တွေဝေနေလား၊
စွန့်စားမှ အကျိုးရှိမယ်၊
တစ်လှမ်းတိုးမှ အရှေ့ရောက်မယ်။
မင်းရဲ့ မျိုးဆက်တွေ၊
စစ်ဖိနပ်အောက်မှာ၊
ပြားပြားမှောက်မနေစေချင်ရင်၊
မင်း ရှေ့တစ်လှမ်းတက်ခဲ့ပါ။
ကြောက်နေလား၊
ကြောက်တတ်ရင် နှစ်ခါရှုံးမယ်၊
ဒီဘ၀ဆိုးကလွတ်ဖို့၊
ကိုယ့်ကို ကိုယ် ပေးဆပ်ဖို့ကလွဲရင်၊
တခြားဘာမှ အသုံးမ၀င်ဘူး၊
ကြောက်ရင်းနေရတာထက်၊
တိုက်ရင်းသေရတာမြတ်တယ် လို့ယုံရင်
မင်း ရှေ့တစ်လှမ်းတက်ခဲ့ပါ။
အားငယ်နေလား၊
မင်းတစ်ယောက်တည်း မဟုတ်ပါ၊
တို့တစ်တွေ အတူထွက်ကြမယ်၊
အနားရှိတဲ့လူချင်း လက်တွဲကူကြရင်းနဲ့၊
တို့မျိုးဆက်တွေအတွက်၊
တို့ပေးဆက်ကြရအောင်၊
မင်း ရှေ့တစ်လှမ်းတက်ခဲ့ပါ။
ကိုယ့်နိုင်ငံ အရေးအတွက်၊
ကိုယ့်အသက်ကို ပေးမှရမယ်၊
UN ကိုလည်း မျှော်မနေနဲ့၊
ဂမ်ဘာရီလဲ တော်ပြီကွဲ့၊
Human’s Right Council လဲ အလကားပဲ၊
ပီနဲရိုးလဲ မမျှော်နဲ့ ၊
ကိုယ့်ကိုကိုယ်သာ အားကိုးရာမှတ်လို့၊
ဒီမိုကရေစီတိုက်ပွဲအတွက်၊
ရှေ့ဆက်ဖို့လူတွေလိုတယ်၊
မင်း ရှေ့တစ်လှမ်းတက်ခဲ့ပါ။
(ရေးသားသီဖွဲ့ သူ မေမင်းဆက်)။