ယခုနှစ် လွတ်လပ်ရေးနေ့ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးတွင် နှစ် (၆၀) မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပရာတွင် တက်ရောက်သူ (၁၂၀၀) ခန့် ရှိကြောင်း သိရှိရပါသည်။ ထို့ အပြင် ရုံးချူပ်ရှေ့ တွင် အဖွဲ့ ဝင် (၁၂) ဦးမှ အပေါ်ရောင်တွင် အပြာနုနှင့် အောက်တွင် ပုဆိုးအပြာရင့်ရောင်များ ၀တ်ဆင်ကာ ကျော နောက် ဘက်တွင် (နိုင်ငံရေးအကျဉ်းသမားများအမြန်ဆုံးလွှတ်) စာလုံးများအား တစ်လုံးချင်းစီ ရေးသားထား ကာ ဆန္ဒပြကြပါသည်။ ယခုအချိန်အထိ ဖမ်းဆီးခံရမှုသတင်းမရှိသေးပါ။ ဆန္ဒပြမှုကြာမြင့်ချိန်မှာ (၁၅) မိနစ် ခန့်  ရှိပါသည်။


