Saturday, November 17, 2007

လိမ်တယ် ညာတယ် လူညာကြီးရယ် ယုံအောင် ဖြီးတတ်တယ်။

ကုလသမဂ္ဂ လူ့ အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာပင်နဲရိုး အင်းစိန်ထောင်ကို သွားရောက်စစ်ဆေးတော့ နအဖက ဘယ်လိုညာလည်းဆိုတာ ကြည့်ပါဦး။

ထောင်တွင်းအကျဉ်းချခံနေရသူတွေကို ကျွေးမွေးဖို့  ချက်ပြုတ်ပြင်ဆင်ထားတာတဲ့။
ဘာတဲ့ ဆောင်ပုဒ်ကလည်း “အမြဲမပြတ် ဆောင်ရွက်ပေး ဖိုကြီးသန့် ရှင်းရေး” ဆိုပါလား။

ပြထားတဲ့ အိုးတွေကလည်း ပြောင်လက်နေတာ အသစ်မှန်း သိသာလွန်းတယ်။ တစ်ခါမှ မသုံးရသေးဘဲ ပြဖို့ အတွက် ကမန်းကတန်း ထုတ်လာတာမှန်း သိသာပါတယ်။

နအဖတို့ ရဲ့  မျက်နှာပြောင်တိုက်ပြီး ညာတာကတော့ ကမ္ဘာကျော်လူလိမ်ကြီးများဘွဲ့ နဲ့  လိုက်ဖက်ပါပေတယ်။

အင်းစိန်ထောင်တွင်းနဲ့  နအဖထောင်တွေတိုင်းမှာ အနေအထိုင် အစားအသောက် ကျန်းမာရေး ဘယ်လောက်ဆိုးရွားပြီး ရောဂါဆိုးတွေ ဘယ်လောက်ဖြစ်ပျက်နေလည်းဆိုတာ မှတ်တမ်းမှတ်ရာတွေ ထွက်နေတာအများကြီးပါ။ နအဖရဲ့  မတရားဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ သူတွေပြောပြတဲ့ ထောင်တွင်းအတွေ့ အကြုံတွေက တစ်ပုံကြီးပါ။

နအဖဟာ အခြေအနေအမှန်တွေကို ဖုံးကွယ်ပြီး၊ မြန်မာနဲ့ ကမ္ဘာ့ပြည်သူတွေကို အရှက်မဲ့စွာနဲ့  ညာနေတာကတော့ သြောချလောက်တယ်။

 
/* EOT ----------------------------------------- */