Saturday, February 16, 2008

အလယ်တန်းကျောင်းသးကျောင်းသားလေးများရဲ့ လူ့ အခွင့်အရေးနေ့  အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲ ဗီဒီယိုမှတ်တမ်း။


(၅၆) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးနေ့  အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲအား ထိုင်းနိုင်ငံ မဲဆောက်မြို့ တွင် အလယ်တန်းအဆင့် ကျောင်းပေါင်းစုံမှ ကျောင်းသားကျောင်းသူများ ပြိုင်ပွဲဝင်ကျင်းပခဲ့တာကို သိရှိတွေ့ မြင်ရတဲ့အတွက် ရင်ထဲမှာ ကြည်နှူးဝမ်းသာရသလို၊ သူတို့ ကိုယ်တိုင်ကြုံတွေ့ ခံစားနေရတဲ့ လူ့ အခွင့်အရေးချိုးဖောက်ခံရတာတွေကို ရင်ထဲကနေ ထုတ်ဖေါ်ရေးသားပြတာတွေ တွေ့ ရပြန်တော့ ကိုယ်ချင်းစာပြီး စိတ်မကောင်းဖြစ်ရပါတယ်။

(ဗွီဒီယိုမှတ်တမ်းအား အောက်ဘက်တွင် ကြည့်ရှူနိုင်ပါသည်)။



တိုင်းပြည်ရဲ့ အနာဂတ်မျိုးဆက်လူငယ်တွေရဲ့ ဘ၀တွေမှာ အခြေခံပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိတဲ့ ခံစားရပိုင်ခွင့်လေးတွေတောင် မရရှိတဲ့အပြင်၊ တိုင်းပြည်ကို မတရားအုပ်ချူပ်နေသူတွေရဲ့  ညှဉ်းပမ်းနှိပ်စက်သတ်ဖြတ်မှုတွေကြောင့် မိမိတို့ နေထိုင်ရာကျေးလက်ဒေသတွေကနေ ပြေးလွှားပုန်အောင်းနေကြရတဲ့ အိုးအိမ်အခြေတကျမရှိတဲ့ ဘ၀တွေ၊ ဆိုးရွားလှတဲ့ဘေးရောဂါတွေခံစားရနေရတဲ့ဘ၀တွေ၊ မိဘမောင်ဘွားညီအကိုတွေနဲ့  သေကွဲရှင်ကွဲကွဲကြရတဲ့ဘ၀တွေ၊ စားစရာ သောက်စရာ ၀တ်စရာ နေစရာကင်းမဲ့လွန်းလှတဲ့ဘ၀တွေ၊ အတတ်ပညာ အသိပညာကို ဆည်းပူးနိုင်ဖို့ နေနေသာ အိမ်မက်အဖြစ်တောင် မမက်ဘူး တွေးတောင်မတွေးဝင့်ဖူးတဲ့ဘ၀တွေ - ဒီလို လူရယ်လို့  ဖြစ်လာပြီး အခြားသူတွေနဲ့  ကွားခြားနေရတဲ့ သူတို့ လေးတွေဘ၀တွေဟာ တိုင်းပြည်မကောင်းလို့  အုပ်ချူပ်သူမကောင်းလို့ ဆိုတာ အရှင်းကြီးသိသာပါတယ်။

နယ်စပ်ဒေသမှာ နေထိုင်နေကြတဲ့ ရောက်ရှိလာကြတဲ့ သူတို့ ကလေးသူငယ်လေးတွေရဲ့  ဘ၀တွေကို တတ်နိုင်သလောက် ကူညီပံ့ပိုး မြေတောင်မြောက်ပေးဖို့ အတွက် နယ်စပ်ဒေသကရော ပြည်ပနိုင်ငံတွေကရော ၀ိုင်းဝန်းဆောင်ရွက်ပေးကြဖို့ လိုအပ်ပါတယ်။ နယ်စပ်ဒေသမှာရှိကြတဲ့ ပညာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ လူ့ အခွင့်အရေး အစရှိတဲ့ အဖွဲ့ အစည်းများ လူပုဂ္ဂိုလ်များကနေ အတတ်နိုင်ဆုံး ၀ိုင်းဝန်းကူညီစောင့်ရှောက်ပေးနေကြတာတွေ့ ရလို့  ဂူဏ်ယူလေးစားရပါတယ်။

ယခုလို လူ့ အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲအား စီစဉ်ဆောင်ရွက်ကျင်းပပေးခဲ့တဲ့ အဖွဲ့ အစည်းများရဲ့ ။ လူပုဂ္ဂိုလ်တစ်ဦးချင်းစီတိုင်းရဲ့  မွန့်မြတ်လှတဲ့ စေတနာနဲ့  တန်ဘိုးရှိလှတဲ့လုပ်အားတွေကို ဒီနေရာကနေ ကျေးဇူးတင်ရှိကြောင်းပြောကြားရင်း လေးစားစွာ အသိအမှတ်ပြုအပ်ပါတယ်။

အခြားသော နိုင်ငံတကာမှာရှိနေကြတဲ့ အဖွဲ့ အစည်းများ၊ လူပုဂ္ဂိုလ်များကလည်း တစ်ထောင့်တစ်နေရာကနေ ကျွန်တော်တို့ ကလေးသူငယ်တွေရဲ့  နိမ့်ကျနေတဲ့ဘ၀လေးတွေကို ၀ိုင်းဝန်းမြှင့်တင်ပေးကြမယ်ဆိုရင် သူတို့ လေးတွေအနေနဲ့  အတိုင်းထက်အလွန် ၀မ်းမြောက်ဝမ်းသာ ပီတိဖြစ်မိမှာပါ။

ဒီ လူ့ အခွင့်အရေးနေ့  အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲမှာ စိတ်အားတက်ကြွစွာနဲ့  ကြိုးစားပမ်းစား ပါဝင်ရေးသားခဲ့ကြတဲ့ ကျောင်းသူကျောင်းသားလေးများအားလုံး၊ ဖြစ်မြောက်အောင်စီစဉ်ဆောင်ရွက်ပေးခဲ့ကြတဲ့ အဖွဲ့ အစည်းအသီးသီးမှ လူပုဂ္ဂိုလ်များအားလုံး၊ ဆရာဆရာမများအားလုံး၊ အမှာစကားပြောကြားခဲ့ကြသူများအားလုံးနဲ့  ကမကထပြုလုပ်ခဲ့တဲ့ ကျောင်းသားတပ်မတော်အားလည်း အထူးကျေးဇူးတင် ဂုဏ်ယူပါကြောင်း ပြည်သူတစ်ယောက်အနေနဲ့  မှတ်တမ်းတင်အပ်ပါတယ်။

ဗွီဒီယိုမှတ်တမ်းလေးများကြည့်ရှူကြရင်း ကျွန်တော်တို့ ကလေးသူယ်များရဲ့ အနာဂတ်လှပဖို့  ဆောင်ရွက်ကြပါစို့ လို့ ။

အပိုင်း (၁)။



အပိုင်း (၂)။



အပိုင်း (၃)။



အပိုင်း (၄)။



အပိုင်း (၅)။



အပိုင်း (၆)။


 
/* EOT ----------------------------------------- */