(၂၀၀၈) ခုနှစ်၊ နှစ်သစ်ရဲ့ပထမဦးဆုံးနေ့ မှာ ရည်ရွယ်ချက်တူတဲ့ တော်လှန်ရဲသူတွေအားလုံး အတွက် အသစ် ဆုံးသော ထူးခြားတဲ့ နှစ်သစ်လက်ဆောင်ကို လက်ဆင့်ကမ်းလိုက်ပါတယ်။
ကိုမင်းကိုနိုင်ကိုယ်တိုင် လက်နဲ့ မရေးဖြစ်လိုက်သလို၊ ဒီကဗျာစာပိုဒ် အဆုံးသတ်ပြီးပြီလား။ ဆိုတာ ဘယ်သူမှ မသိရသေးပါဘူး။ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်အဖမ်းမခံရခင် ရှစ်လေးလုံး နှစ်ပတ်လည် ရဲ့ နောက်ဆုံးနေ့ မှာ ကဗျာဝါသနာကြီးတဲ့ ကိုမင်းကိုနိုင် ရေရွတ်ပြနေတာကို အမျော်အမြင်ကြီး တဲ့ မျိုးဆက်သစ် အဖွဲ့ ဝင်တစ်ဦးက လိုက်ရေးသားခဲ့တာပါ။
သူလည်း သူတို့ ခေါင်းဆောင်ဖမ်းဆီးခံရမှုနဲ့ အတူ လိုက်သွားရလေတော့ သူတို့ ကို ဂုဏ်ပြုတဲ့အနေနဲ့  စာနယ် ဇင်းတစ်ခုခုကို အရောက်မပို့ ဖြစ်ခင် နှစ်သစ်မင်္ဂလာကို ခေါင်းဆောင်တစ်ဦးရဲ့  ခံစားချက်နဲ့ ကြိုဆိုလိုက်မယ် ဆိုတဲ့အတွေးနဲ့  နှစ်သစ်လက်ဆောင်အဖြစ် အားလုံးကို ဝေငှလိုက်ရပါတယ်။
တိုက်ပိတ်လို့ 
ဝစီပိတ်ခဲ့ရ
အဲဒီနှုတ်ခမ်းနဲ့ ဖွဲ့ ကြည့်တဲ့ ဂီတ
အံ မ ကျ ဘူး။
ဆယ်နှစ်ဆယ်မိုး ခေါက်ရိုးကျိုး
အဖြူရောင်ကသိုင်း ရှုခဲ့ရ
အဲဒီ့မျက်လုံးတွေ နဲ့ 
ဖန်တီးချင် တဲ့ ရောင်စုံရှုခင်း အလှ
အံ မ ကျ ဘူး။
လောကဓံက ထိုးလိုက်တဲ့
မေးရိုးအကျိုးကြီးနဲ့ 
လောကကို ပြန်ပြုံးပြနေရတာကိုက
အံ မ ကျ ဘူး။
(ရေးဖွဲ့ သူ - မင်းကိုနိုင်)။
ဒီစာနဲ့  ဒီကဗျာလေးကို Q ထံမှတဆင့် ရရှိပါသည်။ Q နဲ့  ပေးပို့ လာသူအား အထူးကျေးဇူးတင်ပါ တယ်။ ကိုမင်းကိုနိုင်နှင့် တကွ ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံး လွတ် မြောက် ပါစေလို့ ။