အပတ်စဉ်ထုတ် ဂျာနယ်တစောင်ဖြစ်တဲ့ အချစ်ဂျာနယ် ထုတ်ဝေရာမှာ ကဗျာ
ဆရာစောဝေရဲ့ ဖေဖော်ဝါရီ ၁၄ လို့ အမည်ရတဲ့ ကဗျာတပုဒ်မှာ စာသားတွေရဲ့ ထိပ်ဆုံး စာလုံးတလုံးချင်းကို ဖတ်ကြည့်မယ်ဆိုရင် မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူး
ကြီးသန်းရွှေကို တိုက်ခိုက်ပြောဆိုထားတဲ့ အဓိပ္ပာယ် ထွက်နေတာပါ။
ဒီကဗျာ အချစ်ဂျာနယ်မှာ ဖော်ပြပါရှိတယ်ဆိုတာ သိတဲ့အတွက်ကြောင့်မို့လို့လည်း စာဖတ်သူတွေက စိတ်ဝင်တစား ဖတ်ရှုကြလို့ ဂျာနယ်လည်း အရောင်းသွက်သွားခဲ့တယ်လို့ ရန်ကုန်မြို့က စာပေအသိုင်းအ၀ိုင်းက ပြောကြပါတယ်။ တကယ်တော့ ဒီကဗျာဟာ သူ့ခေါင်းစဉ်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၄ ဆိုတဲ့အတိုင်း Valentine’s Day ချစ်သူများနေ့ အထိမ်းအမှတ် စပ်ဆိုထားတဲ့ ကဗျာတပုဒ်ဖြစ်ပေမယ့် ကဗျာရဲ့နောက်ကွယ်က အဓိပ္ပာယ်ကို စာဖတ်သူတွေက ဖော်ခဲ့ကြတာပါ။ ကဗျာဆရာအနေနဲ့  မိမိဖာသာ အနုပညာခံစားမှုနဲ့ ရေးတာဖြစ်ပေမယ့် နအဖအာဏာရှင်က အန္တရာယ်ပြုမှာ စိုးရိမ်ရလို့  ရှောင်တိမ်းနေရတယ်လို့  ကြားသိရပါတယ်။
(ကဗျာဆရာ ကိုစောဝေ ဓါတ်ပုံအား The Irrawaddy မှ ရပါသည်)။
Wednesday, January 23, 2008
အချစ်ဂျာနယ်ထဲက ကဗျာလေးတစ်ပုဒ်။
Posted by Niknayman at 8:35 AM