Tuesday, October 30, 2007

ရုပ်အင်္ဂါနှင့် လိုက်ဘက်ညီသော စိတ်ဓါတ်ရှင်။



ကျက်သရေကင်း မရှင်းလင်းသည့်
အတွင်းသဘော ညစ်ငြမ်းနှောကာ
မနော ဂုဏ်အင် ယုတ်ဘက်မြင်သည်
တွေ့ မြင်သူတိုင်း သိကောင်း.
သူလိုလူများ တန်ခိုးကြီးထွား
အာဏာများဖြစ် ကောင်းစားနေမူ
တိုင်းသားပြည်သူ ငတ်မွတ်ထူမည်
သေသည်ဟူက ကောင်းလေစွတည်း။


အတ္တထူပြော ရာဂ တော့
အတောမသတ် လောဘဇာတ်ဖြင့်
ဘယ်သူမမှု ငါ့အားတုလည်း
မိသားစုရေး ဦးစားပေးလျှက်
မြေးကိုလက်တွဲ ပွဲထုတ်ဆွဲခါ
ခေါင်းဆောင်မပီ ဟန်မညီသည့်
ပြည်သူအရေး တိုင်းပြည်ရေးအား
ဘေးမှာထားသည် စိတ်ထားကြောင့်သာဖြစ်ရမည်။

ရုပ်ရည်ကြမ်းတမ်း စိတ်သရမ်းနှင့်
အရမ်းသန်းရွှေ ငယ်မည်တွင်သည့်
သူလိုခေါင်းဆောင် ဒီပြည်ထောင်တွင်
ဟန်ဆောင် ကိုးကွယ် ဘာသာ သာသနာ
ပယ်ခါ ပြောင်းလွဲ ငရဲမကြောက်
သည်သဘောက်အား ပြည်သူ့ အင်အား
စစ်ဆင်အားနှင့် ပူးပေါင်းတော်လှန်
လမ်းမှန်ရောက်ရေး မဝေးသောလမ်း
တို့ လျှောက်လှန်းလျှက် အောင်ပန်းဆွတ်ခူး
ဒီမို ထူးကို ညီညွတ်ဦးမှဆောင်ကြစို့ ။

ငရဲစခန်းမှ သူ့ အား ခေါ်ဆောင်နေလေပြီ
ပြည်သူ့ ကျိန်စာ သူ့ မှာ အမြဲစူးနေပြီ
သာသနာဖျက်များ နောက်ဆုံးသွားသည့် လမ်းအားသူ မြင်နေရပြီ။

ဟန်ဆောင်စိတ်နှင့် ဒီစိတ်များ
သူထားနေလည်း ရင်ထဲ နှလုံး
မီးပြာဖုံးလျှက် - ယူကြုံးမရ
သူ့ နောင်တကား သေသွားသော်လည်း
သည်ငရဲကား အမြဲ ခြောက်လှန့် နေမည်တည်း။

ငယ်မည်သန်းရွှေ ဗိုလ်သန်းရွှေ နှင့်
သူသေသော်လည်း ယမ မင်းရှေ့ မှောက်
သူမကြောက်လည်း ရောက်ပ အမှန် ရောက်မည် မှန်သည်
ဧကန်မုချ ဖြစ်သတည်း။

ရုပ်ဆိုး အမျိုးမကောင်း စိတ်ထားညစ်ပတ် သည်ဖြစ်ရပ်ကား မြန်မာ့သမိုင်းတွင်
သူလူရိုင်းအား ၀ိုင်းတော်လှန် တုန့် ပြန်ပါမှ ကမ္ဘာလည်းပြေ တာဝန်ကျေမည်
ဒို့  တွေစုပေါင်း အောင်စေကြောင်း။

(ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အတွက် ဂုဏ်ပြု လက်ဆောင်)။

ရေးသားသူ - ယမ မင်း နံပါတ်(၂)။

 
/* EOT ----------------------------------------- */