Thursday, January 10, 2008

ငနွားများကခိုင်းသော နွားစွမ်းအင်။

"တိရိစ္ဆာန်စွမ်းအားဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ကြောင်း လက်တွေ့ပြ" တဲ့။ ဟားဟား… တော်တော် ရယ်စရာ ကောင်းပါတယ်။ ကိုနစ်နေမန်းဘလော့က ဒီဟာကို ပြန်ဖတ်မိတိုင်း ကျွန်တော် မ ရယ်ဘဲ နဲ့ မနေနိုင် ပါဘူး။ ပထမဆုံးတစ်ခေါက် ဖတ်မိတုန်းကဆို ကျနော်ခွက်ထိုး ခွက်လှန်အောင်ကိုတောင် ရယ်မိပါတယ်။

ကွာ…ဒီခေတ်ကြီး လျှပ်စစ်ဓာတ်အားရဖို့ နေစွမ်းအားတို့၊ နျူးကလီးယားစွမ်းအားတို့ လုပ်နေချိန်မှာ မြန်မာက နွားစွမ်းအားဆိုပြီး အကြီး အကျယ်လုပ်နေတာ တော်တော်ရယ်စရာလည်းကောင်း၊ ရှက်ဖို့လည်းကောင်းပါ တယ်။ ဒါတောင် နှစ်ပေဖန်ချောင်းအတွက်တဲ့။ သေ လိုက် ပါတော့ဗျာ။ ကမ္ဘာသိ ကြေငြာမောင်းခတ်ပြီး ကိုယ့် ပေါင် ကို ဆယ်ခါပြန် လှန်ထောင်းပြနေတာကတော့ တကယ်ကို စံတင်လောက် တယ်။

မြန်မာတွေခမျာ ရေနံတို့၊ ဓာတ်ငွေ့တို့ကို ကျောခုပြီး အိပ်နိုင်ပေမယ့် ဓာတ်ငွေ့ဆိုတာကိုတောင် ဂျိုပါလား မပါ လား မသိကြဘူးလို့ဆိုပြီး သူများတွေက စစ်အစိုးရ ဘယ်လောက် ဖျင်းကြောင်း ပြောထားတာကို တို့ဆရာ့ ဆရာကြီးတွေကိုယ်တိုင်က ၀င့်ဝင့်ကြွားကြွား သက်သေ ထူပြလိုက်သလိုပါပဲ။ သူတို့ခေတ်ကြီးမှပဲ မြင်း ကောင်ရေအားလို့ မပြောရဘဲ နွားကောင်ရေအားတို့၊ ကျွဲကောင်ရေအားတို့ လုပ်ရ၊ ပြောရ တော့ မလိုပဲ။ နွားမ ပြောနဲ့။ ကျွဲမပြောနဲ့။ အဲဒီနည်းနဲ့ဆို ခွေးတောင်ဖြစ်တယ်။ စိတ်ဝင်စားတယ်ဆိုရင် လူတောင် ၀င်ဆွဲလို့ရသေး တယ်။

စစ်အစိုးရက ဖျင်းဆိုလည်း ဖျင်းလွန်းပါတယ်။ ကြည့်လေ.. တိရိစ္ဆာန်စွမ်းအားကနေ လျှပ်စစ်ရတာကိုများ စာဖွဲ့ ပြီး ကြီးကြီးကျယ်ကျယ် လုပ်နေတယ်။ နွားနဲ့ ကြိတ်ဆုံလှည့်ပြီး ဆီထုတ်တာလောက် ဘာဆန်းလို့လဲ။ အကယ်၍ တိရိစ္ဆာန်တွေရဲ့ အာပုပ်ကနေ ဓာတ်ငွေ့ထုတ်၊ အဲဒီဓာတ်ငွေ့ကနေ လျှပ်စစ်ပြောင်း ဆိုရင်တော့ တမျိုးပေါ့။ ထားပါ။ ပုံစံက အစိုးရက ပြည်သူတွေလျှပ်စစ်အလုံလောက် ရရှိရေးအတွက် နည်းအမျိုးမျိုး တီထွင်ကြံဆ ပေး နေတယ်ပေါ့လေ။ ရီချင်လိုက်တာ။ ဖျင်းနေတယ်ဆိုနေမှတော့ ဘာပဲလုပ်လုပ်၊ ဘာပဲပြောပြော ဖျင်းတာက တော့ ဘူးပေါ်သလိုပေါ်နေမှာပဲ။

သူများနိုင်ငံတွေကတော့(ဘယ်ကောင်တွေလဲလို့ မပြောလည်း သိကြပြီးသားပါ) မြန်မာထိကို ခြေဆန့်ပြီး ကိုယ့်နိုင်ငံအတွက် ဆိုပြီး လျှပ် စစ် တွေ၊ ဓာတ်ငွေ့တွေကို ဖားယူထုတ် နေကြတာ။ စစ်အစိုးရကတော့ ကိုယ့်နိုင်ငံထဲကိုဝင်ပြီး ကိုယ့်နိုင်ငံကို ဘာအကျိုးအမြတ်မျှ မဖြစ် ထွန်း စေဘဲ ကြိုက်သလို ခြယ်လှယ် အကောက်ကြံအနိုင်ကျင့်နေတဲ့ ကောင်တွေကို ခေါင်းလေးငုံ့ပြီး သခင့်စေရာ၊ သခင့်လိုရာ လုပ်ပေးနေတာ ကတော့ ဖျင်းလွန်း၊ တုံးလွန်းပါတယ်။

ထွီ..တိုင်းတစ်ပါး ကျွန်လုပ်နေပြီး ဒါတောင် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးတဲ့။ မျိုးချစ် စိတ်ဓာတ်ဆိုတာ ကိုယ်နိုင်ငံ၊ကိုယ့်လူမျိုး အတွက် ဦးဆုံးကြည့်ပေးတတ်ရတယ်၊ ကာကွယ်ပေးတတ်ရတယ်၊ မြှင့်တင်ပေးတတ်ရတယ်။ ငါ့လူမျိုးတွေ အဆင်ပြေပြီလား၊ ငါ့လူမျိုး တွေ အစစအရာရာ ဖူလုံရဲ့လား။ ငါ့ လူမျိုးတွေ တိုးတက်နေပြီလား။ ငါ့လူမျိုးတွေ လူမျိုးခြားတွေ ကြားမှာ မျက်နှာပန်းလှရဲ့လား။ ငါ့ လူမျိုးကမ္ဘာ့ အလယ်မှာ လက်မထောင်နိုင်ရဲ့လား ဆိုတာတွေကို ကြည့်ပေးတတ်ရတယ်။

ဒီလောက် သံယာဇာတတွေ၊ လုပ်နိုင်မှုအခြေနေတွေ ပေါများတဲ့ ကိုယ့်နိုင်ငံမှာ ကိုယ့်လူမျိုးတွေ လျှပ်စစ် မီးတောင် လုံလုံလောက်လောက် မလုပ်ပေးနိုင်ဘူးဆိုရင် အမျိုးမစစ်လို့ အမျိုးမချစ်တာလား လို့ မေးချင်စရာပါ။ သန်းရွှေတို့၊ မောင်အေးတို့ဆိုတာ ဂျပန်လက်ကျန်တွေ လား၊ အင်္ဂလိပ်လက်ကျန်တွေလား လို့တောင်မေး လိုက်ချင်ပါတယ်။ (ဂျပန်၊ အင်္ဂလိပ်တွေကြားလျှင် အသဲတဆတ်ဆတ်တောင် ဖြစ်နေ အုံး မယ်၊ စစ်အစိုးရတွေ ကန်းကုန်အောင် တိရိစ္ဆာန် ဆန်နေကြလို့ပါ)။

ပြောလိုက်သေးတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်မှု မရှိသည့် တိရိစ္ဆာန်စွမ်းအားတဲ့။ လေသံက သဘာဝပတ်ဝန်းကျင် အထိ တောင် အလေးထားတယ်ပေါ့။ ကြားရသူတိုင်း မရယ်ချင်တောင် ပြုံးမိမှာ သေချာ ပါတယ်။ ဘယ့်နှယ်… လူကိုတောင် အရေးမထားတာ။ ကြောင်သူတော်လုပ်ပြီး သဘာဝပတ်ဝန်းကျင်တွေ ဘာ တွေဆိုပြီး လျှာရိုးမရှိ လျှောက်ပြောနေသေးတယ်။ သဘာဝပတ်ဝန်းကျင်ကို ဒီ လောက် တောင် အရေးစိုက် တယ်ဆိုရင် ဘာလို့သဘာဝဓာတ်ငွေ့တွေကို ထင်းအစား၊ ၀ါးအစား အစားထိုးနိုင်ဖို့ ပြည်သူတွေအတွက် မစဉ်း စားဘဲ တွေ့သမျှ သဘာဝဓာတ်ငွေ့သိုက်တွေကို ရောင်းစားနေရတာလဲ။

အလကားပါ။ အစိုးရဖျင်းပုံများ…လုပ်မတတ်အောင်ကို ဖျင်း။ ပြောမတတ်အောင်ကိုဖျင်း။ တွေးမ တတ်အောင်ကိုဖျင်း။ ဖျင်း...ဖျင်း…ဖျင်း နေတာမှ ကန်းကုန်ပဲ။ ဘာမှ မဆင်ခြင်တတ်တဲ့ အထိတောင် ဖျင်းတာ။ မဆင်ခြင်တတ်တော့လည်း မိုက်တာပဲ။ ဒီအတိုင်းသာ ဆက်မိုက် နေမယ်ဆိုရင် ငယ်ငယ်တုန်းက ရွတ်ခဲ့တဲ့ ကဗျာတစ်ပုဒ်ထဲက ကုဋေကြွယ်သူဌေးသားလေးလို မြန်မာမှာ သံယံဇာတတွေ ကုန်ခန်းလို့ စစ် အစိုးက "ခွက်လက်ဆွဲကာ တောင်းစားပါလျှင်" တရုတ်၊ ရုရှား၊ ဖော်လံဖားတို့က "နင်သာလူမိုက်၊ ဒုစရိုက်ဟု၊ ရိုက်ပုတ်လိုက်ကြ၊ ရွာမှ ထွက်လျှင်၊ တောမှသေ" ပြီး "ကောင်သေ လင်းတကျ" မယ့် ဘ၀ရောက်မှာကို သူတို့အတွက်တွေးမိပြီးတော့ ၀မ်းမနည်းပေမယ့် မြန်မာတစ်ယောက်အနေနဲ့ သူတို့အစား အခါတစ်ရာပြန် ကြိုတင် ရှက်နေ မိ တာတော့ အမှန်ပါပဲ။

(ရေးသားသူ - မောင်သ)။

 
/* EOT ----------------------------------------- */