Monday, March 17, 2008

အေး ဓါးမြတိုက်ခြင်း


မတ်လ ၈ ရက်နေ့က ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ (အင်ဗွိုင်းခန်းမ)ရှိ မြန်မာ့ပရိဘောဂပြပွဲ- ၂ဝဝ၈ သို့ ရောက်ရှိလာပြီး ကင်တာအမျိုးအစား ကုန်တင်ထရပ်ကားတစီးစာ အလှအပတန်ဆာဆင် သစ်ထည်များနှင့် ပရိဘောဂများ ရယူသွားခြင်းဖြစ်သည်။ Golden Pollen Myanmar ကုမ္ပဏီက ပစ္စည်းအ များ ဆုံး ပါသွားသည်။

"သူလိုချင်တာတွေကို ငွေချေတာ မလုပ်ဘဲနဲ့ ယူတယ်။ ကုမ္ပဏီတွေကလည်း ငွေမတောင်းရဲဘူးလေ၊ ဘာဖြစ် လို့လဲ ဆိုတော့ မြန်မာ့သစ်လုပ်ငန်းနဲ့ လုပ်ပြီး ထုတ်ကုန် သွင်းကုန် လိုင်စင်တွေ ယူထားရတာကိုး" ဟု သစ်ကုမ္ပဏီ သတင်းရပ်ကွက်တခုက ပြောသည်။

အခြားသော ကုမ္ပဏီတခုက ဝန်ထမ်းတယောက်ကမူ သူ၏ ကုမ္ပဏီက အခမဲ့ ပေးလိုက်ခြင်း ဖြစ်သည်ဟု ပြော သည်။

၂ နှစ်တကြိမ် ကျင်းပသည့် ပရိဘောဂပြပွဲကို ယခုနှစ်တွင် မေလ ၃ ရက်မှ ၇ ရက်အထိ ကျင်းပရန် သတ်မှတ် ခဲ့သော်လည်း နောက်ထပ် ၂ ရပ် ထပ်မံ တိုးပြသခဲ့သည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင်တို့၏ သမီးတဦးဖြစ်သော သန္တာရွှေသည် ဇူလိုင် ၂ဝဝ၆ ခုနှစ်က မင်္ဂလာခွေကြောင့် လူသိများခဲ့သည်။ ထိုမင်္ဂလာဆောင်ခွေထဲတွင် သတို့သမီးဖြစ်သော သူမသည် စိန်အ လုံးပေါင်း မြောက်များစွာ ဝတ်ဆင်ခဲ့သည်။

ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတခု ဖြစ်သော မြန်မာနိုင်ငံတွင် လက်ဖွဲ့များ အပါအဝင် ဒေါ်လာသန်း ၅ဝ အထိပင် ကုန်ကျမှု ရှိခဲ့သည်ဟု ကောလာဟလ ဖြစ်ခဲ့သော မင်္ဂလာဆောင်ပွဲ အခွေကို မြန်မာနိုင်ငံတွင် တင်းကြပ်စွာ ပိတ်ပင် တားမြစ်ကာ လက်ဝယ်ရှိသူများ ထောင်ချခဲ့မှုများပင် ရှိခဲ့သည်။

 
/* EOT ----------------------------------------- */