Saturday, October 20, 2007

သေပြီတော်။

http://www.myanmar.com/newspaper/nlm/index.html

နအဖရဲ့  ၀ါဒဖြန့် ချီရေး သတင်းစာ (သတင်းညာ)တွေ အင်တာနက်ဝက်ဆိုဒ်တွေမှာ ဖြစ်ချင်တိုင်းဖြစ်နေတာကို မကြာခဏဆိုသလို တွေ့ နေရပါရဲ့ ဗျာ။

ပထမဦးဆုံးကတော့ သတင်းစာပါ နအဖဗိုလ်ချုပ်ကြီးများရဲ့  ဓါတ်ပုံတွေရဲ့ နောက်မှာ “ကမ္ဘာကျော်လူလိမ်ကြီးများ” ဆိုပြီး ရေစာနဲ့ ပါလာတာတွေ့ ကြလို့  မြန်မာပြည်သူများ အင်မတန်မှန်ကန်သောရေးသားမှုဖြစ်ကြောင်း အုတ်အော်သောင်းနင်းဖြစ်ရလောက်အောင် ၀ိုင်းဝန်းထောက်ခံခဲ့ကြလေရဲ့ ။

ဒုတိယတစ်ကြိမ်ကတော့ အင်္ဂလိပ်လိုထုတ်တဲ့ မြန်မာ့အလင်းသတင်းစာထဲမှာ “killer Than Shwe” နဲ့  “Freedom” စကားလုံးကို ခရီးသွားကြော်ငြာပုံစံနဲ့ ထည့်သွင်းခဲ့လို့ ပါ။

မကြာခင်ရက်ကလည်း ပြည်ပရောက်မျိုးချစ်မြန်မာပြည်သူတွေရဲ့ ဆန္ဒပြပွဲမှာ “Support The Monks, Free Burma” ဆိုတဲ့ စာရွက်ကပ်ထားတာပါတဲ့ ဓါတ်ပုံကို အီရတ်စစ်ဆန့် ကျင်ရေးဆန္ဒပြပွဲဆိုပြီး နအဖ သတင်းစာထဲမှာပါလာတာလည်း တကမ္ဘာလုံးက ပြည်သူတွေပါ ထင်ထင်ရှားရှားကြီးတွေ့ မြင်ကြရလေရဲ့ ။

အခုလည်း ကြည့်ပါဦး။ ဒီတစ်ခါကတော့ ဗေဒင်လက္ခဏာအဟောအပြောတွေ သိပ်ယုံတတ်တဲ့ နအဖတို့ အတွက် ရှေ့ ပြေးနမိတ်ဘဲ။ မြန်မာပြည်သူများသာမက တစ်ကမ္ဘာလုံးကပြည်သူတွေပါ အမုန်းပွားတာခံနေရတဲ့ နအဖဗိုလ်ချုပ်များ မကြာခင်မှာ ဇီဝိန်ချုပ်တော့မယ့် အလားအလားပြနေတာ။ ရဟန်းတော်တွေကို ပြစ်မှားခဲ့တဲ့ကံကြီးထိုက်တော့မယ့် အခြေအနေလို့ လည်းပြောရနိုင်တယ်။ ရဟန်းတော်တွေကို စော်ကားခဲ့လို့  မိုးကြိုးပစ်ခံရပြီး သေသွားခဲ့တဲ့ ကြွံ့ ဖွတ်အတွင်းရေးမှူး အဖြစ်အပျက်လည်း သက်သေပြခဲ့လေရဲ့ ။ အမျိုးသားညီလာခံကြီးကျင်းပနေတဲ့  အဆောက်အဦးရဲ့  မီးဖိုချောင်လည်း မိုးကြိုးပစ်ခံခဲ့ရတာလည်း မှတ်မိကြမှာပေါ့။

ဒီနမိတ်ကြီးကတော့ “သေပြီတော်” တဲ့ ။ နအဖရဲ့  ၀ါဒဖြန့် ချီရေး အင်တာနက်ဝက်ဆိုဒ်ဖြစ်တဲ့  www.myanmar.com မှာ (၁၈) ရက်နေ့ ထုတ် မြန်မာ့အလင်းသတင်းစာ (အင်္ဂလိပ်စာ) မှာပါတဲ့ အခြေခံဥပဒေရေးဆွဲရေးကော်မီတီဖွဲ့ စည်းကြောင်း ကြေညာချက်ကို ရေးတင်ထားတာ “နေပြည်တော်” အစား “သေပြည်တော်” လို့  ရေးထားတာပါ။ ကြည့်ကြည့်ကြပါလို့ ။ နအဖတွေရဲ့  ဘ၀ရှေ့ ရေးကတော့ လားလားမှမကောင်းဆိုတာပါ။



http://www.myanmar.com/newspaper/nlm/index.html

 
/* EOT ----------------------------------------- */