Friday, November 30, 2007

ဂျီအက်စ်အမ် လက်ကိုင်ဖုန်းကိုင်သူများ သတိထားကြပါ။

စစ်အုပ်စုက ဂျီအက်စ်အမ် လက်ကိုင်ဖုန်းများကို ကျယ်ကျယ်ပြန့်ပြန့်ကြားဖြတ် နားထောင်နိုင်ရန်အတွက် စီမံကိန်းတရပ် ချမှတ် ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
အထက်ပါ စီမံကိန်းအတွက် လိုအပ်သော ပစ္စည်းများကို နိုဝင်ဘာလအတွင်းတွင် တရုတ်နိုင်ငံမှ ၀ယ်ယူတင်သွင်းကာ စမ်းသပ်အသုံးပြုလျှက်ရှိသည်ဟု ဆက်သွယ်ရေးဌာန အရာရှိများနှင့် နီးစပ်သူ တဦးက ပြောသည်။


“ဂျီအက်စ်အမ် ဖုန်းထဲကနေ နိုင်ငံရေးစကားနဲ့ ပတ်သက်တာ ဘာမှမပြောပါနဲ့၊ ပြောတဲ့ ဖုန်းနံပါတ်ကို မှတ်တမ်း တင်ထားပြီး ပြန်လိုက်လိမ့်မယ်”ဟု တယ်လီဖုန်း အိတ်ချိန်းရုံးတရုံးမှ အရာရှိတဦးကလည်း ပြောသည်။

မြန်မာနိုင်ငံတ၀န်း လက်ရှိအသုံးပြုနေသော ဂျီအက်စ်အမ် ဖုန်း အလုံးပေါင်း ၂ သိန်း ၀န်းကျင်ခန့်ရှိပြီး အစိုးရက ပိတ်ထား သော ဂျီအက်စ်အမ် ဖုန်း အလုံး ၈၀ ကျော်ရှိကြောင်း ဆက်သွယ်ရေးရုံး မှတ်တမ်းများအရ သိရသည်။

စစ်အုပ်စု အာဏာပိုင်များက လွန်ခဲ့သော စက်တင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းမှ စတင်၍ အကြောင်းပြချက် မရှိဘဲ အထက်ပါ ဂျီအက်စ်အမ် ဖုန်းများကို ပိတ်ပစ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အပိတ်ခံရသည့် ဖုန်းများတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ အန်အယ်လ် ဒီအဖွဲ့ဝင်တချို့ အပါအ၀င် သတင်းထောက်များနှင့်ထို ရက်ပိုင်းအတွင်း ဂျီအက်စ်အမ်ဖုန်းနှင့် နိုင်ငံရေးအကြောင်းပြောသူတချို့၏ ဖုန်းများပါဝင်သည်ဟု အထက်ပါ တယ်လီဖုန်း အိတ်ချိန်းရုံးအရာရှိက ပြောသည်။

ဖုန်းပိတ်ထားခြင်းနှင့်ပတ်သက်၍ ဆက်သွယ်ရေးဝန်ကြီးဌာနသို့ စာတင်ထားသော်လည်း ယခုချိန်အထိအ ကြောင်း ပြန်ကြားခြင်းမရှိဟု ရန်ကုန်အခြေစိုက် သတင်းထောက် တဦးကပြောပြသည်။

“ခုလောက်ဆို ဖုန်းတွေ ပြန်ဖွင့်ပေးသင့်ပြီ။ ကျနော်စာတင်ထားတာကိုလည်းဘာမှအကြောင်းမပြန်တဲ့ အပြင် သွား မေး တော့လည်း အထက်က ဘာအမိန့်မှမကျသေးလို့ပါလို့ပဲ ပြန်ဖြေတယ်”ဟု ၎င်းက ပြောသည်။ အဆို ပါလက်ကိုင်ဖုန်းကို ၃၂သိန်းနှင့် ၀ယ်ယူထားရခြင်း ဖြစ်သောကြောင့် ယခုကဲ့သို့အပိတ်ခံထားရသည်မှာမတရား အလုပ်ခံထားရခြင်းပင်ဖြစ်သည်ဟုလည်း သတင်းထောက်က ပြောဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘလဆန်းကဟံသာဝတီတယ်လီဖုန်းရုံးသို့ ကျပ်၂ သိန်း သွင်း၍အသနားခံစာတင်ရမည်ဆို သော ကြောင့် သွားရောက်လုပ်ဆောင်ပါသော်လည်း ၎င်း၏ဖုန်းကို ယခုအချိန်အထိ ပြန်ဖွင့်မပေးသေးကြောင်း နိုင်ငံခြား သဘောင်္သားဟောင်းတဦးက ပြောပြသည်။

 
/* EOT ----------------------------------------- */