Monday, November 5, 2007

ကျောင်းသားငယ်လေးတွေ ရဲရင့်တဲ့ စိတ်ဓါတ်နဲ့ သတ္တိ။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ (၃၁) ရက်နေ့ က ကျောင်းသားလူငယ်တွေ ဆန္ဒပြကြပါတယ်။ အသက် (၁၀) နှစ်နဲ့  (၁၃) နှစ်ကြား ကျောင်းသားတွေဖြစ်ပြီး ခေါင်းမှာ အနီရောင်ဖဲစတွေ စည်းထားပြီး လောကနန္ဒာဘုရားဘက်ကို ချီတက်ကြပါတယ်။ တစ်ဦးက လက်တစ်ဘက်က ပန်းခြင်းကို ကိုင်ထားပြီး၊ အခြားလက်တစ်ဘက်နေ ခိုငှက်တစ်ကောင်ကို ကိုင်ထားပြီး ချီတက်ပါတယ်။ အခြားသူတွေကလည်း ခိုငှက်တွေကို ကိုင်ထားကြပါတယ်။ ဒီကျောင်းသားငယ်လေးတွေဟာ ကျောင်းပေါင်းစုံက ဖြစ်ပါတယ်။ ကျောင်းသူကျောင်းသားလေးတွေဟာ ငါးယောက်တစ်တန်းနဲ့  ချီတက်ကြတာ စုစုပေါင်း အယောက် (၁၀၀) ခန့် ဖြစ်ပါတယ်။

နေ့ လည် (၂) နာရီကနေ (၃) နာရီထိ လောကနန္ဒာဘုရားမှာ တစ်နာရီလောက်နေပြီး ခိုငှက်တွေကို လွှတ်လိုက်ကာ ငါတို့ တစ်တွေ ငြိမ်းချမ်းရေး ရကြပါစေ၊ စစ်အာဏာရှင်အုပ်ချုပ်မှုအလိုမရှိဆိုပြီး ကြွေးကြော်ကြပါတယ်။ စစ်အုပ်စုရဲ့ လုံခြုံရေးတပ်ဖွဲ့ တွေက ဒီကျောင်းသားတွေကို ခွဲပြီး အိမ်ပြန်ပို့ ဖို့ ကြိုးစားပေမယ့် ကျောင်းသားလူငယ်တွေဟာ အခွဲမခံဘဲ ညနေ (၃) နာရီထိ ဘုရားဝန်းထဲမှာ နေခဲ့ကြပါတယ်။

ကျောင်းသားငယ်လေးတွေဟာ အောက်တိုဘာလ (၂၉) ရက်နေ့ ည ကတည်းက ဘုန်းကြီးကျောင်းဝင်းဝတွေ၊ ဘုရားစေတီပုထိုးဝင်းဝတွေမှာ စစ်အာဏာရှင်ဆန့် ကျင်ရေး ကာတွန်းပုံတွေ ချိတ်ဆွဲထားခဲ့ကြတာပါ။

 
/* EOT ----------------------------------------- */