Tuesday, December 25, 2007

ဘာသာသာသနာနဲ့  သံဃာတော်တွေကို ထပ်မံစော်ကားပြန်ပြီ။

ခရစ်ယာန်ဘာသာဝင်တို့ ခရစ်စမတ်ပွဲတော်ကျင်းပနေသောယနေ့အချိန်အခါတွင် ဗုဒ္ဓဘာသာဝင်တို့အတွက်ဝမ်းနည်းစရာသတင်းတစ်ခုထွက်ပေါ်လာခဲ့သည်။

မြန်မာနိုင်ငံ၏ အထင်ကရ တရားဟောဆရာတော် ၅ ပါးအား စစ်ခွေးများနှင့် ၄င်းတို့၏ နောက်လိုက် သာသနာ ဖျက် ဒေ၀ဒတ်မျိုးနွယ် လက်တစ်ဆုပ်စာ လူတစ်စုက တရားပွဲကျင်းပခွင့် ပိတ်ပင်လိုက်သည်ဟူသော သတင်း ဆိုးတစ်ခုကို ယနေ့နံနက် တွင် ကြားသိလိုက်ရပါသည်။

ယနေ့နံနက် မြောက်ဥက္ကလာပရှိ တရားပွဲစီစဉ်သူ တာဝန်ရှိသူများအား စစ်ခွေးနောက်လိုက် အမျိုးဖျက် တာဝန် ယူထား ပြီး မ.၀.တ (မ.ယ.က) ခေါင်းစဉ်တပ် စစ်ခွေးအလိုတော်ရိများမှ ခေါ်ကာ အထင်ကရ ဆရာတော်များ ထဲမှ ဦးကောသလ္လ( ဓမ္မစေတီ ) ၏ဟောမည့်ရက် ၄.၁.၀၈ အတွက် တင်ထားသောတရားပွဲ ကျင်းပခွင့်အတွက် ခွင့်မပြုကြောင်း နှင့် ကျင်းပခဲ့ပါက တာဝန်အရအရေးယူ ဆောင်ရွက် ခြင်းခံရမည်ကို သိရှိပါကြောင်း ၀န်ခံ လက်မှတ် ရေးထိုးခိုင်းခဲ့သည်။

ထိုကဲ့သို့ တရားပွဲပြုလုပ်ခွင့်ပိတ်ခံရသော ဆရာတော်မှာ ၅ ပါး ဖြစ်ပြီး ထိုဆရာတော်များ၏ ဘွဲ့များပါ ၄င်းဝန်ခံ ကတိ ၏ အထက်တွင် ပါရှိရာ ၄င်းဆရာတော် များ မှာ ဦးကောသလ္လ(ဓမ္မစေတီ) ၊ ဒေါက်တာ အရှင်ကောဝိဒ(မဇ္ဈိမဂုဏ်ရည်) ၊ ဖြူးဆရာတော်၊ အရှင်ဇဋိလ(လူရည်ချွန်) တို့၏ ဘွဲ့တံဆိပ်တော်များသာ တိတိကျကျ တွေ့ ရှိ ရပြီး ကျန် ၁ ပါးအား အတိအကျ မမြင်တွေ့ ခဲ့ရဟု ထိုတရားပွဲတာဝန်ခံ ကပြောပြခဲ့ပါသည်။

ထို့အပြင်လွန်ခဲ့သည့် နိုဝင်ဘာလအတွင်း အင်းစိန်နှင့် ရွှေပြည်သာတို့တွင် ပြုလုပ်ခဲ့သောတရား ပွဲများကိုလည်း တနည်းမဟုတ် တနည်းနည်းလမ်းမျိုးစုံဖြင့် စစ်ခွေးနောက်လိုက်များက နှောက်ယှက်ခဲ့ကြပါသေးသည်။ ရွှေပြည် သာတရားပွဲတွင် သီတဂူကြယ်တပွင့်ဆရာတော်၏ တရားဟောသည့်ရက်၌ ကြိုတင်ကြောင်းကြားထားရက်နှင့် မီးဖျက်တောက်ခဲ့သည်။ သက်ဆိုင်ရာမီတာရုံးသို့ ဖုန်းဆက်အကြောင်းကြားသော်လည်း မီးပျက်ရက်ဖြစ်၍ မည် သို့မှ လုပ်ဆောင်မပေးနိုင်ကြောင်းခပ်မာမာနှင့်ပင်ဖြေကြားခဲ့သည်။ ယခုအချိန်တွင်တော့စစ်ခွေးတို့သည် ဗြောင်ကျကျပင် ဒင်းတို့၏ အလိုတော်ရိများအား ဆရာတော်များ၏ တရားဟောပြောခွင့်ကို ပိတ်ပင်စေ ခဲ့သည် မှာ အမှန်ပင် ဖြစ်လာပါတော့သည်။

 
/* EOT ----------------------------------------- */