Friday, July 6, 2007

အာဏာရှင် များကို တုန်လှုပ်ခြောက်ခြား စေတဲ့ ဇူလိုင် (၇) လျှို့ ဝှက်မျက်နှာဖုံး ဒီဇိုင်း။

ဇူလိုင် (၇)ကျောင်းသားလှုပ်ရှားမှု-အထူးမှတ်တမ်း

၁၉၈၃-၈၄ ခုနှစ် ထုတ်တက္ကသိုလ် နှစ်ပါတ်လည် မဂ္ဂဇင်းစာစောင် မျက်နှာဖုံး ဒီဇိုင်း ဟာ ၁၉၆၂ ခု နှစ်၊ ဇူလိုင်လ (ရ) ရက် နေ့ မှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှု ကိုလျှို့  ၀ှက်စွာ ပြန်လည်ဖော်ကျူးခဲ့တယ်ဆိုတာ သိရှိသူအင်မတန် နည်းပါးခဲ့ပါ တယ်။

ဒါပေမယ့် ကျောင်းသားထုအတွင်းနဲ့  တက္ကသိုလ်နယ်မြေတွေမှာဒီမဂ္ဂဇင်း မျက်နှာဖုံး ဒီဇိုင်း အကြောင်းလေးဟာ တိုးတိုးတိတ်တိတ်နဲ့ ပျံ့ နှံ့ ခဲ့ပါတယ်။ သိပ်မကြာပါဖူး။ တစ်ဆင့်စကား တစ်ဆင့် နားကနေ ဒီအကြောင်း မဆလ စစ်အစိုးရ နားထဲကို ရောက် သွားတဲ့အခါမှာတော့ မဆလအာဏာရှင်တွေဟာ ထိတ်လန့် တကြားနဲ့  ဒီမဂ္ဂဇင်း ဖြန့်  ချီနေမှုကို တရားဝင် မကြေညာဘဲ ပိတ်ပင် ပါတော့တယ်။ စစ် စုံထောက်တွေ ဟာလည်း ကမန်းကတမ်း ဒီ မဂ္ဂဇင်း တွေကို စာအုပ်ဆိုင် တွေကနေ လိုက်လံ သိမ်းဆည်း ပါတော့တယ်။ လက်ဝယ် ရှိနေသူ များကိုလည်း ဒီအကြောင်း တွေ မပြော ဖို့ ၊ မဂ္ဂဇင်းကို ပြန်အပ်ဖို့  ချိမ်းခြောက် ပြောဆိုလာပါ တော့တယ်။


ဘာဖြစ်လို့ များ ဒီ ရန်ကုန်တက္ကသိုလ် နှစ်ပါတ်လည် မဂ္ဂဇင်းဟာ မဆလ စစ် အာဏာရှင် တွေကို ထိတ်လန့် တုန်လှုပ်စေရတာပါလည်း။

မဂ္ဂဇင်း ထဲပါ ရေးသား ထားတဲ့ ကဗျာ တွေ၊ ဆောင်း ပါးတွေ၊ ကာတွန်းတွေ၊ ၀တ္တုတို တွေ အစရှိတာတွေဟာ မဂ္ဂဇင်းမထုတ်ခင် ကတည်းက မဆလရဲ့  ကြိုးကိုင် စာပေ စီစစ် ရေး နဲ့ ဆင်ဆာ တည်းဖြတ်ရေး အဖွဲ့ က မဆလ အစိုးရကို ညှိစွန်း စေတဲ့ အကြောင်း အရာတွေ အားလုံးကို ခွင့်မပြုဘဲ တည်းဖြတ် ချန်ဖြတ် ပယ်ထုတ် ပြီးသားပါ။

ကံအားလျော်စွာဘဲ ဒီအကြောင်း အရာတွေ မသိခင်မှာ၊ ကျွန်တော် လက်ထဲမှာ ဒီနှစ်ပါတ်လည် စာစောင်အဖြစ် အမှတ်တရ သိမ်းထားရအောင် ဆိုပြီးဝယ်ယူခဲ့လို့  ဒီ မဂ္ဂဇင်းတစ်အုပ်ရှိနေပါတယ်။ မဆလ စစ်အစိုးရကို ထိခိုက် စေရလောက် တဲ့ ရေးသားချက် များကို မတွေ့ ရပါဖူး။

စာပေ ၀ါသနာပါသူ တစ်ယောက် အနေနဲ့ ရော၊ တက္ကသိုလ် ကျောင်းသား တစ်ယောက် အနေ နဲ့ ရော မြတ်နိုးစွာနဲ့ ဘဲ ဒီမဂ္ဂဇင်း စာအုပ် ကို အခေါက်ခေါက် အခါခါ ဖတ်ရှု ပြီးသားပါ။

ဒါပေမယ့်ဗျာ၊ ဒီ မဂ္ဂဇင်း မျက်နှာဖုံး ဒီဇိုင်းဟာ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (ရ) ရက်နေ့  မှာဖြစ်ပွားခဲ့တဲ့ ကျောင်းသား လှုပ်ရှားမှုကို လျှို့ ဝှက်စွာ ပြန်လည် ဖော်ကျူး တာလို့  ကြားရ သိရတဲ့အခါမှာတော့၊ ဒီ မဂ္ဂဇင်းကို လိုက်သိမ်းနေတယ် လို့ ကြားရတဲ့အခါမှာ တော့ ကျွန်တော် အတော့်ကို စိတ်ဝင်စားသွားပါတယ်။ ဒါနဲ့ သိမ်းထားတဲ့ နေရာ ကနေ ကမန်း ကတမ်း ပြန်ရှာပြီး မျက်နှာဖုံးကို ကြည့် ကြည့်ပါတယ်။ ဘာမှ ထူးခြားတာ မတွေ့  ဖူး။ ထပ်ခါ ထပ်ခါ ကြည့်တယ်၊ ဘာမှလည်း မတွေ့ ပါလား ဆိုပြီးနေခဲ့ရာ ကနေ၊နောင်တော် ကျောင်းသားကြီး တစ်ယောက် ကနေ ပြောပြမှဘဲ သိသွားတွေ့  သွားပါတော့တယ်။ ဒီတော့ ကျွန်တော် ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်း တွေကို ခေါ် ပြီး တိုးတိုးတိတ်တိတ် ကလေး အဖန်ဖန် ကြည့်မိနေပါတော့တယ်။

ကျွန်တော် မြင်တာက ဒီဟာ ဒီမှာ၊ ကျန်တဲ့သူငယ်ချင်းတွေ က သူတို့ မြင်တာ ဒီမှာဒီဟာ ဆို ပြီး ကြည့်လေမြင်လေ ဖြစ်နေပြီး၊ မမီ ခဲ့တဲ့ ဇူလိုင် (ရ) ရက် ကျောင်းသား လှုပ်ရှားမှုနဲ့  ကျောင်းသားသမဂ္ဂ အဆောက်အဦး ဖြိုချ ဖျက်ဆီး ခံရမှုဟာ ကျွန်တော် တို့  နောင်လာနောက်သား ညီတော် ကျောင်းသား တွေ ရဲ့ စိတ်အတွေးထဲမှာ ကိန်းအောင်း ၀င်လာပါတော့ တယ်။

ဒီ ရန်ကုန် တက္ကသိုလ် နှစ်ပါတ်လည် မဂ္ဂဇင်းစာစောင် မျက်နှာဖုံး ဒီဇိုင်း ရေးဆွဲခဲ့ကြ သူတွေ၊ မဂ္ဂဇင်း စာစောင် ဖြစ်မြောက်ရေး မှာပါဝင်ခဲ့ ကြတဲ့ ကျောင်းသားကြီးတွေက တော့ မဆလ စစ်အာဏာရှင် ရဲ့ ခေါ်ယူ စစ်ဆေး မေးမြန်းထိန်းသိမ်းခြင်း ကို ရဲဝန့် စွာ နဲ့  ခံယူရပါတယ်။

မဆလစစ် အာဏာရှင် ရဲ့ ကျောင်းသားတွေ အပေါ် ရက်စက် ယုတ်မာမှု သမိုင်းဟာ ဖုံးကွယ်လို့ မရ အောင် ပြန်လည် ပေါ်ထွက်လာတိုင်း မဆလ အာဏာရှင် တွေဟာ သွေး ခြောက်ခြားပြီး၊ ကျဆုံး ခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ ၀ိညာဉ်ဟာ သူတို့ ကို ကြောက်လန့် တုန်လှုပ် စေပါတယ်။ ဒါကြောင့် မို့  ဒီ ၁၉၈၃-၈၄ ခုနှစ်ထုတ် ရန်ကုန် တက္ကသိုလ် နှစ်ပါတ်လည် မဂ္ဂဇင်း စာစောင် မျက်နှာဖုံး ဒီဇိုင်း အကြောင်းကို သိသိချင်း မှာဘဲ ပိတ်ပင် တားဆီး ပြန်လည် သိမ်းခဲ့တာပါ။

ကျွန်တော့် အနေ နဲ့ ရန်ကုန် တက္ကသိုလ် နှစ်ပါတ်လည် မဂ္ဂဇင်း စာစောင် မျက်နှာဖုံး ဒီဇိုင်းလေး မှာ ဘာတွေပါလဲ၊ ၁၉၆၂ ဇူ လိုင်လ (ရ) ရက်နေ့ မှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသား လှုပ်ရှားမှု ကို ဘယ်လို လျှို့ ဝှက်ပုံ တွေ ဖေါ်ထားသလဲ ဆိုတာ ပုံ များ နဲ့  တစ်ကွ ပြန်လည် ဖေါ် ပြလိုက်ပါတယ်။ မှန်ဘီလူး လေးတစ်ခု နဲ့  အသေးစိတ် ကြည့် ရင်တော့ ကျွန်တော် ဖေါ် ပြ ထားတာထက် ပိုပြီး တွေ့ မြင် ကြရမှာပါ။

ဒီရန်ကုန် တက္ကသိုလ် နှစ်ပါတ်လည် မဂ္ဂဇင်း မျက်နှာဖုံး ဒီဇိုင်းလေး ကိုကြည့်ရင်းဖြင့်၊ ၁၉၆၂ ခုနှစ် က နောင်တော် ကျောင်းသားကြီးများကို ဦးညွတ် အလေးပြု လိုက်သလို၊ နောင်လာနောက်သား ညီတော် ကျောင်းသား ကျောင်းသူ အပေါင်း ကိုလည်း အသိပေး လိုက်ပါတယ်။ ငါတို့  တစ်တွေရဲ့ ကျောင်းသား သမိုင်း ဘယ်တော့မှ ပျောက်ကွယ် သွားမှာ မဟုတ်ပါဖူး ဆိုတာပါ။

အာဏာရှင် အပေါင်းကိုလည်း ဒီမဂ္ဂဇင်း မျက်နှာဖုံး ဒီဇိုင်းကို ပြန်လည် မြင်တွေ့  စေပြီး၊ ကျုပ်တို့ ရဲ့  အာဏာရှင် စံနစ်ကို တော်လှန်မှု ဟာ ခေတ်အဆက်ဆက် ပြောင်းပေမယ့် ဆက်လက် တည်ရှိ နေမယ်ဆို တာ၊ ကျုပ်တို့ ကျောင်းသားတွေရဲ့ သွေးဟာ အခုထိ မခြောက်သေးပါဖူး ဆိုတာ ကမ္ဘာ မြေကြီး ကို တိုင်တည်ပြီး သိစေအပ်တယ်။ ဒီမဂ္ဂဇင်း မျက်နှာဖုံး ဒီဇိုင်း ဟာ သင်တို့ အာဏာရှင် တိုင်း ကို တုန်လှုပ် ခြောက်ခြားကြ ပါစေသောဝ်။

(ဒီ ရန်ကုန်တက္ကသိုလ် နှစ်ပါတ်လည် မဂ္ဂဇင်း မျက်နှာဖုံး ဒီဇိုင်း လေး ကိုကြည့် ဖို့ နဲ့ ၊ အသေးစိတ် လျှို့ ဝှက်ပုံ များကို ကြည့်ဖို့  ဒီမှာပါ။)

ပုံ (၁) - ၁၉၈၃-၈၄ ခု နှစ်ထုတ် ရန်ကုန်တက္ကသိုလ် နှစ်ပါတ်လည် မဂ္ဂဇင်း စာစောင်ရှေ့ မျက် နှာ ဖုံး ဒီ ဇိုင်း ။














ပုံ (၂) - ကျ ဆုံး သွား သော ကျောင်းသူ ကျောင်းသား များ ရဲ့ အ ခေါင်း အား သယ် ဆောင် လှည့်လည် နေ သည့် ပုံ။










ပုံ(၃)- အာဇာနည် ဟုစာတန်းရေးထိုးထားသောကျောင်းသူ ကျောင်းသား တို့ ၏အုတ်ဂူ။








ပုံ (၄) - တက္ကသိုလ် ကျောင်းသူကျောင်းသား များ စီတန်း လှည့်လည်နေကြ ပုံ။







ပုံ (၅) - ဇူလိုင် (ရ) ရက် နှင့် (၈) ရက် နေ့ တွင်ကျ ဆုံး ခဲ့သော သူများ အကြောင်း ကျန်ရစ်သူ တက္ကသိုလ် ကျောင်းသူ ကျောင်းသား အပေါင်းအား ရှင်းလင်းပြနေပုံ နှင့် ၊ အာဏာရှင် အား ကမ္ဘာမကြေ ဖူး ဟု ဖေါ် ကျူး ထား သော လက် သီး ဆုတ် ပုံ။













ပုံ (၆) - ၁၉၈၃-၈၄ ခုနှစ်ထုတ် ရန်ကုန် တက္ကသိုလ်နှစ်ပါတ်လည် မဂ္ဂဇင်း စာစောင် နောက်မျက်နှာဖုံး ဒီဇိုင်း။

 
/* EOT ----------------------------------------- */