Thursday, November 22, 2007

တန်ဆောင်မုန်း လပြည့် သာမညဖလ အခါတော်နေ့ သစ္စာပြု ဆုတောင်း။

အမိ မြန်မာနိုင်ငံတော်သည် ထေရ၀ါဒ ဗုဒ္ဓ သာသနာတော် စတင် ထွန်းကားရာ လွန်ခဲ့သော နှစ်တစ်ထောင် ခန့်မှစတင်ပြီး သာသနာတော် စည်ပင် ပြန့်ပွားအောင်၊ မဆိတ်သုဉ်းအောင် မြန်မာ နိုင်ငံသား ရဟန်း ရှင်လူ များမှ ခေတ်အဆက်ဆက် စောင့်ရှောက် လာခဲ့ကြပါသည်။ ထို့အပြင် သာသနာတော် သန့်ရှင်း စင်ကြယ်ရေး အတွက်လည်း သင်္ဂါယနာ နှစ်ကြိမ်တိတိ တင်ကာ ပူဇော် ခဲ့ဖူး ပါသည်။ ထိုသို့ စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓဘာသာ သာသနာတော် အရှည် တည်တံ့ သန့်ရှင်း စင်ကြယ် စည်ပင် တိုးတက် ပါစေခြင်းငှာ မြန်မာ နိုင်ငံသား များမှ ကြိုးပမ်း ဆောင်ရွက် ခဲ့ကြ၊ ကြိုးပမ်း ဆောင်ရွက် နေကြဆဲ ဖြစ်သော်လည်း သာသနာ တော် ညစ်နွမ်းအောင် အားထုတ် သူများ ရှိသလို၊ သာသနာ့ ၀န်ထမ်း သက်ရှိ ဓမ္မ စေတီများ ဖြစ်ကြ ကုန် သော ထို တရားတော် များကို နှုတ်တက် အာဂုံ ရွတ်ဆိုရင်း ရေးသား ဖြန့်ဝေရင်း သာသနာ ပြုလျက် ရှိကြ ကုန်သော ရဟန်း သံဃာ တို့ကို နှိပ်စက် ညှင်းပန်း သူများလဲ ရှိခဲ့ကြ၊ ရှိနေ ကြဆဲ ဖြစ်ပါသည်။

ကျွန်တော်၊ ကျွန်မတို့သည် စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓ သာသနာ တော်ကို ယုံကြည်အားထား ကိုးကွယ်ပြီး ဘေး တကာ ဘေးတွင် ဆိုးဝါး ကြောက်မက်ဖွယ် အကောင်းဆုံး သံသရာဘေးမှ ကင်းဝေးရာမှန် မြတ်နိဗ္ဗာန် ကို ဧကန် ထုတ်ချောက် ပို့ဆောင် ပေးနိုင်ရာ နည်းကောင်း လမ်းမှန်ကို ညွှန်ပြသည့် ထေရ၀ါဒဗုဒ္ဓ သာသနာ ကို အရှည် တည်တံ့ သန့်ရှင်း စေလိုသော စိတ်ဆန္ဒ ဧကန် ရှိကြပါသည်။ ဤမှန်သော သစ္စာ စကား ကြောင့် ဗုဒ္ဓ မြတ်စွာ ဘုရားရဲ့ ထေရ၀ါဒ သာသနာ သန့်ရှင်း တည်တံ့ပါစေသော်… သာသနာဖျက် များရဲ့ ဘေးရန်မှ ကင်းလွတ် ပါစေသောဝ်။ ဗုဒ္ဓ သာသနာ တော်ရဲ့ စစ်မှန်မှု၊ နှောင်းလူများ သာသနာ အပေါ်မှာ မှားမှားယွင်း ယွင်းမပြုစိမ့် သောငှာ သာသနာဖျက် တို့ရဲ့ သွားရာလမ်းကို သိသာ ထင်ရှားစွာ မျက်မြင် ဒိဌ ပြပါစေသောဝ်။

အကြင်လောကတွင် သာသနာ တော်ကို စောင့်ရှောက်သော နတ်ဗြဟ္မာ အပေါင်း တို့သည် မြောက်များစွာ ရှိကုန်ဧ။်။ ထိုမှ တပါး အရိယာ အနွယ်သို့ ရောက်ပြီး ဖြစ်ကုန်သော နတ်ဗြဟ္မာ အပေါင်းသည် လည်း ကောင်း၊ ပုထုဇဉ် သီလ၀န္တ နတ်ဗြဟ္မာ အပေါင်းတို့ သည်လည်းကောင်း ရှိကုန်ဧ။်။ ထိုထိုသော နတ်ဗြဟ္မာ အပေါင်းသည် မြတ်စွာဘုရားဟောကြား တော် မူခဲ့သော တရားတော် များကို နာကြား ကျင့်သုံးရင်း နတ်၊ ဗြဟ္မာ ဘ၀ကို ရရှိသူများ ရှိသလို နတ်ဗြဟ္မာ ဘ၀ကို ရရှိပြီးမှ မြတ်စွာဘုရားဧ။် တရားတော်ကို နာကြားရသူ နတ်ဗြဟ္မာ အပေါင်းတို့သည် ရှိဧ။်။ ထိုတပည့် သာဝကများသည် မြတ်စွာ ဘုရားဧ။် ဓာတ်တော် များကို ဌာပနာသော ဓာတု စေတီကို ကိုးကွယ်လျက် ရှိကြကုန်ဧ။်။ မြတ်စွာဘုရားဧ၊၊် သက်မဲ့ ဓမ္မ စေတီများ ဖြစ်ကြ ကုန်သော ပိဋကတ် ကျမ်းစာ တရားတော် များနှင့် သက်ရှိဓမ္မ စေတီများ ဖြစ်ကြ ကုန်သော ထို တရားတော် များကို နှုတ်တက် အာဂုံ ရွတ်ဆိုရင်း ရေးသား ဖြန့်ဝေရင်းသာသနာ ပြုလျက် ရှိကြ ကုန်သော ရဟန်း သံဃာ တို့သည် ရှိဧ။်။ ဤ သစ္စာ စကားတို့သည် မှန်ကန်ပါသည်။ ဤမှန်သော သစ္စာ စကား ကြောင့် အသင် သာဝက နတ်ဗြဟ္မာ များသည် မြတ်စွာဘုရားဧ။် ဓမ္မ စေတီတော် များကိုစောင့်ရှောက် ကြပါစေ သတည်း။ ထို ဓမ္မ စေတီ များနှင့် ထေရ၀ါဒ ဗုဒ္ဓ သာသနာ တော်ကြီး ပျက်စီးမည့် ဘေးမှကာကွယ် ရင်း သာသနာ တော်ကို စောင့်ရှောက်ရင်း ကုသိုလ် ယူကြ ပါစေ သတည်း။

အကြင်လောကတွင် သာသနာတော်ကို စောင့်ရှောက်သော နတ်မြတ် နတ်ကောင်း နတ် ဘီလူး အပေါင်း တို့သည်လည်း ရှိကုန်ဧ။်။ ဟေမာဝတ နတ်ဘီလူး မင်းသည် လည်းကောင်း၊ အာဠာဝက နတ်ဘီလူး မင်း သည်လည်းကောင်း ထိုမှတပါး များစွာသော သာသနာတော်ကို လေးမြတ် ရိုသေသော မြတ်စွာဘုရားဧ။် တပည့် သာဝကနတ်ဘီလူး အပေါင်း တို့သည် ရှိကုန်ဧ။်။ ထို တပည့် သာဝကများသည် မြတ်စွာ ဘုရားဧ။် ဓာတ်တော် များကိုဌာပနာသော ဓာတု စေတီကို ကိုးကွယ်လျက် ရှိကြ ကုန်ဧ။်။ မြတ်စွာဘုရားဧ၊၊် သက်မဲ့ ဓမ္မ စေတီများ ဖြစ်ကြကုန်သော ပိဋကတ် ကျမ်းစာ တရားတော် များနှင့် သက်ရှိ ဓမ္မ စေတီများ ဖြစ်ကြ ကုန်သော ထို တရားတော် များကို နှုတ်တက် အာဂုံ ရွတ်ဆိုရင်း ရေးသား ဖြန့်ဝေရင်း သာသနာ ပြုလျက် ရှိကြ ကုန်သော ရဟန်း သံဃာ တို့သည် ရှိဧ။်။ ဤ သစ္စာ စကားတို့သည် မှန်ကန်ပါသည်။ သည်မှန်သော သစ္စာ စကားကြောင့် အသင် သာဝက နတ်ဘီလူး မင်း များသည် မြတ်စွာဘုရားဧ။် ဓမ္မ စေတီတော် များကိုစောင့် ရှောက် ကြပါစေ သတည်း။ ထို ဓမ္မ စေတီ များနှင့် ထေရ၀ါဒ ဗုဒ္ဓ သာသနာ တော်ကြီး ပျက်စီးမည့် ဘေးမှ ကာ ကွယ် ရင်း ကုသိုလ် ယူကြ ပါစေ သတည်း။

အကြင်လောကတွင် သာသနာတော်ကို စောင့်ရှောက်သော နဂါးမင်း အပေါင်းတို့ သည် ရှိကုန်ဧ။်။ ကာလ နဂါးမင်းသည် လည်းကောင်း၊ နန္ဒောပ နန္ဒ နဂါး မင်းသည် လည်းကောင်း၊ ထိုမှတပါး မြတ်စွာဘုရားဧ။် အံတော် တစ်ဆူကို နဂါးပြည်တွင် စေတီ တည်ထား ကိုးကွယ်သော နဂါးမင်း တို့သည် လည်းကောင်း၊ ဗုဒ္ဓ မြတ်စွာဘုရားဧ။် တပည့် သာဝကများ ဖြစ်ကြ ပေသည်။ ထို တပည့် သာဝကများသည် မြတ်စွာ ဘုရားဧ။် ဓာတ်တော် များကို ဌာပနာသော ဓာတု စေတီကို ကိုးကွယ်လျက် ရှိကြ ကုန်ဧ။်။ မြတ်စွာဘုရားဧ၊၊် သက်မဲ့ ဓမ္မ စေတီများ ဖြစ်ကြ ကုန်သော ပိဋကတ်ကျမ်းစာ တရားတော် များနှင့် သက်ရှိ ဓမ္မ စေတီများ ဖြစ်ကြ ကုန်သော ထို တရားတော် များကို နှုတ်တက် အာဂုံရွတ်ဆိုရင်း ရေးသား ဖြန့်ဝေရင်း သာသနာ ပြုလျက် ရှိကြ ကုန်သော ရဟန်း သံဃာ တို့သည် ရှိဧ။်။ ဤသစ္စာစကားတို့သည် မှန်ကန်ပါသည်။ သည်မှန်သော သစ္စာ စကားကြောင့် အသင် သာဝက နဂါးမင်း များသည်မြတ်စွာဘုရားဧ။် ဓမ္မ စေတီတော် များကို စောင့်ရှောက် ကြပါစေ သတည်း။ ထို ဓမ္မ စေတီ များနှင့် ထေရ၀ါဒ ဗုဒ္ဓသာသနာ တော်ကြီး ပျက်စီးမည့် ဘေးမှကာကွယ်ရင်း ကုသိုလ်ယူကြပါစေ သတည်း။

အကြင်လောကတွင် သာသနာတော်ကို စောင့်ရှောက်သော စကြာဝတေးမင်း လူမင်း အပေါင်းတို့ သည် ရှိခဲ့ကုန်ဧ။်။ ထို့အတူ သာသနာ တော်ကို စောင့်ရှောက် ကုန်သော ၀ိဇ္ဇာ၊ ဇော်ဂျီ တပသီ အပေါင်း တို့သည် လည်း ရှိကြကုန်ဧ။်။ ထို့အပြင် သာသနာတော်ကို မျက်မြင် ဒိဌ ကိုယ်ထိလက်ရောက် စောင့်ရှောက်နေကြ ကုန်သော မြင့်မြတ်သော အရိယာ လူပုဂ္ဂိုလ်များ၊ ပုထုဇU် သီလ၀န္တ ပုဂ္ဂိုလ်များ ရှိကြကုန်ဧ။် ထို တပည့် သာဝကများသည် မြတ်စွာ ဘုရားဧ။် ဓာတ်တော် များကို ဌာပနာသော ဓာတု စေတီကို ကိုးကွယ်လျက် ရှိကြ ကုန်ဧ။်။ မြတ်စွာဘုရားဧ၊၊် သက်မဲ့ ဓမ္မ စေတီများ ဖြစ်ကြ ကုန်သော ပိဋကတ် ကျမ်းစာ တရားတော် များနှင့် သက်ရှိ ဓမ္မ စေတီများ ဖြစ်ကြ ကုန်သော ထိုတရားတော် များကို နှုတ်တက် အာဂုံ ရွတ်ဆိုရင်း ရေးသား ဖြန့်ဝေရင်း သာသနာ ပြုလျက် ရှိကြ ကုန်သော ရဟန်းသံဃာ တို့သည် ရှိဧ။်။ ဤ သစ္စာ စကားတို့သည် မှန်ကန်ပါသည်။ သည်မှန်သော သစ္စာ စကားကြောင့် အသင်သာဝက များသည် မြတ်စွာဘုရားဧ။် ဓမ္မ စေတီတော် များကို စောင့်ရှောက် ကြပါစေ သတည်း။ ထို ဓမ္မ စေတီများနှင့် ထေရ၀ါဒ ဗုဒ္ဓ သာသနာ တော်ကြီး ပျက်စီးမည့် ဘေးမှ ကာကွယ် ရင်း ကုသိုလ် ယူကြ ပါစေ သတည်း။

(သစ္စာပြု ဆုတောင်းသူ - ခွန်မြလှိုင်)

 
/* EOT ----------------------------------------- */