Tuesday, March 25, 2008

အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးကို ပြင်ဆင်ကြစို့ (Alert!) (ညီညွတ်ခြင်း အပိုင်း၎)


ပြီးခဲ့တဲ့ UNITY ( ညီညွတ်ခြင်း) အပိုင်း ၃ မှာ (မိမိကိုယ်ကို ကိုးကွယ်ရာ) အဖြစ် ခေါင်းဆောင်အဖြစ် မြတ်ဗုဒ္ဓ၏ အဆုံးအမကို ကိုးကား၍ အစဖော်ခဲ့ပါတယ်။

၁။ ကိုယ်လုပ်မယ့် အလုပ်ဟာ တရားရဲ့လား၊
၂။ ကိုယ်လုပ်မယ့် အလုပ်ဟာ အများအကျိုးရှိရဲ့လား၊
၃။ ကိုယ်လုပ်မယ့် အလုပ်ဟာ ကိုယ့်အတွက်ကော အကျိုးရှိရဲ့လား၊
၎။ ကိုယ်လုပ်မယ့် အလုပ်ဟာ အများကို ထိခိုက်နေလား၊
၅။ ကိုယ်လုပ်မယ့် အလုပ်ဟာ ကိုယ့်ရဲ့ ကိုယ်ကျင့်သီလကို ထိခိုက်နေသလား၊
၆။ ကိုယ်လုပ်မယ့် အလုပ်ဟာ အမျိုး၊ဘာသာ၊ သာသနာ အတွက် အမှန်တကယ် အကျိုးရှိတာ သေချာရဲ့လား

ဆိုတဲ့ ဒီမေးခွန်းတွေလောက် ကိုယ့်ကိုယ်ကို မေးပြီးပြီဆိုရင် ကျနော်တို့အတွက် ကိုယ်လုပ်မယ့်အလုပ်ကို စံတိုင်းဖို့ ပေတံ ရပါပြီ။ ဒီလောက်ဆို ဓမ္မအတွက် ရပ်တည်နေသူများ ဖြစ်ပြီးလို့ ယူဆနိုင်ပါပြီ။

ဒီတော့ … လုပ်ငန်းစကြစို့။

ကျနော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းလည်း ပြောခဲ့တယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း သတိပေးပြောကြားလိုက်ပြီ။ အဲဒါက . . .

အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးကို ပြင်ဆင်ထားကြတဲ့။

ဒီစကားရဲ့အဓိပ္ပာယ်ကို ကျနော်က ဒီလိုဖွင့်ချင်တယ်။ ဒေါ်စုက အကောင်းဆုံးကို မျှော်လင့်ပြီး ဆိုတာကို ပြော လိုက်တာမှာ မျှော်လင့်ပြီး ဆိုတာလေးပါတယ်။ အဲဒီအဓိပ္ပာယ်က မျှော်နေရင် လင့်သွားလိမ့်မယ်။ ဘာဖြစ် မယ်ဆိုတာကို မျှော်နေပြီး လင့်သွားဖို့ မဟုတ်ဘူး။ ဖြစ်တန်စွမ်းများတဲ့ အကောင်းဆုံးကို အာရုံစူးစိုက်ပြီး လူတိုင်း ကိုယ်စီ လုပ်နိုင်တာမှန်သမျှကို အချိန်တိုင်း (Present Moment) ပစ္စုပ္ပန်တိုင်းမှာ လုပ်ကြပါ။ ဘယ်လို လုပ်တာ လဲ။ အကောင်းဆုံးတွေကို ဖြစ်လာရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ (Ability & Efficiency) ကို ကုန်အောင်သုံးဖို့ ဆိုလိုတာပါ။ ကိုယ်စွမ်း၊ ဥာဏ်စွမ်း ကုန်အောင် သုံးဖို့ ပြောတာပါ။

မိစ္ဆာဒိဋ္ဌိတွေကို ရှင်းလင်းသုတ်သင်ဖို့အတွက်ကတော့ ကိုယ့်တနိုင် ပြင်ဆင်ထားဖို့အတွက် ဒုတိယ စကားစုမှာ ပါတာကတော့ (ဓားသွေးထားကြ) အဆိုးဆုံးကို ပြင်ဆင်ထားကြပါတဲ့။

ဒီကနေ့ အမိဗမာပြည်ကြီးဟာ အမျိုး၊ ဘာသာ၊ သာသနာ ကို ဖျက်ဆီးပစ်မယ့်၊ ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း မနေ ထိုင်/မကျင့်သုံးတဲ့ မိစ္ဆာဒိဋ္ဌိ တို့၏ အဓမ္မ ကျူးကျော် သိမ်းပိုက်ထားခြင်းကို ခံနေရပါတယ်။

သူရဲကောင်းတို့ရဲ့ ရပ်တည်မှုက မိမိတစ်ဦးအတွက် မဟုတ်တော့ပါ။ အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်ဖို့ ဖြစ်နေပါပြီ။ လူတိုင်းမှာ ဒီတာဝန်ရှိတယ်။ လူဖြစ်လာတာ ဘာအတွက်လဲ။ ငါကောင်းတာတွေ ဘာလုပ်ပြီးပြီလဲ။ လူပီသအောင် လူလို ကျင့်ပြီးပြီလား။ ဒီမေးခွန်းကို မေးရင်းနဲ့ မွေးပြီး သေရမယ့် တခဏမှာ အများချမ်းသာမယ့် ကိစ္စတစ်ခုကို ကိုယ်စီပြုသွားနိုင်ရင် လူပီသပါပြီ။

အဲဒီအတွက် အဆိုးဆုံးအခြေအနေကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားဖို့၊ အသင့်ဖြစ်နေဖို့ လိုပါတယ်။

ပြည်သူလူထုတစ်ရပ်လုံးက တာဝန်ကျေစွာနဲ့ မိစ္ဆာဒိဋ္ဌိတွေကို ဆန့်ကျင်ကြတော့မှာ အသေအချာပါပဲ။

ဒီဆန္ဒခံယူပွဲမှာ သူတို့ အခြေအနေမကောင်းရင် အကြမ်းဖက်အုံးမှာလည်း အသေအအချာပါပဲ။ ဒီဆန္ဒခံ ယူပွဲလုပ်မယ်လို့ မကြေငြာခင်ကတည်းက ကြံ့ဖွတ်တွေဟာ အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်ချက် ချထားတာက၊ အဆင့်ဆင့် ညွှန်ကြားချက် ထုတ်ထားတာက အတည်မဖြစ်ဖြစ်အောင် လုပ်ကြရမယ်တဲ့။ ဒါက ခိုင်လုံတဲ့သ တင်းပါ။

နိုင်ရင်လည်းနိုင်၊ ရှုံးရင်လည်း နိုင်ရမယ် ဆိုတာမှာ သူတို့က ရှုံးရင်လည်းနိုင် ကတော့ ထပ်ပြီး အကြမ်းဖက်မယ်။ လူသတ်မယ်။ ဒါကို သူတို့ တရားဝင် စည်းဝေးပြီး ပြင်ဆင်ထားကြတာပါ။

သူတို့ ထပ်ပြီး လူသတ်ကြအုံးမယ်။ ထိုင်လျက်နဲ့အသေခံမလား၊ တိုက်ရင်းနဲ့ အသေခံမလား။ သေသွားမယ် ဆိုရင်တောင် သူရဲကောင်းတွေလို တိုက်ရင်းနဲ့ပဲ အသေခံကြမယ်။ ဒါ သူရဲကောင်းစိတ်ဓာတ်ပဲ။ ငုတ်တုပ်နဲ့ အသေမခံဘူး။ တိုက်ရင်းနဲ့ သေသွားပစေ။ ကျနော်တို့ ခေါင်းဆောင်ရဲ့ အဆိုးဆုံးကို ပြင်ဆင်ထားကြ ရဲ့ အဓိပ္ပာယ်၊ အရကောက်ကို ဒီလိုမြင်ကြဖို့ လိုပါတယ်။

အဲဒီအတွက် ဓားသွေးထားကြပါ။ အနီးဆုံးရန်သူကို အခုကတည်းက ရှာဖွေမှတ်သားထားကြပါ။ အမျိုး၊ အဆွေ ရယ်လို့ မမြင်ပါနဲ့။ မိစ္ဆာဒိဋ္ဌိတွေလို့ ရှင်းရှင်းလင်းလင်း မြင်ကြရတော့မယ်။ သူတို့ကို ချမ်းသာပေးရင် သူက ကိုယ့်ကို သေစေပါလိမ့်မယ်။

ပြည်သူ လူထု တစ်ရပ်လုံးက ကိုယ့် တာဝန် ကိုယ်ယူပြီး အနီးဆုံး မျိုးဖျက်၊ သာသနာဖျက်၊ သစ္စာဖောက် လောက်ကောင် [ကြံ့ဖွတ်၊ စွမ်းအားရှင်၊ သတင်းပေး] ရန်သူ့အလိုတော်ရိ အားလုံးကို သုတ်သင် ရှင်းလင်းပစ်ဖို့ အဆိုးဆုံးကို ပြင်ဆင်ကြပါစို့ ဟု

မိစ္ဆာဒိဋ္ဌိတို့ကို အမြစ်ပြတ်ချေမှုန်းဖို့ တိုက်ပွဲခေါ်သံကို အချက်ပေး သံချောင်းခေါက်လိုက်ပါတယ် ခင်ဗျား။

 
/* EOT ----------------------------------------- */