စက်တင်ဘာလမှာ ငြိမ်းချမ်းစွာ ချီတက်လမ်းလျှောက်ပွဲကို ဦးဆောင်ခဲ့ကြတဲ့ မြန်မာရဟန်းသံဃာတော်များကို အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုတက္ကသိုလ်ကနေ ဂုဏ်ပြုတဲ့အနေနဲ့  ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ကို ချီးမြှင့်ပေးအပ်ခဲ့တာမို့  ကျွန်တော်တို့  မြန်မာပြည်သူပြည်သားတွေအနေနဲ့  အထူးဂုဏ်ယူဝမ်းမြောက်ရပါတယ်။
စက်တင်ဘာလအတွင်းက ရဟန်းသံဃာတော်တွေရဲ့  ချီတက်လမ်းလျှောက်ပွဲ ပုံရိပ်လွှာများကို အမှတ်တရ ပြန်လည်ဖေါ်ပြလိုက်ပါတယ်။

3.jpg)

စက်တင်ဘာလ (၂၅) ရက်နေ့ က သက်တော် (၈၃) နှစ်ရှိ ရဟန်းသံဃာတော်ကြီးတစ်ပါးမှ ဆူးလေဘုရားတွင် ငြိမ်းချမ်းစွာချီတက်လမ်းလျှောက်ခြင်းနှင့်ပတ်သက်ပြီး လူထုအား ဟောကြားပြောဆိုတော်မူစဉ်။

စက်တင်ဘာလ (၂၇) ရက်နေ့ က ဆူးလေဘုရားအနီး ငြိမ်းချမ်းစွာချီတက်လမ်းလျှောက်နေစဉ် သေနတ်ဖြင့်ပြစ်ခတ်မှုကြောင့် ကျောဘက်တွင် သေနတ်ဒဏ်ရာ ရရှိခဲ့သော သံဃာတော်တစ်ပါး။

ရဟန်းသံဃာတော်များ၏ အပင်ပန်းခံမှုနှင့် ပြည်သူတို့ အတွက် လေးစားကြည်ညိုထိုက်သော စွန့်ံလွှတ်အနစ်နာခံဆောင်ရွက်မှု။

အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်စဉ်။
+accepts+an+honorary+doctorate+on+behalf+of+the+Buddhist+monks+of+Burma+during+a+Dec.+14+commencement+ceremony..jpg)

ရွှေဝါရောင်တော်လှန်ရေးကို မြန်မာပြည်တွင်သာမက ကမ္ဘာတစ်ခွင်ပါ သိမြင်ကြားသိခွင့် ရကြတဲ့အတွက် ရဟန်းသံဃာတော်များ၊ ကျောင်းသူကျောင်းသားများနဲ့  ပြည်တွင်းပြည်ပမှာရှိကြတဲ့ မျိုးချစ်မြန်မာများအားလုံးအား ဂုဏ်ယူလေးစားမိပါကြောင်းနဲ့  မပြီးဆုံးသေးသော အာဏာရှင်စနစ်ကျဆုံးရေးအတွက် ဆက်လက်ချီတက်ကြပါစို့ ။