Sunday, September 9, 2007

လက်ရှိဖြစ်ပေါ်နေသော မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော လူထုတိုက်ပွဲများအပေါ် မကဒတ. အရေးပေါ် သဘောထားထုတ်ပြန်ချက်

“လူထုတိုက်ပွဲကို အရှိန်အဟုန်မြှင့်တင်ကြ”

ယမန်နေ့ လှုပ်ရှားတိုက်ပွဲဝင်နေသောပခုက္ကူမြို့  ရဟန်းသံဃာများနှင့်လူထုကြီး.ရဲရင့်တောက်ပြောင်မှုကို နိုင်ငံ တ၀ှမ်းလုံးရှိ ရဟန်းသံဃာတော်များနှင့် လူထုကြီးတရပ်လုံးမှ အားရကျေနပ်ကြကြောင်း သိရှိရပါသည်။

နအဖစစ်အုပ်စု. ပြည်သူအချင်းချင်း စစ်ခင်းခိုင်းသည့် ယုတ်မာပက်စက်သော ကြံစည် လုပ်ဆောင်ချက်များကို ပခုက္ကူနှင့် နိုင်ငံတ၀ှမ်းဆန့် ကျင်ဆန္ဒပြတုန့် ပြန်တိုက်ပွဲဝင်မှုများက နအဖစစ်အာဏာရှင်တို့ အားအမိအရခြိမ်း ခြောက်နေပြီဖြစ်သည်ဟု မကဒတ မှ သိမြင်သည်။

ထိုဆုံစည်းမှုများမှ ဖြစ်ပေါ်လာမည့်အထွေထွေလူထုလှုပ်ရှားမှုကြီးသည် စစ်အာဏာရှင် စနစ်နှင့် ၄င်း တို့လက်ကိုင်တုတ်များ. အတားအဆီးမှန်သမျှကို ရိုက်ချိုးဖျက်သိမ်းသွားမည့် အင်အားကြီးပင်ဖြစ်သည်၊

ပြည်သူအမည်ခံ ကြံ့ ဖွတ်နှင့် စွမ်းအားရှင်တို့ အားတုန့် ပြန်တိုက်ပွဲဝင်မှုမှာအကြမ်းဖက် လုပ်ရပ်များ၊ နိုင်ငံတော် အားမတည်မငြိမ်ဖြစ်အောင်ဆူပူလုပ်ဆောင်နေမှုများ မဟုတ်ဘဲလူထု အရေးတော်ပုံကြီးတရပ် ပေါ်ပေါက်ဆင် နွဲတော့မည့်လက္ခဏာကောင်းများပင်ဖြစ်သည်ဟု ကျွန်ုပ်တို့  မကဒတမှ ယုံကြည်ပေသည်၊

အထူးသဖြင့် ပန်ကြားလိုသည်မှာ ကြံ့ ဖွတ်နှင့် စွမ်းအားရှင် အမည်ခံပြည်သူတို့ အနေဖြင့် နအဖစစ်အုပ်စုအသုံး ချမှုကို နားလည်သိရှိပြီး တဒင်္ဂခံစားရမှုများအတွက် ကိုယ်ကျိုးမကြည့်ဘဲ တိုင်းပြည်.အနာဂတ်ရေးကို ရှေ့ရှု ပြီး မှန်မှန်ကန်ကန်ရပ်တည်ရှောင်လွှဲ သင့်သည်၊

သို့ မဟုတ်ပါကပခုက္ကူမြို့ ကြံ့ ဖွတ်အတွင်းရေးမှူးနှင့် စွမ်းအားရှင် ဥက္ကဌတို့ ဖြစ်ရပ်များကဲ့ သို့  ရင်ဆိုင်ရမည်ဖြစ် သည်၊

မဒကတ အထွေထွေအတွင်းရေးမှူးရဲဘော်ဆန်နီမှလက်ရှိဖြစ်ပေါ် နေသည့်လူထုတိုက်ပွဲများအပေါ်အောက်ပါအ တိုင်း သုံးသပ်ပြောဆိုလိုက်ပါသည်၊

“ယနေ့  မြန်မာပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ လူထုဆန္ဒပြမှုများဟာ တရားမျှတမှုရှိပြီး သမိုင်းလိုအပ်ချက် လည်း ဖြစ်ပါတယ်၊ ဒါကို စစ်အုပ်စုက မှန်မှန်ကန်ကန်မဖြေရှင်းပေးဘဲ အခုလို အကြမ်းဖက်နှိပ်ကွပ်နေရင် လူထုကသူ တို့ လိုလားချက်ပန်းတိုင်ကို ရောက်တဲ့အထိ အတားအဆီး မှန်သမျှကို ရိုက်ချိုးချီတက်သွားမှာဖြစ်တယ်၊ ဒါဟာ မည်သည့် လူမှုတော်လှန်ရေး သမိုင်းမှာမဆိုဖြစ်ခဲ့တယ်၊ နောင်ကိုလည်းဖြစ်နေဦးမယ့် သမိုင်းရဲ့ အမှန်တရား ပဲ ဖြစ်ပါတယ်”

နိုင်ငံတ၀ှမ်းရှိ ရဟန်းသံဃာတော်များနှင့် ပြည်သူလူထုကြီးအား ပန်ကြားလိုသည်မှာ နအဖ စစ်အုပ်စုနှင့်စစ်အာ ဏာရှင်စနစ်အား ပြတ်ပြတ်သားသားဆန့် ကျင်တိုက်ပွဲဝင်ချေမှုန်း သွားကြပါရန် ပန်ကြားလိုက်ပါသည်၊

ဗဟိုကော်မတီ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)

ရက်စွဲ-၂၀၀၇-ခုနှစ်။ စက်တင်ဘာလ (၇) ရက်

 
/* EOT ----------------------------------------- */