Tuesday, July 31, 2007

ကျောင်းသားသမဂ္ဂ

(၁၉၈၈ အရေးတော်ပုံကြီးအတွင်းက သီဆိုခဲ့ကြသော
ကျောင်းသားများရဲ့  ကျောင်းသားသမဂ္ဂ သီချင်း။)

ကျောင်းသားသမဂ္ဂ

တိုင်းပြည်ကို ရှေ့ ဆောင်ကာ ဒို့ ကျောင်းသားတွေသည်
စံနမူနာအတည် ကျောင်းသားသမဂ္ဂ ဖြစ်သည်
ကမ္ဘာတစ်ဝှမ်းမှာ ဗမာစွမ်းတာ မော်ကွန်းတင်ပါမည်
ဒို့ တစ်တွေ သွေးစည်းမည်။

ဗမာပြည်ဆိုင်ရာ ကျောင်းသားသမဂ္ဂသည်
ရာဇ၀င် တွင်လောက်ပေသည်
တော်လှန်ရာတွင် ရှေ့ ကပင် ဦးစီးသည်
သက်စွန့် ကြိုးပမ်း ထမ်းရွက်ခဲ့ပေသည်။

ကိုယ်ကျိုးအတွက်ဆို မငဲ့ကွက်နိုင်ပါပြီ
ကျောင်းသားများရဲ့ ကောင်းကျိုးတွေကို ထမ်းရွက်မည်
ညီညီညာညာ ဒို့ အလံတော်အောက်ကို ၀င်ကာချီ
ဒို့ ကျောင်းသားတွေ ညီကြမည်။

တိုင်းပြည်ကို ရှေ့ ဆောင်ကာ ဒို့ ကျောင်းသားတွေသည်
စံနမူနာအတည် ကျောင်းသားသမဂ္ဂ ဖြစ်သည်
ကမ္ဘာတစ်ဝှမ်းမှာ ဗမာစွမ်းတာ မော်ကွန်းတင်ပါမည်
ဒို့ တစ်တွေ သွေးစည်းမည်။

 
/* EOT ----------------------------------------- */