Thursday, February 21, 2008

တော်လှန်ရေး အသိ၊ နိုင်ငံရေးသတိနဲ့  ရှေ့ ဆက်ချီတက်ကြပါစို့ ။


ကျနော်တို့ မြန်မာပြည်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေ နဲ့ ပတ်သတ်လို့ မရှင်းမလင်းဖြစ်နေတယ် ထင်မိလို့ ကျနော် အမြင်တွေကို တင်ပြပါရစေ..၊၊
မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ နအဖရဲ့ ကျေညာချက်၂စောင်နဲ့ ပတ်သတ်ပြီး တယောက်တမျိုးဝေဖန် ပြောဆိုသံတွေ၊တုန့့်ပြန်မှုတွေ တော်တော်လေး ဆူဆူညံညံ ထွက်လာပါတယ်၊၊ အဲဒီ ဝေဖန်ပြောဆိုသံတွေကို(၄) ပိုင်း ခွဲပြီး မြင်မိပါတယ်။



နံပါတ် (၁) အပိုင်းက အမေရိကန်၊ ဗြိတိန် စတဲ့ အနောက်အုပ်စု ဒီမိုကရေစီများ ဘက်က ပြတ်သားတဲ့ ကန့် ကွက် တုန့် ပြန်မှုပါ။

နံပါတ် (၂) အပိုင်းက အာဆီယံနဲ့  အိမ်နီးချင်း နိုင်ငံတွေ ဘက်က ပြတ်သားတဲ့ ကြိုဆို ထောက်ခံမှုပါ။

နံပါတ်(၃)က အန်အယ်လ်ဒီ၊(၈၈)မျိုးဆက်ကျောင်းသားများ တိုင်းရင်းသားအဖွဲ့အစည်းများနှင့်တကွ ပြည်တွင်း ပြည်ပမှ ဒီမိုကရေစီ အင်အားစုများရဲ့ အသံတွေ ဖြစ်ပြီး။

နံပါတ် (၄) အပိုင်းက ပြည်သူတွေရဲ့ ထင်မြင်ယူဆချက် လူထုထဲက အသံတွေ ဖြစ်ပါတယ်။
ကုလသမဂ္ဂ ကတော့ သူ့ ရဲ့ ပြောရေးဆိုခွင့် လမ်းကြောင်းထဲကနေပြီး တော့ ထိန်းထိန်းသိမ်းသိမ်း ပြောဆို သွားပါတယ်။

နံပါတ် ၁ နဲ့  ၂ကတော့ ပြည်ပ နိုင်ငံတွေရဲ့ သဘောထားတွေ သာ ဖြစ်လို့ ကျနော်တို့ အတွက် ထွေထွေထူးထူး အားတက်စရာ စိတ်ဓာတ်ကျစရာ မရှိပါဘူး။ သူတို့ က နှုတ်၏ စောင့်မ ခြင်းနဲ့ ပဲ ၀တ္တရားအရ လောကွတ်လုပ်တာ လို့ ပဲ မြင်ပါတယ်။ တကယ်လို့ နအဖ ထင်တိုင်းကြဲပြီး လုပ်တဲ့အခါ သူတို့ ဘာမှ မတတ်နိုင်ပါဘူး။

အဓိက အရေးကြီးတဲ့ အပိုင်းတွေ ကတော့ နံပါတ် ၃အပိုင်း နဲ့  ၄ အပိုင်း ပဲ ဖြစ်ပါတယ်။
နံပါတ် ၃ အပိုင်း ဖြစ်တဲ့ ပြည်တွင်းပြည်ပ က ဒီမိုကရေစီ အင်အားစု တွေရဲ့ အပိုင်းနဲ့ ပြောရရင် အားလုံးရဲ့ အာရုံ စူးစိုက်မှုဟာ လူထုဆန္ဒခံယူပွဲ ဆိုတဲ့ Road Map ရဲ့ အဆင့်(၄)ဆီကို ရောက်နေကြတာ တွေ့ရပါတယ်။ ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့်၊ ရခိုင်ပြည်နယ် အန်အယ်လ်ဒီ အဖွဲ့ ချုပ်၊ ဦးပူကျင့်ရှင်းထန် ခေါင်းဆောင်တဲ့ ဇိုမီး အမျိုးသားများ အဖွဲ့  စတဲ့ အဖွဲ့ တချို့ ဆီကသာ ဒီကြေညာချက်တွေဟာ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ မကိုက်ညီဘူး၊

ပြည်သူတရပ်လုံးကို ကိုယ်စား မပြုလို့ လုံးဝလက်မခံနိုင်ပါဘူးဆိုတဲ့ အသံတချို့ ကလွဲရင် ကျန်တဲ့အင်အားစုအတော်များများရဲ့  တုန့် ပြန်မှုတွေဟာ လူထုဆန္ဒ ခံယူပွဲကို ဘယ်လို ကျင်းပပေးမှာလည်း၊ လွတ်လပ်စွာ ဟောပြောစည်းရုံးခွင့် ဘယ်လောက်ထိ ပေးမှာလည်း၊ နိုင်ငံတကာ ကြီးကြပ်ခွင့်ရော ပါဝင်ခွင့် ပြုမှာလား၊ မဲရေတွက်ပုံစနစ်ဘယ်လို သွားမှာလည်း၊ ပြီးတော့ ပြည်သူတွေကိုလည်း လက်မခံကြပါနဲ့ ကန့် ကွက်မဲထည့်ကြပါ စတဲ့ အသံတွေပဲ လ္ဂမ်းမိုးနေတယ်လို့ မြင်ပါတယ်။

ပြသနာက အဲဒီမှာ စတယ်လို့ ပြောခြင်ပါတယ်။ ဒီကြေညာချက်တွေရဲ့ ဆိုလိုရင်းဟာ ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ နိုင်ငံရေး အကျဉ်းသားများ လွတ်ပေးရေး၊ သုံးပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး စတဲ့ စက်တင်ဘာရွှေဝါရောင် တော်လှန်ရေးကြီးမှာ ရဟန်းရှင်လူ ပြည်သူကျောင်းသားတွေ အသက်နဲ့ ရင်းပြီး ထုတ်ဖော် တောင်းဆိုခဲ့ကြရတဲ့ ပေးဆပ်ရင်းနှီးမှုတွေ၊ ပြည်သူလူထုရဲ့ လိုအင်ဆန္ဒ အစစ်အမှန်တွေကို နအဖဘက်က လုံးဝ(လုံးဝ) ဂရုမစိုက်ဘူးဆိုတဲ့ သူရဲ့ ရပ်တည်ချက်ကို ထုတ်ပြစိန်ခေါ်လိုက်တယ်ဆိုတာကို မေ့သွားပြီလားလို့ မေးခြင်ပါတယ်။

နအဖက ပြည်သူတရပ်လုံးရဲ့ ရင်ထဲက တမြေ့မြေ့ကျွမ်းလောင်နေတဲ့ နာကျည်းမှုတွေ၊ တော်လှန်ရေးမီးတောက် တွေနဲ့ သူတို့ ကို ဇာတ်သိမ်းခန်း မလှမပ ကျဆုံးစေမဲ့ လူထုအင်အားနဲ့ နောက်တကြိမ် ပေါ်ထွက်လာမဲ့ အုံ့ ကြွ တော်လှန်မှုကြီးကို ရင်မဆိုင်ရဲလို့ ၊ ရင်မဆိုင်ခြင်လို့ ပြည်သူတွေရော နိုင်ငံတကာကပါ မျှော်လင့်မထားတဲ့လှည့်ကွက်၊ တနည်းပြောရရင် သူ့ ဘက်က အပိုင် ပြင်ဆင်ထားတဲ့ ကစားကွင်းထဲကို ကျနော်တို့ ကို ရွေ့ ပြီး ကစားဖို့ ကြိုးစားလိုက်တာပါ။ ဒီနည်းနဲ့ သူ့ ရဲ့ ဖုတ်လိုက်ဖုတ်လိုက်နဲ့ အသက်ငင်နေတဲ့ နိုင်ငံရေးကို ပြန်ကုဖို့ ကြိုးစားကြည့်တာပါ။

အခုကြားနေရတဲ့ အသံတွေ အရဆိုရင် လူထု ဆန္ဒခံယူပွဲ ရဲ့ ပွင့်လင်းမြင်သာမှု၊ လွတ်လပ်စွာ စည်းရုံးပြောဆိုမှု စကားတွေကို ကျနော်တို့ ဘက်က ပြောဆိုနေတယ်ဆိုရင် နအဖက တဖွဖွ ပြောဆိုနေတဲ့ တစိုက်မတ်မတ် ချီတက်ခဲ့တဲ့ Road Map ကို ဒီမိုကရေစီတွေ အင်အားစုတွေ ဘက်က ကျေကျေနပ်နပ်ကြီး လက်ခံလိုက်မိပြီဆိုတာကိုတော့ မေ့မသွားဖို့  ပြင်းပြင်းထန်ထန် သတိပေးခြင်ပါတယ်။ ကျနော်တို့ ဘက်က အဲဒီကိစ္စတွေနဲ့ အချိန်တွေကုန်၊ လူထုကို ကန့် ကွက်မဲထည့်ဖို့ တယောက်တပေါက်အော်ရင်း အလုပ်တွေရှုပ်၊ ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုတာ ဘာညာ၊ အသေးစိပ်အခြေခံရမည့် မူ(၁၀၄) ချက်က ဘယ်လို မှားနေတာ စတာတွေနဲ့ နပန်းလုံးနေချိန်မှာ နအဖက သူတို့ စိတ်ကြိုက်ရေးထားတဲ့ စာအုပ်ကြီးကို သူတို့ စိတ်ကြိုက်စည်းကမ်းတွေနဲ့ သူတို့ လိုခြင်တဲ့ ရလဒ်တွေ ထွက်လာအောင် ဖော်ဆောင်ဖို့ အပြင်းအထန် ကြိုးစားနေကြပါပြီ။

ကျနော်တို့ က စည်းကမ်းတွေ၊နည်းလမ်းတွေ၊တရားမျှတမှုတွေ၊ နိုင်ငံတကာကြီးကြပ်မှုတွေ ဘယ်လိုပဲ အာခေါင်ကွဲအောင် အော်နေပစေ ထွက်လာမဲ့အဖြေက ဗိုလ်ချုပ်နေ၀င်းလက်ထက်ကလိုပဲ သူတို့ စိတ်ကြိုက်ဖြစ်လာဖို့  သေချာသလောက်ရှိတာလည်း အတော်များများက မျှော်လင့်နေပြီးသားလို့ ထင်ပါတယ်။ ကလိန်ကကျစ်နည်းတွေနဲ့ ပဲပေါ့။
ဒီနေရာမှာ ကျနော်တို့ ပြန်စဉ်းစားရမှာက ကျနော်တို့ ပြည်သူလူထုကြီးလိုခြင်တာဘာလည်း၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊တွေ့ ဆုံဆွေးနွေးရေ စတဲ့ ကြွေးကြော်သံတွေနဲ့ တဆင့်ပြီးတဆင့် ချီတက်သွားရမဲ့ စစ်မှန်တဲ့ဒီမိုကရေစီ နိုင်ငံတော်ကြီးပါ။ ဒါပေမဲ့ ဒီတောင်းဆိုချက်တွေအပေါ် နအဖရဲ့ တုန့် ပြန်မှုက ဘာလည်း။ လုံးဝဂရုမစိုက်ဘူး ငါတို့  Road Map အတိုင်းဆက်သွားမယ်။ အခု အဆင့်၎ကို ရအောင်ကျော်မယ်။ပြီးရင်ကျန်တာက လွယ်လွယ်လေးပဲ အဖြေက ရှင်းနေပါပြီ။ ရှင်းလွန်းလို့ ကျနော်တို့ ဘက်မှာ ရှုတ်ယှက်ခတ်သွားရတာလို့ ထင်ပါတယ်။

နအဖကို သိပ်တော်တယ်လို့ မပြောခြင်ရင်တောင် သိပ်ကောက်ကျစ်စဉ်းလဲတယ်။ သိပ်ပါးနပ်တယ်လို့ တော့ ဆိုခြင်ပါတယ်။ သူတို့ ပစ်လိုက်တဲ့ ခဲတလုံးက ငှက်ဘယ်နှစ်ကောင်ထိသွားမှန်းတောင် မသိလိုက်ရပါဘူး။

သူတို့ သွားခြင်တဲ့Road Mapအဆင့်(၄)ကိုလည်းရောက်မယ် အတိုက်အခံတွေဘက်မှာလည်း လူထုဆန္ဒခံယူပွဲ သပိတ်မှောက်ရေး၊ကန့် ကွက်မဲပေးပြီး အသံတိတ်ဆန္ဒ ဖော်ထုတ်ပြရေး ( no vote နဲ့ vote no) ဆိုပြီး လမ်းကြောင်းတွေေ၀၀ါးသွားမယ်။မူလကတောင်းဆိုနေတဲ့ တွေ့ ဆုံဆွေးနွေးရေးတို့ ၊လူထုအင်အားနဲ့ အပြတ်ချေမှုန်းရေးတို့ ဆိုတာတွေလည်း အနည်းဆုံး ခဏလောက်တော့ ရပ်သွားမယ် သို့ မဟုတ် နှေးသွားမယ်။ ဒွိဟတွေဖြစ်ကုန်မယ်၊ ပြည်သူတွေ မျက်စိလည် သွားမယ်။ နိုင်ငံတကာကလည်း တိုင်းရင်းသားအားလုံး နိုင်ငံရေးအင်အားစုအားလုံး ပါဝင်ခွင့် ရှိရမယ်ဆိုပြီး တောင်းဆို လာရင်းနဲ့ သူတို့  Road Map ကိုထောက်ခံပြီးသားဖြစ်သွားမယ်။

ဒီလိုနဲ့၃လဆိုတဲ့အချိန်ကုန်မှန်းမသိကုန်ပြီး လူထု ဆန္ဒခံယူပွဲကြီးလည်း တကယ်ဖြစ်လာပြီး နအဖစီစဉ်ထားတဲ့ အတိုင်း သူတို့ ရဲ့ အခြေခံ ဥပဒေကြီး အတည်ဖြစ်သွားပြီဆိုရင်တော့ သူတို့ ကစစ်တန်းလျားကို မပြန်ရပဲ ကျနော်တို့  အားလုံးသာ ကိုယ့်နဖားကြိုး ကိုယ်တပ်ပြီး နွားတင်းကုပ်တွေထဲရောက်ကုန်ပါလိမ့်မယ်။

ဒီအဆင့်(၄)မှာ ကျနော်တို့ ပြည်သူတွေ ဘယ်လောက်ပဲ ကန့် ကွက်မဲပေးပစေ သူတို့ လိုခြင်တဲ့ အဖြေရအောင် လုပ်လိမ့်မယ်ဆိုတာကို သိလျက်နဲ့တော့ ဒီကိစ္စကို ခေါင်းရှုတ်ခံပြီး မစဉ်းစားကြစေခြင်တော့ပါဘူး။ ပြည်သူတွေက သူတို့ ရဲ့  တကယ့်ဆန္ဒအရရော ဒီမိုကရေစီ အင်အားစုတွေရဲ့ နှိုးဆော်အသိပေးမှုအရပါ ကန့် ကွက်မဲတွေထည့်ကြမယ်ဆိုတာ သံသယ ဖြစ်စရာ သိပ်ရှိမယ်မထင်ပါဘူး။ ဒါပေမဲ့ ဒီလို ကန့် ကွက်နေတဲ့ကြားက နအဖကလိန်ကျလို့ အတည်ဖြစ်သွားပြီ ဆိုပါတော့ ကျနော်တို့ ဘာဆက်လုပ်ကြရမှာလည်း၊ သူတို့ လက်ထဲမှာ သူတို့ စိတ်ကြိုက်တီထွင်ထားတဲ့ ဖွဲ့ စည်းပုံ အခြေခံဥပဒေဆိုတဲ့ နိုင်ငံရေးလက်နက်ကြီး ရသွားပြီ။

အတိုက်အခံတွေရောပြည်သူလူထုတွေပါ တခုခု အသံထွက်တာနဲ့  အဲဒီလက်နက်ကြီးနဲ့ ထုတ်ထုတ်ပစ်တော့မှာ သေနတ်နဲ့ ပစ်တာထက် တုတ်နဲ့ ရိုက်တာထက် ပိုဆိုးတဲ့ အထိနာမှုတွေအောက်မှာ လည်စင်းပေးရတော့မှာ။ အဲဒီလို အခြေအနေဆိုရင် ကုလသမဂ္ဂတို့ ၊အီးယူတို့ နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း ဘာမှဝင်ပြောလို့ မရတော့ပါဘူး။ ဖွဲ့ စည်းပုံ အခြေခံဥပဒေ အခန်း(ဘယ်လောက်)၊ အပိုဒ် (ဘယ်လောက်) အရဆိုတဲ့ အမိန့် ကြေညာချက်တွေကိုပဲ ပါးစပ်အဟောင်းသား ထိုင်ငေးနေရတော့မှာပါ။

အကယ်ရ်ျများ နအဖက ဇာတာ စန်းလဂ် အလွန်ကျပြီး ကျွန်တော်တို့ ပြည်သူတွေက အင်မတန်ကံကောင်းလွန်းလို့  အ ခြေခံဥပဒေကြီး အတည်မဖြစ်ခဲ့ဘူးဆိုပါတော့။ ဒါဆိုရင်ရော ဘာဆက်လုပ်ကြမှာပါလည်း။

တွေ့ ဆုံဆွေးနွေးရေး ပြန်သွားမှာလား၊ လွှတ်တော်ခေါ်ပြီး ကြားဖြတ်အစိုးရဖွဲ့ ကြမလား၊ ဒါမှမဟုတ်သူတို့ ကပဲ မျက်နှာပြောင်တိုက်ပြီး နောက်တခေါက် ပြန်ဆွဲပေးပါမယ်ဆိုတာကို ထိုင်ကြည့်ရမှာလား၊ အဲဒီအချိန်ကျမှ လူထုတိုက်ပွဲ ဖော်ထုတ်ရမယ်ဆိုပြီး လမ်းမပေါ် ပြန်ထွက်ကြရမှာလား၊ စဉ်းစားစရာတွေ အများကြီး ဖြစ်လာပါပြီ။ နအဖကတော့ ဒါတွေ စဉ်းစားထားပြီး ဖြစ်မှာပါ။ ဒီလို ဖြစ်လာရင်လည်း ထုံးစံအတိုင်း ဖက်စစ်လူသတ်သမားတွေ ထုံးနှလုံးမူပြီး ပွဲကြမ်းပစ်အုံးမှာပါ။ ကျွန်တော်တို့ ဘက်ကလည်း အဆင်သင့် မဖြစ်လို့ လူထုမပါတော့လို့ ဆိုတာ တွေနဲ့ ပဲ အလဲလဲအကွဲကွဲ ဖရိုဖရဲ ဖြစ်ရအုံးမှာလား။ ကြို ပြီးတွက်ချက်ထားကြဖို့ လိုအပ်နေပါပြီ။

မေးခွန်းတခု မေးခြင်ပါတယ်။ အဲဒီလို အချိန်တွေအတွက် ဒီမိုကရေစီအင်အားစုတွေဘက်က ဘာတွေ ပြင်ဆင် ပြီးပြီလဲ?

ဒီမေးခွန်းကို အန်အယ်လ်ဒီရော ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ ရော တိုင်းရင်းသားအဖွဲ့ အစည်းအားလုံးရော၊ ပြည်သူလူထုတရပ်လုံးပါ လေးလေးနက်နက် စဉ်းစားစေခြင်ပါတယ်။ အရမ်းလည်း အရေး ကြီးမယ်လို့ ထင်ပါတယ်။

အခု ကျွန်တော်တင်ပြခဲ့တာတွေက အပိုင်း ၃အထိပါ။ အပိုင်း (၄)ဆိုတဲ့ ပြည်သူထဲက သဘောထားတချို့ နဲ့  အသံတချို့ ရှိပါသေးတယ်။ အခု ပြည်တွင်းမှာရော ပြောကြဆိုကြအသံတွေအရ ပြည်သူတချို့ က ဒီကြေညာချက် ၂ခုကို စက်တင်ဘာတော်လှန်ရေးကြီးရဲ့ ရလဒ် ရွှေဝါရောင်တော်လှန်ရေးကြီးကြောင့် နအဖက တထစ်လျှော့ပြီး လိုက်လျော ပေးလိုက်တာလို့ မြင်နေကြပါတယ်။ တချို့ ဆိုရင် လူထုဆန္ဒခံယူပွဲကို ရွေးကောက်ပွဲလို့ တောင် မြင်ပါတယ်။ တချို့ က အခြေခံဥပဒေ မရှိတာထက်စာရင် ရှိတာက ပိုကောင်းမှာပဲဆိုပြီး ကောင်းတဲ့လက္ခဏာလို့ ထင်နေကြပါတယ်။ အင်မတန်မှကို ကြောက်စရာ စိုးရိမ်စရာကောင်းတဲ့ အမြင်တွေပါ။ ကိုယ့်တိုင်းပြည်ရော၊ တမျိုးသားလုံးရော၊ ကိုယ်ကိုယ်တိုင် ပါ အသူတရာ နက်တဲ့ ချောက်ကြီးထဲ ထိုးဆင်းနှစ်မြုပ်သွားကြမှာကို မသိကြနားမလည်ကြသူတွေလည်း အများကြီးပါ။ ဒါသူတို့ အပြစ်လည်း မဟုတ်ပါဘူး။ မြန်မာပြည်သူတွေ အနေနဲ့ က မဲပေးခွင့် ရတယ်ဆိုတာကိုက အင်မတန် ကံကောင်းလို့  ဆယ်စုနှစ်တွေချီမှ တခါ ကြုံခွင့်ရသလို ဖြစ်နေကြတာကိုး။အဲဒီလောက်ထိ နိုင်ငံရေးသေနေတဲ့တိုင်းပြည်မှာ သူတို့ ဒီလိုမြင်ကြတယ် ဆိုတာကလည်း မဆန်းဘူးလို့ ထင်ပါတယ်။ အဲဒီအမြင်တွေနဲ့ ပတ်သတ်လို့ ရော ကျွန်တော်တို့ ဒီမိုကရေစီ အင်အားစုတွေ ဘက်က ဘယ်လို အသိပညာတွေ ပေးပြီး ဘယ်လို ရှင်းပြကြမှာလည်း၊ ပြသနာတွေ အများကြီး ရှိပါတယ်။

နိဂုံးချုပ်အနေနဲ့ ကျွန်တော့် ရဲ့ အမြင်၊ ခံယူချက် နဲ့ ကျွန်တော်တို့ ဦးတည်ချီတက်ရမဲ့ လမ်းကြောင်းကို ဒီမိုကရေစီ အင်အားစုတွေကိုရော ပြည်သူလူထု တရပ်လုံးကိုပါ ပြတ်ပြတ်သားသားထုတ်ဖော်ကြေညာခြင်ပါတယ်။

နံပါတ် (၁) ကျွန်ုပ်တို့ ပြည်သူတရပ်လုံး လိုအပ်နေတာ၊ လိုခြင်နေတာ၊ ရယူဖို့ အတွက် ကြိုးစားနေတာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်တဲ့ တရားမျှတမှု ကြီးစိုးတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံကြီးပါ။ ဒီပန်းတိုင်ကိုရောက်ဖို့ ကျွန်တော်တို့  တနိုင်ငံလုံး တိုင်းရင်းသားအားလုံး အသက်၊ သွေး၊ ချွေး၊ ဘ၀တွေ ရင်းပြီး ချီတက်နေကြတာပါ။ တိုက်ပွဲဝင်နေကြတာပါ။ ပန်းတိုင်ရောက်ဖို့ လည်းနီးလာပြီလို့ ယုံကြည်ပါတယ်။ ဒီလိုယုံကြည်ရတဲ့ အကြောင်းရင်းတွေလည်း အများကြီးရှိပါတယ်။ အခုအခြေအနေဟာ လွန်ခဲ့တဲ့အနှစ် ၂၀နဲ့ မတူတော့ပါဘူး။ လက်ရှိအခြေအနေမှာ ပြည်တွင်းအင်အားစုတွေ ပြည်သူလူထုတွေ အပြင် တိုင်းရင်းသားအဖွဲ့ အစည်းတွေ အပါအ၀င်တမျိုးသားလုံးဟာ ဆုံ ရည်မှန်းချက် ပန်းတိုင်တစ်ခု၊ တူညီတဲ့လမ်းကြောင်းတစ်ခုပေါ်မှာ တစ်စုတစ်စည်းထဲရှိနေကြပါပြီ။ အာဏာရှင်စနစ်ဆိုးကို အပြီးအပြတ် တိုက်ဖျက်ရေး၊ လူမျိုးအားလုံး ပြည်နယ်၊ ပြည်မ တန်းတူ အားလုံးတန်းတူညီမျှ ခံစားခွင့်ရှိရေးစတဲ့ ဒီမိုကရေစီ အခြေခံအခွင့်အရေး တွေအတွက် တသွေးထဲ၊ တသံတည်း၊ တစိတ်တ၀မ်းထဲရှိနေကြပါပြီ။ ဒီတော့ ကျွန်တော်တို့ လုပ်ရမှာက တခုထဲပါ။ ပြည်သူလူထု တရပ်လုံး၊ တောရောမြို့ ပါမကျန် လူထုအင်အားနဲ့ အာဏာရှင်စနစ်ကို သမိုင်းစာမျက်နှာတွေပေါ်က မောင်းထုတ်ပစ်ရေးပါပဲ။အဲဒီအတွက်ပဲ ပြင်ဆင်ထားကြဖို့ တိုက်တွန်းနှိုးဆော်ခြင်ပါတယ်။ ဒါဟာကျွန်ုပ်တို့ အားလုံး တစိုက်မတ်မတ် နောက်မဆုတ်တမ်း ချီတက်တိုက်ပွဲ ၀င်ရမဲ့ တခုတည်းသော လွတ်မြောက်ရေး လမ်းကြောင်းကြီးပါပဲ။

နံပါတ် (၂) Road Map ဆိုတာက ကျွန်တော်တို့ ပြည်သူတွေ ဒီမိုကရေစီပန်းတိုင်ဆီ ချီတက်ရာ လမ်းကြောင်းမှာ ခြေထိုးဖို့ ကြိုးစားတဲ့ အာဏာရုးတွေရဲ့ နအဖ ဖက်ဆစ်အုပ်စုရဲ့ ခံစစ်ဗျူဟာတွေထဲက ဆူးညှောင့်ခလုတ်တွေပါ။ အထူးသဖြင့် ဒီ အဆင့်(၄) နဲ့ ပတ်သတ်တဲ့ ကြေညာချက်တွေဟာ ကျွန်တော်တို့ ကို လမ်းကြောင်းလွှဲဖို့  အတွေးအခေါ်အရ သွေးကွဲစေဖို့ ကောကျစ်စဉ်းလဲစွာ ထိုးထည့်လိုက်တဲ့ သပ်တစ်ချောင်းပါ။ ဒါပေမဲ့ ဒါဟာလည်း သတိထားစရာ အချက်တခုပါ။ ဒီအတွက်လည်း တဖက်ကနေ ပြီးတော့ ပြည်သူတရပ်လုံး နားလည်သဘောပေါက်အောင် ရှင်းလင်း တင်ပြပေးဖို့ အရေးကြီး ပါတယ်။ Road Ma အဆင့် (၄) ကို ရောက်ရင်လည်း လုံးဝဆန့် ကျင် ကန့် ကွက်ကြဖို့ ပြည်သူတွေကို ခုထဲက ရှင်းပြထားပြီး တိုက်တွန်းနှိုးဆော် ထားရပါမယ်။ အဲဒီအချိန်မှာလည်း မူလလမ်းကြောင်းကြီး ဖြစ်တဲ့ လူထုတိုက်ပွဲကြီး ပေါ်ပေါက်လာနိုင် ပါတယ်။ ဖော်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒါတွေအတွက် အထူး သတိကြီးစွာ ပြင်ဆင်ထားဖို့ လိုပါတယ်။

မရှင်းမှာစိုးလို့ အရှင်းဆုံးထပ်ပြောခြင်ပါတယ်။ ကျွန်တော်တို့ အတွက် မဟာဗျူဟာ လမ်းကြောင်းကြီးတခုထဲ ရှိပါတယ်။ အဲဒါကတော့ လူတုတိုက်ပွဲကြီးဆင်နွှဲရေး ပါပဲ။ ဆန္ဒခံယူပွဲကို ကန့် ကွက်မဲပေးရေးတို့ ၊ သပိတ်မှောက်ရေးတို့  ဆိုတာ နည်းဗျူဟာတွေထဲက အစိတ်အပိုင်းအချို့ ပဲ ဖြစ်ပါတယ်။ ဒါတွေလည်းအရေးကြီးပါတယ်။

ဒါပေမဲ့ အရေးအကြီးဆုံးက တခုထဲ ရှိပါတယ်။ “ လူထုအင်အားနဲ့ အာဏာရှင်စနစ်ဆိုးကို အပြတ် ချေမှုန်းရေး” ဆိုတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ တွေ “တော်လှန်ရေးအသိနဲ့ နိုင်ငံရေးသတိ” မပြတ် ရှိဖို့ လို ပါတယ်။ နိုးကြားကြပါလို့  တောင်းဆိုခြင်ပါတယ်။

တော်လှန်ရေးကြီးအဓွန့် ရှည်ပါစေလို့ ဆုမတောင်းကြပါနဲ့ တော့။

“တော်လှန်ရေးကြီး ဒီနှစ်အတွင်း အောင်ရမယ်” လို့ အဓိဌာန် ပြုပြီး အတူတူ တိုက်ပွဲဝင်ကြပါစို့ ။

မျိုးဆက်သစ်လူငယ်များ အစည်းအရုံး

Generation Wave

 
/* EOT ----------------------------------------- */