သူကွယ်လွန်ချိန်မှာသူ့ အသက်ဟာ (၅၄)နှစ်သာရှိပါသေးတယ်။ အောက်တိုဘာ ၂၃၊ ၁၉၉၀ခုနှစ်မှာ အာဏာပိုင်တွေရဲ့  ဖမ်းဆီးခြင်း ခံခဲ့ရပြီး ၁၇ ရက်အကြာ ရေကြည်အိုင်ငရဲခန်းမှာ ကျဆုံးခဲ့တယ်။
ဦးမောင်ကိုဟာ ၁၉၈၈ အရေးတော်ပုံအတွင်းမှာ ဆိပ်ကမ်းအလုပ် သမားများသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သလို ဖမ်းဆီးခံရချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လူမှုထောက်ကူပြုကော်မတီ၊ တနင်္သာရီတိုင်း အဖွဲ့ ဝင်အဖြစ် ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သူပါ။ သူ ကွယ်လွန်ပြီးမှ သူ့ ရုပ်ကလာပ်ကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီးကို ပို့ ခဲ့ကြတယ်။
ဆေးရုံအမှုထမ်းတွေကမှတဆင့် သူ့ မိသားစုတွေ သူ့  ရုပ်အလောင်းကို ကြေကွဲစွာနဲ့  မြင်တွေ့ ခွင့်ရခဲ့ကြတယ်။ "ကိုမောင်ကိုရဲႚ နဖူးက အတွင်းကို ချိုင့်ဝင်နေတယ်။ လည်ပင်းမှာလဲ ဒဏ်ရာတွေရှိတယ်။ သူ့ ခြေသလုံးကတော့ မွစာကြဲနေတယ်။" လို့  အသုဘရှုခွင့်ရတဲ့ သူ့ မိတ်ဆွေတဦးက ပြောပြခဲ့ပါတယ်။
သူကွယ်လွန်တာနဲ့ ပတ်သက်ပြီး ဗိုလ်စောမောင်က " ကျနော်တို့ မှာညဉ်းပန်း နှိပ်စက်ပြီးစစ်ဆေးတယ် ဆိုတာ မရှိဘူး။ အဲဒီ လူက သူတိုႚ ဘာလုပ်ခဲ့တယ်။ ဘာ အစီအစဉ် တွေရှိတယ် ဆိုတာကို ဝန်ခံသွားပြီး သူႚကို ပေးထားတဲ့စောင်နဲႚ သူႚကိုယ်သူ ဆွဲကြိုးချ သေ သွားတယ်။ ကျနော်တိုႚကြောင့် သေတာ မဟုတ်ပါဘူး။" လို့ လူသိရှင်ကြား ဗြောင်လိမ်ခဲ့ ပါသေးတယ်။
ဦးမောင်ကိုဟာ ဆိပ်ကမ်းကော်ပိုရေးရှင်းရဲ့ မန်နေဂျာအဖြစ် ၁၉၈၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သလို အင်္ဂလန်၊ နော်ဝေး၊ ဂျာမဏီ၊ ဆွီဒင် နိုင်ငံများကိုလည်း ပညာ တော်သင်အဖြစ် သွားရောက်ခဲ့ဖူးသူမို့  မိမိတိုင်းပြည်ရဲ့ယိုယွင်းပျက်စီးနေမှုများကို သူ မြင်ခဲ့ ပါတယ်။ သူ ချစ်တဲ့တိုင်းပြည်ကို သူ တတ်စွမ်းသရွေ့  ပြုပြင်ပြောင်းလဲနိုင်ဖို့  အသက်ပေးပြီး ကြိုးပမ်းခဲ့သူပါ။
(၁၇) နှစ်ကြာခဲ့ပေမဲ့ ကျနော်တို့  ဦးမောင်ကို ကို သတိရနေမိတယ်။ ဦးမောင်ကိုရေ ၊ ဒီနေ့  နိုဝင်ဘာ ၉ ရက်နေ့  ၂၀၀၇ ခုနှစ် သမိုင်းကို ထပ်မံကဗ္မည်းထိုးပါတယ်။
(ကေမိုး)။
ဦးမောင်ကို (၁၉၉၀ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့ တွင် ကွယ်လွန်ကျဆုံးသည်)။