Sunday, September 16, 2007

ပတ္တနိက္ကုဇ္ဖန ကံဆောင်ခြင်း

ပတ္တနိက္ကုဇ္ဖန ကံဆောင်ခြင်း ဆိုသည်မှာ -

ရဟန်းတော်များမှရဟန်းတော်တွေကိုဖိစီးနှိပ်စက်တဲ့ပုဂ္ဂိုလ်များကို ပစ္စည်းလေးပါးအလှူ မခံရ၊ တရားဟောပြော မှုမလုပ်ရ ဖြစ်သည်။

ပတ္တနိက္ကုဇ္ဖန ကံဆောင်ရခြင်း အကြောင်းရင်း (၈) ချက်မှာ -

(၁) ရဟန်းတွေကို ပစ္စည်းလေးပါး မရအောင်လုပ်ခြင်းကြောင့်၊

(၂) ရဟန်းတွေကို အကျိုးမဲ့ဖြစ်အောင်လုပ်ခြင်းကြောင့်၊

(၃) ရဟန်းတော်ကို နေရာမရအောင်လုပ်ခြင်းကြောင့်၊

(၄) ရဟန်းတွေကို ဆဲရေးခြိမ်းခြောက်တာလုပ်ခြင်းကြောင့်၊

(၅) ရဟန်းတော်တွေကို အချင်းချင်းကွဲပြားအောင်လုပ်ခြင်းကြောင့်၊

(၆) ဘုရားအား ကျေးဇူးမဲ့ပြောကြားခြင်းကြောင့်၊

(၇) တရားအား ကျေးဇူးမဲ့ပြောကြားခြင်းကြောင့်၊

(၈) သံဃာအား ကျေးဇူးမဲ့ပြောကြားခြင်းကြောင့် ပတ္တနိက္ကုဇ္ဖန ကံဆောင်ရခြင်း ဖြစ်သည်။

ပတ္တနိက္ကုဇ္ဖန ကံဆောင်ရန် လိုအပ်သော ရဟန်းသံဃာအရေအတွက် -

ရဟန်းသံဃာအနည်းဆုံး (၄)ပါးဖြင့် ပတ္တနိက္ကုဇ္ဖန ကံဆောင်နိုင်ပါသည်။ ကံဆောင်ပြီးပါက အခြားသော ကျောင်းတိုက်များသို့ ယခုကဲ့သို့ ကံဆောင်ထားပါကြောင်း အကြောင်းကြားလိုက်ပါက အခြားသောကျောင်း တိုက်များမှ ရဟန်းသံဃာတော်များပါ ပတ္တနိက္ကုဇ္ဖန ကံဆောင်ပြီးသား ဖြစ်သွားပါသည်။

နအဖစစ်အုပ်စုအပေါ် အဘယ်ကြောင့် ပတ္တနိက္ကုဇ္ဖန ကံဆောင်ရပါသလဲ -

(၁) နအဖမှ ရဟန်းသံဃာတော်များအား ဆွမ်းလောင်းလှူနေသောသူများ၊ ဆွမ်းလောင်း အသင်းများအားအ ကြောင်းမဲ့ ပိတ်ပင်တားဆီးခြင်းလုပ်ရပ် လုပ်ဆောင်ခြင်းကြောင့်၊

(၂) နအဖမှ ရဟန်းသံဃာတော်များ ဘေးရန်ဖြစ်စေသော နှိပ်စက်ညဉ်းပမ်းမှုများ လုပ်ဆောင်ခြင်းကြောင့်၊

(၃) နအဖမှ ရဟန်းသံဃာတော်များအား မိမိတို့ ကျောင်းတိုက်များတွင် သီတင်းသုံးခွင့်မရှိစေရန် ညွန်ကြားခြင်း တားဆီးခြင်းကြောင့်၊

(၄) နအဖမှ လူရမ်းကားလက်ပါးစေများမွေးကာ ရဟန်းသံဃာတော်များအား ဆဲဆိုခြိမ်းခြောက်မှု ပြုလုပ်စေ ခြင်းကြောင့်၊

(၅) နအဖမှ ရဟန်းသံဃာတော်များအားအကြား သွေးစည်းညီညွတ်မှု ပြိုကွဲအောင် လာဘ်လာဘ တံစိုးလက်ဆောင်များပေးကာ သွေးခွဲခြင်းကြောင့်၊

(၆) နအဖမှ ရဟန်းသံဃာတော်များအားပုတ်ခတ်ပြီး မမှန်သတင်းများဖြင့် ကဲ့ရဲ့ ကာ သံဃာဂုဏ်ကျေးဇူးအား ထိခိုက်နစ်နစ်စေခြင်းကြောင့်၊

(၇) နအဖမှ တရားကျင့်ကြံအားထုတ်လျက်ရှိသော ရဟန်းသံဃာတော်များအား ထိခိုက်နစ်နစ်စေခြင်းသည် တရားတော်ဂုဏ်ကျေးဇူးအား စော်ကားခြင်းကြောင့်၊

(၈) နအဖမှ တရားတော်ဂုဏ်ကျေးဇူးနှင့် ရဟန်းသံဃာတော်များအား ထိခိုက်နစ်နာစေခြင်းဖြင့် မြတ်စွာဘုရား ၏ ဂုဏ်ကျေးဇူးအား စော်ကားခြင်းကြောင့် -

နအဖစစ်အုပ်စုနှင့် လက်ပါးစေများ အပေါ် ပတ္တနိက္ကုဇ္ဖန ကံဆောင်ရမည်ဖြစ်သည်။

 
/* EOT ----------------------------------------- */