Tuesday, July 31, 2007

ကျောင်းသားသမဂ္ဂ

(၁၉၈၈ အရေးတော်ပုံကြီးအတွင်းက သီဆိုခဲ့ကြသော
ကျောင်းသားများရဲ့  ကျောင်းသားသမဂ္ဂ သီချင်း။)

ကျောင်းသားသမဂ္ဂ

တိုင်းပြည်ကို ရှေ့ ဆောင်ကာ ဒို့ ကျောင်းသားတွေသည်
စံနမူနာအတည် ကျောင်းသားသမဂ္ဂ ဖြစ်သည်
ကမ္ဘာတစ်ဝှမ်းမှာ ဗမာစွမ်းတာ မော်ကွန်းတင်ပါမည်
ဒို့ တစ်တွေ သွေးစည်းမည်။

ဗမာပြည်ဆိုင်ရာ ကျောင်းသားသမဂ္ဂသည်
ရာဇ၀င် တွင်လောက်ပေသည်
တော်လှန်ရာတွင် ရှေ့ ကပင် ဦးစီးသည်
သက်စွန့် ကြိုးပမ်း ထမ်းရွက်ခဲ့ပေသည်။

ကိုယ်ကျိုးအတွက်ဆို မငဲ့ကွက်နိုင်ပါပြီ
ကျောင်းသားများရဲ့ ကောင်းကျိုးတွေကို ထမ်းရွက်မည်
ညီညီညာညာ ဒို့ အလံတော်အောက်ကို ၀င်ကာချီ
ဒို့ ကျောင်းသားတွေ ညီကြမည်။

တိုင်းပြည်ကို ရှေ့ ဆောင်ကာ ဒို့ ကျောင်းသားတွေသည်
စံနမူနာအတည် ကျောင်းသားသမဂ္ဂ ဖြစ်သည်
ကမ္ဘာတစ်ဝှမ်းမှာ ဗမာစွမ်းတာ မော်ကွန်းတင်ပါမည်
ဒို့ တစ်တွေ သွေးစည်းမည်။

အစအဆုံး..ကြည့်ချင် ရင်…...

Saturday, July 28, 2007

၈၈၈၈ အရေးတော်ပုံကြီးမှတ်တမ်းတင် ဗွီဒီယိုခွေအား download လုပ်နိုင်ပါပြီ။

အောက်ဖေါ်ပြပါ လင့်ခ်များတွင် ရယူနိုင်ပါသည်။

အပိုင်း (၁)၊
အပိုင်း (၂)၊
အပိုင်း (၃)၊
အပိုင်း (၄)၊
အပိုင်း (၅)၊
အပိုင်း (၆)။

၈၈၈၈ အရေးတော်ပုံကြီးမှတ်တမ်းတင် ဗွီဒီယိုခွေဖြင့် မြန်မာပြည် အာဏာရှင်စနစ်ဆန့် ကျင်ရေးနှင့် ဒီမိုကရေစီရရှိရေးတိုက်ပွဲကြီးအတွင်း ကျဆုံးခဲ့သော ခောတ်အဆက်ဆက်မှ ကျောင်းသားပြည်သူ ရဟန်းရှင်လူအပေါင်းအား ဦးညွတ်ဂုဏ်ပြုအပ်ပါသည်။

၈၈၈၈ အရေးတော်ပုံကြီးမှတ်တမ်းတင် ဗွီဒီယိုခွေအား အခမဲ့ လွတ်လပ်စွာ ဖြန့် ချီ ကြည့်ရှုနိုင်ပါကြောင်းနှင့် မြန်မာပြည်သူပြည်သားအပေါင်းတို့  သိရှိနိုင်ကြစေရန်အတွက် လက်ဆင့်ကမ်း အသိပေးကြပေးပါရန် အတူးမေတ္တာရပ်ခံပန်ကြားအပ်ပါသည်။

အစအဆုံး..ကြည့်ချင် ရင်…...

Friday, July 27, 2007

၈၈၈၈ အရေးတော်ပုံကြီး မှတ်တမ်း (အပိုင်း - ၆)

အစအဆုံး..ကြည့်ချင် ရင်…...

၈၈၈၈ အရေးတော်ပုံကြီး မှတ်တမ်း (အပိုင်း - ၅)

အစအဆုံး..ကြည့်ချင် ရင်…...

၈၈၈၈ အရေးတော်ပုံကြီး မှတ်တမ်း (အပိုင်း - ၄)

အစအဆုံး..ကြည့်ချင် ရင်…...

၈၈၈၈ အရေးတော်ပုံကြီး မှတ်တမ်း (အပိုင်း - ၃)

အစအဆုံး..ကြည့်ချင် ရင်…...

၈၈၈၈ အရေးတော်ပုံကြီး မှတ်တမ်း (အပိုင်း - ၂)

အစအဆုံး..ကြည့်ချင် ရင်…...

Thursday, July 26, 2007

၈၈၈၈ အရေးတော်ပုံကြီးမှတ်တမ်းတင် ဗွီဒီယိုခွေ

၈၈၈၈ အရေးတော်ပုံကြီး မှတ်တမ်း (အပိုင်း - ၁)

အစအဆုံး..ကြည့်ချင် ရင်…...

၁၉၈၈ခုနှစ် (ရှစ်လေးလုံးအရေးတော်ပုံကြီး မှတ်တမ်းဓါတ်ပုံများ)



















































အစအဆုံး..ကြည့်ချင် ရင်…...

Tuesday, July 24, 2007

နအဖသတင်းစာက ပြောတယ်၊ သန်းရွှေလူသတ်သမားတဲ့။

နအဖရဲ့ မြန်မာတိုင်းမ်စ် (TIMES) အင်္ဂလိပ်လိုထုတ်တဲ့ထဲမှာ "Killer Than Shwe" ဆိုပြီး ရေးထားတယ် ဆိုပါလား။

ရေးထားတဲ့ -

Feel Relaxed, Enjoy Everything, Dance On Minutes!

ဆိုတဲ့ ကဗျာလေးမှာလည်း FREEDOM ဆိုပြီး ဖေါ်ပြထားပါသတဲ့။


















တနင်္လာနေ့ ထုတ် နအဖပိုင် မြန်မာတိုင်းမ်စ် (Myanmar Times) အင်္ဂလိပ်ဘာသာ သတင်းစာထဲမှာ သန်းရွှေလူသတ်သမားလို့  ရေးထားပါတယ်။

ခရီးသွားလုပ်ငန်းကြော်ငြာ ထည့်တဲ့ထဲမှာ ပါတာပါ။ စကန်းဒီနေးဗီးယားနိုင်ငံ တွေကနေ မြန်မာနိုင်ငံကို တိုးရစ်ခေါ်တဲ့ကြော်ငြာမှာ အုန်းပင်လေးနဲ့  နေလုံးဖေါ်ပြထားပါတယ်။

စာသားက "beautiful country and friendly people." ရေးထားပါတယ်။ ပြီးတော့ အောက်ဖက်မှာ "Ewhsnahtrellik." ဆိုပြီး ဒိန်းမတ်ဘာသာစကားလိုလိုနဲ့ ရေးထားတာပါ။ အဲဒီစကားလုံးကို ပြောင်းပြန်ပြန်ဖတ်ရင် "killer than shwE." လို့ တွေ့ မှာပါ။

စစ်အစိုးရတွေကို ဒီလိုမျိုး လျှို့ ဝှက်စာသားလေးတွေထည့်ပြီး ပညာပေးလေ့ရှိတဲ့
Danish-based Surrend လို့ ခေါ်တဲ့  satirical art group အဖွဲ့ က ကြော်ငြာထည့်လိုက်တာပါ။

"Ewhsnahtrellik" = Killer Than Shwe ပါတဲ့ဗျား။

(http://www.iht.com/articles/ap/2007/07/23/asia/AS-GEN-Myanmar-Hidden-Protest.php)

အစအဆုံး..ကြည့်ချင် ရင်…...

အစအဆုံး..ကြည့်ချင် ရင်…...

Monday, July 23, 2007

၈၈၈၈ ဆိုတာ ပြည်သူတစ်ရပ်လုံးရဲ့ အသံပါ။

အစအဆုံး..ကြည့်ချင် ရင်…...

Saturday, July 21, 2007

ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) က နအဖ၏ အတုအယောင်ညီလာခံတွင် တောင်းဆိုချက်။













အစအဆုံး..ကြည့်ချင် ရင်…...

Friday, July 20, 2007


အစအဆုံး..ကြည့်ချင် ရင်…...

Tuesday, July 17, 2007


အစအဆုံး..ကြည့်ချင် ရင်…...

Sunday, July 15, 2007

ပြည်တွင်းပြည်ပ မြန်မာလူငယ်များ၏ အထူးကြေညာချက်များ

အစအဆုံး..ကြည့်ချင် ရင်…...

Martyrs’ Day (July 19)

အာဇာနည်နေ့  (ဇူလိုင် ၁၉)

အစအဆုံး..ကြည့်ချင် ရင်…...

Thursday, July 12, 2007

ဗိုလ်ချုပ်က ဒီလိုမိန့်ခဲ့တယ်။

(ပင်လုံညီလာခံ ညစာထမင်းစားပွဲကြီး၌ ပြောကြားခဲ့သော ဗိုလ်ချုပ်၏ မိန့်ခွန်းစကား။)

ယခု အစည်းအဝေးကြီးမှာ ရာထူးအားဖြင့် ကျွန်တော်အကြီးဆုံးဖြစ်သော်လည်း အသက်အားဖြင့် အငယ် ဆုံးဖြစ်ပါတယ်၊ ကျွန်တော်ဒီကို ရောက်လာတဲ့ ကိစ္စ နားလည်တာ တစ်ခုပဲရှိပါတယ်။ဘာလဲဆိုရင် ဗမာပြည် လွတ်လပ်စေချင်တယ်၊ ညီညွတ်စေချင်တယ်၊ဒီဟာပါပဲ။တိုင်းပြည်လွတ်လပ်အောင် ညီညွတ်အောင် ကြီးပွား အောင်ဘယ်လိုလုပ်ရမလဲဆိုတာကို လွန်ခဲ့တဲ့ ၁၀-နှစ်လောက်ကစပြီး ကြိုးစားလာခဲ့ပါတယ်။နောက်လဲ ကြိုးစား ပါဦးမယ်၊လုံးလုံးလွတ်လပ်တဲ့ ကိစ္စ ပြီးပြတ်သည်အထိ ကြိုးစားပါမယ်။

တစ်ခုနားလည်ထားကြဖို့အချက်က ယခုခေတ်ကမ္ဘာကြီးအခြေအနေမှာ ဘယ် တိုင်းပြည်မဆို ကိုယ့်တိုင်း ပြည်တပြည်တည်း အထီးထီးနေနိုင်တဲ့အခြေမျိုး မရနိုင်ကြဘူး၊တစ်ပြည်နှင့်တစ်ပြည် ပေါင်းစပ်အမှီသဟဲရှိမှ နေနိုင်ကြမယ်ဆို တဲ့ အချက်ပါပဲ။

နောက်တစ်ချက်က လူမျိုးရေးအကြောင်းကို ပြောလိုပါတယ်။လူမျိုးရေးဆိုတာ မှာလည်း ရှေးခေတ်ကဟစ်အော် လာကြတဲ့ (အမျိုး-ဘာသာ-သာသနာ-ပညာ) ဆိုတဲ့ စကာမျိုးကို လက်ကိုင်အသုံးပြုလို့ မလုံလောက် တော့ဘူး။ အမျိုး ဆိုရာမှာ ဘယ်လိုအမျိုးကို တည်ရမလဲ၊ဗမာ၊ကရင်၊ကချင်၊ချင်းနှင့် အခြားအမျိုးများ လည်းရှိ သေးတယ်၊ အခြားနိုင်ငံများကိုကြည့်လိုက်ရင် ဗမာပြည်မှာလို တိုင်းရင်းသား အများရှိတာကို တွေ့နိုင်ပါတယ်။

တရုတ်ပြည်၊ဂျပန်ပြည်နှင့်ရုရှားပြည်တို့မှာလည်း ဒီအတိုင်းပါပဲ။အမေရိကန်ပြည်မှာ အင်္ဂလိပ်စကားကို ပြောကြ သော် လည်း အင်္ဂလိပ်၊အီတလီစတဲ့ လူအမျိုးမျိုးတို့ စုပေါင်းပြီး လူမျိုးတစ်မျိုးဖြစ်အောင် ထူထောင် လျက် သူတို့ ကိုယ်ကို အမေရိကန်လို့ဆိုကြတာပဲ။ဒါ့ကြောင့် လူမျိုးရေးအားဖြင့်ကြည့်လျှင် အမျိုးတမျိုးတည်းကို လိပ်ခဲတည်း လည်းစွဲပြီး ယူဆလို့မဖြစ်နိုင်တော့ဘူး၊ ဘာသာစကား ပင် တူသော်လည်း လူမျိုး ခြားနားမှု လည်းရှိပါတယ်။ ဘာသာ မတူ သော်လည်း လူမျိုးသီးခြား ဖြစ်နေတာလည်း ရှိပါတယ်။ ဥပမာ-အမေရိကန်ကိုကြည့်လျှင် လူ တစ်မျိုး ဖြစ်သော်လည်း ဘာသာ စကားတူ ပါတယ်။ရုရှားပြည် မှာဆိုရင် ဘာသာစကား အမျိုးပေါင်း များစွာ ကွဲပြား သော်လည်း လူမျိုးကတော့ တစ်မျိုးတည်းဖြစ်ပါတယ်။ သာသနာဆိုတာကတော့ ကိုယ်ကိုးကွယ်ချင်တဲ့ ဘာသာ၊သာသနာကို ကိုးကွယ်နိုင်ကြတာပဲ။ ဗမာပြည်မှာ လူများစုက ဗုဒ္ဓဘာသာဖြစ်ပေမယ့် ခရစ်ယာန် ဘာ သာကိုးကွယ်သူ၊ မဟာမေဒင် ကိုးကွယ်သူ၊ နတ်ကိုးကွယ်သူ အမျိုးမျိုး ရှိတာပဲ။ ဒီတော့ ဒါတွေကိုစွဲပြီး လူမျိုးရေး တရားလုပ်လို့ မဖြစ်နိုင်ဘူး။

စစ်ကြီးအတွင်းက ကျွန်တော် စစ်ဝန်ကြီးလုပ်တုန်းမှာ ကရင်အမျိုးသားတပ်ရင်း စွဲ ဖွဲ့တဲ့အခါမှာ ထမင်းစားပွဲ တစ်ခုမှာ ကရင်စစ်သားတစ်ယောက်က လူမျိုးအ ချင်းချင်း ညီညွတ်ဖို့ပြောတဲ့အခါမှာ (ဗမာကဖဲရိုက်-ကရင်က ငါးမျှား )ဆိုတာ လို အတူတူပါပဲလို့ပြောတာကို သတိရမိပါတယ်။ကိုယ့်ဒေသအလိုက် ကိုယ်ယုံ ကြည်တာ ကိုယ် ကိုးကွယ်နေထိုင် ကြပြီး တတိုင်းတပြည်လုံး နဲ့ သက်ဆိုင်တဲ့ကိစ္စ ကြီးမျိုး မှာ ညီညီညွတ်ညွတ် လုပ်ကြရင် ဒါဟာ တစ်မျိုးတည်း လို့ ယူဆရမှာပဲ။

အ ချင်းချင်း သဘော ကွဲလွဲမှုမျိုး ဆိုတာကတော့ နည်းနည်းပါးပါး တော့ရှိ မှာ ပဲ။ ဒါ ပေမယ့် သူတစ်ပါးနိုင်ငံ က ကိုယ့်နိုင်ငံကို လာရောက်စော်ကား လို့ အသက် ကိုစွန့်ပြီး မလျှော့

ာကွယ်တိုက်ခိုက်ကြတာမျိုးကတော့ အားလုံး နဲ့သက်ဆိုင်တဲ့ အလုပ်မျိုးဖြစ်တာပဲ၊တိုက်ခိုက်ကြတဲ့အခါမှာလည်း စစ်

ပတိ ဟာကရင် ဖြစ်ရင် လည်း ဖြစ်မယ်၊ချင်းကချင်ဖြစ်ရင်လည်းဖြစ်မယ်၊ဘယ်သူဖြစ်ဖြစ် တစ်မိန့်ထဲ လိုက်နာကြရမှာပဲ။

တစ်တိုင်းပြည် လုံး ကြီးပွား စေချင်ရင် လူအားငွေအားပစ္စည်းအားနဲ့ စုပေါင်းပြီးအင်တိုက်အားတိုက် လုပ်နိုင်မှ အကျိုးခံစား ခွင့် ရှိကြမှာပဲ။ ဗမာကတစ်မျိုး၊ကရင်ကတစ်ဖုံ၊ ရှမ်းကချင် ချင်းတို့ကတခြား အကွဲကွဲအပြား ပြားလုပ် နေကြရင်ဖြင့် အကျိုးရှိမှာမဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုး ရှိနိုင်မယ်။ လုပ်ကြည့်မှ လည်း အကျိုး ရှိကြောင်း သိနိုင် မယ်။ ပထမတော့ ကျုပ်တို့အဆင်းရဲခံရမယ်။ ယခုအခါ အင်္ဂလန်ပြည်မှာ အစား အသောက်၊ အ၀တ်အထည် များ မှစ လို့ အတော် ချွေတာ ပြီး အဆင်းရဲ ခံနေကြတယ်။ ဒါ ဘာလဲ ဆိုရင် တစ်ပြည်လုံး အတွက် အကျိုး ရှိ အောင်လုပ် နေကြတာဖြစ်တယ်။ဒီထက်ပိုပြီး ခရီး ရောက်အောင် ဆောင်ရွက်ချက်တစ်ခုထားဖို့ နားလည် စေ ချင်တာက အင် ဒိုချိုင်းနား၊ အင်ဒိုနီးရှား စတဲ့ အရှေ့ဘက် နိုင်ငံများ စုပေါင်း ဆောင်ရွက် နိုင်တဲ့အား ဖြစ်တယ်။ အဲဒီအား မျိုးရှိရင် တော့ ကမ္ဘာ့ထိပ်တန်း အခြေဆိုက်ရောက်နိုင်မှာပဲ။

နောက်ဆုံး ကျုပ်ပြောချင်တာက အင်္ဂလိပ်နဲ့ ကျုပ်တို့ဟာ (ကျွန်နဲ့သခင်)ဘ၀ မျိုးတွင် မတည့်နိုင်ကြပေမယ့် လွတ်လပ်တဲ့ဘ၀မျိုးဖြစ်ရင် မိတ်ဆွေအဖြစ် ချစ်ခင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

အစအဆုံး..ကြည့်ချင် ရင်…...

Wednesday, July 11, 2007

သူရဲကောင်းတစ်ယောက် အရေးတကြီးလိုသည်

စစ်ဝန်ကြီးရုံးတော်နေ့ စွဲ။ ၂၉-၁၂-၄၄အချိန်။ ၃၊ ၃၀ နာရီ

ယခုအခါ တပ်မတော် နှင့် ပါတ်သက် ၍ သတင်း အမျိုးမျိုး နိုင်ငံနှင့် အ၀ှမ်း တွင် ဖြစ်ပွား နေသည် ဟု ကျွန်ုပ် တို့ ကြားသိ ရပေသည်။
စစ် ဖြစ် နေသော အချိန် အခါ အတွင်း တွင် သော်၎င်း၊ နိုင်ငံ မငြိမ် မသက် ဖြစ် နေစဉ် အခါသော်၎င်း၊ အချင်း ဖြစ်ပွား နေသူ အချင်းချင်း တစ်ဦး၏ အတွင်းရေးကို ရှု ပ်ထွေးပွေလိမ် စေရန် ကောလ ဟာလ သတင်း အမျိုး မျိုး ဖြန့် ချီ ခြင်း သည် လုပ် နေကျ ပရိယာယ် ပင် ဖြစ် သည်။ လက်ရုံး ရည် တိုက်ပွဲ ဖြစ်စေ နှလုံးရည် တိုက်ပွဲ ဖြစ်စေ ရန်သူ ကို အတွင်းရေး အား ဖြင့် ဖျက်စီး ပြီး နောက် ရန်သူ အား တိုက်ခိုက်ခြင်း သည် အောင်မြင်ရာ အောင်မြင်ကြောင်း အတွက် အလွယ် ကူ ဆုံး ပင် ဖြစ်သည်။

ဂျာမဏီ ခေါင်းဆောင် ဟစ်တလာ သည်၎င်း၊ အနောက် နိုင်ငံ စစ် ၀ိဇ္ဇာ များ ကသော်၎င်း၊ ကမ္ဘာ့ကျမ်းစာကြီး များ ဖြစ် ကြသော တစ်ရုပ် နိုင်ငံ ဆွန်းဆူး အစ ရှိ သော ပုဂ္ဂိုလ်တို့  ၏ အရေး အသား တွင်၎င်း၊ အိန္ဒိယ နိုင်ငံ ဟိတော ပဒေသာသ ကျမ်း အမျိုးမျိုး တွင် သော်၎င်း၊ ဗမာ့ သေနင်္ဂ ဗျူဟာ ကျမ်း များ တွင် သော်၎င်း၊ ရန်သူ ကို စစ်အား ဖြင့် မတိုက်ခိုက် ပဲ ပရိယာယ် အား ဖြင့် တိုက်ခိုက် ၍ အောင်နိုင် ခြင်း သည် အကောင်းဆုံး ဖြစ်ရာ ၏ ဟု မြွက်ဟ ထား ကြ ရာ ယခု အခါ ဤ ခေတ် ပြောင်း ကမ္ဘာ စစ် ကြီး တွင် ကျွန်ုပ် တို့ ၏ ရန်သူ များသည် ကျွန်ုပ်တို့ ၏ အတွင်း အင်အား ကို ပျက်စေ ၍ အသာတ ကြည် ကျွန်ုပ် တို့ အပေါ် အနိုင်ယူရန် ကြိုးစားကြမည် မှာ မုချ မလွဲ ပေ။ သို့ ဖြစ်၍ ဗမာ တပ်မတော် နှင့် ပတ်သက် ပြီး သတင်းအမျိုး မျိုး ကိုကျွန်ုပ် တို့ ကြား ရသော အခါ ပထမစစ်တွင် ကျွန်ုပ်တို

့သည် ခွေးဟောင်တိုင်း ထမကြည့်နိုင် ဆိုသည့်စကားပုံရိုင်းရိုင်းအတိုင်း လျစ်လျူ ရှု ခဲ့ ပေသည်။ သို့ သော်လည်း အများ ပြည်သူပြည်သား များအား သေချာစွာ သိရှိနားလည်စေရန် ယခုတခါ တည်း ကျွန်ုပ်တို့ ၏ ရှင်းလင်းချက် ကြေညာစာတမ်း ကို ထုတ်ပြန်လိုက်ပေကြောင်း။

ယခုအခါ ကျွန်ုပ် တို့ တပ်မတော် ကို အားထား ကြသူ ဖြစ်စေ၊ မ လိုလား သူ ဖြစ်စေ၊ ကျွန်ုပ် တို့ တပ်မတော် ကို ထင်မြင် ယူဆပုံတို့ မှာမှန်ကန်သော အထင်အမြင်မရကြ ပဲ ရှိ ကြသည် ကိုကျွန်ုပ်တို့ သိရှိတန် သလောက် သိရှိ ရပေ သည်။ ထို့ ကြောင့် ကျွန်ုပ်တို့  တပ်မတော် သည် မည်ကဲ့ သို့ တပ်မတော် ဖြစ်သည် ဆိုသည်ကို တိုင်း သူ ပြည်သား အများအား သေချာစွာသိရှိ နားလည်စေရန် အောက်ပါ အချက်များကို ကျွန်ုပ်တို့ ထုတ်ပြန်လိုက်ရ ပေကြောင်း။
ကျွန်ုပ် တို့ တပ်မတော်အား ကျွန်ုပ်တို့ သည် အောက်ပါညွန်ကြားချက် အမိန့်များကိုရှင်းလင်း ပြတ်သားစွာ အစ ကနဦးကပင် ထုတ် ပြန်ထားပြီး ဖြစ်ကြောင်း ကို ညွန်ကြားချက်ထဲ မှ ကျွန်ုပ်တို့ သည်အောက်ပါ အချက်များကို အများ ပြည်သူ တို့ သိရှိရန် ဖေါ် ပြ လိုက် ပေ ကြောင်း။
(၁) ငါတို့ တပ်မတော်သည် ပြည်သူများမှ ဖြစ်ပေါ်လာ၍ ပြည်သူများ ၏ လွတ်လပ်ရေးနှင့် ပြည်သူများ၏အကျိုး စီးပွား ကို စောင့်ရှောက် ကာကွယ်ရန် ဖြစ် သည်။ ထို့ ကြောင့် ငါ တို့  တပ်မတော် သည် ပြည်သူ့ တပ်မတော်ဖြစ်သည်။ ပြည်သူများ နှင့် ကွဲပြား နေ ၍ ပြည်သူများ ၏ အကျိုး ကိုကာကွယ်ရင်း မရှိသောတပ်မတော်မျိုး ဟုတ်၊ ပြည်သူ့ တပ်မတော်သည် ပြည်သူ များတွင် အခြေခံ၍ ပြည်သူများ နှင့်အဆက်ဖြတ်ကာ ကွဲပြား ခြားနား ခြင်း မ ရှိ၊ အမြဲ ဆက်စပ်နေ၍ ပြည်သူများနှင့် တသားတည်း ရှိသည်၊ ပြည်သူ့ တပ်မတော်သည် ပြည်သူတို့၏ လက်ရုံး လက်သီး ပြည်သူများ ၏ ဓါးသွား ဖြစ် စေရ မည်။ ထို လက်ရုံး၊ လက်သီး၊ ဓါးသွား သည် ပြည်သူ များ ၏ ရန်သူ ကို တွန်းလှန်ရန် ဖြစ်သည်။ ထိုလက်ရုံး၊ လက်သီး၊ ဓါးသွား သည် ပြည်သူများ၏ အကျိုးကို ကာကွယ် ရန် ဖြစ်သည်။
ထို့ ကြောင့် ပြည်သူ့ တပ်မတော်သားများ ဖြစ်ကြ သော ရဲဘော်တို့  ပြည်သူ့ တပ်မတော် သားပီပီအောက်ပါ အချက် များကို ကျင့်ကြံ ရမည် ။
(၁) ပြည်သူပြည်သား အပေါင်း တို့ အား အရာရှိ၊ အရာမဲ့ ၊ လူကြီး၊ လူငယ် ယောက်ျား မိန်းမ လူမျိုး ဘာသာ မရွေး ဆက်ဆံ တတ်ပါစေ၊ ဖေါ်ရွေ ကြပါ၊ ယဉ်ကျေး ကြပါ၊ ကိုယ့် အမှား မရှိ ပါစေ နှင့် တရား မျှတ ကြပါ၊ ကြင်နာကြပါ၊ လေးစားကြပါ။
(၂) ကိုယ် နှင့် မဆိုင် တဲ့  အခြား သူ ၏ အလုပ် ကို အနှောက် အယှက် မပြု ပါနှင့်၊ သို့ သော် ကိုယ့် ၀တ္တရား အချိန်တွင် မည်သူမဆို ကူညီနိုင်သမျှ ကူညီပါ၊ ကူညီ ရာ တွင် တရား နည်းလမ်းကျ ပါစေ။

(၃) ဗမာ မဟုတ် သော နိုင်ငံ တွင်း ရှိ လူမျိုး စုများ ကို ငါတို့ တပ် တွင် ၄င်း၊ ပြင်ပ သော် ၄င်း၊ ဆွေမျိုး ရင်းချာ ကဲ့ သို့ သဘော ထားပါ၊ ၄င်းတို့ အလေ့ အထ ဘာသာအတိုင်း ကိုးကွယ်ခြင်း၊ ပြောဆို ခြင်း၊ ၀တ်စား နေထိုင် ခြင်း အစရှိသည် တို့ ကိုမကဲ့ ရဲ့ ပါ နှင့်။ မနောက် ပြောင် ပါနှင့်၊ မနှောက် ယှက် ပါ နှင့် ၄င်း တို့ မခံချင်မည့် အ ပြောအဆို အသုံးအနှုံး ကိုရှောင်ကြဉ်ပါ၊ ၄င်း တို့ ကို ကူညီနိင်လျင်ကူညီပါ။

(က) အ ရက်မူး မရမ်းကား ရ

(ခ) မိန်းမ များ ကို ကျူးလွန် စော်ကား ခြင်း မ ပြု ရ။

(ဂ) လုယက် မ ခိုးဝှက် ရ။

(ဃ) တည်းခို သော အိမ်ယာ များ တွင် အခွင့် တောင်း ပြီး မှ ၀င် ရမည်။ နေထိုင်စဉ် အခါ ညစ်ညစ် ညမ်းညမ်း မနေထိုင် ပဲ သန့် သန့် ရှင်းရှင်း နေထိုင် ရမည်။ အိမ် မှ ထွက်ခွာသော အခါ တွင်လည်း အပျက်အစီး များ ရှိက မိမိ ကြောင့် ဖြစ်လျှင် အစား ထိုး ပေး ခြင်း၊ လျော်ကြေး ပေးခြင်း ပြု ရမည်။

(င) တန်ရာ တန်ဘိုး မပေး ပဲ မ၀ယ် ပါ နှင့်။

(စ) ချေးငှား ထား သော အရာ ကို ဆက်ဆက် ပြန် ပေး ပါ ရန် မမေ့ ပါ နှင့်။

(ဆ) အထက် အမိန့် မရပဲ ပစ္စည်း အတင်း မသိမ်း ပါနှင်။့ အထက် အမိန့် အ ရ သိမ်းရ စေကာ မူ မဖွယ်မရာ မယဉ် မကျေးမပြု ပါနှင့်၊ အများ မခံနိုင် အောင်မလုပ် ပါနှင့်။

(ဇ) လူ မျိုး အချင်းချင်း၎င်း၊ ကိုးကွယ် သည့် ဘာသာရေး နှင့် ပါတ်သက် ၍ ၄င်း၊ သွေး ကွဲ သည့် အလုပ်၊ မုန်း တီးစေမည့် အ လုပ် ကို မလုပ် ပါနှင့်။
အထက် ပါ အတိုင်း ကျွန်ုပ် တို့ သည် ကျွန်ုပ်တို့ တပ်မတော် အား စည်းကမ်း များပြုလုပ် ပညတ် ထား ပြီ ဖြစ် ကြောင်း၊ သို့ သော်လည်း တချို့ တချို့ သောတပ်မတော်သား များ သည် ၄င်း၊ တပ်မတော်သားများ အ ယောင်

ဆောင် ကြသော အရပ်သား များသည် ၄င်း၊ ကျွန်ုပ်တို့  ရည် ရွယ်ချက် ၀ါဒ စည်းမျဉ်း နှင့် ဆန့် ကျင် ၍ ပြု လုပ် နေ ကြ ပုံ ကို ကျွန်ုပ် တို့ ရံဖန် ရံခါ ကြား သိ ရ ပေ ကြောင်း။ ထို ကဲ့ သို့ အမှု ကိစ္စ မျိုး ကို ကြားသိ ရသော ပြည်သူ အပေါင်း တို့ သည် ကျွန်ုပ်တို့  အားသိရှိသည်နှင့် တ ပြိုင် နက် လာရောက် အကြောင်းကြား

တိုင်ကြား စေလို ကြောင်း။
ကျွန်ုပ် တို့ တပ်မတော် သည် အဓမ္မနှိပ်စက်ခြင်း၊ သွေး စုပ်ခြင်း အတွက် မည်သည့် အခါ မျှ ရည် ရွယ်ခြင်း မရှိ၊ ထို ကဲ့သို့ ကျွန်ုပ်တို့ ရည်ရွယ်ချက် နှင့် ဆန့် ကျင်သော မည်သူ ကို မဆို ကျွန်ုပ် တို့ အား လာရောက် တိုင်ကြား က ကျွန်ုပ် တို့ အရေးယူ နိုင်သူ မှန် သမျှ ကို ထိရောက် စွာ အ ရေး ယူ မည် ဖြစ် ကြောင်း။
ယခုထိ ကျွန်ုပ် တို့ သည် ပစ္စည်းများ ရရန် သိမ်းယူ ခြင်း မပြု သေးကြောင်း၊ အကယ် ၍ နောက်ဆုံး သိမ်းယူရ မည် ဆို လျှင်လည်း ကျွန်ုပ်တို့ တွင် မရှိမဖြစ်မှ သိမ်းယူမည် ဖြစ် ကြောင်း။ ထိုကဲ့ သို့ သိမ်းယူ ရာတွင်

လည်း စံနစ် တကျ ပြု၍ တရား မျှတစွာ ဖြစ်အောင် ကျွန်ုပ် တို့ ကြိုးစားမည် ဖြစ် ကြောင်း၊ ထိုကဲ့ သို့ သိမ်းယူ ခြင်းမှာ လည်း အ မှန်စင်စစ် အား ဖြင့် ဗမာနိုင်ငံ ဗမာလူမျိုး အတွက် ပင် ဖြစ်ရာ တစ်ကိုယ်ကောင်း တစ် စု ကောင်း အတွက် သိမ်းယူခြင်း၊ တပ်မတော် နာမည်ကိုအလွဲသုံးစား ပြု ၍၊ ရောင်ခြည်တော် နှင့်ရောနှော ၍၄င်း၊ သိမ်း ဆည်းခြင်းများကို ကျွန်ုပ်တို့ အလျှဉ်း သဘောမတူ၊ ထို့ ကြောင့်အကယ်၍ကျွန်ုပ်တို့ ပစ္စည်းသိမ်းခြင်း တနေ့ 

နေ့ ပြုသည်ရှိသော် ဤကဲ့ သို့ အကြောင်းအရာများ ပေါ်ပေါက် ကကျွန်ုပ်တို့ အား သတင်းပေးကြစေလို ကြောင်း။
အကယ် ၍ သိမ်းယူနေသူများ ပေါ်ပေါက်ခဲ့ သော် ကျွန်ုပ် တို့ တပ်မတော် မှဟုတ်သည် မဟုတ် သည်ကို စုံ စမ်း ရန် ကျွန်ုပ် တို့ ထံလာရောက်တိုင်ကြား စေလိုကြောင်း။ဗမာ့ တပ်မတော်နှင့်ပါတ်သက်၍ အကျိုးလိုယောင် နှင့် ဗမာ့ တပ်မတော် များပျက်စီးရာပျက်စီး ကြောင်း စကားများကို လည်းကျွန်ုပ်တို့ ကြားသိရပေကြောင်း။ ဤကိစ္စ များနှင့် ပါတ်သက် ၍ ကျွန်ုပ် တို့ အတိ အလင်းကျေညာ လို သည် မှာ ကျွန်ုပ် တို့ တပ်မတော်သည် မည်သည့် ရန်သူ၏ ပဉ္စမံ တပ်သား အလိုတော်ရိများမဟုတ်၊ ကျွန်ုပ်တို့ သည် တိုင်းပြည် လွတ် လပ်ရေး နှင့် ထိုတိုင်းပြည် လွတ်လပ် ရေး ကို ခိုင်ခိုင် မာမာ တင်းပြည့် တည်တံ့ စေ အောင် ဆောင်ရွက်ရန် ဖြစ်သောမျိုးချစ် တပ်မတော် ဖြစ်သည်။ ကျွန်ုပ်တို့ သည်ကျွန်ုပ်တို့  တိုင်းပြည်နှင့်လူမျိုးလွတ်လပ်ရေးကို ရွှေဒင်္ဂါး အစ ရှိသောကိုယ်ရေး သက် သာမှု ကလေး များအတွက် မည်သည့် အခါမဆို မည်သည့်နည်းနှင့်် မျှလဲယူမည် မဟုတ် ကြောင်း။
ကျွန်ုပ်တို့ သည် ဤ နိုင်ငံ၊ ဤ လူမျိုးများလုံးဝ လွတ်လပ်ရေး အတွက် အဆုံးထိတိုက်ခိုက်သွား မည် ဖြစ်ကြောင်း။ တိုင်းသူ ပြည်သားများ အား တိတိလင်းလင်း ကျေညာလိုက်ပေကြောင်း။

အောင်ဆန်းစစ်ဝန်ကြီး နှင့် စစ်သေနာပတိဗမာ့ လက်နက်ကိုင် စစ်တပ်များ။

ဗမာ နိုင်ငံတော် ။ ရန်ကုန် နေပြည်တော်။

အစအဆုံး..ကြည့်ချင် ရင်…...

Tuesday, July 10, 2007


အစအဆုံး..ကြည့်ချင် ရင်…...

ဗိုလ်ချုပ်အောင်ဆန်း သီချင်းများ ဒီမှာ download လုပ်နိုင်ပါသည်။

Bo Aung San, Burmese Martyrs' Day, Walk On

အစအဆုံး..ကြည့်ချင် ရင်…...

၁၉၈၈ခုနှစ်တုန်းက ပေါ်ထွက်ခဲ့တဲ့သီချင်းများကို ဒီနေရာမှာ download လုပ်ပြီး ရယူနိုင်ပါပြီ။

Song (1), Song (2), Song (3), Song (4), Song (5), Song (6), Song (7), Song (8), Song (9), Song (10)

အစအဆုံး..ကြည့်ချင် ရင်…...

Monday, July 9, 2007

အစအဆုံး..ကြည့်ချင် ရင်…...

အာဇာနည်ကြီးများကို အထူးအလေးထားကာ ဂုဏ်ပြုကြပါစို့ 

ဇူလိုင် (၁၉) ရက် နေ့ ။ ။ ခေတ် အဆက်ဆက် ပြောင်းခဲ့ သော် လည်းကမ္ဘာ ကြေ သော် လည်း ဥဒါန်း မကျေသည့် သမိုင်းဝင်နေ့ ထူး ရက်တစ်ရက်)

တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်၊
ပြောင်းကြွတမလွန်၊
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင်တစ်ဆယ့်ကိုး။

ဟူ၍ မြန်မာပြည်သူ လူထု တစ်ရပ်လုံး ရင်တွင်းဝယ် ကြေကွဲ ၀မ်းနည်း ခဲ့ ရသည်မှာ နှစ်စဉ် နှစ်တိုင်း မမေ့အပ်သော အာဇာနည်နေ့ ပင် ဖြစ်ပေသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေး တိုက်ပွဲ တွင် ပြည်သူ လူထု နှင့် တပ်မတော် အား ဦးဆောင် ကာ၊ တမျိုးသားလုံး လွတ်လပ် ဖို့  ကြိုးပမ်း ပေး ခဲ့သော ပြည်သူ လူထုတစ်ရပ်လုံးနှင့် တပ်မတော် ၏ ဖခင် အာဇာနည် ခေါင်းဆောင် ဗိုလ်ချူပ် အောင်ဆန်း ဦးဆောင်သည့် တိုင်းပြည်ခေါင်း ဆောင် များ အား အာဏာရူး အုပ်စု တစ်စုမှ လက်နက် အားကိုး ဖြင့် ၀န်ကြီး များရုံး အစည်း အဝေး ခန်း မ အတွင်း ၀င်ရောက်ပစ်ခတ်ကာ လုပ်ကြံသတ်ဖြတ် ခဲ့မှု ကြောင့် ဗိုလ်ချုပ် အောင်ဆန်း၊ ဦးဘ၀င်း၊ မန်းဘခိုင်၊ စ၀်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင် နှင့် သက်တော်စောင့် ရဲဘော်ကိုထွေး တို့  ကျဆုံး ခဲ့ရကြပါသည်။

ထို အာဇာနည်ကြီး (၉) ဦး၏ အသက် ဆုံးရှုံး မှုသည် မြန်မာနိုင်ငံ သမိုင်းဝယ် ပြည်သူလူထု နှင့်တပ်မတော်သားများ အားလုံး အဖို့  ယူကြုံးမရ ဖြစ်ကာ အထူး ကြေကွဲ ၀မ်းနည်းခဲ့ရ သောနေ့ တစ်နေ့ အဖြစ် သမိုင်း ကဗျည်း တင်ခဲ့ပါသည်။

အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးမှုသည် မြန်မာပြည် အနာဂတ် တွင် မိမိ နှင့် မိသားစု ကိုယ်ကျိုးသာ ကြည့်သော အာဏာ မက်မောသူ အာဏာရူး တို့ အတွက် ပြည်သူနှင့် တပ် မ တော် တို့ ၏ မျက်နှာကို မထောက်ပဲ တိုင်းပြည် အာဏာကို မတရား ရယူနိုင်စေရန် အခွင့်အလမ်း များ ရရှိစေခဲ့ပေသည်။

ကမ္ဘာ့နိုင်ငံ အသီးသီး တွင် မိမိတို့ တိုင်းပြည် လွတ်လပ်ရေး အား ကိုယ်ကျိုးစွန့် ပြီး အသက်ကို ပဓာန မထားပဲ၊ စွန့် လွှတ် အနစ်နာခံကာ ကြိုးပမ်းပေး ခဲ့ သူ များအား တိုင်းပြည်၏ အမျိုးသား ခေါင်းဆောင်များ အဖြစ် ထိုက်တန်စွာ ဂုဏ်ပြုလေ့ ရှိ ကြပေသည်။

မြန်မာ နိုင်ငံ တွင် ယခင်က ဆိုလျှင် ဇူလိုင်(၁၉) ရက်နေ့ ရောက်တိုင်း အာဇာနည် ကြီးများ ကျဆုံး ချိန်၌ ဥဩ ဆွဲခြင်း ဖြင့် နိုင်ငံ တ၀ှမ်း တိုင်းသူ ပြည်သား များမှ ငြိမ်သက်စွာ အလေးပြု ကြ ခြင်း၊ အာဇာနည် ခေါင်းဆောင်ကြီး များ၏ သမိုင်းဝင် မိန့် ခွန်း များ အား ရေဒီယို မှ ထုတ်လွှင့်ခြင်း၊ စာသင်ကျောင်း များနှင့်  မြို့ နယ် ရပ်ကွက် များ တွင် အာဇာနည်နေ့  အထိမ်း အမှတ် ကဗျာ ရွတ်ဆိုပွဲ၊ စာစီ စာကုံး ရေးသားမှု ပြိုင်ပွဲ များ ကျင်းပ ခြင်း တို့ ကို နှစ်စဉ် မပျက် ပြုလုပ် ခဲ့ ကြ သော်လည်း၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး ကောင်စီမှ မတရား အာဏာ သိမ်းပိုက် သည့် အချိန်မှ စတင် ကာ၊ ယခု လက်ရှိ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ ဖြိုး တိုးတက် ရေး ကောင်စီ ဟု အမည် တပ် ထားသော နအဖ သည် ပြည်သူ နှင့် တပ်မတော် ၏ ဂုဏ် ကျေးဇူး ကို မထောက် ပဲ မိမိကိုယ်ကျိုး တခုတည်း ကို သာ ကြည့်လျက် အာဇာနည်နေ့  အား မေ့ပျောက် ရန် ကြိုးပမ်း လျက် ရှိသည်။

တပ်မတော် ကို ခုတုံး လုပ်ကာ ပြည်သူ့  အာဏာ ကို မတရား လိမ်လည် ရယူ ထားသော ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ နှင့် မိသားစု မှာ လည်း ၄င်းတို့  ချယ်လှယ် နေလိုက်ချိန် တွင် ကျဆုံး လေပြီးသော အမျိုးသား အာဇာနည် ကြီး များ အား အလေးထား ဂုဏ်ပြုခြင်း များ ကို မှန်မှန် ကန်ကန် ပြုလုပ် ရန်ဝေးစွ၊ တပ်မတော် နှင့် ပြည်သူ လူထု ၏ လွတ်လပ်ရေး သမိုင်းမှန် ကို လည်းကောင်း၊ အာဇာနည် ခေါင်းဆောင် ကြီး များ ၏ သမိုင်းကြောင်း ကို လည်းကောင်း ဖျောက် ဖျက် ရန် ကြိုးစား လျက် ရှိပေသည်။

အဆိုပါ အာဇာနည်ခေါင်းဆောင်ကြီးများ၏ သမိုင်းတွင် လှုပ်ရှားမှုခဲ့မှုများ အား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သည် အထူး တလည် ဖော်ကျုးခြင်း မရှိသည့်အပြင်၊ မူလ ကတည်း က တည်ရှိ နေခဲ့ သော အာဇာနည် ခေါင်းဆောင်ကြီး များ ၏ ပုံရိပ်လွှာများ အား တဖြည်းဖြည်းချင်းပျောက်ကွယ် စေရန် လုပ်ဆောင် လျက် ရှိပေသည်။

အာဇာနည်ကြီး များ၏ ရုပ်ကလာပ် တည်ရှိရာ အာဇာနည်ကုန်း ဗိမာန်တွင် ခေတ် အဆက်ဆက် က အုပ်ချုပ်ခဲ့ကြသော နိုင်ငံတော် အကြီးအကဲများဖြစ်ကြသည့် သမ္မတ၊ ၀န်ကြီးချူပ်၊ ၀န်ကြီးများသည် အာဇာနည်နေ့ ရောက်တိုင်း နိုင်ငံတော် အခမ်းအနား ဖြင့် ကိုယ်တိုင် ကိုယ်ကျ သွားရောက် ကာ ဂုဏ်ပြု ဦးညွတ်လေ့ ရှိ ခဲ့ ကြသော်လည်း၊ ယခု အခါ တွင်မူ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေသည် ပြည်သူ နှင့် တပ်မတော် ၏ ခေါင်းဆောင်ကြီး များအား ဟန်ဆောင် ဂုဏ်ပြု ရန်အတွက် သာမန် လက်အောက်ငယ်သား ၀န်ကြီး အဆင့်မျှကိုသာ စေလွှတ် ကာ ၀တ်ကျေ တန်းကျေ ဆောင်ရွက်မှု သာ ပြုလုပ် လျက် ရှိ နေပေသည်။ ၄င်း ကိုယ်တိုင် သွားရောက် အလေးပြု ဂါရ၀ ပေးခြင်း မရှိပေ။

တိုင်းသူ ပြည်သား များမှ ကျဆုံး လေပြီးသော အာဇာနည်ကြီး များ အား သွားရောက် အလေး ထား ဂုဏ်ပြုရန် အတွက် အာဇာနည် ကြီး များ ၏ ရုပ်ကလပ် ရှိရာ အာဇာနည် ဂူ ဗိမာန် သို့  လွတ်လပ် စွာ သွားရောက်ခွင့် ကို နအဖ မှ ချုပ်ချယ် တားမြစ် ထားခြင်း မှာလည်း၊ လက်ရှိ တိုင်းပြည် အာဏာ ကို တရားမ၀င် ရ ယူ ထားသော မိမိ ကိုယ်ကျိုး တခုတည်း သာ ကြည့် သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ ကျဆုံးလေပြီးသော ပြည်သူ နှင့် တပ်မတော် ၏ ခေါင်း ဆောင် အာဇာနည် ကြီး များ အပေါ် မထေမဲ့မြင် ပြုလုပ်ချက် ဖြစ် ရုံ သာမက၊ တိုင်းပြည် နှင့် လူမျိုး လွတ်လပ်ရေး အတွက် အသက် စွန့် လွှတ် ခဲ့ကြသော အာဇာနည် ကြီး များ ၏ ဂုဏ် ကျေးဇူး ကိုလည်း စော်ကား ရာ လည်း ရောက် ပါသည်။

ယခု အခါ တွင် နောင်လာ နောက်သား မျိုးဆက်သစ် များမှာ ကျဆုံးသွားသော အာဇာနည်ကြီး (၉) ဦး အကြောင်းအား သိရှိရန် ဝေးစွ၊ မြန်မာ့ တပ်မတော် စတင် ထူထောင်ခဲ့ သူ တပ်မတော် ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကို ပင်လျှင် သေချာစွာ မသိရှိ ကြ တော့သော အခြေ အနေသို့  ရောက် ရှိလာသည် ကို ရင်နင့် ဖွယ် တွေ့ ရှိ ရ ပါသည်။

သို့ ဖြစ်ပါ ၍ တပ်မတော် နှင့်ပြည်သူ တို့ ၏ ဖခင် အာဇာနည် ခေါင်းဆောင် ကြီး များအား အထူး လေးစား ဂုဏ်ပြု သော အား ဖြင့် ၄င်း ၊ တိုင်းပြည် လွတ်လပ် ရေး အတွက် ကြိုးပမ်း ပေးခဲ့ ကြ သော အာဇာနည် ကြီး များ ၏ ကျေးဇူး ကို သတိရ အောင့်မေ့ သောအား ဖြင့်၎င်း၊၊

၁။ မကြာခင် ကျရောက် မည့် အာဇာနည်နေ့  ဇူလိုင်လ (၁၉) ရက်နေ့ ၊ နံနက် (၁၀:၃၀) နာရီ တွင် မိမိတို့  ရောက်ရှိရာ ဒေသ ၌ ငြိမ်သက် စွာ အလေးပြု ကြ ပါရန်၊

၂။ လာမည့်ဇူလိုင်လ(၁၉)ရက်အာဇာနည်နေ့တွင် အဖြူရောင် အင်္ကျီများ ၀တ်ဆင်ပြီး၊ ၀မ်းနည်း သည့် အထိမ်း အမှတ် အဖြစ် အနက်ရောင် ဖဲပြားများ ရင်ဘတ် တွင် ထိုးခြင်း ပြုလုပ် ကြ ပါရန်၊

၃။ ဤအာဇာနည်နေ့တွင်ကျဆုံး လေပြီးသောအာဇာနည် ကြီး များ အား ရည်ရွယ် ပြီး ဘာသာရေး ဆိုင်ရာ ဆုတောင်း မေတ္တာ ပို့သ ခြင်း များ ပြုလုပ် ကြပါရန်၊

၎။ အများ ပြည်သူ မြင်သာသော နေရာများ နှင့် မိမိ တို့ မော်တော်ယာဉ် များ တွင် အာဇာနည်ကြီး များ ၏ ဓါတ်ပုံများ နှင့် ၀မ်းးနည်းခြင်း အထိမ်း အမှတ် ပန်းစည်း လေးများ ချိတ်ဆွဲခြင်း ပြုလုပ် ကြ ပါရန်။

၅။ တပ်မတော်နှင့်ပြည်သူလူထုခေါင်းဆောင် အာဇာနည်ကြီး များ ၏ မော်ကွန်းဝင် သမိုင်း ကို ဖုံးကွယ် ဖျောက်ဖျက် ခြင်း ပြုလုပ် နေသော ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ နှင့် မိသားစု အား ကန့် ကွက် သောအားဖြင့် ( ပြည်သူ့  ငွေကြေး များ ဖြင့် အလွဲ သုံးစား လုပ်ကာ ပိုင်ဆိုင် လျက် ရှိသော) ၄င်း တို့ ၏ စားသောက် ဆိုင် များ လုပ်ငန်း များအားအာဇာနည် နေ့ မှ စတင်ကာ လုံးဝ အားပေးခြင်း မပြုလုပ် ကြဘဲ ဆန့် ကျင် သပိတ်မှောက် ကြပါရန်၊

အမျိုးသား ရေး စိတ်ဓါတ် အပြည့် ဖြင့် မိမိ တို့ ၏ဆန္ဒ များ အား ထုတ်ဖေါ် ပြသ ကြ ပါ ရန် အထူး တိုက်တွန်း အပ်ပါသည်။

ပြည်တွင်း ပြည်ပ မြန်မာ လူငယ်များ

အစအဆုံး..ကြည့်ချင် ရင်…...

အမျိုးသားညီလာခံ ကိုယ်စားလှယ်တော်ကြီးများသို့  ပေးစာ

သို့

ညောင်နှစ်ပင် ညီလာခံ သို့ တက်ရောက် ကြမည့် ကိုယ်စားလှယ်တော်ကြီး များ ခင်ဗျား။

၆ ၊ ၇ ၊ ၂၀၀၇

ညောင်နှစ်ပင် ညီလာခံ ကို နောက်ဆုံး အ ကြိမ် အဖြစ် လာမည့် ၁၈ ရက် နေ့ တွင် စတင် ကျင်းပ တော့မည် ဖြစ်ပါသည်။ ၄င်း ညီလာခံတွင် ချမှတ် ပြီးခဲ့သော အသေးစိတ် အခြေခံ မူ များကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက် တာတွေ လုပ်သွားမည်ဟု ဗိုလ်ချုပ် ကြီး သိန်းစိန် က ပြောကြား ခဲ့ပါသည်။

၁၄ နှစ်တာ ကမ္ဘာ့ အချိန် အကြာမြင့် ဆုံး စိတ်ကြိုက် ရေးဆွဲ ခဲ့ သော်လည်း အမှား မကင်း သေး ဘဲ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက် ရ မှာ တွေ ထွက်ပေါ် လာသည်ကို ကြည့် ခြင်း အားဖြင့် ကိုယ်စားလှယ် တော်ကြီး များက အချိန် ကြာမြင့်စွာ ဆွေးနွေး အတည်ပြု ခဲ့သည့် အချက်များ အတွက် စဉ်းစားစ ရာများ ဖြစ်ပေါ် လာသလို အာမခံ ချက် မရှိသေးကြောင်း ကိုလည်း ထင်ဟပ် ပေါ်လွင် စေပါသည်။ ၄င်း ဖွဲ့စည်းပုံ ကို အတည်ပြု ပြီး နောက် ၁၀ နှစ် အတွင်း ပြင် ဆင် ခြင်း မပြု ရဟု ထည့်သွင်း ထား ခြင်း မှာ မှန်ကန်မှု ရှိ ပါမည် လား ဟု မေးခွန်း ထုတ် စရာ ဖြစ် လာ ပြီး၊ ဤ ကန့်သတ်ချက် ကြောင့် ပေါ်ပေါက် လာမည့် မလိုလား အပ်သော အကျိုး ဆက် များ ကိုလည်း မည်သူက တာဝန်ခံ ပါမည် နည်းဟု ထပ်မံ ၍ မေးခွန်း ထုတ်စရာ ဖြစ် လာပါသည်။

ဤသို့သော အမှား များကို ကြိုတင် သိရှိ ပြင်ဆင်နိုင်ရန် ပြည်သူများ က အပြု သဘော ဖြင့် လည်း ဝေဖန် ထောက်ပြ ခြင်း မပြု ရဟု ဥပဒေ ထုတ်၍ တားမြစ် ထား သော်လည်း ယခု ကိုယ်စားလှယ်တော် ကြီး များက ပြုလုပ် ထားရစ် ခဲ့မည့် ကိစ္စများ ၏ အကောင်းအဆိုး အ ကျိုး ဆက် များ ကို အမွေ အဖြစ် စံစား၊ ခံစား ရမည်မှာ ကျွန်ုပ် တို့ လူငယ်များ ပင် ဖြစ် ပါ ၍ ဖွဲ့စည်း ပုံတွင် ထည့်သွင်း သင့်သည့် ( သို့မဟုတ်) ထည့်သွင်းရန် မလိုအပ်သည့် အချက် များ ကို အချိန် မလွန်ခင် ကိုယ်စားလှယ်တော် ကြီးများအား ဝေဖန် ထောက်ပြ လိုက် ရခြင်းဖြစ်ပါသည်။

မြန်မာ နိုင်ငံ တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည့် ကဏ္ဍများတွင် ပြဿနာ များစွာ ရှိ နေပါသည်။ ထို ပြဿနာများ အဘယ့်ကြောင့် ဖြစ် ရသည်ကို သေချာစွာ ဆန်းစစ် ကြည့်ပါလျှင် ကိုယ်ကျင့် စာရိတ္တ ပျက်ယွင်း ခြင်းက အခြေခံ အကြောင်းရင်း ဖြစ်နေသည် ကို တွေ့ရှိ ရမည် ဖြစ် ပါသည်။

ထို့ကြောင့် နိုင်ငံတိုင်း တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည့် ကဏ္ဍများ ၌ ပြဿနာ ပေါ်ပေါက်မှု နည်း နိုင်သမျှ နည်း ပါး စေရန် အတွက် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေတွင် သေချာ စီစစ် ရေးဆွဲ ရပါသည်။ ထိုကဲ့သို့ ရေးဆွဲ ရာတွင် ရွေးကောက်ပွဲ မှ အနိုင်ရ ၍ တာဝန်ထမ်းဆောင်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့ဝင်များတွင် အာဏာ အလွဲသုံးစား လုပ်ပြီး အကျင့်ပျက် ခြစားခဲ့သူများ မပါဝင် လာစေရန် လည်းကောင်း၊ တာဝန် ထမ်းဆောင် နေစဉ်အတွင်း အာဏာ အလွဲ သုံးစားလုပ်ပြီး အကျင့်ပျက် ခြစားသူများ ဖြစ် မသွားစေ ရန် လည်းကောင်း၊ အာဏာ အလွဲသုံးစား လုပ်ပြီး အကျင့်ပျက် ခြစားသူများ ဖြစ် သွား လျှင်လည်း ချက်ခြင်း သိရှိကာ အရေးယူ အပြစ်ပေး နိုင်ရန် ရည်ရွယ် ၍ အမျိုးမျိုး သော ထိန်းချုပ် ကန့်သတ်ချက် များကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တွင် သေသေ ချာချာ တွက်ချက်ပြီး ထည့်သွင်း ရေးဆွဲ ကြ ပါသည်။

ယခု ၁၄ နှစ်တာ အချိန်ယူ ရေးဆွဲ နေသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တွင် လည်း အနိုင်ရ ကိုယ်စားလှယ် များ တာဝန် မထမ်းဆောင်မီ နှင့် တာဝန် ထမ်းဆောင်ပြီး ကာလ တို့တွင် ၄င်းတို့ မိသားစု များ ၏ ပိုင်ဆိုင်မှု များကို စစ်ဆေး စာရင်း ပြုစု၍ တိုင်းပြည်ကို ကြေငြာခြင်း များ၊ တာဝန် ထမ်းဆောင် နေစဉ်ကာလ တွင် စာနယ်ဇင်းနှင့် သတင်း မီဒီယာများ၊ အစိုးရ၏ လာဘ်စား အကျင့်ပျက်မှု များအား စောင့်ကြည့်သည့် အစိုးရ မဟုတ်သော လွတ်လပ်သည့် အဖွဲ့အစည်းများ စသည်တို့၏ စောင့်ကြည့်ဖေါ်ထုတ်မှုကို ခွင့်ပြုခြင်းများ၊ လုပ်ပိုင်ခွင့်အာဏာကို အလွန်အကျွံ မဖြစ်စေရန် တွက်ချက်ကန့်သတ်ခြင်းတို့ကို ထည့်သွင်းရေးဆွဲရမည် ဖြစ်ပါသည်။

ဤကဲ့သို့ ထိန်းချုပ်ကန့်သတ်ထားသည့် ဥပဒေအချက်အလက်များကို ထည့်သွင်း ရေးဆွဲ ထားခြင်း မရှိ၍ နောင် တချိန်တွင် အင်ဒိုနီးရှားသမ္မတ ဆူဟာတို မိသားစု၊ ဖိလစ်ပိုင်သမ္မတ မားကို့စ်၊ မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်၊ ယခု နောက်ဆုံး ထိုင်းဝန်ကြီးချုပ် သက်ဆင် တို့ကဲ့သို့ အဖြစ် အပျက် များ ဖြစ်ပေါ်လာပါက ပြည်သူ များအလွန်ကို နစ်နာဆုံးရှုံးရပါလိမ့်မည်။

ဦးနေ၀င်းနဲ့ သူ့ ရဲ့ မဆလ ပါတီ ကြောင့် တိုင်းပြည် ကမောက်ကမဖြစ်ရသည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပြောခဲ့သောစကားက သက်သေခံ နေပါသည်။

ယခု ညောင်နှစ်ပင်ညီလာခံ မပြီး သေးသောကာလ မှာပင် အဖွဲ့သား အားလုံးပိုင် လက်ကိုင်ဖုန်း ၁၀ လုံးကို တစ်ဦးတည်းပိုင် အဖြစ် ရောင်းစား သောသူ၊ ငွေ အရှုပ်အရှင်း အမှုဖြင့် ထောင်ဒဏ် နှစ်ကြိမ် ကျခံထားရသောသူ စသည်တို့က နိုင်ငံရေး ပါတီ ဖွဲ့ ၍ ရွေးကောက်ပွဲ ၀င်မည် ဖြစ်လာ နေကြပါသည်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့် တို့ အဖွဲ့က ငွေလိုချင်သောအခါ ကုန်သည် စီးပွားရေး သမားများ ကို ခေါ် ယူ ၍ ကုလားထိုင် ပေါ် ထိုင် ခိုင်းပြီး အာဏာ အလွဲသုံးစား ပြု၍ ငွေတောင်း ခဲ့သည်များကိုလည်း ပြည်သူ များ ၏ အသက် အိုးအိမ် စည်းစိမ် များကို တာဝန်ခံ ထားသည့် ဗိုလ်ချုပ်ကြီး သူရရွှေမန်း ပင်လျှင် ဆယ်စုနှစ် တစ်ခု ကြာသည့်တိုင်အောင် မသိရှိခဲ့ရပေ။ သိရှိ သောအခါ တွင် အာဏာလျှော့ ယူရန် ငြင်းဆန် ၍ အမိန့် မ နာခံသည် အထိ ဖြစ် ခဲ့ရသည့် သာဓက များ ရှိပါသည်။

ထို့ကြောင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစိုးရ အဖွဲ့ဝင်များ တာဝန် ထမ်းဆောင် နေစဉ် အတွင်း လာဘ်ပေး လာဘ်ယူ ပြုလုပ် ကြောင်း ပေါ်ပေါက် လာပါက ကျူးလွန်သည့် ပြစ်မှု ပေါ် အခြေခံ ၍ ထိုက်သင့်သော အပြစ်ဒဏ် ( အမြင့်ဆုံးအဆင့် သေဒဏ်အထိ ) ကျခံ ရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်း ရေးဆွဲပါရန် တောင်းဆိုအပ်ပါသည်။

အကယ်၍ အောက်ပါ အချက်များ ဖြစ်ပေါ် လာလျှင် မည်သို့ ဖြေရှင်းရမည်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တွင် ထည့်သွင်း ရေးဆွဲ ထား ပါရန် ကိုလည်း အလေးအနက် တောင်းဆို အပ် ပါသည်။

ဖွဲ့စည်းပုံမှ အပ်နှင်း ထား သောများလှသည့် လုပ်ပိုင်ခွင့် အာဏာများဖြင့် ကာကွယ်ရေး ဦး စီးချုပ် သည် ပြည်သူ့ လွှတ်တော် ၏ ၂၅ ရာခိုင်နှုန်း သော ကိုယ်စားလှယ် များကို ရွေးချယ် ရာ တွင်


- မိမိသမီး ၏ မင်္ဂလာဆောင် တွင် စိန် လက်ဖွဲ့ ပေးမည့်သူ များ ကို လာဘ်ယူ၍ ရွေးချယ်ခြင်း၊

- ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီး ကို လာဘ်ပေး၍ အရည်အချင်း ရှိကြောင်း ထောက်ခံစာ ယူထားသူ များကို ရွေးချယ်ခြင်း၊

- ပါရဂူဘွဲ့ ယူပြီးရင် ရိုးရိုးဘွဲ့ ဆက်တက်နိုင်အောင် ကြိုးစားကြ ဆိုသော အရည်အချင်း မရှိ သော၊ ဆင်းရဲ မွဲတေ နေတဲ့သူတွေသာ ကျောင်းဆရာ လုပ်စားကြတာ လို့ နှိမ်ချ စော်ကားစွာ ပြောတတ်၍ လူ့ယဉ်ကျေးမှု နားမလည် သော၊ ယခုခေတ် ကာလ တွင် မိသားစုတစ်စု တစ်လ ၅၀၀၀ကျပ်နဲ့ ထမင်းစား လို့ ရသည်ဟု လိမ်လည်ပြော တတ်သော လူစား မျိုးများကို ပညာရေး ၀န်ကြီး များအဖြစ် ခန့် ထားသကဲ့ သို့ ကိုယ်စားလှယ် များ ကိုရွေးချယ်ခြင်း၊

- မိမိသမီး စီးလာသော လိုင်စင်မဲ့ ကားကို တာဝန်နှင့် ဥပဒေအရ တားဆီးစစ်ဆေးသော ယာဉ်ထိန်းရဲ ကို အလုပ်မှ ဖြုတ်ပစ်ခြင်း၊

- ကာကွယ်ရေးဦးစီးချုပ် ၏ သမီးများက ပုဂံနှင့် မန္တလေးတို့တွင် ဈေးသည် များ ထံမှ ပစ္စည်း များကို ငွေမရှင်း ပဲ လုယက် ယူငင်ခြင်း၊

- နိုင်ငံ လက်ရွေးစင် များ ပင်လျှင် ၀န်ကြီးထံ ခွင့်တောင်း ပြီးမှ သုံး ခွင့်ရသော နိုင်ငံပိုင် အားကစား ကွင်း ကို မိမိ၏ မြေး ကို အပျော် ကစား စေခြင်း၊

- အခြေခံ ၀န်ထမ်းများ ထမင်းမစား၊ အ၀တ်မ၀တ်ဘဲ စုဆောင်း လျှင်ပင် နှစ်ပေါင်း သုံး လေးရာ စုရမည့် ငွေ ပမာဏ ကို မိမိ ၏ မြေး မွေးနေ့ တစ်ရက်စာ အတွက် သုံးစွဲနိုင်ခြင်း၊

- မိမိလစာ ၏ နှစ်ပေါင်း ၆၀၊ ၇၀ စာ ကို ရွှေတိဂုံ ဘုရား၊ ဗုဒ္ဓဂါယာ တို့ ၌ လှူဒါန်း နေနိုင်ခြင်း၊

- တပ်မတော် ခေတ်မီ ရေး စီမံကိန်း များအတွက် လက်နက် ၀ယ်ယူ ရာတွင် အမှန်တကယ် ၀ယ်ယူ သင့်သည် ကို မ၀ယ် ယူဘဲ မိမိ ၏ သားမက် ပွဲခ ရသော ကုမ္ပဏီ မှ ၀ယ်ယူခြင်း၊

- စနစ် တကျ လေ့ကျင့် ထားပြီး တာဝန် ထမ်းဆောင်နိုင်သူ များ ရှိ ပါလျှက် အသက် ၆၀ ပြည့် ပြီး သော်လည်း ရာထူးမှ အနား မယူဘဲ အာဏာ အလွဲသုံးစား လုပ်၍ သူတစ်ပါး ရရှိမည့် ရာထူး အာဏာ ကို ဖြတ်လမ်း မှ ရယူခြင်း၊

- ပြည်ထဲရေး နှင့် ပြန်ကြားရေး ၀န်ကြီးဌာန တို့ကို မိမိ ၏ လက်ကိုင်ဒုတ် အဖြစ် အသုံးချ ကာ မိမိ သမီး ၏ မင်္ဂလာဆောင် အခွေ ကြည့်မိသူ များကို နိုင်ငံတော် အကြီးအကဲ ကို အကြည်ညို ပျက်အောင် လုပ်မှုဖြင့် ဖမ်းဆီး ထောင်ချခြင်း၊

- ဗုဒ္ဓဘာသာ ကို အလွန် ညစ်ညမ်းစွာ ပျက်လုံး ထုတ်ထားသော အငြိမ့် ခွေ များကို ထုတ်လုပ် ဖြန့်ချီ ခွင့် ပေးထား၍၊ ဗုဒ္ဓကို အကြည်ညို ပျက်အောင် လုပ်ကိုင် ခွင့် ပြုထားခြင်း၊

- မင်းကျင့် တရား ၁၀ ပါး တရား တော်ကို ဟောကြား ခွင့် ပိတ်ပင် ခြင်း ဖြင့် ထေရဗုဒ္ဓ သာသနာ ကို ရည်ရွယ်ချက် ရှိရှိ အကွက်ချ ၍ ဖျောက်ဖျက်ခြင်း၊

- နိုင်ငံတော် အကြီးအကဲ ကာကွယ်ရေးဦးစီးချုပ် က ဗုဒ္ဓထက် မြတ်သည် ဟု ပြည်သူ များ လက်ခံ လာ စေရန် အစီအစဉ် ရှိရှိ အကွက်ချ လုပ်ဆောင်ခြင်း၊

- တပ်မတော် အတွင်း မှ ဥပဒေ ကျူးလွန်သူ များ ကို နောက်ဆုံး အတည်ပြု အမိန့် ချမှတ် ၍ အပြစ်ပေး နိုင်သော ကာကွယ်ရေး ဦးစီးချုပ် သည် သူ နှင့် သူ ၏ မိသားစုများ အထက်ပါ အ တိုင်း ကျူးလွန် ခဲ့သော ပြစ်မှု ရာဇ၀တ်မှု များကို မိမိ ကိုယ်ကို မှန်ထဲကြည့်၍ အမှု မှ ကွင်းလုံး ကျွတ်လွတ်စေ ဟု ဆုံးဖြတ်ခြင်း၊

- အခြား သောသူများ ကိုလည်း ကျူးလွန် ထားသည့် အမှုချင်း၊ အပြစ်ဒဏ်ချင်း တူ သော်လည်း တစ်ဦးကို ဌာနပြောင်းပေး၊ တစ်ဦးကို အငြိမ်းစားပေး၊ တစ်ဦး ကို ထောင်ထဲပို့၊ တစ်ဦးကို နိုင်ငံတော် စရိတ် ဖြင့် ထမင်းကျွေးထားခြင်းများ ပြုလုပ်၍ ဘက်လိုက်ခြင်း၊အဂတိ လိုက်စားခြင်း စသည့် အာဏာ အလွဲသုံးစား လုပ်ပြီး ကိုယ်ကျင့် စာရိတ္တ ပျက်ပြားနေခြင်းတို့ ဖြစ်ပါသည်။

ဤသို့ မလိုလားအပ် သည့် ပြဿနာများ တိုင်းပြည် အတွင်း မဖြစ်ပေါ်စေရန် အတွက် မည်သူ တစ်ဦး တစ်ယောက် ကမှ တာဝန်ခံ နိုင်မည် မဟုတ်ပါ။ အဘက်ဘက်က သေသေချာချာ တွက်ချက်၍ စစ်မှန်သည့် ပြည်သူ့ ကိုယ်စားလှယ်များ က ၀ိုင်းဝန်း ရေးသား ပြဌာန်း ထားသော တိကျ ခိုင်မာသည့် ဥပဒေကသာ ပြည်သူများ အပေါ် အာမခံချက် အပြည့်အ၀ ဖြင့် တာဝန်ခံ နိုင်မည် ဖြစ်ပါသည်။

ထို့ကြောင့် ညီလာခံ ကိုယ်စားလှယ်တော် ကြီးများအနေဖြင့် ညီလာခံမှ ထွက်ပေါ်လာမည့် အခြေခံ ဥပဒေ အား တိုင်းပြည် နှင့် နိုင်ငံသား တို့ ၏ အကျိုး ကို ရှေးရှု ၍ အထက်ပါ အချက်အလက် များကို သေချာ စဉ်းစားကာ အစိုးရ ၀န်ထမ်း အကြီးအကဲများ ၏ ကိုယ်ကျင့် တရားဆိုင်ရာ ထိမ်းသိမ်းသည့် ဥပဒေ အချက်အလက် များကို ထည့်သွင်း ရေးဆွဲ နိုင်ရန် တင်ပြ တောင်းဆို လိုက်ပါသည်။


ပြည်တွင်း ပြည်ပ မြန်မာလူငယ်များ

အစအဆုံး..ကြည့်ချင် ရင်…...

Sunday, July 8, 2007

ဇူလိုင် (၇) အဖြစ်အပျက်၏ ရှားပါးဓါတ်ပုံများ
















































(ဇူလိုင် (၇) အဖြစ်အပျက်၏ ရှားပါးဓါတ်ပုံများအား ပေးပို့ လာသော မင်းကြီးညိုနှင့် BurmaToday အား အထူးကျေးဇူးတင်ပါသည်။)

အစအဆုံး..ကြည့်ချင် ရင်…...

 
/* EOT ----------------------------------------- */