Saturday, March 15, 2008

သူတို့ ဘဲ ရှုံချည်နှပ်ချည်..မရိုးသားသောလူ ပလီ


သောကြာနေ့ မနက်ခင်း.တွင်..ပီညဲရိုး၏ မြန်မာနိုင်ငံဝင်..ဗီဇာရကြောင်း..အကြောင်းကြားရပြီးနောက်.သောကြာနေ့ ညနေတွင်.. မြန်မာနိုင်ငံဝင်..ဗီဇာ မရတော့ကြောင်း သိရှိရပါသည်။

ရှိသမျှ လူအပေါင်းကို..ခုပေးလိုက်..တော်ကြာ ပြန်ရုတ်သိမ်းလိုက် .မရိုးမသား ရှုံချည်နှပ်ချည်..အမျိုးမျိုး ပလီ လိမ်ညာသော..
ကမ္ဘာကျော်..လုလိမ်ကြီးစစ်အာဏာရှင်များသည်..
စစ်မှန်သော..ပြည်သူ့ ဆန္ဒခံယူပွဲ ကို..မဲမခိုးဘဲ လုပ်ပေးမည်ဆိုခြင်း
ရွေးကောက်ပွဲ သို့  တရားမျှတစွာ..လုပ်ပေးမည်ဆိုခြင်း။
ရွေးကောက်ခံ..မဲနိုင်အဖွဲ့ အား..အာဏာလွဲပေးမည်ဆိုခြင်း..
စစ်မှန်သော..ဒီမိုကရေစီပေး၍ နိုင်ငံတော်အားတိုးတက်အောင် စွမ်းဆောင်ပေးမည်ဖြစ်ခြင်း..

ဘာဆို..ဘာမျှ မယုံရသော..လူလိမ်များအား.ယုံကြည်ထိုက်မထိုက်.မဲပေး ထိုက်မထိုက်.မိမိဦးဏှောက်သုံး၍ စဉ်းစားတွေးခေါ်ကြပါကုန်..

"မင်း..အကောင် ကြီးတယ် ရေနွေးအိုးပေါ် နှစ်ခေါက်.လျှောက်စမ်း" ဟု အသက်ပြင်းသော.ကနန်းကို ရေနွေးအိုးပေါ်မှ တုတ်ကို ဖြတ်၍ မသေမချင်းလမ်းလျောက်ခိုင်းပြီး ဥာဏ်ဆင်သတ်နေသည့် ယုတ်ယင်းသည့် အာဏာရှင်များအား..ပြည်သူတို့၏ .people power ဖြင့် စုစည်းတိုက်ဖျက်ရန်..အချိန်ကျနေပြီဖြစ်ပါကြောင်း။

တိုင်းပြည်လည်း နာလှပါပြီ။
ပန်းကောင်းတွေ အညွန့်  ကျိုးလှပါပြီ။
ဝိုင်းဝန်းညီညီ တိုက်ကြရန်..တပ်လှန့်ပါသည်။
အားလုံးတူတူတိုက်ကြပါစို့ ခင်ဗျား။

 
/* EOT ----------------------------------------- */