Saturday, January 12, 2008

ပြည်တွင်းသတင်း အတိုအထွာ။

နအဖကနေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့  အခြေအနေနဲ့ ပတ်သက်ပြီး ရေချိုးခန်းရှိ တဲ့ ကိုမင်းကိုနိုင် ၊ ကိုသိန်းဆွေ အစရှိသူတို့ကို အဆောင်မှ လုံးဝ အပြင်မထုတ်ပါ ။ လုံးဝ အပြင်မထွက်ရပါ ။ ရေချိုးခန်း မရှိတဲ့ ရှင်သုတဥာဏ.... ၊ ကိုကိုကြီး ၊ ကိုဌေးကြွယ် ၊ ကိုမြအေး ၊ ကိုမာကီး ၊ ကိုဂျင်မီ ၊... အစရှိသူ တို့ကို မနက် - ၁၅ မိနစ် မျက်နှာသစ် ထုတ် ၊ နေ့လည် - ၁၂:၀၀ မှ ၁:၀၀ ထိ ရေချိုး ၊ အ၀တ်လျှော် လမ်း လျှောက် ထုတ် ။ စုစုပေါင်း တရက်လျှင် (၁ နာရီ နှင့် ၁၅ မိနစ်) သာ အဆောင် အပြင်ထွက်ရသည် ။

ကိုလှမျိုးနောင်....စတင် အဖမ်းခံရစဉ် ဘယ်ဘက်မျက်လုံး အခြေအနေ ဆိုးရွားနေခဲ့ပါသည်။ အင်းစိန်ဆေးရုံ တွင် ခွဲစိတ် ၊ ဆရာဝန်မှ ဆေးရုံတွင် အနားယူရန် လိုဟုဆို ၊ S.B မှ ပယ်ချ ၊ အင်းစိန်ထောင်သို့ အတင်း ပြန် ခေါ်၍ စစ်ကြောရေး ပြန်ဝင် ၊ ပြီးနောက် ထွက်ချက်ကို လတ်မှတ်ထိုးရန် အတင်းအကျပ်ဖတ်ခိုင်းရာမှ ဘယ် ဘက် မျက်လုံး ကွယ်သွားရခြင်း ဖြစ်သဖြင့် န.အ.ဖ တွင် လုံးဝ တာဝန်ရှိပါသည် ။

 
/* EOT ----------------------------------------- */