လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် စတုတ္ထနေ့ကြွချီ။
ယနေ့တွင်လည်း သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့သည် မေတ္တာသုတ်ရွတ်ဆို ငြိမ်း ချမ်းစွာလမ်းလျှောက်ကြွချီကြသည်မှာ သီဝတမြို့ ကီလိုမီတာ (၃၀)သို့ရောက်ရှိနေပါပြီ။ ဒီနေ့မှာ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ (၁၆)ကီလိုမီတာရှိသော မောရဓူရမြို့ သို့ ကြွချီလျှောက်လှမ်းမည်ဖြစ်ပါသည်။
ဇွဲးမလျှော့ဘဲ ဤကဲ့သို့ဆက်လက် ကြွချီလျှောက်လမ်းသည်မှာ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ကို ရှေ့ရှုလျှက် မေတ္တာဓာတ်များ ကို လမ်းလျှောက်ရင်း ကမ္ဘာတစ်ဝန်း သို့ ပို့လွှတ်နေကြခြင်း ဖြစ်ပါသည်။
ယနေ့ မနက် ၅ နာရီ မှာ ပြုလုပ်မြဲဖြစ်တဲ့ ဘုရား အနေကဇာတင်, မေတ္တာသုတ် ရွတ်ဖတ်, ဂုဏ်တော်ပွား, အမျှ ဝေ စ တဲ့ ကုသိုလ်များကို ကာလုတရမြို့ ဗဟာဗောဓိကျောင်းမှာပြုလုပ်ပြီး, အာရုဏ်ဆွမ်း ဘုန်းပေးကြပါတယ်။ ၇ နာရီး ၃၀ မိနစ်မှာ ငြိမ်းချမ်းရေး ခရီးစဉ်ကို စတင်နေကြပါပြီ။

http://lanka-msma.blogspot.com/2008/01/blog-post_3481.html