Wednesday, January 9, 2008

မြန်မာပြည်တွင်းရှိ နိုင်ငံခြားသံရုံးတိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံများ ပြသထားစေလို။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ.ဓါတ်ပုံကို အီတလီနိုင်ငံ ပီဆာမျှော်စင်မှာ ချိတ်ဆွဲထားတာ ကြောင့် ကမ္ဘာလှည့် ခရီးသွားဧည့်သည်တွေရဲ.စိတ်ဝင်စားမှုကို ရယူခဲ့သလို၊ အီတလီနိုင်ငံသားတွေ ကိုလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ.အကြောင်းတွေကို ပြောပြတဲ့ သဘော သက်ရောက်တဲ့လှုပ်ရှားမှု ဒီနှစ်ဦးပိုင်းမှာ ဖြစ်ခဲ့ပါတယ်။ အဲ့ဒီ လုပ်ရပ်ဟာ အီတလီအစိုးရကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံတဲ့အနေနဲ. လုပ်ထားတာ ဖြစ်ပါတယ်။


အခုလို နိုင်ငံခြား အစိုးရတွေကိုယ်တိုင်ကတောင် မြန်မာပြည်က လူထုခေါင်းဆောင်ရဲ.အကြောင်းကို ကိုယ့်ပြည်သူ ပြည်သားတွေ ရင်ထဲ စွဲမြဲသွားစေအောင် အမြဲတမ်း ပြောပြတာတွေ၊ အမှတ်တရဖြစ်နေအောင် လှုံ.ဆော်နေပေမယ့် ကျွန်တောာ်တို. မြန်မာပြည်က နအဖ စစ်အုပ်စုကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ. ပုံရိပ် ပြည်သူတွေရဲ. ရင်ထဲကနေ ပျောက်ပျက်သွားဖို. အကြံအစည်ရှိရှိ လုပ်ဆောင်နေ တာတွေ အများကြီးတွေ.နေ၊ ကြားနေရပါတယ်။

သို.သော် လူထုခေါင်းဆောင်ရဲ. ပုံရိပ်ကတော့ ပြည်သူတွေရဲ. ရင်ထဲကနေ ပျောက်ပြယ်ဖို. မဖြစ်နိုင်ဘူး ဆိုပေမယ့် အခြားတိုင်းပြည်က ပြည်သူတွေရဲ. ရင်ထဲကနေ ကြာလာရင် ပျောက်ပြယ်သွားမလား။ အီတလီနိုင်ငံ အစိုးရကတော့ သူ.နိုင်ငံမှာ ကြိုးစားနေတယ်။ ဒါကောင်းမွန်သော အားပေးထောက်ခံမှုဖြစ်ပါတယ်။ သို.သော် အစိုးရကိုယ်တိုင်ကတောင် ထောက်ခံပါတယ်ဆိုတဲ့ လုပ်ဆောင်ချက်တွေ လုပ်နေပြီဆိုတော့ မြန်မာ ပြည်မှာရှိတဲ့ အီတလီသံရုံးက ၀န်ထမ်းတွေအနေနဲ.ရော မလုပ်နိုင်ကြဘူးလား။ သံရုံးအတွင်းမှာဒေါ်အောင်ဆန်း စုကြည်ရဲ.ဓါတ်ပုံတွေ (Wallsheet အရွယ်အစားဖြစ်ဖြစ်) ကပ်ထားပြီး ဗြောင်ထောက်ခံတာမျိုး လုပ်ဖို.သင့်ပါ တယ်။ ထို့ အပြင် သံရုံးဝန်ထမ်းတွေက သူတို.နေတဲ့အိမ်မှာ ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံကို ကပ်ထားခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် အားပေးထောက်ခံပေးကြပါရန် ရန်ကုန်က အမျိုးသား ဒီမိုကရေစီအဖွဲ.ချုပ် ဗဟိုဥပဒေ အထောက် အကူပြု အဖွဲ.၀င် တဦးက တောင်းဆိုထားပါတယ်။

ပြည်တွင်းပြည်ပမှ မြန်မာများအနေနဲ့  ဖြစ်နိုင်ရင် ဖြစ်နိုင်တဲ့နည်းလမ်းတွေနဲ. အီတလီအစိုးရ သံရုံးနဲ့  အခြား သော သံရုံးများကို ဆက်သွယ်ပြီး မေတ္တာရပ်ခံပေးကြပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ.ပုံရိပ်တွေ၊ ကြိုးစား အား ထုတ်မှု တွေ မြန်မာပြည်သူတွေတောင် မဟုတ်ပါဖူး၊ နိုင်ငံတကာက နိုင်ငံခြားသားတွေရဲ. ရင်ထဲ စွဲမြဲသွားပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို.ပိုပြီး ဖိအားပေးတာတွေ၊ ပိုပြီး ကြိုးစားလုပ်ဆောင်တာတွေ ဖြစ်ပေါ်လာ စေဖို.ကျနော်တို.အားလုံးမှာ တာဝန်ရှိနေတယ်ဆိုတာ ထပ်မံအသိပေးလိုက်ခြင်း ဖြစ်ပါတယ်။ 2008 ခုနှစ်မှာ ပြည်တွင်းက နိုင်ငံခြားသံရုံးတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံတွေ ကပ်ထားတဲ့ လှုပ်ရှားမှု ပြုလုပ်ရအောင် တိုက်တွန်းလိုက်ပါတယ်။

 
/* EOT ----------------------------------------- */