Sunday, September 9, 2007

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့မှ နအဖ စစ်အုပ်စုထံ တောင်းဆိုချက် (၄) ရပ်။


၁။ နအဖစစ်အစိုးရမှ ပခုက္ကူသံဃာတော်များအား ကျေအေး ခွင့်လွှတ်သည်အထိ ၀န်ချ တောင်းပန်ရန်။

၂။ လက်ရှိမြင့်တက်နေသော ကုန်ဈေးနှုန်းလောင်စာဆီဈေးနှုန်းများ ချက်ချင်းလျော့ချပေးရန်။

၃။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်နိုင်ငံရေး အကျဉ်းသားအားလုံးနှင့်ဆန္ဒပြပွဲများတွင် ဖမ်းဆီးခံ ထားရသူများကိုချက်ချင်း ပြန်လွှတ်ပေးရန်။

၎။ လူထု၏ အထွေထွေ အကြပ်အတည်းများကို ဖြေရှင်းရန်အတွက် နအဖ စစ်အစိုးရမှ ဒီမိုကရေစီ အင်အားစု များ နှင့် တွေ့ဆုံဆွေးနွေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး ချက်ချင်းပြုလုပ်ပေးရန်။

မြန်မာနိုင်ငံအတွင်းရှိ သံဃာ့အဖွဲ့အစည်းများ စုပေါင်း၍ အစိုးရအနေဖြင့်သံဃာများကို ၀န်ချတောင်းပန်ရန်ဆုံး ဖြတ်ချက်ချမှတ်လိုက်ပြီး မလိုက်နာပါကပတ္တနိကုတ္ဖုဏ သပိတ်မှောက်ကံဆောင်သွားမည်ဟုကျေညာချက် ထုတ်ပြန်လိုက်သည်။

သံဃာအဖွဲ့အစည်းအသီးသီးမှသံဃာတော်များနှစ်ရက်ကြာတွေ့ဆုံဆွေးနွေးပြီးနောက် မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့မှတောင်းဆိုချက်၎ချက်ပါကျေညာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံလုံး ဆိုင်ရာသံဃာ့သမဂ္ဂီအဖွဲ့ချုပ် မန္တလေးတာဝန်ခံ ဦးခေမိန္ဒက မိန့်ကြားသည်။

အချက်လေးချက်ကိုဦးပဉ္ဖင်းတို့တောင်းဆိုတယ်။တောင်းဆိုတာတွေမရရင်နောက်ပိုင်းကျတော့ သပိတ်မှောက် ကံဆောင်ကြတော့မှာပဲလေ။

အစိုးရအားတုန့်ပြန်ရန် ၁၀ ရက်အချိန်ပေးထားပြီး လိုက်လျောခြင်းမရှိပါက စက်တင်ဘာ၁၈ ရက်မှစ၍ သပိတ် မှောက်ကံဆောင်မည်ဟု သံဃာများက မိန့်ကြားသည်။

သံဃာများအနေဖြင့်သံဃာ့နာယကဆရာတော်ကြီးအချို့ကိုလည်းလျောက်ထားပြီးဖြစ်သည်ဟု ဦးခေမိန္ဒကမိန့် သည်။

မြန်မာအစိုးရကမူ ပခုက္ကူအဖြစ်အပျက်တွင်သံဃာများအား ရိုက်နှက်ခြင်း၊ ဖမ်းဆီးခြင်း မပြုလုပ်ခဲ့ကြောင်းယမန် နေ့က အစိုးရသတင်းစာ နှင့် ရုပ်မြင်သံကြားများတွင် တုန့်ပြန်ပြောဆိုခဲ့သည်။

ယခုပြုလုပ်ခဲ့သောအစည်းအဝေးတွင်မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့သမဂ္ဂီများ အဖွဲ့ချုပ်၊ ရဟန်းပျို သမဂ္ဂ(ရန်ကုန်)နှင့် အခြားသံဃာအဖွဲ့များ ပါဝင်တက်ရောက်ခဲ့ကြသည်။

သံဃာများအနေဖြင့် ၁၉၉၁-၉၂ သပိတ်မှောက်ကံဆောင်စဉ်က အားနည်းချက်များကို သင်္ခန်းစာယူ၍ယခုတ ကြိမ်တွင် ဖြိုခွဲခြင်း မခံရရေးအတွက် ပြင်ဆင်ဆောင်ရွက်သွားမည်ဟု သံဃာအဖွဲ့ချုပ်က ပြောသည်။

 
/* EOT ----------------------------------------- */