းစားဖြစ်တယ်။ အဲဒီလူတန်းစားက လူထုကို အလုပ်ကျွေးပြုရတယ်။လူထုဆန္ဒကို မဆန့် ကျင်ရဘူး။ ဒါ အခုမှမဟုတ်ဘူး။ ဟိုး ရှေးပဝေသဏီကထဲက ရှိတဲ့ ပေါ်လစီ မူဝါဒဖြစ်တယ်။ တိုင်းပြည်အုပ်ချုပ်တဲ့သူကို ရာဇာမင်း
လို့ ခေါ်ကြတယ်။

ရာဇာ- မင်း ဆိုတာ တိုင်းသူ ပြည်သားတွေကိုသင်္ဂဟတရားလေးပါးဖြင့် ကျေနပ်နှစ်သိမ့်စေတတ်တဲ့အတွက်ကြောင့် ရာဇာ မင်းလို့ ခေါ်တာပါ။ အဲဒီ သင်္ဂဟတရား လေးပါးဆိုတာ ပီယ၀ါစာချစ်ဖွယ်ရာစကားမျိုးကို ပြောတတ်ရပါမယ်တဲ့။ သဘောက မှန်ကန်တဲ့ စကားမျိုးကိုပြောပါ။ မမှန်တဲ့ စကားမျိုးမပြောပါနဲ့ ။

ဒါန- ပေးကမ်းလှူဒါန်းရမယ် တဲ့။ တိုင်းသူပြည်သားတွေထံက မတရားသဖြင့် တောင်းခံတာမျိုး မပြုလုပ်ဘဲ တိုင်းသူ ပြည်သားတွေကို ထိုက်သင့်သည့်အားလျှော်စွာပေးကမ်းထောက်ပံ့ရမယ်ဆိုတဲ့သဘောပါ။

အတ္ထစရိယာ တိုင်းပြည်ကောင်းကျိုးဆောင်ရွက်ရမယ်။ ကိုယ်ကမဆောင်ရွက်နိုင်ရင် ဆောင်ရွက်နိုင်တဲ့သူကို အားပေးရမယ်။


နောက်တခုက အတ္တသမံ တဲ့ တိုင်းသူ ပြည်သား တွေကို မိမိနှင့်ထပ်တူညီတူညီမျှထားပြီးပြုမူဆက်ဆံရမယ်။ တဘို့ ထဲ မကြည့်ရဘူး။ မျှမျှတတ ရှိရမယ်ဆိုတာပဲ။ အဲဒီ တရားတွေနဲ့ ကျင့်မှ ရာဇာ အုပ်ချုပ်သူ မင်းအစိုးရ လို့ ခေါ်ဆိုနိုင်တာ။

ဒီနေ့ မြန်မာနိုင်ငံက လက်တဆုပ်စာ စစ်အုပ်စုကလက်နက်အားကိုးနဲ့ တိုင်းသူ
ပြည်သားတွေကို အနိုင်ကျင့်နှိပ်စက်နေခြင်းဟာ အစိုးရ အလုပ် လုပ်နေတာလား။
သူခိုးဓမြအလုပ်လုပ်နေတာလားဆိုတာ မေးခွန်းထုတ်စရာကိုမလိုဘူး။လူတိုင်းသိတဲ့ကိစ္စ
ဖြစ်တယ်။

သူခိုးဓမြကို ဆန့်ကျင်တာ ဟာ နိုင်ငံရေးလုပ်တာလား။မတရားတာကို တရားတဲ့ လမ်းကြောင်းပေါ်ရောက်လုပ်တာနိုင်ငံရေးလုပ်တာလား။တရားမျှတမှုနဲ့  ငြိမ်းချမ်းရေး အတွက်လုပ်တဲ့ အလုပ်ကိုနိုင်ငံရေးလုပ်တယ်လို့ ပြောမယ်ဆိုရင်လဲ ပြောကြပေတော့။ ဗဟုဇနဟိတာယ။ ဗဟုဇနသုခါယ လို့ ဟောကြားတော်မူတဲ့ မြတ်စွာဘုရားရှင် တရားတော် အတိုင်းလောကကောင်းကျိုးအတွက်မေတ္တာတရားလက်ကိုင်ထားပြီး တိုင်းပြည်ငြိမ်းချမ်းရေး ရသည်အထိ ဆက်လက်ချီတက်ကြရမည့် တာဝန်ဟာ ရဟန်းသံဃာတော်များ အပါအ၀င် ငြိမ်းချမ်းလိုလားသူအားလုံးရဲ့တာဝန်ဖြစ်ပါတယ်လို့ ဆိုပါရစေ။

(ရေးသားသူ - ဒဲ့ဒိုး)။

အစအဆုံး..ကြည့်ချင် ရင်…...

Thursday, November 22, 2007

ဂျီးမေးလ်ထဲသို့  မလိုလားသော မေးလ်များပို့ လာသူအား ကာကွယ်တားဆီးခြင်း။

ဂျီမေးလ်ထဲမှာ Settings သွားပါ။



Filters ကို သွားပါ။



Create new filter ကို click နှိပ်ပါ။



From နေရာမှာ ပို့ လာတဲ့သူရဲ့  အီးမေးလ်လိပ်စာကို ထည့်ပါ။ Has Attachment ကို tick လုပ်ပါ။ Next Step ကို နှိပ်ပါ။



Delete it ကို tick လုပ်ပါ။ ပြီးရင် Create Filter ကိုနှိပ်ပါ။ ဒါဆို မလိုချင်တဲ့သူရဲ့  အီးမေးလိပ်စာနဲ့  ၀င်လာတဲ့စာတွေကို အလိုအလျှောက် ဖျက်သွားပါလိမ့်မယ်။

အစအဆုံး..ကြည့်ချင် ရင်…...

တန်ဆောင်မုန်း လပြည့် သာမညဖလ အခါတော်နေ့ သစ္စာပြု ဆုတောင်း။

အမိ မြန်မာနိုင်ငံတော်သည် ထေရ၀ါဒ ဗုဒ္ဓ သာသနာတော် စတင် ထွန်းကားရာ လွန်ခဲ့သော နှစ်တစ်ထောင် ခန့်မှစတင်ပြီး သာသနာတော် စည်ပင် ပြန့်ပွားအောင်၊ မဆိတ်သုဉ်းအောင် မြန်မာ နိုင်ငံသား ရဟန်း ရှင်လူ များမှ ခေတ်အဆက်ဆက် စောင့်ရှောက် လာခဲ့ကြပါသည်။ ထို့အပြင် သာသနာတော် သန့်ရှင်း စင်ကြယ်ရေး အတွက်လည်း သင်္ဂါယနာ နှစ်ကြိမ်တိတိ တင်ကာ ပူဇော် ခဲ့ဖူး ပါသည်။ ထိုသို့ စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓဘာသာ သာသနာတော် အရှည် တည်တံ့ သန့်ရှင်း စင်ကြယ် စည်ပင် တိုးတက် ပါစေခြင်းငှာ မြန်မာ နိုင်ငံသား များမှ ကြိုးပမ်း ဆောင်ရွက် ခဲ့ကြ၊ ကြိုးပမ်း ဆောင်ရွက် နေကြဆဲ ဖြစ်သော်လည်း သာသနာ တော် ညစ်နွမ်းအောင် အားထုတ် သူများ ရှိသလို၊ သာသနာ့ ၀န်ထမ်း သက်ရှိ ဓမ္မ စေတီများ ဖြစ်ကြ ကုန် သော ထို တရားတော် များကို နှုတ်တက် အာဂုံ ရွတ်ဆိုရင်း ရေးသား ဖြန့်ဝေရင်း သာသနာ ပြုလျက် ရှိကြ ကုန်သော ရဟန်း သံဃာ တို့ကို နှိပ်စက် ညှင်းပန်း သူများလဲ ရှိခဲ့ကြ၊ ရှိနေ ကြဆဲ ဖြစ်ပါသည်။

ကျွန်တော်၊ ကျွန်မတို့သည် စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓ သာသနာ တော်ကို ယုံကြည်အားထား ကိုးကွယ်ပြီး ဘေး တကာ ဘေးတွင် ဆိုးဝါး ကြောက်မက်ဖွယ် အကောင်းဆုံး သံသရာဘေးမှ ကင်းဝေးရာမှန် မြတ်နိဗ္ဗာန် ကို ဧကန် ထုတ်ချောက် ပို့ဆောင် ပေးနိုင်ရာ နည်းကောင်း လမ်းမှန်ကို ညွှန်ပြသည့် ထေရ၀ါဒဗုဒ္ဓ သာသနာ ကို အရှည် တည်တံ့ သန့်ရှင်း စေလိုသော စိတ်ဆန္ဒ ဧကန် ရှိကြပါသည်။ ဤမှန်သော သစ္စာ စကား ကြောင့် ဗုဒ္ဓ မြတ်စွာ ဘုရားရဲ့ ထေရ၀ါဒ သာသနာ သန့်ရှင်း တည်တံ့ပါစေသော်… သာသနာဖျက် များရဲ့ ဘေးရန်မှ ကင်းလွတ် ပါစေသောဝ်။ ဗုဒ္ဓ သာသနာ တော်ရဲ့ စစ်မှန်မှု၊ နှောင်းလူများ သာသနာ အပေါ်မှာ မှားမှားယွင်း ယွင်းမပြုစိမ့် သောငှာ သာသနာဖျက် တို့ရဲ့ သွားရာလမ်းကို သိသာ ထင်ရှားစွာ မျက်မြင် ဒိဌ ပြပါစေသောဝ်။

အကြင်လောကတွင် သာသနာ တော်ကို စောင့်ရှောက်သော နတ်ဗြဟ္မာ အပေါင်း တို့သည် မြောက်များစွာ ရှိကုန်ဧ။်။ ထိုမှ တပါး အရိယာ အနွယ်သို့ ရောက်ပြီး ဖြစ်ကုန်သော နတ်ဗြဟ္မာ အပေါင်းသည် လည်း ကောင်း၊ ပုထုဇဉ် သီလ၀န္တ နတ်ဗြဟ္မာ အပေါင်းတို့ သည်လည်းကောင်း ရှိကုန်ဧ။်။ ထိုထိုသော နတ်ဗြဟ္မာ အပေါင်းသည် မြတ်စွာဘုရားဟောကြား တော် မူခဲ့သော တရားတော် များကို နာကြား ကျင့်သုံးရင်း နတ်၊ ဗြဟ္မာ ဘ၀ကို ရရှိသူများ ရှိသလို နတ်ဗြဟ္မာ ဘ၀ကို ရရှိပြီးမှ မြတ်စွာဘုရားဧ။် တရားတော်ကို နာကြားရသူ နတ်ဗြဟ္မာ အပေါင်းတို့သည် ရှိဧ။်။ ထိုတပည့် သာဝကများသည် မြတ်စွာ ဘုရားဧ။် ဓာတ်တော် များကို ဌာပနာသော ဓာတု စေတီကို ကိုးကွယ်လျက် ရှိကြကုန်ဧ။်။ မြတ်စွာဘုရားဧ၊၊် သက်မဲ့ ဓမ္မ စေတီများ ဖြစ်ကြ ကုန်သော ပိဋကတ် ကျမ်းစာ တရားတော် များနှင့် သက်ရှိဓမ္မ စေတီများ ဖြစ်ကြ ကုန်သော ထို တရားတော် များကို နှုတ်တက် အာဂုံ ရွတ်ဆိုရင်း ရေးသား ဖြန့်ဝေရင်းသာသနာ ပြုလျက် ရှိကြ ကုန်သော ရဟန်း သံဃာ တို့သည် ရှိဧ။်။ ဤ သစ္စာ စကားတို့သည် မှန်ကန်ပါသည်။ ဤမှန်သော သစ္စာ စကား ကြောင့် အသင် သာဝက နတ်ဗြဟ္မာ များသည် မြတ်စွာဘုရားဧ။် ဓမ္မ စေတီတော် များကိုစောင့်ရှောက် ကြပါစေ သတည်း။ ထို ဓမ္မ စေတီ များနှင့် ထေရ၀ါဒ ဗုဒ္ဓ သာသနာ တော်ကြီး ပျက်စီးမည့် ဘေးမှကာကွယ် ရင်း သာသနာ တော်ကို စောင့်ရှောက်ရင်း ကုသိုလ် ယူကြ ပါစေ သတည်း။

အကြင်လောကတွင် သာသနာတော်ကို စောင့်ရှောက်သော နတ်မြတ် နတ်ကောင်း နတ် ဘီလူး အပေါင်း တို့သည်လည်း ရှိကုန်ဧ။်။ ဟေမာဝတ နတ်ဘီလူး မင်းသည် လည်းကောင်း၊ အာဠာဝက နတ်ဘီလူး မင်း သည်လည်းကောင်း ထိုမှတပါး များစွာသော သာသနာတော်ကို လေးမြတ် ရိုသေသော မြတ်စွာဘုရားဧ။် တပည့် သာဝကနတ်ဘီလူး အပေါင်း တို့သည် ရှိကုန်ဧ။်။ ထို တပည့် သာဝကများသည် မြတ်စွာ ဘုရားဧ။် ဓာတ်တော် များကိုဌာပနာသော ဓာတု စေတီကို ကိုးကွယ်လျက် ရှိကြ ကုန်ဧ။်။ မြတ်စွာဘုရားဧ၊၊် သက်မဲ့ ဓမ္မ စေတီများ ဖြစ်ကြကုန်သော ပိဋကတ် ကျမ်းစာ တရားတော် များနှင့် သက်ရှိ ဓမ္မ စေတီများ ဖြစ်ကြ ကုန်သော ထို တရားတော် များကို နှုတ်တက် အာဂုံ ရွတ်ဆိုရင်း ရေးသား ဖြန့်ဝေရင်း သာသနာ ပြုလျက် ရှိကြ ကုန်သော ရဟန်း သံဃာ တို့သည် ရှိဧ။်။ ဤ သစ္စာ စကားတို့သည် မှန်ကန်ပါသည်။ သည်မှန်သော သစ္စာ စကားကြောင့် အသင် သာဝက နတ်ဘီလူး မင်း များသည် မြတ်စွာဘုရားဧ။် ဓမ္မ စေတီတော် များကိုစောင့် ရှောက် ကြပါစေ သတည်း။ ထို ဓမ္မ စေတီ များနှင့် ထေရ၀ါဒ ဗုဒ္ဓ သာသနာ တော်ကြီး ပျက်စီးမည့် ဘေးမှ ကာ ကွယ် ရင်း ကုသိုလ် ယူကြ ပါစေ သတည်း။

အကြင်လောကတွင် သာသနာတော်ကို စောင့်ရှောက်သော နဂါးမင်း အပေါင်းတို့ သည် ရှိကုန်ဧ။်။ ကာလ နဂါးမင်းသည် လည်းကောင်း၊ နန္ဒောပ နန္ဒ နဂါး မင်းသည် လည်းကောင်း၊ ထိုမှတပါး မြတ်စွာဘုရားဧ။် အံတော် တစ်ဆူကို နဂါးပြည်တွင် စေတီ တည်ထား ကိုးကွယ်သော နဂါးမင်း တို့သည် လည်းကောင်း၊ ဗုဒ္ဓ မြတ်စွာဘုရားဧ။် တပည့် သာဝကများ ဖြစ်ကြ ပေသည်။ ထို တပည့် သာဝကများသည် မြတ်စွာ ဘုရားဧ။် ဓာတ်တော် များကို ဌာပနာသော ဓာတု စေတီကို ကိုးကွယ်လျက် ရှိကြ ကုန်ဧ။်။ မြတ်စွာဘုရားဧ၊၊် သက်မဲ့ ဓမ္မ စေတီများ ဖြစ်ကြ ကုန်သော ပိဋကတ်ကျမ်းစာ တရားတော် များနှင့် သက်ရှိ ဓမ္မ စေတီများ ဖြစ်ကြ ကုန်သော ထို တရားတော် များကို နှုတ်တက် အာဂုံရွတ်ဆိုရင်း ရေးသား ဖြန့်ဝေရင်း သာသနာ ပြုလျက် ရှိကြ ကုန်သော ရဟန်း သံဃာ တို့သည် ရှိဧ။်။ ဤသစ္စာစကားတို့သည် မှန်ကန်ပါသည်။ သည်မှန်သော သစ္စာ စကားကြောင့် အသင် သာဝက နဂါးမင်း များသည်မြတ်စွာဘုရားဧ။် ဓမ္မ စေတီတော် များကို စောင့်ရှောက် ကြပါစေ သတည်း။ ထို ဓမ္မ စေတီ များနှင့် ထေရ၀ါဒ ဗုဒ္ဓသာသနာ တော်ကြီး ပျက်စီးမည့် ဘေးမှကာကွယ်ရင်း ကုသိုလ်ယူကြပါစေ သတည်း။

အကြင်လောကတွင် သာသနာတော်ကို စောင့်ရှောက်သော စကြာဝတေးမင်း လူမင်း အပေါင်းတို့ သည် ရှိခဲ့ကုန်ဧ။်။ ထို့အတူ သာသနာ တော်ကို စောင့်ရှောက် ကုန်သော ၀ိဇ္ဇာ၊ ဇော်ဂျီ တပသီ အပေါင်း တို့သည် လည်း ရှိကြကုန်ဧ။်။ ထို့အပြင် သာသနာတော်ကို မျက်မြင် ဒိဌ ကိုယ်ထိလက်ရောက် စောင့်ရှောက်နေကြ ကုန်သော မြင့်မြတ်သော အရိယာ လူပုဂ္ဂိုလ်များ၊ ပုထုဇU် သီလ၀န္တ ပုဂ္ဂိုလ်များ ရှိကြကုန်ဧ။် ထို တပည့် သာဝကများသည် မြတ်စွာ ဘုရားဧ။် ဓာတ်တော် များကို ဌာပနာသော ဓာတု စေတီကို ကိုးကွယ်လျက် ရှိကြ ကုန်ဧ။်။ မြတ်စွာဘုရားဧ၊၊် သက်မဲ့ ဓမ္မ စေတီများ ဖြစ်ကြ ကုန်သော ပိဋကတ် ကျမ်းစာ တရားတော် များနှင့် သက်ရှိ ဓမ္မ စေတီများ ဖြစ်ကြ ကုန်သော ထိုတရားတော် များကို နှုတ်တက် အာဂုံ ရွတ်ဆိုရင်း ရေးသား ဖြန့်ဝေရင်း သာသနာ ပြုလျက် ရှိကြ ကုန်သော ရဟန်းသံဃာ တို့သည် ရှိဧ။်။ ဤ သစ္စာ စကားတို့သည် မှန်ကန်ပါသည်။ သည်မှန်သော သစ္စာ စကားကြောင့် အသင်သာဝက များသည် မြတ်စွာဘုရားဧ။် ဓမ္မ စေတီတော် များကို စောင့်ရှောက် ကြပါစေ သတည်း။ ထို ဓမ္မ စေတီများနှင့် ထေရ၀ါဒ ဗုဒ္ဓ သာသနာ တော်ကြီး ပျက်စီးမည့် ဘေးမှ ကာကွယ် ရင်း ကုသိုလ် ယူကြ ပါစေ သတည်း။

(သစ္စာပြု ဆုတောင်းသူ - ခွန်မြလှိုင်)

အစအဆုံး..ကြည့်ချင် ရင်…...

စဉ်းစားကြည့်ကြပေါ့။

အစအဆုံး..ကြည့်ချင် ရင်…...

ခင်ဗျား ထပါ။


အစအဆုံး..ကြည့်ချင် ရင်…...

Wednesday, November 21, 2007

နိုဝင်ဘာ (၂၀) ရက်နေ့ က စင်ကာပူတွင် အာဆီယံအား ဆန္ဒပြစဉ်။




စွန့် စွန့် စားစား ဆန္ဒပြကြခြင်း။

တခါလာလည်း မြန်မာအစိုးရ သဘောထားကို လေးစားရမယ်။ တခါလာလည်း မြန်မာအစိုးရကို မိသားစုဝင်လို သတ်မှတ်ရမယ်။ မြန်မာပြည်သူတွေရဲ့ သဘောထားကို လေးစားရမယ်ဆိုတာ တခါမှမပါဘူး။ ဒီတခါတော့ သည်းမခံနိုင်ကြတော့ဘူး။ ငါတို့ အားလုံးရဲ့ ခံစားမှုတွေ ပွင့်ထွက်ကုန်တယ်။


၂၀ ရက်။ နိုဝင်ဘာ။ ၂၀၀၇ ခု။ အင်္ဂါနေ့။

ဒီနေ့ ငါတို့ ဆန္ဒပြဖြစ်ခဲ့ကြတယ်။

လူငါးယောက်ထက်ပိုပြီး စုဝေးခွင့်မရှိတဲ့ စင်ကာပူနိုင်ငံရဲ့ လူအစည်ကားဆုံးနေရာမှာ ငါတို့ မြန်မာတွေ စုစုပေါင်း အယောက် ၅၀ ခန့်ဟာ တူညီဝတ်စုံတွေ ၀တ်ပြီး ဆန္ဒပြဖြစ်ခဲ့ကြတယ်။

ဒီဆန္ဒပြပွဲကို မနက် ၁၀ နာရီလောက်ကမှ ကောက်ခါငင်ခါ စီစဉ်လိုက်ကြရတာပါ။ အကြောင်းကတော့ အာဆီယံထိပ်သီးဆွေးနွေးပွဲက ထုတ်ပြန်ကြေညာချက်မှာ ငါတို့ လုံးဝလက်မခံနိုင်စရာအချက်တွေ ပါလာလို့။ အဓိက ကတော့ “မြန်မာ့အရေးကို ဖြေရှင်းရာမှာ မြန်မာအစိုးရရဲ့ သဘောထားအတိုင်း ဖြစ်စေရမယ်။ မြန်မာအစိုးရရဲ့ ဆန္ဒကို သူတို့လေးစားတယ်။ သူတို့ ၀င်မရှုပ်ဘူး။ ကုလသမဂ္ဂနဲ့ ပူးတွဲလုပ်ဆောင်မှုကို အားပေးထောက်ခံတယ်။” ဆိုတာမျိုး သူတို့က ကြေညာချက်ထုတ်လာတယ်။

တခါလာလည်း မြန်မာအစိုးရ သဘောထားကို လေးစားရမယ်။ တခါလာလည်း မြန်မာအစိုးရကို မိသားစုဝင်လို သတ်မှတ်ရမယ်။ မြန်မာပြည်သူတွေရဲ့ သဘောထားကို လေးစားရမယ်ဆိုတာ တခါမှမပါဘူး။ ဒီတခါတော့ သည်းမခံနိုင်ကြတော့ဘူး။ ငါတို့ အားလုံးရဲ့ ခံစားမှုတွေ ပွင့်ထွက်ကုန်တယ်။

အေး....ငါတို့ တခုခု လုပ်ကြရင်ကောင်းမယ်။ ဘာလုပ်ကြမလဲ။ အော့ချာ့ဒ်လမ်းမမှာ ဆန္ဒသွားပြကြမယ်။ ရဲတွေ မသိအောင် လျို့ဝှက်လုပ်ကြ။ ရဲတွေ ခြေရာခံမမိအောင် တတ်နိုင်သမျှ လမ်းဘေးဖုန်းနဲ့ ပြောကြ ဆွေးနွေးကြ။ ဖိတ်ကြားကြ။ မီဒီယာတွေကိုလည်း ခေါ်ထား။ စင်ကာပူဘက်က လူ့အခွင့်အရေး လှုပ်ရှားသူတွေကိုလည်း အကြောင်းကြားထား။ အတိုက်အခံပါတီတွေကိုလည်း အသိပေး။

မူလအစီအစဉ်အရ အလုပ်က ဆင်းတာနဲ့ ညနေ ၆ နာရီလောက်မှာ အောချာ့ဒ် လမ်းဒေါင့်က စတားဘတ်က် ကော်ဖီဆိုင်မှာ လူစုကြမယ်။ နောက်မှ အင်္ကျီအနီတွေ လဲပြီး အော့ချာ့ဒ်လမ်းပေါ်ထွက်မယ်။ ဆန္ဒပြမယ်။ အသေးစိတ်ကို ကော်ဖီဆိုင်မှာ ထိုင်တုန်း ဆွေးနွေးကြမယ်။ ရဲလာမဖမ်းခင် မီဒီယာနဲ့ စကားပြော။ ရဲလာတားရင် ဆယ်မိနစ်လောက် အချိန်ပေးဘို့ စေ့စပ်ညှိနှိုင်းမယ်။ ညှိနှိုင်းလို့မရင် လက်ချင်းတွဲပြီး လမ်းမပေါ်ထိုင်ချမယ်။ ဖမ်းပလေ့စေ။ မခုခံကြနဲ့။ အားလုံးရဲစခန်းကို လိုက်သွားကြမယ်။ အလွန်ဆုံး ရဲစခန်းမှာ တည အိပ်ရရုံဘဲရှိမယ်။ ဒီကောင်တွေ အပြည်ပြည်ဆိုင်ရာ အာရုံစိုက်မှုအောက်မှာ ငါတို့ကို အသားလွတ်ဖမ်းမထားရဲဘူး။ ဖမ်းလည်း သူတို့ ငါတို့ကို ဖမ်းတာနဲ့ ထိုက်တန်တဲ့ တန်ရာတန်ဘိုးကို ပေးရလိမ့်မယ်။

ကဲ....ကိုဘို....ခင်ဗျားက အဆက်အသွယ်ကောင်းတယ်။ ၀င်မပါနဲ့။ ခပ်လှမ်းလှမ်းကနေ အကဲခတ်။ ကျုပ်တို့ကို ဖမ်းရင် ခင်ဗျားက သက်ဆိုင်ရာမီဒီယာ၊ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး လုပ်စရာဆက်လုပ်။

အဲဒီလို အစီအစဉ်တွေလုပ်ပြီးမှ နေ့လည် ၂ ချက်တီးလောက်ရောက်တော့ သတင်းက ဘလော့ဂ်တွေ စီဘောက်စ်တွေ အီးမေးတွေထဲကို ပေါက်ကြားသွားတယ်။ ဟာ...သွားပဟ။ စတောင် မစ ရသေးဘူး။ ရဲတွေတော့ သိကုန်တော့မယ်။ ဗမာတွေ အော့ချာ့ဒ်လာတာနဲ့ ဘူတာမှာ ဖမ်းစစ်တော့မှာဘဲ။ ဒုက္ခပါဘဲ။ စိတ်လေတယ်။

သည်လိုနဲ့ ညနေရုံးဆင်းတော့ နီးစပ်ရာလူတွေကို တခြားဘူတာပြောင်းချိန်းရတယ်။ သတိဆိုတာ ပိုတယ်မရှိဘူး။ အဲ....ဖယောင်းတိုင်ပြေးဝယ်တဲ့လူက၀ယ်၊ စာရွက်ပေါ်မှာ ဆော့ပင်နဲ့ တောင်းဆိုချက်တွေကို ရေးသူကရေး။

ခဏနေတော့ ကိုဘိုလည်း ရောက်လာတယ်။ ခပ်လှမ်းလှမ်းမှာ။ မျက်လုံးချင်းဆုံတော့....အံမယ်...ခပ်တည်တည်နဲ့။ ကြိုတင်စီစဉ်ထားတဲ့အတိုင်း “သူနဲ့ ငါတို့ လုံးဝမသိဘူးဆိုတဲ့ အက်တင်အပြည့်နဲ့။” ကိုယ့်လူကို စိတ်ထဲမှာ အကယ်ဒမီပေးလိုက်တယ်။

ကံကောင်းချင်တော့ ရဲတွေနဲ့ မီဒီယာတွေက ညနေ ၆ နာရီလောက်ကတည်းက လာစောင့်ပြီး ဒီနေ့အဖို့ ဘာမှ မဖြစ်တော့ဘူး ယူဆသွားပုံရတယ်။ အဲဒီနားမှာဘဲ မီဒီယာကလူတွေနဲ့အတူ အေးအေးလူလူ ယောင်တောင်ပေါင်တောင် လုပ်နေကြတယ်။

သည်လိုနဲ့ ညနေ ၇ နာရီထိုးတော့ စတားဘတ်က်မှာ မြန်မာတွေ ၅၀ လောက်စုမိကြတယ်။ အင်္ကျီအနီတွေကို ခဏအတွင်း ပြောင်းလဲ ၀တ်ဆင်လိုက်ကြတယ်။

အခြေအနေကိုသုံးသပ်၊ လုပ်ငန်းစဉ်ကို အမြန်ဆွေးနွေးပြီး ကော်ဖီဆိုင်ထဲက ထွက်လိုက်ကြတယ်။ အဲသည်အချိန်မှာ မီဒီယာက ၀ိုင်းပြီး တဖျတ်ဖျတ်နဲ့ ဓါတ်ပုံတွေရိုက်။ ဗီဒီယိုရိုက်။

လူသွားလမ်းပေါ်မှာ လက်ချင်းချိတ်လို့ သုံးယောက်တတန်း ရှေ့နောက်တန်းလိုက်ကြတာ ၁၅ တန်းလောက် ရတယ်။ ဟိုး ရှေ့ဆုံးက သုံးယောက်က အင်္ဂလိပ်လို ရေးထားတဲ့ ဘန်နာ အကြီးကြီးကို ကိုင်လို့။ ရေးထားတာက “မြန်မာတွေရဲ့ ဆန္ဒကို နားထောင်ပါ။ စစ်အစိုးရရဲ့ အမိန့်ပေးမှုကို နားမယောင်ပါနဲ့” တဲ့။ နောက်ကလူတွေကလည်း တတောင်ဆစ်ချင်းချိတ်ထား တာဆိုတော့ အားနေတဲ့လက်ချောင်းတွေထဲမှာ အေဖိုးဆိုက်နဲ့ ရေးထားတဲ့ တောင်ဆိုချက်တွေကို ကိုင်ပြီး ရင်ဘတ်ရှေ့မှာ ထောင်ထားကြတယ်။ လမ်းသွားလမ်းလာတွေ ၀ိုင်းကြည့်ကြတယ်။ ဓါတ်ပုံရိုက်ကြ။ ရပ်ကြည့်ကြပေါ့လေ။

ပထမတော့ အရပ်ဝတ်ရဲတွေဘဲ ရှိသေးတယ်။ ရဲတွေ အင်အားများများ ရှိမနေဘူး။ မီဒီယာတွေက စိတ်တိုင်းကျ ရိုက်ယူကြတယ်။ ငါတို့အထဲမှာ မီဒီယာ တာဝန်ခံ နှစ်ယောက်က ဘေးကနေ မီဒီယာတွေကို အင်တာဗျူး ဒိုင်ခံဖြေပေးတယ်။ အဲသည်လိုနဲ့ မိနစ် ၂၀ လောက်ကြာတော့ ရဲတွေ ရောက်လာတယ်။

ကြိုတင်တိုင်ပင်ထားတဲ့အတိုင်း အားလုံး သုံးယောက်တတွဲကနေ လမ်းမဘက်ကို မျက်နှာလှည့်လိုက်ပြီး လူငါးဆယ်အတန်းရှည်ကြီး လက်ချင်းယှက်ပြီး တွဲရပ်လိုက်တယ်။

ရဲတွေ ပျာယာခပ်သွားတယ်။ ဘာလုပ်ရမှန်းမသိဘူး။ ငါတို့အစီအစဉ်ကို သူတို့မသိဘူးလေ။ အဲဒါနဲ့ ရဲတပ်ဖွဲ့ခေါင်းဆောင်က ရဲတွေကို အမိန့်ပေးတယ်။ မင်းတို့ သူတို့နဲ့ မျက်နှာချင်းဆိုင်မှာ သွားရပ်တဲ့။ အဲဒါနဲ့ ရဲတွေ မျက်နှာချင်းဆိုင်မှာ လာရပ်ကြတယ်။ ဘောလုံးပွဲမစခင် အသင်းနှစ်သင်း မျက်နှာချင်းဆိုင်ရပ်သလိုမျိုး။ လမ်းပေါ်က သွားနေတဲ့ ကားတွေပေါ်က လူတွေ ငါတို့ကို ကြည့်သွားကြ။ လက်မထောင်ပြသွားကြ။

ငါ့ညာဘက်မှာ ငါ့မိန်းမ။ ငါ့ဘယ်ဘက်မှာ ငါမသိတဲ့ လူတယောက်။ ညာဘက် တယောက် ကျော်မှာ ဘလော့ဂါမိန်းကလေးငယ်တယောက်။ ငါက ရွှတ်နောက်နောက်နဲ့ “ငါတို့တွေ အာဆီယံ ၀န်ကြီးတွေ လက်ယှက်သလို ခရော့စ်ပုံစံနဲ့ ယှက်ကြမလား” ပြောတော့ အားလုံး ၀ိုင်းရယ်ကြတယ်။ တကယ်တော့ အဲဒီ အာဆီယံ လက်ယှက်ပုံစံဟာ အင်မတန် မျက်စိထဲမှာ ထော်လော်ကန့်လန့်နိုင်တယ်။ ကိုယ့်ဘေးကလူနဲ့ အနီးဆုံးလက်နှစ်ဘက်ကို လွယ်လွယ်ကူကူ ယှက်တာမျိုးမဟုတ်ဘဲ၊ ဝေးတဲ့ဘက်ခြမ်းက လက်ကို ခက်ခက်ခဲခဲ လှမ်းဆွဲကြရတာမျိုးလေ။ အာဆီယံခေါင်းဆောင်တွေ ဓါတ်ပုံအရိုက်ခံဘို့

လက်တွေယှက်ကြတိုင်း လက်တွေမှားမှားထုတ်ကြတုန်း။ အဲဒါကြောင့်ပြောတာ။ အာစီယံဟာ အစစ ထော်လော်ကန့်လန့်တွေချည်းဘဲလို့။ လက်ချင်းကောင်းကောင်းယှက်တတ်ဖို့တင် ဆယ်နှစ်လောက် အချိန်ယူရမယ်။ ဥရောပယူနီယံလို အသင်းအဖွဲ့မျိုးဖြစ်လာဘို့ဆိုရင် နောင်ဘုရားတဆူပွင့်တဲ့အထိ စောင့်ရမယ်ထင်တယ်။

ငါတို့အားလုံး ရဲတွေရှေ့မှာ အဲသည်အနေအထားနဲ့ ဆယ်မိနစ်လောက် ရပ်နေကြတယ်။ ငါ့စိတ်ထဲမှာ ငါ့ရှေ့က ရဲလူဖလံလေးကို ကြည့်ပြီး “သူ့ခမြာ ငါ့ကိုဖမ်းရင် မ မှ မနိုင်ပါ့မလား” တွေးပြီး စိတ်မောနေမိတယ်။ နောက်တော့ ငါတို့ အေးအေးချမ်းချမ်းဘဲ လူစုခွဲလိုက်တော့တယ်။

ငါတို့ ဒီနေ့ ဆန္ဒပြပွဲကို အောင်မြင်တယ်လို့ သတ်မှတ်ကြတယ်။ စင်ကာပူအစိုးရရဲ့ ချုပ်ခြယ်တဲ့ ဥပဒေကို ဆန့်ကျင်ပြီး ဆန္ဒပြကြတာလေ။ ကိုယ့်အခွင့်အရေးကို ကိုယ်လေးစားစွာ ကာကွယ်ခြင်း တမျိုးပေါ့။ စင်ကာပူ လူ့အခွင့်အရေးအဖွဲ့က မိတ်ဆွေတွေက ပွဲအပြီးမှာ လာပြီး ၀မ်းသာအားရ နှုတ်ဆက်ကြတယ်။ ကွန်ဂရက်ကျူလေးရှင်းပေါ့။ ပြန်လာတော့ ရထားပေါ်မှာ ကိုယ့်လူတွေ အိမ်ကို ချောချောမောမော ပြန်ရောက်ရဲ့လား ဖုန်းဆက်ကြည့်ရ သေးတယ်။

(ဆန္ဒပြပွဲ ဗီဒီယိုကို ဒီမှာ ကြည့်ပါ။)

http://www.straitstimes.com/Video+News/Singapore/STIVodcast_3070.html?playid=3070&type=Singapore

ကိုပေါ။
(၂၀ ရက်။ နိုဝင်ဘာ ၂၀၀၇ ခုနှစ်)

အစအဆုံး..ကြည့်ချင် ရင်…...

 
/* EOT ----------------------------------------- */