Friday, December 28, 2007

ပြည်သူ့ တော်လှန်ရေးဆိုတာ ဘယ်တော့မှ ကျဆုံးတယ်ဆိုတာမရှိဖူး။

စက်တင်ဘာလှုပ်ရှားမှုအား လက်နက်ကိုင်တပ်ဖွဲ့ဝင်များက အကြမ်းဖက် ရိုက်နှက်နေပုံများကို ရိုက်ကူးထား သည့် ဗီစီဒီ အပါအ၀င် နာမည်ကျော် အနုပညာရှင်များအား ဖုန်းဆက်သည့် လှုပ်ရှားမှုနှင့် တအိမ်တက်ဆင်းစာ ဝေသည့် လှုပ်ရှားမှု များကို စက်တင်ဘာ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ကျောင်းသားလူငယ်များက ယမန်နေ့မှ စ တင်လိုက်သည်။

တအိမ်တက်ဆင်း ဝေသည့်စာတွင် မိမိတို့တတ်နိုင်သည့်ဘက်မှ စစ်အစိုးရကို ဆန့်ကျင်ကြရန် မေတ္တာရပ်ခံ ထားပါသည်။

ဇန်န၀ါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့) တွင် နေအိမ်မှ အပြင်မထွက်ကြရန်၊ ထိုနေ့မှစ၍ အစိုးရ၀န်ထမ်းများ တပတ်တိတိ ရုံးမတက်ကြရန် တို့ကို တောင်းဆိုထားပြီး မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနှင့် တိုးတက်ရေးအဖွဲ့ဟု ရေးသားထားကြောင်း စီစဉ်သူများနှင့် နီးစပ်သူတဦးက ပြောပါသည်။

ယမန်နေ့က ၎င်းင်းစာကို ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၊ ပန်းပဲတန်းမြို့နယ်၊ လသာမြို့နယ်၊ လှိုင်သာယာ မြို့နယ်၊ ကမာရွတ်မြို့နယ်၊ အင်းစိန်မြို့နယ် ကြို့ကုန်းရပ်ကွက်နှင့် မရန်းကုန်းမြို့နယ် ကမာရွတ်ရပ်ကွက်များရှိ လူနေအိမ်များကို ဝေကြောင်းသိရပါသည်။

ရန်ကုန်မြို့ အပါအ၀င် မန္တလေး၊ ပခုက္ကူ၊ မုံရွာနှင့် ဘိုကလေးမြို့များတွင် စာဝေသည့်လှုပ်ရှားမှု ကို ယနေ့ဆက် လက်ပြုလုပ် နေကြောင်းလည်း သိရှိရပါသည်။

 
/* EOT ----------------------------------------- */