Sunday, January 13, 2008

သတင်းအတိုအထွာ။

သတင်း (၁)။

ပျဉ်းမနား နေပြည်တော်ဘူတာရုံတွင် ဗုံတစ်လုံးပေါက်ကွဲပြီးနောက် ဖြူးမြို့ တွင်လည်း ဗုံးတစ်လုံး ထပ်မံပေါက်ကွဲခဲ့ရာ တစ်ဦးသေဆုံးသွားပြီး လေးဦးဒဏ်ရာရရှိသွားပါသည်။ ယနေ့  နေ့ လည် (၂း၃၀) နာရီခန့် တွင် ရန်ကုန်မြို့  ဘူတာကြီးတွင်လည်း ဗုံးတစ်လုံးပေါက်ကွဲရာ အသက် (၆၃) နှစ် အမျိုးသမီးကြီးတစ်ဦး သေဆုံးသွားကြောင်း သိရှိရပါသည်။ အမြန်ယာဉ်လက်မှတ်ရောင်းသည့် ရေစင်အောက်တွင် ထောင်ထားသောဗုံး ပေါက်ကွဲခြင်းဖြစ်သည်ဟု ကြားသိရပါသည်။ ၄င်းရှေ့ရှိ Asia Plaza Hotel နားတစ်လျှောက်တွင် အသံကျယ်လောင်စွာ ကြားကြရကြောင်း သိရှိရပါသည်။

သတင်း (၂)။

စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး တွင် ရဟန်းသံဃာများနှင့် ပြည်သူများအား ရက်ရက်စက်စက် ပစ်ခတ် ရိုက်နှက် ဖမ်းဆီးရာတွင် ဦးဆောင်ခဲ့သော စွမ်းအားရှင်ကြံ့ ဖွတ်များအား လူမှုထူးချွန်ဆုတံဆိပ်များ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ ဆုတံဆိပ်များ ရရှိသွားကြတဲ့ အဆိုပါ စွမ်းအားရှင် ကြံ့ဖွတ်များသည် အနှိပ်ခန်းများတွင် ရှယ်ယာများထည့်ဝင်၍ အကာအကွယ်ပေးထားကြောင်း သိရှိရပါသည်။ ကိုယ်တိုင်ရှယ်ယာများ ထည့်ဝင် ထားခြင်းမရှိသော ကြံ့ ဖွတ် များမှာလည်း နဂိုဆက်ကြေး တောင်းခံသော ရဲများ၏နေရာတွင် အစားဝင်၍ ၎င်းတို့အား ကောင်းမွန်စွာ ဆက်ဆံပါက အကာအကွယ်ပေးထားကြောင်း သိရှိရပါသည်။ ယခင် အနှိပ်ခန်းများတွင် ဆက်ကြေးတောင်း၊ မိန်းကလေးများနှင့် ကဲချင်တိုင်းကဲနေသော နယ်မြေခံရဲများမှာ ၎င်းစွမ်းအားရှင်များရှိပါက ရှောင်ပေးရကြောင်း သိရှိရပါသည်။ မြို့  နယ်များထဲမှ ရန်ကုန်တိုင်း လမ်းမတော်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ ၇ လမ်း၊ အမှတ် ၄၄ နေ ကြံ့ဖွတ် စွမ်းအားရှင် ဆွေအောင်ဆိုသူသည် စက်တင်ဘာလ တွင် ရဟန်းသံဃာများ နှင့် ပြည်သူများအား ရိုက်နှက်ရာတွင် စွမ်းစွမ်းတမံ ဦးဆောင် ခဲ့၍ ယခုနှစ်တွင် လူမှုထူးချွန် တတိယအဆင့် ပေးအပ်ခြင်းခံရသည်။ ၎င်းသည် လမ်းမတော်မြို့နယ် ၁၄ လမ်း၊ အိမ်အမှတ် (၆၉)၊ ပထမထပ်တွင် ဖွင့် လှစ်ထားသော သံစဉ် Beauty Saloon ဟု အမည်ခံထားသော ပြည့်တန်ဆာလုပ်ငန်းတွင် အစုရှယ်ယာများ ထည့်ဝင်ထားပြီး အကာအကွယ် ပေးထားကြောင်း သိရှိရပါသည်။

 
/* EOT ----------------------------------------- */