Thursday, February 7, 2008

သူတောင်းစားတွေ သတိထားကြ။ အမှိုက်ကောက်တဲ့သူတွေ သတိထားကြ။


ရန်ကုန်မြို့  စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်း (တပ်ရင်းအမှတ် ၉၀၅) ဟာ အထက်ကအမိန့် အရ စစ်သားသစ် စုဆောင်းမှု ပြုလုပ်နေပါတယ်။ တပ်ရေးဗိုလ်အဆင့်  ရှိသူက သူ့ လက်အောက်က အရာရှိအရာခံအကြပ်တပ်သားတွေကို တပ်သားသစ်ရဖို့ အရေး အတင်းအဓမ္မစုဆောင်းခိုင်းတဲ့နေရာမှာ တောင်းရမ်းစားသောက်နေသူတွေကိုရော အမှိုက်ကောက်နေတဲ့ကလေးတွေကိုပါ ရအောင် စုခိုင်းနေပါတယ်။ ဒီလို အိုးမဲ့အိမ်မဲ့ အခြေမဲ့ အနေမဲ့သမားတွေကို ငွေကြေးနဲ့ ပေးပြီးလုပ်ခိုင်းလို့ ရရင်ရ၊ မရရင် တွေ့ သမျှ အကုန်ဖမ်းပြီး စုဆောင်းရမယ်လို့  အမိန့် ပေးခိုင်းဆိုကြောင်း သိရပါတယ်။



မြို့ သစ်တွေရဲ့ ကားဂိတ်တွေမှာ တာဝန်ကျနေတဲ့ စစ်သားရဲဘော်တွေကို ဒီလို မစုဆောင်းနိုင်ရင် နေရာပြောင်းပစ်မယ်လို့  ခြိမ်းခြောက်နေပါတယ်။ ဒါကြောင့် ကားဂိတ်တွေမှာထိုင်ပြီး ကားသမားတွေကို ငွေကြေးကောက်နေတဲ့ စစ်သားရဲဘော်တွေဟာ ဒီမြိုးမြိုးမြက်မြက် ဂွင်ကောင်းလေးတွေကို လက်လွတ်ရမှာစိုးလို့  အမိန့် ပေးခိုင်းတဲ့အတိုင်း လုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့  သိရပါတယ်။

ဒီလို တောင်းရမ်းစားသောက်နေသူတွေနဲ့  အမှိုက်ကောက်ကလေးတွေကို စစ်သားသစ်အတွက် စုဆောင်းခိုင်းတာကတော့ သူတို့ တွေဟာ အမျိုးအဆွေမရှိလို့  တိုင်တောတာတွေ မရှိနိုင်တာကြောင့်ရော၊ အလွယ်တကူ ပိုက်ဆံငွေကြေးနဲ့  မျှားပြီး ခိုင်းစေလို့ ရနိုင်တာကြောင့်ရော၊ အဆင်ပြေတာကြောင့်ဖြစ်တယ်လို့  သိရှိရပါတယ်။

ဘာလို့ များ ဒီလို သူတို့ ကိုမှ အလိုရှိနေရတာလည်းဆိုတာနဲ့ ပတ်သက်လို့ ကတော့ ဒီစစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းဟာ မိုင်းရှာဖွေရေးကို တာဝန်ယူထားတာကြောင့် ကားဂိတ်တွေ လမ်းတွေ အရေးကြီးတဲ့ နေရာဌာနတွေမှာ မိုင်းရျာဖွေရေး မိုင်းရှင်းလင်းရေးလုပ်ဖို့  ဖြစ်တယ်လို့  သိရပါတယ်။

ဒီအတိုင်းခိုင်းရင် လူအများအမြင်မှာ သိသာနိုင်တာကြောင့် သူတောင်းစားတွေနဲ့  အမှိုက်ကောက်ကလေးတွေကို စစ်သားသစ်အဖြစ် သွတ်သွင်းပြီး ခိုင်းစေဖို့ ရည်ရွယ်တာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတော်သူတောင်းစားအကြီးတွေ အုပ်ချုပ်တဲ့အောက်မှာ တကယ့်ဘ၀စားဝတ်နေရေးအခက်အခဲကြောင့် တောင်းရမ်းစားသောက်နေရတဲ့ သူတောင်းစားအစစ်အမှန်လေးတွေရဲ့ ဘ၀က ပိုပိုပြီး ရင်လေးစရာပါဘဲလား။

 
/* EOT ----------------------------------------- */