Friday, October 26, 2007

ဦးထိပ်ပေါ်တင်ပြီး ပန်ဆင်ထားဖို့  အမျိုးသမီးထုရဲ့  ထာဝရလက်ဆောင်။

နအဖခေါင်းဆောင်ကြီး သန်းရွှေအတွက် ဒီဘ၀မှာတင်မဟုတ်ဖူး ရောက်လေရာဘ၀ဆိုးတိုင်းမှာ ဦးထိပ်ပေါ်တင်ပြီး ပန်ဆင်ထားဖို့  အမျိုးသမီးထုက ထာဝရလက်ဆောင်ပါတဲ့ဗျား။






ပခုက္ကူမှာ သံဃာတော်တွေ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တာကို နအဖဘက်က မိုက်ရိုင်းစွာတုန့် ပြန်ခဲ့တဲ့  သံဃာတွေကို ရိုက်နှက်တာ၊ ကြိုးကွင်းနဲ့ ပစ်ဖမ်းတာ၊ ဓါတ်တိုင်မှာ ကြိုးနဲ့ ချီပြီး သေနတ်ဒင်နဲ့ ထုပြီးစော်ကားခဲ့ရုံမက၊ ပြည်သူလူထုအတွက် ပြည်သူလူထုရှေ့ ကနေ ရဲရဲဝန့် ဝန့်  ရပ်တည် ချီဆက်ခဲ့ကြတဲ့ ရာနဲ့ ထောင်နဲ့ ချီရှိတဲ့  သံဃာတော်အစစ်အမှန်တွေကို ပစ်ခတ်သတ်ဖြတ်ခဲ့ရုံသာမက၊ ညဘက်မှာ ဘုန်းတော်ကြီးကျောင်းတွေကို အတင်းအဓမ္မ လက်နက်အင်အားနဲ့ ဝင်စီး၊ သံဃာတော်တွေကို အမဲဖမ်းသလို သဲသဲမဲမဲ ရိုက်ပုတ်ဖမ်းဆီး၊ ဘုရားဆင်းတုတော်တွေကိုပါ ခေါင်းဖြတ်၊ ကျောင်းနံရံမျက်နှာကျက်ကို စစ်ဖိနပ်နဲ့ ကန်ကျောက်ရုံမက၊ နောက်ဆုံး အပါယ်ငရဲကတောင် လက်မခံဘဲ အ၀ိဇီကို ဇောက်ထိုးကျစေမယ့် ယုတ်မာပက်စက်တဲ့ လုပ်ကြံဖန်တီးမှုတွေလုပ်ပြီး ဘုန်းတော်ကြီးကျောင်းတွေမှာ မိန်းကလေးအသုံးအဆောင်တွေ တွေ့ ပါတယ်ဆိုပြီး အဆင်သင့်ယူလာတာလေးတွေ ထုတ်ပြပြီး စွပ်စွဲခဲ့တာကတော့ အင်မတန် ယုတ်မာလွန်းလှပါတယ်။

တကယ်တန်းကြတော့ သူများသားမယားကို ကြာခိုနေကြတဲ့ ၊ အမျိုးသမီးတွေကို ပြောင်ပြောင်တင်းတင်း မုဒိန်းကျင့်နေကြတဲ့ သန်းရွှေ၊ ဗိုလ်ချူပ်တွေနဲ့  စစ်အုပ်စုဟာ အခြေခံကျတဲ့  (၅)ပါးသီလကို ဖေါက်ပြန်ပြီး ပြစ်မှုကျူးလွန်နေကြတာပါ။

ဒီ့အတွက် နအဖရဲ့ ခေါင်းဆောင် သန်းရွှေဟာ တာဝန်အရှိဆုံးဖြစ်ပါတယ်။ ဒါကြောင့် သန်းရွှေနဲ့  နအဖအပေါင်းအပါကို တုန့် ပြန်တဲ့ အနေနဲ့  Panty Campaign ကို အမျိုးသမီးတွေ စတင်ခဲ့ကြပါတယ်။

မြန်မာ့ရိုးရာယဉ်ကျေးမှုအရ မြန်မာအမျိုးသမီးတွေဟာ သားကိုသခင် လင်ကိုဘုရားလို့ တောင် အမျိုးသားတွေအပေါ်မှာ ရိုသေလေးစားစွာနဲ့  ယဉ်ကျေးစွာဆက်ဆံလေ့ ရှိပါတယ်။ အဆုံးစွန်ဆုံး အမျိုးသမီးအသုံးအဆောင် အ၀တ်အစားတွေ လျှော်တာတောင်
အမျိုးသားတွေအ၀တ်အစားနဲ့  မရောဘဲ ခွဲခြားလျှော်လေ့ ရှိကြပါတယ်။ ဒီလို အင်မတန်သိမ်မွေ့ ယဉ်ကျေးတဲ့  အမျိုးသမီးတွေဟာ ရဟန်းသံဃာတွေအပေါ်မှာ အမျိုးသမီးအသုံးအဆောင်တွေနဲ့ လုပ်ကြံဖန်တီးစွပ်စွဲခဲ့တဲ့ နအဖအပေါ်မှာ ပြန်လည်တုန့် ပြန် ဒဏ်ခတ်မှရတော့မယ်ဆိုတဲ့ အသိတရားဟာ ပေါ်ပေါက်လာပါတယ်။ နအဖဟာ အမျိုးသားယေင်္ကျားကောင်းတစ်ဦးရှိသင့်တဲ့ လေးစားထိုက်တဲ့ သိက္ခာတရားမပြောနဲ့  လူသားတစ်ဦးရှိသင့်တဲ့ ကိုယ်ကျင့်တရားတောင် လုံးဝမရှိတော့တဲ့အတွက် နအဖနဲ့ အထိုက်တန်ဆုံးဟာ မြန်မာရိုးရာယဉ်ကျေးမှုအရ အမျိုးသားတွေအတွက် မသင့်တော်ဘူးလို့  ယူဆထားတဲ့ အမျိုးသမီးအသုံးအဆောင်တွေကို သန်းရွှေဦးဆောင်တဲ့ နအဖတွေအတွက် အထူးသတ်မှတ်ပေးလိုက်တာပါ။

နောက်တစ်ချက်ကတော့နအဖဟာ သူရဲ့ ဘိုးဘွားပထွေးတွေဖြစ်တဲ့ မဆလခေါင်းဆောင်ကြီးတွေ လက်သပ်သင်ခဲ့တဲ့အတိုင်း အောက်လမ်းနည်းတွေကို ယုံကြည်လွန်းပြီး၊ တိုင်းပြည်ကို လက်နက်နဲ့ အဓမ္မအုပ်ချုပ်နေတာတောင် အရည်အချင်းမဲ့စွာနဲ့  ၊ ဘိုးတော်ဘွားတော်ဆိုပြီး ကပ်ပေါင်းပြီး မြက်မြက်ကလေးစားနေတဲ့ ပုဂ္ဂိုလ်ရူးတွေရဲ့  တစ်လွဲအကြံပေးချက်တွေကို အဟုတ်မှတ်ပြီး လိုက်နာကျင့်ကြံနေတဲ့အတိုင်း ယတြာခြေကာ ဘုန်းတန်ခိုးတိုးတက်စေဖို့  လုပ်နေတဲ့ အယူသည်းမှုတွေအတွက် အမျိုးသမီး အသုံးအဆောင်တွေကို အထူးလက်ဆောင်ပေးပို့ လိုက်ကြပါတယ်။

နအဖခေါင်းဆောင်ကြီး သန်းရွှေအတွက် ဒီဘ၀မှာတင်မဟုတ်ဖူး ရောက်လေရာဘ၀ဆိုးတိုင်းမှာ ဦးထိပ်ပေါ်တင်ပြီး ပန်ဆင်ထားဖို့  အမျိုးသမီးထုက ထာဝရလက်ဆောင်ပါတဲ့။

 
/* EOT ----------------------------------------- */