Tuesday, January 22, 2008

မကြာတော့ပါဖူး… အရှင်ထွက်လား အသေထွက်လားဆိုတာ။



ဒီပုံလေးမြင်တော့ သန်းရွှေနဲ့  ကြိုင်ကြိုင်တို့  ကျန်ခဲ့တဲ့နှစ် နိုဝင်ဘာလ (၁၈) ရက်နေ့ တုန်းက ညသန်းခေါင်အချိန်မှာ ဒေါ်ကြိုင်ကြိုင်တို့  ခွေးတွေ ၀က်တွေဆွဲပြီး ဘုရားကို လက်ဝဲရစ်ပတ်ကြပြီး ယတြာချေကြပါတယ်။

ဒီသတင်းကြားရတဲ့ ဆရာတော်ကြီးတိုင်းက မိန့် တော်မူပါတယ်၊ သူတို့ ဆွဲပြီး ဘုရားပေါ်မှာ ပတ်ခဲ့တဲံ ခွေးနဲ့ ၀က်ကတော့ ကုသိုလ် ရသွားပြီတဲ့။ ဒါပေမယ့် သူတို့  ထက် နိမ့်ကျတဲ့ ခွေးတွေ ၀က်တွေ (တနည်းအားဖြင့်ပြောရရင် သန်းရွှေနဲ့  ကြှို်င်ကြိုင်ဟာ အဲ့ဒီ ခွေးတွေဝက်တွေထက် ကံနိမ့်လို့  ခွေးနဲ့ဝက်ကို ဘုရားဖူး ပို့ ရတာကြောင့်) သန်းရွှေတို့ လင်မယားဟာ မကြာတော့ဘူး အသေထွက်တော့မှာလို့  ပြောဆိုတော်မူကြပါတယ်။

အခုလိုပြေးနေတာကြောင့် ပြည်ပြေးဆိုတာ သူတို့ မှ အစစ်ဖြစ်ပါတယ်။ တိုင်းပြည်ထဲမှာတင် ပတ်ပြေးနေရတာဖြစ်ပါတယ်။ အပြင်ကို မထွက်ရဲကြပါဘူး။ ရန်ကုန်ကနေ ကြပ်ပြေးကို ပြေး၊ သူတို့ ထောင်ချထားတဲ့ ခင်ညွန့်  လူတွေကို ကြောက်လို့  ပြေး။ နောက်ပြီး ကြပ်ပြေး ရောက်တော့ တစ်ခါ ရတနာပုံဆိုပြီး မေမြို့ ကို ဆက်ပြေးနဲ့  ဖြစ်နေပါတယ်။ ပြည်တွင်းမှာ လှည့်ပတ်ပြေးနေရတဲ့  ပြည်ပြေးဘ၀ သန်းရွှေနဲ့  ကြိုင်ကြိုင်ကို သနားမိပါရဲ့ ။

 
/* EOT ----------------------------------------- */