Thursday, September 6, 2007

ဧရာဝတီတိုင်းဘိုကလေးမြို့နယ်တွင်လူထုဆန္ဒပြပွဲ ပြုလုပ်ခြင်း

ဧရာဝတီတိုင်းဘိုကလေးမြို့နယ်တွင်လူထုဆန္ဒပြပွဲ တရပ်ကို (၉။၅။၂၀၀၇) မနက် (၈နာရီ ၄၅ မိနစ်တွင်စတင်ခဲ့ သည်။ NLD ဥက္ကဌဦးအောင်ခင်ဗိုလ်ဦးဆောင်တဲ့ပါတီဝင် (၁၅ ) ဦး မှ ခေါင်း ဆောင်ပြီး ဘိုကလေးမြို့နယ်..မြို့ မဈေးအနီး ဖျာပုံသင်္ဘောဆိပ်ကနေ စတင်ထွက်ခဲ့ကြပါသည်။

၎င်းတို့လက်ထဲမှာ.ဆိုင်းဘုတ်များကိုင်ဆောင် ထားကြပြီး “ ကုန်ဈေးနှုန်း ကျဆင်းရေး။ ဒေါ် အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး..သဘာဝ ဓါတ်ငွေ့ ဈေးနှုန်း ကျဆင်းရေး” ဆိုတာတွေစတဲ့ကြွေးကြော်သံတွေ နဲ့ ချီတက် ဆန္ဒ ပြသခဲ့ကြပါသည်။ လမ်းတလျှောက်မှာလည်း.. ကုန်ဈေးနှုန်းတွေ ကြီးမြင့်မှူကြောင့်သာ အခုလိုဆန္ဒပြရ ခြင်း ဖြစ်တယ်လို့ ထုတ်ဖေါ်ကြေညာခဲ့ကြပါသည်။ လူထုပရိသာတ်တွေကလည်း ၀ိုင်းဝန်းအားပေးလက်ခုတ် တီးကြပါသည်။

ဆန္ဒပြသူတွေဟာ ဧရာဝတီသင်္ဘောဆိပ်အတိုင်းချီတက် လာကြပြီး ဒုတိယလမ်းကို အရောက် မှာဂန္ဓမာ လက်ဖက်ရည်ဆိုင်တွင် ခဏရပ်နားကြသည်။ အဲဒီအချိန်မှာ ဒိုင်နာ ကားအမှတ် ထ / ၄၀၃၂ နှင့်အ တူ စွမ်းအားရှင်တွေ။ ကြံ့ဖွတ်တွေ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေ. မြို့ နယ် မ.ရ.က ဥက္ကဌ နဲ့ အာဏာပိုင်များ ရောက် ရှိလာကြပါသည်။ လက်ဖက်ရည်ဆိုင်မှာ.မြို့နယ်စည်းရုံးရေးအဖွဲ့ ဝင်များနဲ့  အာဏာပိုင်များ.ဆွေူးနွေး ညှိုနှိုင်း မှုများ ပြုလုပ်ကာ NLD ဥက္ကဌ ဦးအောင်ခင်ဗိုလ် ကို မ.ယ.ကရုံးကိုခေါ်ဆောင်သွားကြပါသည်။ အဲဒီ လိုခေါ် သွား တာနဲံ့ ကျန်စည်းရုံးရေးအဖွဲ့ ဝင်များဖြစ်ကြတဲ့ ဒေါ်မိမိစိန်။ ဒေါ်ခင်လေးတို့ မှလမ်းမသို့  ထွက်ကာ ပြည်သူ လူထူအားတရားဟောကြပါသည်။ အာဏာပိုင်များ.ကလမ်းများကိုပိတ်ဆို့ ခဲ့ကြပြီး တက်ရောက်နားထောင်သူ ပြည်သူလူထုမှာ ဦးရေ ၁၀၀၀ ခန့် ရှိပါသည်။

မနက် (၁၁း၁၅)ခန့်တွင်..မြို့ နယ်စည်းရုံးရေး တွဲ /မှူး ဦးခင်မောင်ချစ် ကို မ.ရ.က ရုံးခန်းမှ ခေါ်ခိုင်းသည်ဆို၍လာခေါ်သောဒိုင်နာကား ကိုပြည်သူလူထုမှအော်ဟစ် မောင်းနှင်ထုတ် သောကြောင့်ကားမှာပြန်သွားရပါသည်။ တရားပွဲကိုဆက်လက် ပြုလုပ်ခဲ့ကြပြီး ကုန်ဈေးနှုန်းကြီးမြင့်နေမှုနှင့်ပတ်သက်၍ ”ယခုလိုကုန်ဈေးနှုန်းကြီးမြှင့် နေတာ ကိုကျမတို့တင်ခံနေရတာမဟူတ်ပါဘူး။ပြည်သူတရပ်လုံးခံနေကြရတာပါ။င်္ဒီကိစ္စနဲ့ပတ်သက်ပြီးပြည်သူတွေထဲကဘာတွေများပြောစရာရှိပါသလည်း“လို့ဖိတ်ခေါ်တဲ့အခါ။လူထုအတွင်းမှအိမ်ရှင်မ တဦးကနေ၍ “ကုန်ဈေးနှုန်းကြီးမြင့်နေမှုကြောင့် ကျွန်မတို့  အိမ်ရှင်မတွေ
ပြဿနာတက်နေတယ်” ဟုဆွေးနွေးဟောပြောခဲ့ကြောင်းသိရပါသည်။

လူထုမှလည်း ဆန္ဒပြသူများအားရေသန့် ဘူး နှင့် စား စရာများ ဝေငှခဲ့ကြပါသည်။ ဆန္ဒပြသူများကလည်း လူထု အားပြန်လည်၍ ဝေငှခဲ့ကြပါသည်။ ဆန္ဒပြသူများက “ ဖမ်းဆီး သွားသော. NLD ဥက္ကဌ ဦးအောင်ခင်ဗိုလ်ကို ပြန်လည်လွှတ်ပေးမှသာ ဆန္ဒပြဟောပြောပွဲကို ရပ်ဆိုင်း မည်”ဟုတောင်းဆိုခဲ့တဲ့အပြင် လူထုရဲ့ ထောက်ခံ အားပေးမှု ကိုကောင်းစွာ ရရှိခဲ့ကြပါသည်။ ဆန္ဒပြသူများက မ. ရ. က ရုံးဆီချီတက် ဆန္ဒပြမည် လုပ်သည့်  အခါတွင် ပြည်သူများ က မသွားပါရန် နှင့် လူ အင်အားနည်းပါက အဖမ်းခံရနိုင်ကြောင်း စိုးရိမ်ကြီးစွာ အ ကြံပေး ကြပါသည်။

နောက်ဆုံး ကြားရသောသတင်းများ အရ.အာဏာပိုင်များက ဘိုကလေးမြို့ မဈေးကို ပိတ်လိုက်ကြောင်းကြားသိရပါသည်။ ဆန္ဒပြပွဲ ကတော့မူ..ဆက်လက်လုပ်ကိုင် ဆဲရှိကြောင်း သိရှိရပါသည်။

 
/* EOT ----------------------------------------- */