Tuesday, November 6, 2007

လိုင်စင်ရသူတောင်းစားတို့ အုပ်ချုပ်ရာတိုင်းပြည်။


မကြာခင်ကမှ အမေရိကကနေပြန်သွာတဲ့သူတစ်ယောက် မြန်မာလေဆိပ်မှာ ကိုယ်တွေ့ ကြုံတဲ့အဖြစ်အပျက်ကို အသိပေးအပ်ပါတယ်။ သူဟာ မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသားဖြစ်နေပြီး၊ အမေရိကန်ပတ်စ်ပို့ နဲ့  ရန် ကုန်လေဆိပ်ရောက်တဲ့အခါမှာ ရောက်တာနဲ့  စာရွက်စာတမ်းတွေကိုဖြည့်ခိုင်းပြီး မြန်မာနိုင်ငံသား အဖြစ် မှ စွှန့်  လွတ် ဖို့ နဲ့  အမေရိကန်ဒေါ်လာ (၃၀၀၀) ပေးဖို့  အတင်းအဓမ္မ လုပ်ခိုင်းပါတယ်။ ဒီလိုမှ မလုပ်ဖူး၊ ပိုက်ဆံ မပေးဖူးဆိုရင် ချက်ချင်းဘဲ စီးလာတဲ့လေယာဉ်နဲ့  ပြန်ဖို့ ပြောခံရပါတယ်။

ဒီလိုဘဲ နောက်အမျိုးသားနဲ့  အမျိုးသမီးတို့ လည်းဘဲ အမေရိကန်ငွေ (၃၅၀၀) အတောင်းခံရပါတယ်။ သူတို့  အားလုံးဟာ တောင်းတဲ့ငွေကို မပေးချင်ဘဲနဲ့ ပေးလိုက်ရပါတယ်။ မြန်မာပြည်ကို ပြန်လည် လည်ပတ်ဖို့ စီ စဉ်ထားသမျှတွေ၊ မိဘဆွေမျိုးသားချင်းတွေနဲ့  တွေ့ လိုစိတ်တွေကြောင့် ဒီလိုအေးဓမြတိုက်မှုကို ခေါင်းငုံ့  ခံလိုက်ရပါတယ်။ ဒီလို ပေါ်ပေါ်တင်တင် ငွေတောင်းခံမှုတွေဟာ ပိုပြီးဆိုးရွားလာနေသလို မတရားအနိုင်ကျင့်မှုတွေဟာလည်း ပိုပြီးလုပ်လာနေကြပါတယ်။ တစ်ဘက်ကလည်း နိုင်ငံခြား ဒေါ်လာငွေကို မရ ရအောင်ယူတဲ့သဘောပါ။ မြန်မာပြည်သူတွေဟာ နိုင်ငံရပ်ခြားမှာ အနှိမ်ခံ အပင်ပန်းခံပြီး စုဆောင်းရလာတဲ့ ကိုယ်ရဲ့  လုပ်အားနဲ့  ရိုးရိုးသားသားရှာဖွေရလာတဲ့ငွေတွေကို ဗီဇာလျှောက်တဲ့ သံ ရုံးတွေမှာလည်းပေးရ လေဆိပ်ရောက်တော့လည်းပေးရ တရားဝင်လိုင်စင်ရ သူတောင်းစားအကြီးစားတွေ အုပ်ချုပ်တဲ့အောက်မှာ နေနေရတဲ့ ပြည်သူတွေဘ၀ကတော့ အဘက်ဘက်က လည်စင်းခံနေရတာဘဲ။

ဒီလိုတောင်းရမ်းနေတဲ့ အာဏာပိုင်တွေကို ပေးနေရတဲ့ငွေတွေဟာ မရှိဆင်းရဲသားတွေကိုသာ ကြည် ကြည်ဖြူဖြူနဲ့  ပေးကမ်းလှူဒါန်းလိုက်ရမယ်ဆိုရင် ဘယ်လောက် ကြည်နူးစရာကောင်းလိုက်မလဲ။ တိုင်းပြည်မှာလိုအပ်နေတဲ့ စသင်ကျောင်းတွေ ဆေးရုံဆေးခန်းတွေအတွက်သာ ပါဝင်လှူဒါန်းလိုက်ရမယ်ဆိုရင် ဘယ်လောက်အကျိုးရှိလိုက်မလဲ။

လိုင်စင်ရသူတောင်းစားတို့ အုပ်ချုပ်နေတာကို ဒီအတိုင်းကြည့်ပြီး တောင်းသမျှ ရှေ့ ဆက်ပေးနေကြဦးမယ်ဆို ရင်တော့။

 
/* EOT ----------------------------------------- */