ဂျိုးဖြူငှက်တစ်ကောင် လန့် ဖျတ်ပျံပြေး
သံလွင်ခက်ကလေး ကြွေရစ်ခဲ့
တကိုယ်လုံး သွေးတွေလူးကာ
လူသားများစွာက ကကြိုးအတိုင်း
ငိုလာကြတယ်၊
ဆတ်ကနဲတုန်ခါသွားတဲ့ ကမ္ဘာကြီးရယ်
မျက်ရည်မြစ်ကို ရပ်တံ့လိုက်တော့
အစာပေးပါ
ရေပေးပါ
အ၀တ်ပေးပါ
အောက်ဆီဂျင်ပေးပါ
အသက်ချမ်းသာပေးပါ
အရှက်ချမ်းသာပေးပါ
အရေးတကြီး အနူးအညွတ်
ခူးဆွတ်လိုတဲ့
ဒီမိုကရေစီပန်း
တခြမ်းဘဲရရ ပေးပါ
သေချာတယ်
လူ့ ဝိဥာဉ်ဆို အဖြူဘဲဖြစ်ဖြစ်
အမည်းဘဲဖြစ်ဖြစ်
လွတ်လပ်ခွင့်ကို ဆာလောင်တယ်၊ ၊
ကျော်ကိုကို
ဗကသများအဖွဲ့ ချုပ်
ဒို့ ခေတ်ဂျာနယ် ။ မတ်လ (၂၀၀၈) မှ ကူးယူဖေါ်ပြပါသည်။