စာအမှတ်၊ ၊ ၁-၅/၂၀၀၇
အကြောင်းအရာ၊ ၊ လက်ရှိဖြစ်ပေါ်နေသော စစ်အာဏာရှင်စနစ်ဆိုးကြီးအား လူထု တစ်ရပ်လုံး.“ဘုံရန်သူ”အဖြစ်သတ်မှတ်လိုက်ခြင်းနှင့်အတူစစ်အာဏာရှင်စနစ်ဆိုးကြီးအား အမြစ်ပြတ် ချုပ်ငြိမ်းကွယ်ပျောက်စေရေးအတွက် ငြိမ်းချမ်းသောနည်းလမ်းများဖြင့် တိုက်ပွဲဝင်နိုင်ရေးအတွက် သံဃာထုဦးဆောင်သော လူထုတပ်ပေါင်းစုကြီး အလျင်အမြန်ဖွဲ့ စည်းနိုင်ရန် နှိုးဆော် တိုက်တွန်းချက်။
လက်ရှိဖြစ်ပေါ်နေသော အထွေထွေလူထု အကြပ်အတည်းကြီးမှာ လူထုလူတန်းစားတစ်ရပ်လုံးအား ဖိနှိပ်ချုပ် ချယ်ဗိုလ်ကျစိုးမိုးအုပ်ချုပ်သော စစ်အာဏာရှင်စနစ်ဆိုးကြီးကြောင့်သာ ဖြစ်သည်။ ထို့ ကြောင့် သံဃာ ထုအပါအ၀င် ကျွန်ုပ်တို့  လူထုလူတန်းစား အလွှာအသီးသီးအား ဆင်းရဲနိမ့်ကျစေသော၊ စုတ်ပြတ် နုံချာ စေသောစစ်အာဏာရှင်စနစ်ဆိုးကြီးအားကျွန်ုပ်တို့ နိုင်ငံသူနိုင်ငံသားအားလုံး.“ဘုံရန်သူ”အဖြစ် သတ်မှတ်ကြေ ငြာလိုက်သည်။ ထို့ ကြောင့် ကျွန်ုပ်တို့ အားလုံး.ဘုံရန်သူစနစ်ဆိုးကြီးအား မြန်မာ့မြေပေါ်မှ အမြစ်ပြတ်ကွယ် ပျောက် ချုပ်ငြိမ်းသည်အထိ တိုက်ပွဲဝင်သွားနိုင်ရန်အတွက် ညီညွတ်သော “လူထုတပ်ပေါင်းစုကြီး” အလျှင်အမြန် ဖွဲ့ စည်းပေးနိုင်ရေးအတွက် ကျွန်ုပ်တို့  မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲဏ္ဍ ကြီး မှ ဦးဆောင်ပြီး အောက်ပါအစီအစဉ်များဖြင့် လူထုတစ်ရပ်လုံးအား အဆင့်ဆင့်ဖွဲ့ စည်းပေးသွားမည်ဖြစ်သည်။ အနယ်နယ် အရပ်ရပ်ရှိသံဃာထုအပါအ၀င် လူထုတစ်ရပ်လုံးမှ ညီညွတ်ခြင်း၊ ယုံကြည်ခြင်း အပြည့်အ၀ဖြင့် လိုက်ပါလုပ်ဆောင်ကြရန် အထူး လေးလေးနက်နက် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
အဆင့်(၁)။ အချင်းချင်း မေတ္တာဓာတ်များ အားနည်းနေသောနိုင်ငံအားမေတ္တာဓာတ်များ အားကောင်းလာ စေပြီးငြိမ်းငြိမ်းချမ်းချမ်းဖြစ်ကြစေရန် ၂၀၀၇ ခုနှစ်။ စက်တင်ဘာလ(၂၃)ရက်နေ့  ည (၈)နာရီမှစတင်ကာ မိမိတို့  အိမ်ပေါက်ဝ၊ ကျောင်းပေါက်ဝ၊ ၀ရန်တာများသို့ ထွက်ကာ (လူအချင်းချင်းနှိပ်စက်ခြင်း၊ ကင်း ရှင်းကြပါစေ၊ တို့ မေတ္တာစွမ်း၊ ကမ္ဘာလွှမ်း အေးချမ်းကြပါစေ) ဟူသောမေတ္တာပို့ စာနှစ်ပိုဒ်ကို (၈နာရီ ၁၅မိနစ် အထိ) (၁၅) မိနစ်တိတိ မိသားစုလိုက်၊ ကျောင်းတိုက်လိုက် ညီညီညာညာ သံပြိုင်ဖျဖျရွတ်ဆိုကြပါရန်။
လူထုတပ်ပေါင်းစုဖြစ်မြောက်ရေးကော်မတီမြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ ကြီး။
Saturday, September 22, 2007
မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ချုပ်လူထုတပ်ပေါင်းစုဖြစ်မြောက်ရေးကော်မီတီမှထုတ်ပြန်ကြေငြာချက်။
မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ ချုပ်လူထုတပ်ပေါင်းစု ဖြစ်မြောက်ရေးကော်မီတီမှနိုင်ငံအ၀ှမ်း လုံးရှိ သံဃာထုတစ်ရပ်လုံးနှင့် လူထုတစ်ရပ်လုံးသို့  ထုတ်ပြန်ကြေငြာချက်။
ရက်စွဲ၊ ၊ ၂၀၀၇ခုနှစ်။ စက်တင်ဘာလ(၂၁)ရက်
Posted by Niknayman at 2:05 PM
Labels: Statements